kaiJune 24, 20161min67513
စင်စစ်လူသည်အသားစားသတ္တဝါမဟုတ်ပေ။ အသားစားသတ္တဝါတို့တွင် အစွယ်နှင့်ရှည် လျားချွန်ထက်သောခြေသည်းလက်သည်းတို့ ပါရှိသည်။ သားကောင်ဖမ်းသည့်အခါတွင်မှ ထုတ်သုံးလေ့ရှိသဖြင့်သာမာန်အား ဖြင့်မမြင်နိုင်၊ မတွေ့နိုင်ပေ။ ထို့ကြောင့်မြန်မာစကား၌ ကြောင်လက်သည်းဝှက်ဟု ခိုင်းနှိုင်းလေ့ရှိကြသည်။ ရေကိုသောက် သည့်အခါတွင်လည်း လျှာဖြင့် ပလက်ပလက်မြည်အောင်လျှက် သောက်တတ်၏။ အစာဟောင်း အိမ်၌ အသားငါးတို့အလွန် အပုပ်မြန် တက်သဖြင့် အစာဟောင်းမြန်မြန်စွန့်ထုတ်ပစ်နိုင်ရန်လိုအပ်၏။ ထို့ကြောင့်အသားငါးသတ္တဝါတို့၌ အူသည်အလျှားတိုရသည်။အခန်းတစ်ခုထဲ၌ လိမ္မော်သီးတစ်ခြင်းပုပ်နေလျှင် မသိသာသော်လည်း ကြွက်တစ်ကောင်သေနေပါက မနေနိုင်မထိုင်နိုင်အောင် အနံ့ဆိုးလှသည်။ အသီးအနှံသည် သားငါးတို့ကဲ့သို ့အပုပ် မမြန်သောကြောင့် သီးနှံစားသတ္တဝါ တို့၏ အူအကန့်သည် ရှားလျားသည်။ ထိုအချက်တို့ကိုနှိုင်းယှဉ်၍ လေ့လာကြည့်မည်ဆိုပါက လူသည် အသားစားသတ္တဝါ အမျိုးအစား၌ မပါဝင်ကြောင်း ပေါ်လွင်သိသာပါသည်။ လူ၏အူမှာလည်း မထင်မှတ်လောက် အောင် ရှည်လျားလှပါပေသည်။ သို့သော်လူတို့သည် အမဲသားငါးတို့ကိုနေ့စဉ်လိုလို တရှိုက်မက်မက်စား သောက်နေကြပေသည်။ လွန်ခဲ့သော ၁၉၇၈ခုနှစ်ပတ်ဝန်းကျင်ခန့်က […]


kaiJune 24, 20161min5177
ရန်ကုန်တိုင်း၊ သံလျင်မြို့တွင်တည်ရှိသော သဘာဝတရားရိပ်သာတည်ထောင်သူနှင့် ပဓာန နာယကဆရာတော်ဘဒ္ဒတ္တဦးဥတ္တမသာရသည် Los Angeles မြို့သို့ကြွရောက်လာပြီး ဒေါက်တာအောင်မျိုးသန့်၏ San Jose Yangon Dental Group တွင် တရားချီးမြှင့်၍ သွားဆေးကုသိုလ်ဒါနအလှူကိုလက်ခံစဉ် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ (ဒေါက်တာ အောင်မျိူးသန့်+ မဝေဝေလွင်၊ ဒေါက်တာဇော်မင်းလတ်+ဒေါက်တာညွန့်ညွန့်၊ သား Ryan တို့ိမိသားစုက ဆရာတော်ကို နဝကမ္မကုသိုလ်ပြုခဲ့ပါသည်။) ဆရာတော်၏ကိုယ်ရေးအကျဉ်း ဆရာတော်ကို ၁၉၆၉ခုနှစ်၊ အောက်တိုဘာ၂၆ရက်နေ့က ကသာမြို့တွင်ဖွားမြင်ခဲ့ပြီး သား၃ယောက်တွင်အကြီးဆုံးဖြစ်သည်။ အခြေခံပညာအလယ်တန်းကို ရန်ကုန်မြို့၊ ပုဇွန်တောင်(၄)နှင့် အခြေခံပညာအထက်တန်းကို ဗိုလ်တထောင်(၅)အခြေခံပညာအထက်တန်းကျောင်းတို့မှအောင်မြင်ခဲ့ပြီး ၁၉၉၂တွင်ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ(ဂုဏ်ထူးတန်း)ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၉၃မှ၁၉၉၉ခုနှစ်ထိ စတိုးဆိုင်ဖွင့်ပြီး မိသားစုကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၉တွင် မိုးကုတ်၅ရက်တရားစခန်းတွင် အချိန်ပိုင်းစတင်အားထုတ်ခဲ့ပြီး ဦးဘခင်ရိပ်သာ၊ ဦးဂိုအင်ဂါတရားစခန်းနှင့် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၁ဝရက်တရားစခန်း၃ခုဝင်ခဲ့ကာ အိမ်တွင်လည်း တရားအားထုတ်ခဲ့သည်။ ၂၀၀ဝခုနှစ်မှစပြီးနေ့စဉ်ပုံမှန်တရားအားထုတ်ခဲ့ကာ ၂၀၀၂ခုနှစ်သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့၊ […]


