ငါးပါးသီလ နဲ့ ပတ်သက် ၍ တွေးစရာမျာူး January 11, 2010 at 9:19am သစ်ခ်ညှပ်ဟန်း ဆိုတဲ့ ဗီယက်နမ် ဇင် ဘုန်းတော်ကြီး ၏ သီလ အနက်ကောက် ပါ (၁)အသက်သတ်ခြင်းကို ကျူးလွန်မိခြင်းကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့် အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အသက်များကို ကာကွယ်ရန်နည်းလမ်းများကို လိုက်နာပါမည်။ ကရုဏာစိတ်ကိုမွေးမြူပါမည်။ မသတ်ရန်သော်လည်းကောင်း၊ အခြားသူများသတ်ဖြတ်နေခြင်းကို တာဆီးရန်သော်လည်းကောင်း၊ သတ်ဖြတ်နေသောအပြုမူများကို မကူညီရန် သော်လည်းကောင်း သန္နိဋ္ဌာန်ပြုပါသည်။ (၂)တရားမျှတမှု့မရှိခြင်း၊ ခေါင်းပုံဖြတ်ခြင်း နှိပ်ကွပ်ခြင်း တို့ကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့် အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အကျိုးစီးပွားကိုဆောင်သော နည်လမ်းများကိုလိုက်နာပါမည်။ မေတ္တာစိတ်မွေးမြူမည်ဟုကတိပြုပါသည်။ မိမိ၏ အချိန်ကိုသော်၎င်း၊ စွမ်းအင်ကိုသော်၎င်း၊ ဝတ္ထုပစ္စည်းကိုသော်၎င်း […]