kaiSeptember 14, 20142min4339
အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝလိုသော်(၂) အရင်တပတ်က အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလိုလျှင် မိမိနှင့်ရင်းနှီးပြီးသား လွယ်ကူသည်ဟု ထင်ရသည့် စကားလုံးလေးများကို တိတိကျကျ ၊ ထိထိမိမိ၊လှလှပပသုံးစွဲတတ်အောင် လေ့ကျင့်ထားသင့်ကြောင်း အများနှင့်ရင်းနှီးပြီးသားဖြစ်သည့် ”Look” ဟူသောစကားလုံးလေးကို နမူနာပြပြီး တင်ပြခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ ယခုဆက်လက်ပြီး ”Look”ကဲ့သို့ပင် အများနှင့်အကျွမ်းတဝင်ရှိပြီးသားဖြစ်သည့် ”Turn”နှင့် ”Come” ဆိုသည့် စကားလုံးလေးများကို လေ့လာကြည့်ရအောင်။ ”Turn”ဆိုသည့် စကားလုံးလေးမှာ ယခု ခေတ်စားနေသည့် G.P.S များတွင် အတွေ့ရများသည့် စကားလုံးလေး ဖြစ်ပါသည်။ ဥပမာ- Turn right – ညာကိုကွေ့ Turn left   – ဘယ်ကိုကွေ့ Turn around – ပြန်လှည့်ပါ စသည့် ဝါကျလေးများကို အားလုံးရင်းနှီးပြီးသား ဖြစ်ပါလိမ့်မည်။ သို့သော် Turn ကို […]


kaiSeptember 14, 20141min206139
ရ ရက် သားသမီးဗေဒင် ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၂ဝ ရက်မှ အောက်တိုဘာလ ၂ဝ အတွင်း ၁။ တနင်္ဂနွေနေ့ဖွား အလုပ်တိုးချဲ့ရန်မသင့်သော လ ဖြစ်သည်။  အလုပ်မကောင်းသည့်ကြားမှ ငွေထွက်ကိန်း အလွန်များနေမည် ။ ချစ်သူနှင့် သဘောမတိုက်ဆိုင်ပါ။ မိတ်ဆွေကောင်း ရှိသော်လည်း အကူအညီမရနိုင်ပါ။ လင်ယောကျာ်းအတွက် အကျိုးထူးရရှိမည်။ သားသမီးသောက ရှိနေသည်။ ယတြာ။ မြတ်စွာဘုရားထံ ဇီးသီးကပ်လှူ၍ ဆုတောင်းပါ။ —– ၂။ တနလာင်္နေ့ဖွား အလုပ်၌ ရန်ပေါ်ခြင်းကို သတိထားပါ။ နေအိမ်အတွက် သောက ရှိနေမည်။ ငွေကြေး ရှာဖွေ၌ ရလွယ်မည်။ အချစ်ရေး သာယာမည်။ ဇနီးကျန်းမာရေး  သတိထားပါ။ လင်ယောကျာ်းကြောင့် အကျိုးထူးခံစားရမည်။ သားသမီးကျန်းမာရေး သတိထားပါ။ ယတြာ။ […]


kaiSeptember 11, 20141min4338
အင်္ဂလိပ်ဝေါဟာရမကြွယ်ဝ၍ မိမိပြောလိုသည့်စကားလေးများကို ရင်ထဲ၌ပင်သိမ်းဆည်းထားလိုက်ရသည့် အတွေ့အကြုံမျိုး ကြုံဖူးကြသူများရှိပါလိမ့်မည်။ ဘယ်ဘာသာစကားကို သင်ယူရာ၍မဆို ဝေါဟာရများများစားစားမသိသူများအနေနှင့် စကားပြောရာ၌လည်းကောင်း၊ စာရေးရာ၌လည်းကောင်း အခက်အခဲများတွေ့ရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ဝေါဟာရကြွယ်ဝလာအောင် Dictionary တအုပ်လုံးကို အလွတ်ကျက်မှတ်ရမှာလားဟု မေးစရာဖြစ်လာပါသည်။ စင်စစ်မလိုအပ်လှပါ။ တကယ်တော့ ဝေါဟာရကြွယ်ဝလာအောင် လုပ်သင့်သည့် လုပ်နိုင်သည့်နည်းလမ်းကောင်းများ ရှိပါသည်။ ဝေါဟာရအသစ်များကို လေ့လာကျက်မှတ်သည့် နည်းလမ်းကို ခေတ္တခဏ မေ့ထားပြီး မိမိနှင့်ရင်းနှီးပြီးသား၊ တနည်းအားဖြင့် မိမိနှင့်အကျွမ်းတဝင်ရှိပြီးသား စကားလုံးလေးများကို တိတိကျကျ၊ ထိထိမိမိ၊ လှလှပပသုံးစွဲတတ်အောင်ကြိုးစားကြရအောင်။ ဤနည်းကပိုမိုထိရောက်ပါသည်။ တတ်ရန်လည်းပို၍မြန်ပါသည်။ ဥပမာအားဖြင့် Look ဟူသောစကားလုံးလေးကို ကြည့်ကြရအောင်။ အင်္ဂလိပ်စာကို အနည်းအပါးလေ့လာထားသူတိုင်းအတွက် ရင်းနှီးပြီးသား စကားလုံးလေးဖြစ်ပါလိမ့်မည်။ ” ဒါလေးများသိတာပေါ့” ဟု၊ ” ဒါလောက်တော့ သုံးတတ်တာပေါ့ ” ဟု ထင်ကြပေလိမ့်မည်။ […]


