နှစ်ကုန်နိဌာန်း နိုဝင်ဘာ၈ရက်နေ့က ရွေးကောက်တင်မြှောက်လိုက်သော အမေရိကသမ္မတသည် ကမ္ဘာကြီးအား လာမည့်နှစ် ၂၀၁ရ တွင်ဥပဒေသများချကာ “အသစ်ထုဆစ်” ပုံဖေါ်တော့မည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံရေးတွင်လည်း လက်ယာသမား ကွန်ဆာဗေးတစ်များ နေရာရစိတ်လာပေရာ အမျိုးသားရေးလည်းတွဲပါလာကြသဖြင့် ဆိုင်ရာနိုင်ငံတို့သည် မိမိတို့အကျိုးစီးပွားကိုသာ ဦးထိပ်တင်ထားကြမည့်သဘောဖြစ်ပေ၏။ မျက်မှောက်အခြေအနေတို့ကို အချက်အလက်တချို့နှင့် နိမိတ်ဖတ်ဆဝါးကြည့်ရင်း ပုံမှန် “နေထွက်တရက်”နှင့်အတူ ရောက်လာတော့မည့်၂၀၁ရကို ကြိုဆိုပါရစေ။ The People vs. System ဟီလာရီကလင်တန်သည် ဒေါ်နယ်ထရမ့်ထက် လူထုမဲဆန္ဒပေါင်း ၂သန်းကျော်အနိုင်ရလျှက် “လူထု”က ဟီလာရီကလင်တန်အားရွေးလျှက်ရှိနေသော်ငြား အမေရိကား၏ ဒီမိုကရေစီ”စနစ်”သည် ဒေါ်နယ်ထရမ့်ကိုသာ သမ္မတအဖြစ်ရွေးချယ်ထားပေသည်။ ဒီဇင်ဘာ၁၉ရက် နေ့တွင် အပြီးသတ်ထွက်လာမည်ဖြစ်သော Electoral votes များအရ ဒေါ်နယ်ထရမ့်သည် လိုအပ်သော ၂၇ဝကို သိသာစွာကျော်ကာ ၃၀၆ဖြင့်ဇန်နဝါရီလ ၂ဝရက်နေ့တွင် ၄၅ယောက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါလိမ့်မည်။ Donald Trump […]