Category: Myanmar Gazette


alinsettJuly 9, 20152min03
    အခုတစ်ပါတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone ကနေ …တင်ပြပေးမယ့် သတင်းတွေကတော့ … အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက် အတိအကျ သတ်မှတ်လိုက်တဲ့သတင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရ သတင်းများ ၊ လွှတ်တော်အတွင်းအတွင်းမှာ အကြိတ်အနယ် ဆွေးနွေးနေကြတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သတင်းများ ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယစစ်တပ်အကြီးအကဲတို့ရဲ့ သတင်း၊ အငြင်းပွါးဖွယ်ရာ ဖြစ်နေတဲ့ ရွှေတိဂုံစေတီ အနီးက ဒဂုံ စီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ ကြေညာချက်သတင်း၊ 7 July အထိမ်းအမှတ် အခမ်းအနားကြီးကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ကျင်းပကြတဲ့သတင်းနဲ့..ကျောင်းသားများရဲ့ နိုင်ငံအရေး ပညာအရေး တက်ကြွလှုပ်ရှားမှုသတင်းများ၊ အရှေ့တောင်အာရှ ဒေသတွင်းမှာ အကြီးဆုံး ရေကာတာ စီမံကိန်းတစ်ခု ဖြစ်လာမယ့်  […]


kaiJuly 5, 20151min048
KFC နှင့် IMF က ပြောသော မြန်မာနိုင်ငံစီးပွားရေး မြန်မာနိုင်ငံသားများ KFC ကြက်ကြော်စားရရန် နာရီပေါင်းအတန်ကြာ တန်းစီစောင့်ဆိုင်း ခဲ့ကြကြောင်း သတင်းများက ဇွန် ၃ဝ ရက်၌ နိုင်ငံခြား သတင်းဝက်ဘ်ဆိုက်များတွင် ပြူးတူးပြဲတဲ ပေါ်လာသည်။ Apple ကုမ္ပဏီ၏ အိုင်ဖုန်းမော်ဒယ်လ် အသစ်တစ်မျိုးကို ဝယ်ယူရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်း ခဲ့ကြသည်ဟူသည့် သတင်းမျိုးက နိုင်ငံခြား သတင်းဌာနများအတွက် အဆန်းတကြယ် မဟုတ်သော်လည်း မြန်မာနိုင်ငံသားများ ကြက်ကြော်ဝယ်ယူရန် နာရီပေါင်း အတန်ကြာ တန်းစီစောင့်ဆိုင်းသည့် သတင်းက သူတို့အတွက် အထူးအဆန်း ဖြစ်ခဲ့သည်။ “မြန်မာနိုင်ငံသည် လျှပ်စစ်မီး၊ ဆေးဝါးကိရိယာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုလိုအပ် နေသေးသော်လည်း အနည်းဆုံး KFC ဆိုင်တစ်ဆိုင်တော့ ရခဲ့ပြီ” ဟု နိုင်ငံခြား […]


ဇီဇီJuly 3, 201557min078
    ဟိ။ ဘာတုန်းးး တဂျီးကို ဆဲစာမှတ်ပြီး ဝမ်းသာအားရ ဝင်လာကြတာလားးး?? . သူ့ကို ခေါင်းစဉ်တတ်ရင် လူပိုဝင်တယ် ဆိုလို နာမည်တတ်ထားတာ။ ခိခိ။  . ပြီးတော့ ဒီ ပို့(စ) ရေးဖို့ ရှာရင်းဖွေရင်း အရင် မျက်စိမှောက်မှားခဲ့တဲ့ သဲလွန်စတွေ ကွင်းဆက်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့။ ရွာအကြောင်း ကောင်းကောင်း ဘယ်သူသိသိမသိသိ ဇီ သိသွားပြီ။ ငါကွ!! စနိုဒန်ဇီ (ခွက်ဒစ်တူ ကိုကိုကြောင်) :boss: . ဂလိုဘာ။ ဒီ ဆိုက်မှာ ပို့(စ) ရှာချင်ရင်… ၁) ကက်တဂိုရီနဲ့ ရှာလို့ရတယ်။ ၂) စကားလုံးလေး တစ်လုံးလောက် Search Box  မှာ ရိုက်လိုက်ရင်   အဲဒီ စကားလုံး ပါတဲ့ Random  ပို့(စ) […]