kaiJune 22, 20162min5655
Nouns လေးတွေအကြောင်းကို(၂)လတိတိပြောခဲ့ပြီးပါပြီ။ အတော်အသင့်တော့ ပြည့်စုံသွားပါပြီ။ ယခုလမှာ nouns တွေကိုယ်စားအသုံးပြုရတဲ့ pronouns လေးတွေအကြောင်းဆက်လက်ဖော်ပြ လိုပါတယ်။ ပထမဦးဆုံး နားလည်ထားဖို့က အင်္ဂလိပ်စကားဟာ တတ်နိုင်သလောက် စကားလုံးထပ်ခြင်းကို ရှောင်ပါတယ်။ တို့မြန်မာစကားကတော့ “ ကိုကို၊ ညိုညို၊ အောင်အောင်၊ ကျော်ကျော် ” စသဖြင့် စကားလုံးလေးတွေကို ထပ်ပြီးသုံးကြတယ်။ English မှာတော့ noun တစ်ခုခုကို ထပ်တလဲလဲသုံးနေမဲ့အစား pronoun လေးတွေနဲ့ပြောင်းပြီးသုံးလေ့ရှိပါတယ်။ Pronoun (၃)မျိုးကို အရင်ခွဲခြားပြပါမယ်။ English လို First Person မြန်မာလိုတော့ “ ပြော သူ(သို့)ရေးသူ ”ဆို တဲ့ “ I, Me, My ” English လို Second Person […]


kaiJune 20, 20161min103818
“နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။” ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အခန်း(၁) ပုဒ်မ ၁၃ တွင်ဤသို့ဆိုထားသည်။ မဆလ လက်ထက်ကပြုစုခဲ့၍ နဝတ၊နအဖလက်ထက်က အကြိမ်ကြိမ်ဖြည့်စွက် ပြင်ဆင်ထားခဲ့သော အဆိုပါဥပဒေသည်မြန်မာ့အခြေခံဥပဒေကားမဟုတ်။ သို့ဆိုသော် ပြည်ထောင်စုလွှတ်တော်၏ ၅၀%+၁နှင့်ပင်ပြင်နိုင်သောဥပဒေဖြစ်နေကာ လူထုရွေးကောက်ထားသော လွှတ်တော်နှင့်အစိုးရအနေဖြင့် ၂၁ရာစုနှင့်လိုက်လျှောညီထွေဖြစ်ရန်ပြင်ဆင်ပေးရမည့် သမိုင်းပေးတာဝန်ရှိသည်ဟုဆိုပါမည်။ ဦးနေဝင်း၏ဥပဒေ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကျွမ်းကျင်သူဥပဒေပညာရှင်ဆိုသူများက ဦးနေဝင်း၏တိုက်ရိုက်ကြီးကြပ်မှုဖြင့် လူဦးရေ သန်း၁၂၀ဝကျော်စီရှိသော ချိုင်းနားပြည်နှင့် အိနိ္ဒယနိုင်ငံ၊ လူဦးရေ သန်း၁၆ဝရှိသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ လူဦးရေ ၆ရသန်းရှိသော ထိုင်းနိုင်ငံ စသည့်အိမ်နီးချင်းနိုင်ငံများနှင့် ကပ်လျက်တည်ရှိနေရသော (နှစ်၁၀၀ဝမျှသက်တန်းရှိမြန်မာ့အင်ပါယာ)နိုင်ငံတော်အားနိုင်ငံခြားသားများ၏ ဝါးမျိုခြင်းမခံရအောင်၊ လူမျိုးမပျောက်အောင် အမျိုးသားလုံခြုံရေးရှူထောင့်မှကြည့်၍ စီစဉ်ရေးဆွဲခဲ့သည်ဆိုပါသည်။ အဆိုပါဥပဒေတွင် တိုင်းရင်းသား၊နိုင်ငံသား၊ ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားဟူ၍ အဆင့်အတန်း များခွဲခြားထားကာ Divide and rule […]


