kaiApril 27, 20191min3982
နှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ကြည်နူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မြန်မာပြည်ကို တကယ်လွမ်းစရာအချိန်မျိုးပေါ့နော်။ သင်္ကြန်ရက်ဆိုတော့ လူကြီးတွေရော၊ ကလေးတွေပါ အထူးပျော်မြူးကြတဲ့ အချိန် အခါမျိုးပါ။ ဥပုသ်စောင့်သူတွေက စောင့်ကြ ဘုန်းကြီးကျောင်းသွားသူတွေက သွားကြ ၊ရေပက်သူတွေပက်ကြ၊ ရေပက်ခံသူတွေခံကြနဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ ဦးနှောက်စားစေမဲ့ paragraph လေးတွေကို ခေတ္တရပ်ထားပြီး ပျော်စရာကောင်းတဲ့ နှလုံးသားရှိသူတိုင်းခံစားနိုင်မယ့် ကဗျာလေးတွေ ရေးကြရအောင်။ နောက်လကြမှ paragraph လေးတွေအကြောင်း ပြန်ဆက်ကြတာပေါ့။ အလွယ်ကူဆုံးဖြစ်တဲ့ Haiku လို့ ခေါ်တဲ့ ဂျပန်ဘာသာကလာတဲ့ ကဗျာတိုလေးတွေကို နမူနာယူပြီး Haiku လ ိုရှုပ်ရှုပ်ထွေးထွေး syllable ဘာတွေထည့်မတွက်တော့ဘဲ Line 3 lines ကဗျာလေးတွေ ရေးကြရအောင်။ အဓိကရည်ရွယ်ချက်ကတော့ paragraph တို့ essay တို့ ရေးတတ်ဖို့ပေါ့။ […]


kaiApril 25, 20194min8893
(Zawgyi Ver:) Windows 10 သမားများ.. ယူနီကုဒ်နဲ့ဇော်ဂျီ ၂မျိုးလုံး စာလုံးအနေအထား အမှားအယွင်းမရှိ.. Chrome Browser မှာ ဖတ်နိုင်ပြီး.. ယူနီကုဒ်နဲ့ စာရေးနိုင်သောနည်း.. ( တစ်-နှစ်-သုံး) .. ဝင်းဒိုးလက်ပ်တော့…ဒက်စ်တော့ပ် ကွန်ပြူတာသမား .လုပ်ရမှာတွေအဆင့်ဆင့် ①②③ က.. တစ် – နှစ် – သုံး …. ၃ ချက်ထဲ….. ①။ ဒေါ်အောင်ဆန်းစုကြည် ညွှန်းပါတဲ့.. Pyidaungsu font ကို Download/Install လုပ်ပါ၊ https://myanmargazette.net/Zawgyi…/Pyidaungsu-2.5_Regular.ttf https://www.unicode.today/fonts-download/ Once you have your font downloaded ( Pyidaungsu.ttf) and available, just right-click it and […]


kaiMarch 28, 20194min3531
အရင်လကဖော်ပြခဲ့တဲ့ Topic sentence လေးတွေကို ယခုလမှာ concluding sentence လေးတွေအဖြစ်ပြောင်းပြီး ရေးတတ်အောင်လေ့ကျင့်ကြပါစို့ ။ အားလုံးမှတ်မိကြပါလိမ့်မယ်နော်။ ပထမဆုံး ဖော်ပြခဲ့တာက There are three ways to deal with rejection ဆိုတဲ့ ဝါကျလေးပေါ့။ ဒီတော့ဒီ Topic sentence လေးရဲ့ မူရင်းအဓိပ္ပါယ်ကို မပျက်စေဘဲ concluding sentence လေးအဖြစ် ဒီလိုပြောင်းပြီးရေးလို့ရပါတယ်။ To sum up,we can be upset or depressed, learn from the rejection,or take a look at ourselves deeply and change whatever we […]


kaiFebruary 27, 20196min18481
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]