alinsettJuly 2, 20152min08
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရေး ဆန္ဒထုတ်ဖော်အုံကြွမှုကြီး ဖြစ်ပွါးခဲ့တဲ့သတင်း ၊ နှစ်ပေါင်း ၄ဝ ကြာ ပိတ်ပင်ထားတဲ့ US အိမ်ဖြူတော်ဝင်းအတွင်း ဓါတ်ပုံရိုက်ခွင့်ကို ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်း၊ ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးနိုင်ဖို့အတွက် စာရင်း ပေးသွင်း နိုင်ကြောင်း ပြောဆိုလိုက်တဲ့ US ဝါရှင်တန် ဒီစီမြို့တော်ရှိ မြန်မာသံရုံးရဲ့ ကြေငြာချက်၊ မြန်မာပြည်တွင်းက ပေါ်ဆန်းမွှေးဆန်တွေကို US နဲ့ စင်ကာပူနိုင်ငံတွေဆီ တင်ပို့တော့မယ့်သတင်း၊ US တစ်ပြည်လုံးမှာ လိင်တူချင်း လက်ထပ်ခြင်း ခွင့်ပြုကြောင်း US ၊ ဗဟိုတရားရုံးချုပ်ကနေ မဲခွဲစီရင်ချက် ချမှတ်လိုက်တဲ့သတင်း၊ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဆုတံဆိပ်တစ်ခုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် […]


alinsettJune 29, 20154min032
ညမင်းသား-ကျနော်နှင့် အတုမမများ ——— ဒီကာလထဲ. . .ကျနော်ဟာ ညပိုင်း Taxi မောင်း တဲ့သူအဖြစ် ရပ်တည်ကြည့်မိတယ်။ (စားဝတ်နေရေးအတွက် လက်တလော လုပ်မိတာပါ။ တသက်လုံး လုပ်ဖို့ မရည်ရွယ်ပါဘူး။ Taxi မောင်းခြင်းဟာ ကျနော့်ဝါသနာလည်း မဟုတ်၊ တသက်တာလုံး လုပ်သင့်တဲ့ အလုပ်အမျိုးအစားလည် မဟုတ်ဘူးလို့ ထင်ပါတယ်။) ညဘက်အချိန်တွေ မြို့ထဲမှာ ကားပတ်မောင်းရင်း လူအမျိုးစုံ၊ အဖြစ်အပျက် အမျိုးစုံကို ကြုံရပါတယ်။ တချို့ အဖြစ်တွေက ရီချင်စရာ။ တချို့အဖြစ်တွေကတော့ စိတ်ရှုပ် စိတ်ညစ်စရာ။ တချို့ အဖြစ်တွေကတော့ ဒေါသထွက်စရာ. . .စသည်ဖြင့် ကြုံရ၊ဆုံရပါတယ်။ အဲ့ဒီ ကြုံရဆုံရတာတွေကို ညမင်းသားတစ်ယောက်၏မှတ်စုများဆိုပြီး အဖြစ်အပျက်တစ်ခုချင်းစီ ပြန်ပြောပြပါရစေ။ ပထမဆုံး အနေနဲ့. . . (ညဘက် […]


alinsettJune 25, 20151min016
အပါတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ကနေ ။။။။။ အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….     မြန်မာပြည်က အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်အားခ လစာ သတ်မှတ်လိုက်တဲ့ သတင်း၊ ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ အစိုးရဘက်က ကတိပေးစကား ပြောကြားလိုက်တဲ့ သတင်း၊ လှေစီးဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ စက်လှေပေါ်က စကားပြန်နဲ့ လှေလုပ်သား အယောက် ၂ဝ ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တဲ့သတင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရ ခုကို ပြင်ဆင်ဖို့ သဘောတူခဲ့တဲ့ သတင်း US ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ “ဝါဖြေ ညစာစားပွဲ”နဲ့ ပတ်သက်နေတဲ့ မြန်မာပြည်က လူ့အခွင့်အရေးလှုပ်ရှားသူရဲ့ […]


ဇီဇီJune 25, 20153min017
Credit & Reference – Myanmar Election Review . . . (၁) ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများ အနက်ဘယ်သူတွေ ကြိုတင်မဲပေးခွင့်ရှိသလဲ။ •• ပြည်ပရောက် သံအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် သံရုံးအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် ပညာတော်သင်များ နှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။ •• အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များ . နောက်ဆုံးအချက်က နိုင်ငံခြားမှာ တရားဝင်နေထိုင် အလုပ်လုပ်နေကြတဲ့ ကျနော်/ကျမတို့လို မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား များကိုဆိုလိုပါတယ်။ . . . […]