kaiAugust 17, 20141min4299
“ပွင့်လင်းမြင်သာမှု” (transparency) ဟူသောစကားလုံးသည်အမေရိကနိုင်ငံအုပ်ချုပ်ရေးယန္တရားကိုစိမ်ခေါ် နေသေးသော စံနှုန်းတိုင်းပေတံအဖြစ်ဆက်လက်တည်ရှိနေသော်လည်း၊ လွှတ်တော်congress ကြီးနှင့် မြောက်မြားလှစွာသော rating အဖွဲ့အစည်းဌာနများ၏စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်မှုတို့ကြောင့်၊ ယနေ့အမေရိကပြည်ထောင်စု သည် ပွင့်လင်းမြင်သာမှုစံပြုရသောနိုင်ငံအဖြစ်ကမ္ဘာတွင်ရပ်တည်နေပြီဖြစ်သည်။ အတွင်းကျကျလေ့လာနိုင်သူ၊ လေ့လာတတ်သူတိုင်းက အစိုးရယန္တရားကြီးအကြောင်းကိုအိပ်သွန်ဖာမှောက် သိရှိခွင့်ရှိနေပြီဖြစ်သလို၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများက ထိုသိရှိခွင့်အခွင့်အရေးကိုလူထုရှေ့မှောက်တွင် ချပြရန်ပြဌာန်းချက်များအခွင့်အရေးများပေးထားပြီးဖြစ်နေပေသည်။ စာရေးသူငယ်စဉ်ကကြားဘူးနားဝစကားအရ၊ အမေရိကန်အစိုးရ တဆက်ပြောင်းတိုင်း၊ သမ္မတဖြစ်သူကမိမိ နှင့်လက်တွဲလုပ်ကိုင်မည့်ဝန်ထမ်းကြီးငယ်အားလုံး (ရာထူးပေါင်းထောင်ကျော်) ကို မိမိစိတ်ကြိုက် ခန့်အပ် တာဝန်ပေးကြသည့်အစဉ်အလာကားနှစ်ပရိစ္ဆေဒကြာခဲ့ပေပြီ။ ဤအချက်ကိုမည့်သူတစ်ဦးတယောက် ကမျှ စောဒကတက်ရမည့်အချိန်မဟုတ်တော့။ လူထုမှတိုက်ရိုက်စိတ်ကြိုက်ရွေးချယ်ထံထားရသူသမ္မတ ဖြစ်သည့် အားလျော်စွာ၊ လူထုနှင့်နိုင်ငံအတွက်လိုလားချက်များဖြည့်တင်းဆောင်ရွက်နိုင်ရန်မှာ၊ မိမိနှင့်တစိတ်တည်း တဝမ်းတည်း၊ လုပ်နိုင်မည့်သူကိုသာရွေးချယ်ခန့်အပ်ခြင်းသည်၊ သဘာဝကျသော လုပ်ထုံးလုပ်နည်းတရပ် ဖြစ်နေပါသည်။ သို့ဆိုလျင် အစိုးရအဖွဲ့ဝင်ဝန်ကြီးမှစ၍အောက်ခြေ secret services ရာထူးများကိုခန့်အပ်ခွင့် ရှိသူ သမ္မတကို “အာဏာရှင် (dictator)”ဟုသတ်မှတ်မည်လော။ ဤထုံးတမ်းစဉ်လာကိုကျင့်သုံးခဲ့သော အမေရိကနိုင်ငံကို “authoritarian […]