kaiJanuary 30, 20193min2590
ယခင်လကပြောခဲ့တဲ့အတိုင်း ယခုလမှ Paragraph လု့ိခေါ်တဲ့ စာပုဒ်လေးတွေရေးတတ်လာအောင် လေ့ကျင့်ကြပါစို့ ။ ဦးစွာပထမ မှာကြားလိုတာကတော့ paragraph ကို essay နဲ့ မမှားမိပါစေနဲ့ ။ မြန်မာကျောင်းသားကျောင်းသူအများစု ရဲ့စိတ်ထဲမှာ essay ကိုပဲ စွဲနေတတ်တယ်။ စာရေးကြပါဆိုရင် essay ရေးဖို့ လောက်ပဲသိတယ်။ ခဏလေးတော့ essay ကိုမေ့ထားပြီး paragraph ကို အာရုံစိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာနဲ့တူသလဲဆိုတော့ မပြေးတတ်သေးခင် လမ်းလျှောက်တတ် အောင်ကြိုးစားရသလိုပေါ့။ Essay ဟာ ပြေးတာနဲ့တူပါတယ်။ paragraph ကတော့ လမ်းလျှောက်သလိုပဲ။ လမ်းမလျှာက်တတ်သေးခင် ပြေးဖို့ကြိုးစားရင် တဘိုင်းဘိုင်းလဲကြမှာပေါ့။ ဒီလိုပါဘဲ paragraph လေးတွေ မကျွမ်းသေးခင် essay ရေးဖို့ကြိုး စားရင် အောင်မြင်ဖို့မလွယ်ပါ။ ဒီတော့ “Let’s focus […]


kaiJanuary 16, 20191min4364
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား..လူထုကို.. တိကျစွာအဖြေပေးလိုက်ပါ..။ မြစ်ဆုံဆည်စီမံကိန်းများကိုပြန်စပါ..။ချိုင်းနားနဲ့ ချုပ်ထားတဲ့စာချုပ်တွေ စိစစ်ပြန်ချုပ်ပါ..။ ချိုင်းနားက.. ဆက်မဆောက်နိုင်ပါဘူးဆိုရင်..ဂျပန်..။ ဥရောပ..။အမေရိကားတို့နဲ့ ပူးပေါင်း..တိုင်းပြည်ငွေတွေ အလုံးအရင်းသုံး ဆောက်ဖြစ်အောင်ဆောက်ပါ..။ ဧရာဝတီမြစ်ဟာ..သောင်ထွန်းရေလျှံ..။ နွေရောက်ရေခမ်းနဲ့ သေနေပါပြီ..။ဧရာဝတီကို ကယ်တင်ပါ..။ လာမယ့်ဆယ်စုနှစ်တွေမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့.. ရှားလာတော့မယ့်.. ရေချိုသန့်တွေကို ဆည်ထားပါ..။ ရေချိုကို.. Export လုပ်ပါ..။ ထုတ်ရောင်းပါ..။ဆည်တို့ထုံးစံ..အပိုရမယ့်ရေအားလျှပ်စစ်ဓာတ်ထုတ်ပါ..။ ပြည်တွင်းသုံးရာကအပိုလျှပ်စစ်တွေကို.. ချိုင်းနားကို ရောင်းစားပါ..။ အဲဒီဒေသရဲ့ တိုးရစ်ဇင်ကိုမြှင့်တင်ပါ..။ ရွှေတူးထုတ်လုပ်ငန်းတွေ ပိတ်ပစ်ပါ..။ သစ်တောတွေထိမ်းသိမ်းပါ..။ ဧရာဝတီမြစ်ကို တကယ်(တကယ်) ကယ်တင်ပါ..။လူထုရဲ့.. မိုးတွင်းရေကြီး..၊ နွေရောက်ရေရှား..ဘဝတွေကိုကယ်တင်စေလိုပါကြောင်း..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုအများစုက မဲပေးရွေးကောက် တင်ထားတဲ့ အစိုးရဖြစ်ပါကြောင်း..။တိုင်းပြည်ကောင်းကျိုးရှိမယ်မြင်ရင်..တွက်ဆနိုင်ရင်.. လူထုအသံထပ်နားထောင်နေဖို့မလို..လုပ်သင့်တာ.. ပြတ်ပြတ်သားသားလုပ်စေလိုပါကြောင်း..။ သမိုင်းက… စကားပြောမှာဖြစ်ပါကြောင်း…။


