တိမ်တောင်သဖွယ် မင်းရေးကြွယ်ဟု နိုင်ငံရေးကို တင်စားသည်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိ၊ မဖြစ်နိုင်တာ မရှိ။ ဖြန့်စဉ်းစားလျင် ကြိုက်သည့်နေရာမှ အစဆွဲ ထုတ်နိုင်သည်၊ အရာအားလုံး ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံရေး ညစ်ပတ်သည်၊ ရှုပ်ထွေးသည် ဆိုကြပြန်သည်။ အချို့ကလဲ နှစ်လုံးထဲနှင့် ဘောင်းဘီကြပ်ကာ ပါတီနိုင်ငံရေးမလုပ်၊ အမျိုးသား နိုင်ငံရေးလုပ်သည် အသံကောင်းဟစ်သည်၊ ပရဟိတ နိုင်ငံရေးဆိုသူပင် ရှိလာသည်။ ။။။။ အမှန်မှာ ဒါတွေအားလုံး နိုင်ငံရေးပင်။ နိုင်ငံရေးသိပ်ပံ ဘာသာရပ် ထွန်းကားလာတော့ သုတေသီ ပညာရှင်များက လက်ဝဲ၊ လက်ယာ စသဖြင့် သတ်မှတ်ပေးပြီး နိုင်ငံရေးထီးမိုးအောက် သွပ်သွင်းခဲ့သည်။ သူတော်ကောင်းအသွင် နိုင်ငံရေးလုပ်စားလိုသူများကတော့ မနှစ်သက် ဆန့်ကျင်သည်။ ကဗာတွင် ခေတ်စားလာတာ အစွန်းရောက် ဘာသာရေး၊ အမျိုးသားရေး နှင့် […]