မြန်တ ျန့်ပြည်မှာ ကေ ျာင်းသား၊ အလှုပ်သမား၊ လယ်သမားဒွေ လမ်းပေါ်ထွက် ဆန္ဒပြမှာကို ကြောက်သူတွေ အတော ်ရှိသဗ ျ။ ယေဘူယ ျ နှစ်ပိုင်းခွဲလ ျင်တော ့ စစ်တပ်အုပ်စိုးမှုကို ထောက်ခံသူ၊ သူတို့နဲ့ အလွမ်းသင့်သူတွေနဲ့ ဒီမိုကိုထောက်ခံပြီး ခွင်မိနေသူ၊ ခွင်ရိုက်နေသူတွေ ပေါ့ဗျာ။ ဒါလည်း အပ ျစ်ပြောရ ခက်သားလား… လူဆိုဒါ ငါ့တဖို့ အတ္တသမားတွေလေ..။ နားလည်ပေးနိုင်ပါတယ်။။ ကိုယ်တွေ့ဗ ျ … ကိုယ်တွေ့.. ပလို့ဂ ျိ…။ ၂၀၀၅ခုနှစ် ဒီဇင်ဘာနှော်င်းပိုင်းတုံးဂ နယူးယောက်စီးတီးမှာ ရထားနဲ့ဘွတ်စကား မောင်းသမားတွေ လုပ်ခလစာ တိုးတောင်းတာ မရလို့ အလုပ်မဆင်း သပိတ်မှောက်တယ်။ ရထား၊ကားစီး အလုပ်သွားသူတွေ သန်းနဲ့ခ ျီ ဂန့်ကုန်တာပေါ့။ သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့ကလည်း […]


kaiJune 19, 20151min06
ကျနော်က မန္တလေးမှာ အထက်တန်းပြဆရာ လုပ်နေရာက ၁၉၇ဝ ကျော်လောက်မှာ ရန်ကုန်၊ အခြေခံပညာရေးဌာန ”ပညာရေး သုတေသနဗျူရို”ကို ပြောင်းရတယ်။ ပညာရေး သုတေသနဗျူရိုကို နောက်တော့ ”ပညာရေးသုတေသနဌာန”လို့ အမည်ပြောင်းတယ်။ (အဲဒီတုန်းက ”မြန်မာစာ ကော်မရှင်”ဆိုတာလဲ ”မြန်မာစာအဖွဲ့” အမည် ပြောင်းတယ်။ ) ကျနော် ရောက်သွားချိန်မှာ ”စာမတတ်သူ ပပျောက်ရေး” သို့မဟုတ် ”စာတတ်မြောက်ရေး လှုပ်ရှားမှု” ဆိုတာကို ပညာရေး သုတေသနဌာနက ဦးဆောင် လှုပ်ရှားနေတယ်။ အဲဒီအချိန်မှာပဲ ပညာရေး သုတေသနဌာနရဲ့ အဓိက သုတေသန ပြုနေတာက ”ပညာရေး အဟောသိကံ ဖြစ်မှု”တဲ့။ အင်္ဂလိပ်လို  ”Drop Out” တဲ့။ ပါဠိလို ၊ အင်္ဂလိပ်လို ပြောတော့ ခန့်ညားတဲ့အပြင် နားချမ်းသာတယ်။ အမှန်ကတော့ […]


kaiJune 18, 20151min06
အင်္ဂလိပ်စကားကို လွယ်ကူသော ၊ လူသိများသော စကားလုံးလေးတွေကို ထိထိမိမိ အသုံးပြုပြီး လှလှပပ ပြောနိုင်ကြောင်း ရေးသားနိုင်ကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ Euphemisms  လေးတွေကိုအသုံးပြုပြီးတော့လည်း ယဉ်ယဉ်ကျေးကျေး သိမ်သိမ် မွေ့မွေ့ပြောနိုင် ၊ ရေးနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ ။ ယခုလတွင်တော့ ထည်ထည်ဝါဝါ ဝေါဟာရလေးတွေကို အသုံးပြုပြီး အင်္ဂလိပ်စကားကို ခန့်ခန့်ငြားငြား ရေးတတ်ပြောတတ်နိုင်ကြောင်းတင်ပြလိုပါသည် ။ ဦးစွာပထမ  phobia  ဟူသော ဝေါဟာရလေးနှင့် ပတ်သက်သည့် စကားလုံးလေးများ အကြောင်း ဖော်ပြလိုပါသည် ။   phobia ကို မြန်မာလို အလွယ်တကူ “ကြောက်ရွှံခြင်း ” ဟုပြန်ဆိုနိုင်ပါသည် ။ သို့ဖြစ်၍  “သူဟာအမြင့် ကို ကြောက်တယ်  ” ဟူသော ဝါကျကို သာမန်  “He’ s […]


alinsettJune 18, 20152min04
    အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …   ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်း သတင်းနဲ့ မဘသ ရဲ့ ကြေညာချက်သတင်း၊   မြန်မာနယ်ခြားစောင့် စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့် တပ်ဖွဲ့တို့ရဲ့ စစ်ရေးတင်းမာလာတဲ့အခြေအနေသတင်း၊   မြန်မာပြည်ရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ သတင်းအခြေအနေများ၊   လော့စ်အိန်ဂျယ်လိစ်မှာ အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်ဖို့ အတည်ပြုလိုက်ပြီဆိုတဲ့ သတင်း၊   မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်း ပြောကြားချက်သတင်း၊   မြန်မာပြည်တွင်းက ပဋိပက္ခတွေ ဖြစ်ပွါးနေရာ ဒေသများရှိ လွှတ်တော်အမတ်များနဲ့ တရုတ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြမယ်ဆိုတဲ့ သတင်း၊ […]