မုံးတီး စက်စုတ် ယွံလ ျှာရပါသော အယာတိုလာ မာမွတ်ခိုင်မ် ခင်ဗ ျား… ဂဇက်တွင် ဖေါ်ပြသော ဘာသာရေး အ၃အနှုန်း သဘောထားကို မနှစ်သက်ရွေ့ လိပ်ခေါင်း၊ ဆရာမမ ျှှစ်ကြော ်၏ပို့စ်တွင် ခြစ်လုမ တောင်းဆိုချက်အား ထောက်ခံသည့် အနေနှင့် လိပ်ခေါင်း က ျနော ့် အသွေးအသား အူစိုင်အူမ အသဲနှလုံးသွေးများဖြင့် တည်ဆောက်ဖွဲ့ဆိုထားသော ပို့စ်၊ ကွန်းမန့်များအား မဆိုင်းမတွ ခုခ ျက်ခြင်း ဖ ျက်ပေးရန် ပန်ကြားပါသည်။။။။။   လုမ၏ဘဲ ၉၆၉ကြောင်ကြီး


kaiJune 4, 20161min122935
ဧည့်စာရင်းတိုင်ကြားခြင်း ပယ်ဖျက်ရန် အမျိုးသားလွှတ်တော်အတည်ပြု သတင်း ပြည်တွင်း နိုင်ငံရေး မင်းမင်း 21 hours 36 minutes ago Fri, 06/03/2016 – 16:49 Hits: 16365 times (ဓာတ်ပုံ- သက်ကို/မဇ္ဈိမ) နေပြည်တော်(ဇွန်လ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းတို့ကို ပယ်ဖျက်ရန် ဇွန်လ ၃ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။ တတိယအကြိမ်မြောက် ပြန်လည်ပြင်ဆင်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းတွင် ဧည့်စာရင်းတိုင်ကြားခြင်းဟူသည့် ပြဌာန်းချက်အား ပယ်ဖျက်ရန် အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါ ဧည့်စာရင်းတိုင်ကြားခြင်းအား ပယ်ဖျက်မည့်အပေါ် တပ်မတော်သားလွှတ်တော်အမတ်များက ကန့်ကွက်ခဲ့သော်လည်း စက်ခလုပ်နှိပ်မဲခွဲကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ဧည့်စာရင်းမတိုင်တာနဲ့တင် အုပ်ချုပ်ရေးမှူးက […]


kaiMay 18, 20163min4653
အရင်လက Nouns လေးတွေအကြောင်း အတော်အတန်ပြည့်စုံအောင်ဖော်ပြခဲ့ပြီးပါပြီ။ Nouns တွေကို လေ့လာတဲ့အခါ သဒ္ဒါစည်းမျဉ်းစည်းကမ်းတွေကို မှတ်သားနေရုံနဲ့ မပြီးသေးပါ။ အချို့နေရာများ၌ ဝေါဟာရလေးတွေကို အလွတ် ကျက်မှတ်ထားပြီး အခွင့်ကြုံသလိုသုံးသွားဖို့လိုပါတယ်။ ဆိုကြပါစို့ cat, dog, tiger စသည့် words လေးတွေကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဒီအကောင်ပေါက်စလေးတွေကို ဘယ်လိုခေါ်သလဲဆိုတာ လူတိုင်းမသိကြပါ။ မြန်မာလိုကတော့ ရှင်းပါတယ်။(ပေါက်စ) တလုံးတတ်ထားရင်ပြီးပြီပေါ့။ ကျားပေါက်စလေး၊ ကြောင်ပေါက်စလေးပေါ့။ အင်္ဂလိပ်လိုကြတော့ မသိသေးရင်ကျက် မှတ်ထားဖို့ကိုလိုပါလိမ့်မယ်။ ဥပမာ – Tigers        Cubs Cats        Kittens Dogs        Puppies Cows        Calves Birds        Chicks အုပ်စုလိုက်နေကြတာကို မြန်မာလိုက ရှင်းတယ်။ […]


