မေလသည် မြန်မာ့သမိုင်း တကယ်ပြောင်းခဲ့ရသော လဖြစ်သည်။ ၁၈၁၅ခုနှစ် ဧပြီလ ၁ဝရက်နေ့က အင်ဒိုနီးရှား၏ Tambora မီးတောင်ကြီးပေါက်ကွဲသဖြင့် ကမာ့္ဘအခင်းအကျင်းပြောင်းခဲ့ရသည်။ အမေရိကနှင့်ဥရောပတိုက်သို့ပင် ထိခိုက်ခဲ့သည့် လူသားတို့သမိုင်းတွင် အကြီးမားဆုံးသဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ပါ၏။ မီးတောင်ပြာများဖုံး၍အေးစက်ခြောက်သွေ့ စိုက်ပျိုးလယ်ယာမြေပျက်ကုန်သဖြင့် ယခုယူနန်ပြည်နယ်သားမူလတိုင်းရင်းသား(ဟန်ချိုင်းနီစ်းများမဟုတ်)တို့ ငတ်မွတ်ဘေးဒဏ်ရှောင်ရင်း မြန်မာနိုင်ငံမြောက်ဖျား ကချင်ဒေသသို့ အလုံးအရင်းရွေ့ပြောင်းခဲ့ကြခြင်းဖြစ်သည်။ ငတ်မွတ်ဘေးကြောင့်ကုန်းဘောင်မင်းဆက်သည်လည်း အာသံမဏိပူရဖက်သို့ ထိုးထွက်တိုက်ခိုက်ရင်း ပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်ရန် အင်္ဂလိပ်နှင့်ရန်စပျိုးခဲ့ရပေသည်။ ဥတုရာသီဆိုး/ကောင်းဟူသည် လူသားတို့ လူနေမှုစရိုက်၊လူမျိုးအစုလိုက်ပျက်စီးပျောက်ဆုံးခြင်းသာမက မြို့ပြယဉ်ကျေးမှုသို့လည်း လွှမ်းမိုးပြောင်းလဲပါသည်ဟူလို … ၂၀၀၈ မေလ၂ရက်နေ့တွင်ဝင်ခဲ့သော နာဂစ်အမည်ရှိမုန်တိုင်းကြီးကြောင့် ဧရာဝတီတိုင်း။ပဲခူးတိုင်း၊ရန်ကုန်တိုင်းဒေသကြီးတို့တွင် လူ၁၃၈,၃၇၃သေကြေ၍ ကျေးရွာပေါင်းများစွာ ရွာလုံးကျွတ်ပြုတ်ခဲ့၏။ ပြန်လည်တည်ထောင်ခြင်းစနစ်တကျမရှိသည်ဖြစ်၍ ဒေသခံတို့ မြို့ပြတက်အခြေချ အိမ်နီးချင်းနိုင်ငံပြေးကြသည်မှ ရန်ကုန်၏ လူဦးရေသည်လည်း ခုန်တိုးတက်လာသလို ကျပ်ပိတ်ပြွတ်သိပ်ကာ သောက်သုံးရေ၊မိလ္လာ၊အမှိုက်သိမ်းစနစ်မှသည် လျှပ်စစ်ပေး၊လမ်းပေးဆက်သွယ်ရေး အင်ဖရာစရပ်ချာအကုန် မြို့၏ဝန်ဆောင်နိုင်အားနှင့်မမျှ ဖြစ်နေခဲ့သည်။ တောသား/မြို့သား မုန်တိုင်းဆိုးအကြောင်းကြောင့် […]