kaiJanuary 11, 20194min5896
မြန်မာ့ကျေးလက်ရွာတွေမှာ ကာလသားတွေ ညမှာ ချက်စားကြတဲ့ ဟင်းမို့ ကာလသားဟင်းခေါ်ပါတယ်..။ ကာလသားဆိုတာက.. ကျေးရွာတွေမှာရှိတဲ့ လူပျိုပေါက် လူငယ်တွေပေါ့..။ ကာလသားခေါင်းဆိုပြီး.. ခေါင်းဆောင်ရှိတတ် ရပ်ရေးရွာရေးတွေမှာ လုပ်အားအလှူလုပ်တတ်ကြသူများပါ.။ ဆိုတော့..ညဦးပိုင်းမှာ ကာလသားတွေစု ဗိုက်ဆာဝမ်းဟာလာရင်.. ချက်စားကြတဲ့နည်းမို့.. ပါဝင်ပစ္စည်းတွေက.. ဟိုကဆွဲဒီကယူ အလွယ်တွေဖြစ်ရပါမယ်..။ကြက်ကိုလည်း ဒေါ်ဘုမအိမ်က ဆွဲလာမယ်..။ ဘကြီးဖြိုးအိမ်နောက်ဝင်းထဲက.. စပါးလင်၊ ဘူးသီး၊ ငရုပ်သီး ခူးလာမယ်..။အောင်ဘုက သူ့အမေမသိအောင်..မီးဖိုခောျင်ထဲဝင်.. ဆား၊ ဆီ၊ ကြက်သွန်ဖြူ/နီ၊ ဆနွင်း၊ ငရုပ်သီးမှုန့် နည်းနည်း ယူလာမယ်..။ကာလသားခေါင်း ကိုဖိုးထောင်ကတော့.. ဆေးခြောက်အဖူးနဲ့တခိုင် ဖြတ်လာမယ်ဆိုပါစို့..။ညသန်းခေါင်မတိုင်ခင် ဝိုင်းစားကြမှာမို့.. လွယ်လွယ်ပဲ.. ထင်းမီးနဲ့ ဒါန်အိုးတလုံးတည်ကြပါမယ်..။ဟင်းက..ခူးထား ခိုးထားတာတွေနဲ့ ပြာယိပြာယာ အမြန်ချက်တာမို့.. ကြက်သားက မနူးမနပ်နဲ့ပါ.။ အရေးမကြီးပါ..။ အဲဒါကိုက.. ကာလသားဟင်းရဲ့ သဘာဝဖြစ်ပါကြောင်းနဲ့.. ဟင်းတပွဲစာကို.. ဒါန်အိုးငှားလိုက်တဲ့.. ကွမ်းတောင်ကိုင်အိမ် […]


kaiJanuary 2, 20191min179814
BAMA ရဲ့ မြန်မာနိုင်ငံသို့သွားရောက်ဆောင်ရွက်ခဲ့တဲ့ Myanmar Medical MissionU.S. အနယ်နယ်အရပ်ရပ်မှ ခရစ်စမတ်နှင့် လှုပ်ရှားမှုသတင်းများ။မောင်စွမ်းရည်ရဲ့ နယူးယောက်လမ်းဘေးမှာ ဟင်းရွက်ခူးခြင်း။ဇတ်ပို့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ် နဲ့တွေ့ဆုံခြင်းမောင်မိုးညိုရဲ ့ အရွယ်လွန်မှ အမေရိကသို့ပြောင်းအခြေချခြင်း ဆောင်းပါးတိမ်မည်းရဲ့ ကားသစ်ဝယ်သူတိုင်း ဖတ်ရမယ့် ကားဝယ်တာခေါင်းချာလည်နေသလား ဆောင်းပါးသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ လက်နာနေသူများဖတ်သင့်တဲ့ Hand Pain ဆေးပညာဆောင်းပါး။နှစ်သစ်အလှပန်း မယ်မြန်မာစကြဝဋ္ဌာ နှင်းသွေးယုအောင် လစဉ်ဖော်ပြနေက ျ ဆရာမျိုးကျော်မြင့်ရဲ့ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ သုတ၊ ရသ စုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၉၊ ဇန်နဝါရီလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ မြန်မာစတိုးဆိုင်နှင့် မြန်မာစားသောကက်ဆိုင်များမှာ အခမဲ့ရယူပါ။