kaiAugust 15, 20143min5698
ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ  ရန်ကုန် စက်မှုတက္ကသိုလ်၊ ဗိသုကာဌာန၊ ပါမောက္ခဟောင်း ဦးမျိုးမြင့်စိန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ {ဆောင်းဦးပန်း} ၁။ ဆရာ့ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။ ကျနော့်ဇာတိက  မန္တလေး။  မေမြို့အထက်တန်းကျောင်း St Albertsကျောင်းကနေ အထက်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်မှာနှစ်နှစ်တက်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကနေ BSc Engineering, Architectဘွဲ့ရခဲ့တယ်။ University of Michigan ကနေ ၁၉၆၁မှာ ဘွဲ့ရပြီး  ၁၉၆၃မှာ ရန်ကုန်ပြန်ပြီး RITမှာ ဆရာပြန်လုပ်တယ်။ ၁၉၇၁ကနေ ၁၉၈ဝထိ ဗိသူကာဌာန၊ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်တယ်။ ၁၉၈၁မှာ မြန်မာပြည်ကိုလျော်ကြေး ငွေ၅သောင်းကျပ်ပေးပြီး USကို ထွက်လာတယ်။ USမှာ တောက်လျှောက်အလုပ်လုပ်ပြီး ၂၀၀၂မှာ ပင်စင်ယူပါတယ်။ ၂၀၀၄မှာ အပြီးအစီးနားရတယ်။ ဇနီးဒေါ်ခင်သက်ဝင်းက  အထက၂လသာနဲ့ International Schoolတွေမှာ ဆရာမအလုပ်လုပ်ခဲ့တယ်.။ သမီးတယောက်၊ သားတယောက်၊ […]


၂၀၁၄ ကမာ္ဘ့ဖလားပွဲကား ပြီးဆုံးတော့မည် ဖြစ်သည်။ ယခု ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာရကား နောက်ဆုံးကျန်ရှိသော အသင်း ၄သင်းမှာ ဘရာဇီး Vs ဂျာမနီ။ အာဂျင်တီးနား Vs နယ်သာလန် တို့ ဖြစ်သည်။ ဥရောပနှင့် တောင်အမေရိက ထိပ်တန်း အသင်းများ၏ အားပြိုင်မှုတည်း။ ချန်ပီယံဟောင်း ၃သင်း နှင့် ချန်ပီယံမဖြစ်ဖူးသော်ငြား ဒုတိယ ၃ကြိမ်ရ အသင်းတို့၏ တိပ်တိုက် တွေ့ဆုံမှုလည်းဖြစ်သည်။ ဒီ ၃သင်း၏ ဖြတ်သန်းမှု အား လေ့လာကြည့်ချင်မိသည်။   A ဆီမီးဖိုင်နယ် ရောက်အသင်းများ             ၁။ ဘရာဇီး     အိမ်ရှင်ဘရာဇီးသည် အုပ်စု A တွင် […]


kaiJune 13, 20141min113221
Los Angeles မြို့ကို ၂၀၁၄ ဧပြီလဆန်းမှာ ခဏလာတဲ့ အင်္ဂလန်မှာနေထိုင်သူ ဆရာဝန်၊ စာရေးဆရာ၊ သမိုင်းပါရဂူဘွဲ့ကြိုကျောင်းသား၊ ဘိုဘိုလန်းစင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဘိုဘိုလန်းစင်ဟာ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ မြေး၊ လူထုမျိုးဆက်သစ်ဖြစ်ပြီး BBC သတင်းထောက်လည်းဖြစ်ပါတယ်။   ၁။ ဒီတခေါက် US ကိုလာဖြစ်တာက။ Open Society က Supplementary grant program ကျောင်းသားတွေ Scholarships ပေးတဲ့ နှစ်ပတ်လည် Conference မျိုးပေါ့။ New York မှာ ဧပြီ၃၊ ၄ မှာ လုပ်တဲ့အတွက် OSI ရဲ့ Scholarships ကျောင်းသားအနေနဲ့လာတက်တာ။ ၂။ လန်ဒန်ကိုဘယ်တုန်းကရောက်လဲ။ ခုတက်နေတဲ့ကျောင်းက။ SOAS (School of Oriental and African […]


kaiMay 21, 20141min60413
မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ     မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရပဲ ဖြစ်လာတော့သည်။   အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူ အများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစားအလွှာအသီးသီးတို့၏ ဘဝပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။   တရားခံသည်ကား […]


