ယခုလမှာ Paragraph လေးတွေ essay လေးတွေအကြောင်း ခေတ္တရပ်ထားပြီး တက္ကသိုလ်တက်ရောက်ခွင့် ရဖို့ ကြိုးပမ်းနေကြတဲ့ ကျောင်းသူကျောင်းသားလေးတွေနဲ့ ၎င်းတို့ရဲ့မိဘဆွေမျိုးများအတွက် အရေးကြီးတဲ့ စဉ်းစားသင့်တဲ့ ကိစ္စလေးတွေကိုတင်ပြလိုပါတယ်။ ယခုဆောင်းပါးလေးက 2020 မှာ တက္ကသိုလ်တက်မယ့် လူငယ်များနဲ့ ၎င်းတို့ရဲ့ မိဘများအတွက် ရည်ရွယ်ထားတာပါ။ 2020 ဆိုတာ အဝေးကြီးလိုသေး တယ်လို့ မထင်ကြပါနဲ့။ ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်ထားနိုင်မှ တော်ပါလိမ့်မယ်။ တကယ်ကိုတစ်နှစ်လောက် ကြိုပြီး စဉ်းစားထားမှ ပြင်ဆင်ထားမှ အစဉ်ပြေမှာပါ။ ဦးစွာပထမ မိဘများအားလုံးကို မှာကြားလိုပါတယ်။ သား သမီးကို ချစ်တတ်ကြပါစေလို့။ သိပ်ကို အရေးကြီးပါတယ်။ ချစ်တဲ့ဇောနဲ့ သားသမီးကို သူစိတ်မဝင်စားတဲ့ ၊ ဝါသနာမပါတဲ့ major တို့ professional career တို့ကို အတင်းကြီး မတိုက်တွန်းမိဖို့ […]