အယာတိုလာ မာမွတ်ခိုမ် သူ့ကိုယ်သူ ရွာသူကြီးဟု လွန်စွာ ဂုဏ်ယူသည်။ ဟေ့ တမိုးအောက် တယောက်ထွန်း ပြိုင်သူဆို ဗိုလ်မထားတဲ့ ငါဟဲ့သူကြီး ဟု မကြာမကြာ လက်မောင်းခတ် ကြွေးကြော်သည်။ အထူးအာဏာရ သူကြီးမင်းဖြစ်ရွေ့ နှစ်လုံးပြူးကြီးလည်း ရှိသည်၊ ထိုနှစ်လုံးပြူးကြီးအား သဂျီးဂတော် ဒေါ်ညိုလက် ဝကွပ်အပ်ထားပြီး အမြဲတစေ တိုက်ချွတ်ဆေးကြောစေသည်။ တနေ့သော် ရွာထဲ လိုအပ်သည်များ ညွှန်ကြားရန် ကွင်းဆင်းစစ်ဆေးသည်တွင် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများ တွေ့မြင်ခဲ့ရာမှ ဇာတ်လမ်း အစပြုလေသည်။ လှေသူကြီး အမ်တီဝေ ပါလား နေကောင်းတယ်နော်…. ရေငုပ်သင်္ဘောဒီဇိုင်း အင်ဂျင်နီယာ တီဝေအား နှုတ်ဆက်နေသံဖြစ်သည်။ အလို.. သူကြီးဆိုပါလား။ မျက်နှာမသာမယာနှင့် ရှေ့ဆက်စနည်းနာဦးမှ…။ ကေသုံးလုံးမိုတယ်လ်နား အရောက်.. မိုတယ်လ်ပိုင်ရှင် အင်း(Inn)သူကြီး လေမားမားခများ ဓမာရုံအတွက် အလှူငွေ […]