ဤတစက္ကန့်..။ သေချင်းနဲ့ရှင်ခြင်းကြားရဲ့.. တစက္ကန့် ကာလလို့ထားပါတော့.. ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ.. အချိန်တဒင်္ဂ.။ ဆိုတော့.. အဲဒီဗီဒီယိုကလစ်တွေကိုကြည်ပြီးတွေးတယ်..။ အဲဒီကားမောင်းသူ.. အန္တရာယ်ကလွတ်တဲ့သူ… တစက္ကန့်စောရင်/နောက်ကျရင် ဘာဖြစ်နိုင်သလဲ..။ သေချင်သေနိုင်သလို.. ရှင်ချင်ရှင်နိုင်ပါတယ်..။ မနက်အိပ်ယာအထ.. တစက္ကန့်နောက်ကျ/စောခဲ့ရင်..။ အိမ်တခါးကအထွက် မေ့တာလေးရှိလို့ပြန်ယူလိုက်ရင်../တန်းထွက်ခဲ့ရင်…။ ကားမောင်းဖို့ ကားစက်အနှိုးမှာ.. တစက္ကန့်အချိန်ယူ.. ချောင်းတချက်ဟန့်ခဲ့ရင်/မဟန့်ခဲ့ရင်…. စသဖြင့်.. အထူးသဖြင့် အမေရိကနေသူ..နေ့စဉ်ကားမောင်းနေသူများ သတိထားမိကြမလားပဲ..။ ကားမောင်းနေရင်း.. မီးပွိုင့်က.. တစက္ကန့်နောက်ကျလို့ မိတယ်/လွတ်တယ်..။ ဒီလိုနဲ့ ..အက်စိဒန့်.. မတော်တဆဖြစ်တာလည်း.. ဖြစ်တယ်/လွတ်တယ်ပေါ့..။ ဒါကို.. သိပ္ပံနည်းကျ.. သီအိုရီရဲ့စကားက Butterfly effect https://en.wikipedia.org/wiki/Butterfly_effect flap of a butterfly’s wings in Brazil set off a tornado in […]