ေဇယ်ာစံNovember 29, 20131min387613
မျက်စောင်းထိုးခံရတော့မဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်.။ ============================================================= (၁) ပြီးခဲ့တဲ့ လေးလလောက်တုန်းက ဖက်ဒရယ်အစိုးရ က ပြည်သူတွေရဲ့ အချက်အလက်တွေနဲ့ ကိုယ်ရေးဖိုင်တွေကို ကြည့်ရှုဖို့ နဲ့ တိတ်တဆိတ် လျှို့ဝှက်ထောက်လှမ်းဖို့ ပြုလုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီ ချည်ခင်အရှုပ်ထွေးထဲမှာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google တို့ Facebook တို့ တောင် ပါဝင်တယ် လို့ သတင်းထွက်ခဲ့ပါတယ်။ (၂) ပြီးခဲ့တဲ့ သုံးလလောက်တုန်းက ရုရှ ကို ခိုလှုံသွားခဲ့တဲ့ စနိုးဒင် ရဲ့ ကွန်ပျူတာ ဟာဒစ်ထဲက ဖိုင်တွေ အားလုံးကို တခု မကျန်ဖျက်ပစ်ဖို့ အင်္ဂလန်ရဲအရာရှိတွေနဲ့ တော်ဝင်အစိုးရ က ဂါးဒီးယန်းသတင်းစာ ကို တွန်းအားပေးခဲ့ပါတယ်။ (၃) ပြီးခဲ့တဲ့ တစ်လ လောက်တုန်းက မြန်မာဆက်သွယ်ရေး […]


kaiSeptember 12, 20131min4379
( စက်တင်ဘာ ၅ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်များမှာ အပိုင်း (၁)၊ (၂) ခွဲပြီး ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါတယ်)     အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို (၁၈) ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d’Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီဆိုတာကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ (ဘိုင်အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီ ဆိုတဲ့ […]


kaiSeptember 6, 20133min4829
အမေရိကပြည်ထောင်စု၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ် (၂၀၁၄)ခုနှစ် ရှေ့ပြေးအကြိုအစီအစဉ်များ (မောင်မိုးညို) (၂၀၁၀) ခုနှစ်မှစတင်၍ အထစ်အငေါ့များစွာ၊ ဆန့်ကျင်ကန့်ကွက်မှုများစွာကြားမှ ပေါ်ထွက်နေပြီဖြစ်သော အမေရိက၏ ကျန်းမာရေးစောင့်အာမခံစနစ်၏အဓိကရုပ်လုံးကား (၂၀၁၄) ဇန္နဝါရီ (၁) ရက်တွင် ပေါ်ထွက်လာတော့မည်ဖြစ်သည်။ စီးပွားရေးအကြိုးအမြတ်ကိုအဓိကထားလိုကြသော အချို့သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ်ကိုမိမိတသက်တာခံစားခွင့်မရှိသော ဝင်ငွေချို့တဲ့သူလူတန်းစားများ၏အကျိုးခံစားခွင့်ရရှိလာမည်ကိုမလိုလားကြသူများ နှင့် တယူသန်အမျိုးသားရေးဝါဒီများ နှင့်နိုင်ငံရေးသမားအချို့တို့က ဤဥပဒေရုပ်လုံးပေါ်လာနိုင်မည့် အခြေအနေအခွင့်အလမ်းများကို နည်းမျိုးစုံနှင့်တားဆီးမှုများလုပ်ခဲ့ကြသည်။ မငြင်းနိုင်သောအချက်ကား (၃) နှစ်သားသက်တမ်းရှိလာပြီဖြစ်သော  ဤ Affordable Care Act (ACA) ခေါ် Obamacare ၏အကျိုးထူးများကို၊ နိုင်ငံတဝှမ်းရှိ လူထုအပေါင်းကမျက်ဝါးထင်ထင်မြင်လာကြရပြီဖြစ်ပါသည်။ ထိုမျှသာမက အာမခံလုပ်ငန်းကုမ္ပဏီကြီးများ (Insurance carriers) ကပါ လက်ခံသဘောတူလာသည်နှင့်အမျှ အပြုသဘောဆောင်သောအစီအမံများလမ်းခင်းဆောင်ရွက်ပေးလာကြသည်ကိုတွေ့နေရပြီဖြစ်သည်။ နှစ်အလိုက် အာမခံပေးသွင်းရမည့် premium ကြေးများ ပုံမှန်မြှင့်တင်ကြသည်မှအပ၊ ဆန်ုကျင်သူများကဆိုခဲ့ကြသလို၊ premium […]