kaiDecember 8, 20181min226616
Azusa ဗြဟ္မဝိဟာရကေ ျာင်းတိုက် ၂၀၁၈ခုနှစ် အသံမစဲပဌာန်းအောင်ပွဲသတင်း။FBBC Annual Thanksgiving Celebration သတင်း။U.S. အနယ်နယ်အရပ်ရပ်မှ စုပေါင်းကထိန်သင်္ကန်းကပ်ပွဲသတင်းများ။မောင်စွမ်းရည်ရဲ့ ပီနန်ဆရာတော်ကြီးအမှတ်တရဆောင်းပါး။.Fitness Model မေသွယ်မောင်နဲ့တွေ့ဆုံပြီး ခန္ဓာကိုယ်က ျစ်လစ်လှပလိုသူများအတွက်အကြံဉာဏ်ကောင်းများ။မောင်မိုးညိုရဲ ့ Social Security Benefits များအကြောင်းတစေ့တစောင်းဆောင်းပါး။မသန္တာအောင်(ဆေးပညာဘွဲ့)ရဲ့ HIV and Rheumatic Diseases ဆေးပညာဆောင်းပါး။ဒီဇင်ဘာအလှပန်း ယုနန္ဒာဝင်း။ လစဉ်ဖော်ပြနေက ျ ဆရာမျိုးကေ ျာ်မြင့်ရဲ့ အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ။ ကာတွန်း။ ဗေဒင်။ သုတ၊ ရသ စုံလင်စွာ ဓာတ်ပုံဝေဝေဆာဆာဖြင့် ၂၀၁၈၊ ဒီဇင်ဘာလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ မြန်မာစတိုးဆိုင်နှင့် မြန်မာစားသောကက်ဆိုင်များမှာ အခမဲ့ရယူပါ။ https://issuu.com/myanmargazette/docs/myanmar_gazette_dec_2018


kaiNovember 28, 20182min3531
အရင်လက Have, make , get စသည့် ကြိယာလေးများဖြင့် သုံးရတဲ့ structure လေးတွေကို ဖော်ပြခဲ့ပါတယ်။ ဒီ structure လေးတွေကို grammar စာအုပ်တွေမှာ causative လို့ ခေါ်ပါတယ်။ ဒီကြိယာသုံးခုကိုလည်း causative verbs လို့ လူသိများပါတယ်။ တစုံတယောက်ကို တစုံတယောက် ချော့ပြီးဖြစ်စေ၊ ခြောက်ပြီးဖြစ်စေ၊ တစုံတခု လုပ်ခိုင်းတယ် ပေါ့။ ဒီနေရာမှာ ဒုတိယ Noun လေးဟာ ပြုလုပ်သူ ဖြစ်ကိုဖြစ်ရမှာပါ။ လူမဟုတ်တဲ့ noun လေးတွေကို ဒီ structure မှာ ထည့်ပြီး သုံးလို့မရတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဥပမာ “He got a book to show to […]