kaiJune 16, 20151min025
ဒီမိုကရေစီနိုင်ငံရေးတွင် မဏ္ဍိုင်ကြီး၃ရပ်ဟူသည်ရှိသင့်၏။ ရှေးဂရိခေတ်မှသန္ဓေတည်စခဲ့ကာ ၁ရရာစုပြင်သစ်ပြည်တွင်ပုံသဏ္ဍန်တိကျပေါ်လာသည်။ ထိုမှ ယခုခေတ်ကာလတွင်အအောင်မြင်ဆုံးသော ဒီမိုကရေစီနိုင်ငံကြီးများက မိမိဇာတိပုညတို့နှင့်လိုက်ဖက်ညီအောင်ပြုစုကာကျင့်သုံးနေကြပါသည်။ United States of America အမေရိကပြည်ထောင်စုသည် အုပ်ချုပ်ရေးမဏ္ဍိုင် (သမ္မတနှင့် ဖယ်ဒရယ်ဝန်ထမ်း ၅သန်းမျှ)၊ ဥပဒေပြုရေးမဏ္ဍိုင်( လွှတ်တော်အမတ်တို့၏စိနိတ်နှင့်ကွန်ဂရက်)၊ တရားစီရင်ရေးမဏ္ဍိုင်( တရားလွှတ်တော်ချုပ်) တို့ဖြင့် အပြန်အလှန်ထိန်းကျောင်းထောက်ပို့နိုင်သော အစိုးရဖွဲ့ထားပေသည်။ သမ္မတကို လူထုက တိုက်ရိုက်/သွယ်ဝိုက်တင်မြောက်သည်။ သမ္မတသည် စစ်တပ်၏အကြီးအကဲ Commander-in-chief ဖြစ်ကာ လွှတ်တော်မှတက်လာသော ဥပဒေကြမ်းတို့ကို ဗီတိုအာဏာသုံးပယ်ချနိုင်သည်။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ထုတ်နိုင်သည်။ ဥပဒေပြုရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ ရသုံးငွေဘက်ဂျက်ကို ဖြတ်တောက်၍ အစိုးရကိုပိတ်ပစ်လိုက်နိုင်သည်။လွှတ်တော်သည် အခြေခံဥပဒေကိုပြင်ဆင်နိုင်သည်။ ကော်မတီ/ကော်မရှင်ဖွဲ့ကာသမ္မတအပါအဝင် နိုင်ငံသားမည်သူကိုမဆို ကြားနာစစ်ဆေးခွင့်ရှိ၏။ တိုင်းပြည်၏ အခွန်ဝင်ငွေ၊ ဘက်ဂျက်ငွေ၊ ရသုံးငွေတို့ကို ချုပ်ကိုင်စီမံနိုင်သဖြင့် လူထုကရွေးကောက်တင်မြောက်ထားသော လွှတ်တော်အမတ်တို့တွင် ငွေကိုင်အာဏာရှိနေခြင်းဖြစ်သည်။ သမ္မတက ရွေးချယ်ပေး၍ လွှတ်တော်မှအတည်ပြုပေးရသော […]


kaiJune 5, 20151min075
4.6.2015…ကြေးမုံ စာတည်းရှုထောင့် ======================= ကိန်းဂဏန်းများ နိုင်ငံအတွက် အရေးကြီး ========================= မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်က လူဦးရေသန်းခေါင်စာရင်းကောက်ခဲ့ ဖူးသည်။ နှစ်ပေါင်း ၃ဝ ကျော်ကာလ စာရင်းမကောက်ဖြစ်ခဲ့၍ မြန်မာနိုင်ငံ၏ လူဦးရေကိန်းဂဏန်းများကို ပျမ်းမျှနှုန်းဖြင့် ခန့်မှန်းတွက်ချက်ခဲ့သောကြောင့် မြေပြင်အရေအတွက်နှင့် လက်ရှိကိန်းဂဏန်း ကွာဟချက်များ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂ဝ၁၄ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၁ဝ ရက်အထိ ကောက်ယူခဲ့ပြီး ဩဂုတ်လတွင် ရှေ့ပြေးလူဦးရေစာရင်းအား ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ဆက်လက်၍ ၂ဝ၁၅ ခုနှစ် မေ ၂၉ ရက်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို ထုတ်ပြန်လိုက်ရာ နိုင်ငံအတွက် […]