kaiMay 12, 20161min75114
ကမာ္ဘ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ World Press Freedom Day (May 3) တွင် ယခုနှစ်အတွက် ဆောင်ပုဒ်- “သတင်းအချက်အလက်များရယူနိုင်ခြင်းနှင့် လူ့အခြေခံလွတ်လပ်ခွင့်များဟူသည် သင့်အခွင့်အရေးဖြစ်သည်” “Access to information and fundamental freedoms: This is your right!” မြန်မာတို့သည် လွန်ခဲ့သောရာစုနှစ်တဝက်မကအချိန်တွင် မိမိအစိုးရဘာလုပ်နေမှန်းမသိ၊ ဘာတောင်းရမှန်းမသိ၊ ဘာမှမရဖြစ်ခဲ့ကြရဖူးသည်။ လူ့အခြေခံလွတ်လပ်ခွင့်များဟူသည်လည်း မသိ/မရှိခဲ့။ ယခု ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင်ကား မြန်မာတို့အတိုးချယူကြ နှိုက်ကြနှင့် လှုပ်ရှားလွန်းနေဟန်ပင်ရှိလေသည်။ ရုတ်တရက်ပွင့်လင်းလာသော အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်တို့လည်း ပွင့်လင်းမြင်သာဖြစ်ကုန်သည်။ ဝန်ကြီးဌာနပင်မတည်ရသေး၊ သတင်းများမီဒီယာများသို့ရောက်နေ၏။ ဝန်ကြီးဖြစ်မည့်သူစာရင်းမှာ လွှတ်တော်သို့သမ္မတကပို့၍ အတည်ပြုချက်ပင်မယူရသေး ပေါက်ကြားနေလေသည်။ စစ်တိုက်ကြ၍ သွေးသံရဲရဲသေသူစစ်သားများပုံ၊ စစ်ရေးအချက်အလက်များသည်လည်း FB(Facebook) ပေါ်ချက်ချင်းတက်နေသည်။ တကယ်တော့ ဆိုရှယ်မီဒီယာတို့အစွမ်းဖြင့် ကမ္ဘာလူယဉ်ကျေးမှုသည်လည်း လူမှုတော်လှန်ရေးတရပ်သို့ ဦးတည်ပြောင်းညှိနေဟန်ရှိသည်။ […]


KyaemonMay 9, 201612min42254
ဒုတိယမေးခွန်း မြစ်ဆုံနားမှာမြေငလျင်ကြီး ရံဖန်ရံခါဖြစ်စေ၊ အကြီးအကျယ်ဖြစ်စေ၊၊ ဖြစ်ခဲ့သလား သို့တည်းမဟုတ် ဖြစ်နိုင်မလား     Only Richter 6 and above, are considered serious (disaster area)   Richter 2 – micro quakes. almost undetectable may not feel it     ရစ်တာ ၂ ဆို သိတောင်မသိလိုက်နိုင် ရစ်တာမှတ် စက်ကဘဲအနည်းငယ်လှုပ်   Richter 4 to 6 – moderate quakes, small movements, water in a cup moved ရစ်တာ […]