kaiOctober 30, 20183min3682
ယခုလမှာ နည်းနည်းထူးခြားပြီး လူသိနည်းတဲ့ Structure လေးတစ်ခုအကြောင်းပြောပြလိုပါတယ်။ conditionals တို့ adjective clause တို့ကို လူသိများပေမယ့် ယခုဖော်ပြမယ့် structure လေးကို သိသူ၊ သုံးတတ်သူနည်းပါတယ်။ ဒါပေမဲ့ တော်တော်လေးအသုံးဝင်တဲ့ structure လေးပါ။ ဒီ structure လေးကို make, have , get ဆိုတဲ့ ကြိယာ လေးတွေနဲ့ သုံးရပါတယ်။ ရှင်းအောင်ပြောရရင် တစ်စုံတယောက်က မလုပ်ချင်တဲ့ မလုပ်လိုတဲ့ကိစ္စ တခုခုကို နောက်တစ်ယောက်က အတင်းအင်အားသုံးပြီး power ပြပြီး သို့မဟုတ် ချော့မော့ပြီး လုပ်ခိုင်းတဲ့ အခါမျိုးမှာ သုံးနိုင်ပါတယ်။ ဆိုပါစို့ ကလေးက ကျောင်းကပြန်လာပြီး video game ပဲ ဆော့နေတယ်။ အိမ်စာလုပ်ဖို့ သတိမေ့နေတယ်ဆိုရင် မိဘရဲ့ […]


kaiSeptember 28, 20183min8881
ယခုလမှာ complex sentence လေးတွေကို ရေးတတ်၊ ပြောတတ်လာအောင် လေ့လာကြပါစို့။ complex sentence လေးတွေကို လူတွေက simple sentence လေးတွေ compound sentence လေးတွေထက် ပိုပိုနှစ်သက်ပြီး သုံးလိုကြပါတယ်။ လူ့သဘာဝပေါ့နော်။ လူ့ဘဝကိုရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူလေးနေသွားလိုသူ နည်းပါးလှပါတယ်။ ဘုန်းကြီးအရေအတွက်နဲ့ လူအရေအတွက် ယှဉ်ကြည့်လိုက်ပါလား။ ဘဝကို ရှုပ်ရှုပ်ထွေးထွေးလေး ခက်ခက်ခဲခဲလေး ကျော်သွားနိုင်မှ လူဖြစ်ရကျိုး နပ်သလို ထင်တတ်သူတွေကများပါတယ်။ ဒီတော့ Complex sentence လေးတွေကို လူကြိုက်များတာ မဆန်းပါဘူး။ complex sentence လေးတွေကို transition words လေးတွေနဲ့သုံးစွဲရပါတယ်။ transition များစွာရှိတဲ့အနက် လူသုံးအများဆုံးတော့ because ဖြစ်ပါတယ်။ Because ပါတဲ့ adverb clause လေးဟာ […]


kaiAugust 30, 20183min3772
ယခင်လတွေက Simple sentence လေးတွေအကြောင်း အတော်လေးပြည့်ပြည့်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ compound sentence လေးတွေအကြောင်းဖော်ပြလိုပါတယ်။ Simple sentence လေးတွေကိုလူကြိုက်နည်းပါးတယ်။ ဒါပေမဲ့ compound sentence လေးတွေကိုတော့ လူအများစုက နှစ်သက်ကြပါတယ်။ သဘာဝပေါ့နော်။ စုံတွဲလေးတွေကိုလူတိုင်းလိုလို သဘောကျကြပါတယ်။ The whole world loves a lover လိ့ အင်္ဂလိပ်ဆိုရိုးစကားရှိပါတယ်။ compound sentence ဆိုတဲ့ အတိုင်း ဝါကျနှစ်ခုကို conjunction လေးတွေသုံးပြီး ဆက်ထားတာကို လူတိုင်းသဘောကျကြတယ်ထင်ပါရဲ့။ compound sentence တိုင်းမှာ FANBOYS လို့ မှတ်ရလွယ်အောင် အမည်ပေးထားတဲ့ conjunction လေးတွေပါရပါတယ်။ compound sentence တိုင်း မှာ အနည်းဆုံးကတ္တားနှစ်ခုနှင့် ကြိယာနှစ်ခု ပါကိုပါ ရပါတယ်။ […]