KyaemonMay 9, 20162min317428
    အဖြစ်မှန် တိုင်းရေးပြည်ရေးကိစ္စဆိုတာနက်နဲကျယ်ပြန့်လှ၏၊ အမှားနဲ့အမှန်ကို ခွဲခြားစိတ်ဖြာနိုင်မှသာလျှင် တော်ရုံကျ၏၊ အဆုံးအဖြတ်မှန်ကန်ရင် ရေရှည်အကျိုးဖြစ်ထွန်းနိုင်၏၊ အများပြည်သူရဲ့အကျိုးအတွက် ဆွေးနွေး စဉ်းစား၊ သုံးသပ် ဝေဖန်၊ ချင့်ချိန် ဆုံးဖြတ် ရတဲ့နေရာမျိုး မှာ ခေါင်အေးအေးနဲ့ အဖြစ်မှန်တွေပေါ်မူတည်ရမှာပါ၊ သာဓက ကြုံလို့ပြောရရင်၊ အနောက်နိုင်ငံမှာတရားဥပဒေစံနစ်က လွှမ်းမိုးတယ် လွန်စွာကောင်းမွန်ကြံ့ခိုင်တယ်၊ အပြစ်ကျူးလွန်ကြောင်း ယုံမှားသံသယစိုးစိမျှမရှိရအောင် သက်သေထူနိုင်မှသာလျှင် အပြစ်ပေးတယ်၊တဘက်နဲ့ တဘက် အပြန်အလှန် ထုချေခွင့်ပေးတယ်၊ ၎င်းအတွက်လဲ လိုအပ်ရင် တရားခံကိုကာကွယ်ဘို့ ရှေ့နေငှါးပေးတယ်၊နိုင်ငံတော်ကယင်းရှေ့နေစရိတ်ကို ကျခံပေးတယ်၊ သို့ပင်ငြားလဲ ဒီလိုစံနစ်ကောင်းမှာတင်,အပြစ်မဲ့သူတွေကို သေဒဏ်တို့ တသက် တကျွန်းအပြစ်ဒဏ်တို့ပေးမိခဲ့တယ်၊ ဒါကြောင့်မို့ ကောဠဟဠ နားကြားတာတို့၊မလိုမုန်းထားနဲ့ဂုံးချော တာတို့စိတ်လိုက်မာန်ပါပြောတာတို့မိစ္ဆာတွေကို ဖယ်ရှားရမှ အဆုံးအဖြတ်မှန်ကန်ပြည့်စုံနိုင်မှာ တဘက်သားကိုအသလွတ်စွပ်စွဲတာကိုအဟုတ်မှတ်ပြီး စီရင်ချက်ချမိရင် မှန်ကန်မျှတမှာလဲမဟုတ်၊ကိုယ့်သိက္ခာ လဲကျဆင်းနိုင်မှာ၊ ဒေါ်လာသန်းပေါင်း ၈၀ဝ မှ […]


KyaemonMay 9, 20162min444410
    ပဌမ မေးခွန်း မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတင် တည်ရှိနေတယ်၊ ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊လို့ပြောကြတယ်၊ ဥပမာ အောက်ပါ အနောက်မီဒီယာ ကဒီလို ပြောကြတယ်၊ ဒီလိုပြောတာကမှန်ကန်ပါသလား၊ https://en.wikipedia.org/wiki/Myitsone_Dam , location 60 miles from the Sagaing fault line, location 60 miles from the Sagaing fault….   http://www.digplanet.com/wiki/Myitsone_Dam They opposed the dam site because it is less than 100 kilometres (62 mi) from the major Sagaing fault line,   […]


kaiMay 7, 20164min353310
Flowers on special occasions Occasion Flowers Wedding Seasonal flowers would be the best option. Pale, delicate flowers may work better in the spring while dark, rich coloured flowers would work for fall. = Anniversary Surprise is the key here. Again, seasonal flowers are the best bet. Options include combining with gourmet or fruit basket. As […]


kaiMay 3, 20162min248138
မြန်မာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှု လုပ်ထုံးလုပ်နည်းလျော့ချ 3 May 2016 ရွှေပြည်သာမြို့နယ်တွင် နိုင်ငံခြား သတင်းထောက်တစ်ဦးမှ ၎င်း၏ မြန်မာဗီဇာကို လူဝင်မှု ကြီးကြပ်ရေးနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား ပြသ အစစ်ဆေးခံနေစဉ်။ ဓါတ်ပုံ – (Zinlaut Aung/VOA News) ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုတွေမှာ လုပ်ထုံး လုပ်နည်းတွေ ကို လျှော့ချပေးပြီး နေထိုင်ခွင့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ ဆောင်ရွက်နေတဲ့ အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြောခွင့်ရ ပုဂိ္ဂုလ်က ပြောဆိုပါတယ်။ ဒါ့အပြင် အမည်မည်း စာရင်းသွင်းခံထားရသူ တချို့ကို ဖြေလျော့သက်သာခွင့်ပေးဖို့ အစိုးရကို တင်ပြသွားမှာ ဖြစ်သလို အသက် ၁ဝ နှစ်ပြည့်တဲ့ ကလေးငယ် […]