kaiMarch 18, 20152min42214
အင်္ဂလိပ်စကားကို လှလှပပ ထိထိမိမိ ရေးတတ် ပြောတတ်လိုလျှင် Phrasal verbs လေးများ တတ်ကျွမ်းထားဖို့ လိုကြောင်း တင်ပြခဲ့ဖူးပါသည်။ ယခု ထို Phrasal verbs လေးများ Look out, Look up to, and get off စသည်တို့ဖြင့် ဆက်နွယ်နေသည့် idioms လေးများအကြောင်း တင်ပြလိုပါသည်။ idioms လေးတွေဟာ အမြင်မှာ လွယ်သလောက် တကယ့်ကို နားလည်ဖို့ ၊ သုံးတတ်ဖို့ ခက်ခဲပါတယ်။ တိမ်မယောင်နဲ့ တကယ့်ကို နက်နဲပါတယ်။ Idioms လေးတွေရဲ့ Literal meaning နဲ့ Idiomatic meaning တို့ကို ကွဲပြားခြားနားစွာ မသိသူများကို ဒုက္ခလှလှ ပေးတတ်ပါတယ်။ Japan မှာ […]


kaiMarch 15, 20151min55136
မတ်လသည် မြန်မာပြည်တွင် စနစ်နှင့်သူ၏တော်လှန်ရေးတို့မွေးဖွားရာလဖြစ်သည်။ နှင်းငွေ့၊ နှင်းပေါက်၊ ဆီးနှင်းခဲ ဒဏ်တို့ကို တဆောင်းတွင်းလုံး ကြံ့ကြံ့ခံရပ်တည်ခဲ့ရသော ခြောက်သယောင်းထ သစ်ပင်သစ်ကိုင်းတို့ဝယ် ရွက်နုဝေပွင့် ညွှန့်သစ်ဖူးသောလဖြစ်ပါသည်။ မကြာမှီ ဧပြီဝင်ကာ မြန်မာတို့၏နှစ်သစ်ဦးလာတော့မည်။ ယခုနှစ်သစ်သည် စိန့်ပြည်သားတို့အလိုအရ ဆိတ်နှစ်ဖြစ်ကာ မြန်မာတို့အတွက်မူ ၁၃၇ရ နှစ်ဖြစ်လေသည်။ ပြဌာန်းပြီးအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန်တောင်းဆိုထားခြင်းကို ရက်ပေါင်း၆ဝလစ်လျှူရှုခဲ့သဖြင့် မန္တလေးမှသည်ရန်ကုန်သို့ ဇန်နဝါရီ ၂ဝမှစတင်ကာကျောင်းသားထုသပိတ်မှောက်ချီတက်ခဲ့ပြီး ၄ပွင့်ဆိုင်ဆွေးနွေးမှုအရ သဘောတူညီချက်ရပြီးဖြစ်သည်။ မတ်လ ၁ဝရက်နေ့ဝယ် ရန်ကုန်သို့ဆက်လက်ချီတက်ခွင့်တောင်းထားသည့်ကျောင်းသားနှင့်ရဲတို့ လက်ပံတန်းတွင်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကြကာ အကြမ်းဖက်နှိမ်နင်းခံလိုက်ရသည်။ အောင်ပွဲခံ၍ရန်ကုန်ဝင်ရန်အတွက်မစွမ်းနိုင်ခဲ့ပဲ ကျောင်းသားကျောင်းသူနှင့်ရဟန်းရှင်လူ ၁၂ရယောက်ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရလေသည်။ ရန်ကုန်အရောက်ချီတက်ကြခြင်းကို တားမြစ်ရာတွင် အစိုးရအာဏာစက်နှင့်အတူ မဟနနှင့် မဘသ၏ ဝီရသူဆရာတော်တို့ကလည်း စာပြန်တမ်းထုတ်ကာ ဓမ္မစက်ပြခဲ့သည်ကိုတွေ့ရပါသည်။ သို့ပါ၍ ယခုလတွင် နိုင်ငံရေးနှင့်ဘာသာရေး အကြောင်း ဤသူမြင်မိသလိုရေးပါမည်။ ဘာသာကြီး၄ခုနဲ့နိုင်ငံရေး ဘာသာရေးဟူသည် လူတယောက်ချင်း၏ယုံကြည်ချက်ဖြစ်ကာ နိုင်ငံရေးမှာမူ […]


ဇီဇီMarch 12, 20151min43730
  လေဘုရင်၏ နောက်ဆုံးခရီး   မီးရောင်စုံများထိန်ထိန်ငြီးနေသည် ။ လူအများလည်းကျိတ်ကျိတ်တိုး စည်ကားလျှုက် ……… စကားပြောသံ အော်ဟစ်သံ တို့လည်း ဆူညံနေသည်  ။ ။ နေရာကားးး ဂဇက်ကျေးရွာ၏အလယ် ဘောလုံးကွင်းတွင်ဖြစ်သည် ။ ဂဇက်ကျေးရွာတွင်း ပွဲတော်ကျင်းပ နေခြင်းပေလော ??? မဟုတ်ပါ ။ ဤသို့ဆိုလျှင် အဘယ်သောအကြောင်းဖြစ်လေသနည်း ??? အကြောင်းမှာ “အန်ကျော့လော်အောင်ကြူး” မှ ရွာသူားများအားစိန်ခေါ် တိုက်ခိုက်နေခြင်းပင်ဖြစ်လေသည် ။ “” ဟေ့  ဆိတ်လိုလူတွေ သတ်တိရှိရင် ထွက်ခဲ့  ကြောင်တန်းစားပျက်တစ်ဆယ့်ရှစ်ကွက်သိုင်းအစွမ်းသိစေရမယ်  !!!! အိယားးး  မိညောင်  င်င်င် … ဝု ဝုစ်  …… “”. အောင်ကြူးမှာ အလွန်အမင်းလေထွားသူဖြစ်လေသည် ။ . . ထွားပေမပေါ့ […]


alinsettMarch 12, 20155min20211
မင်္ဂလာပါ ။   ဒီတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်  အောင်ဇေမီဒီယာ သတင်းအစီအစဉ်ကနေ ကြေညာပေးမယ့် သတင်းတွေကတော့…   • ကရင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ မြန်မာအစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲသတင်းများ…. • ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ တင်ပြဆွေးနွေး တင်ပြဆွေးနွေးကြတဲ့သတင်း • ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်တော့မယ်ဆိုတဲ့ သတင်း ၊ • လောက်ကိုင်ဒေသ စစ်ရေးအခြေအနေများနဲ့ တရုတ်နိုင်ငံ နယ်စပ်ရေးရာ ပြဿနာများ… • စစ်ဘေးဒဏ်သင့် ဒုက္ခသည်များရဲ့ အခြေအနေသတင်းများ • ဆူပူအကြမ်းဖက်မှုဖြစ်နေတဲ့ လက်ပံတန်း အရေးအခင်း သတင်းများ… • နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လက်ပံတောင်းကျောင်းသား အရေးအခင်းဆိုင်ရာ ကြေညာချက်များ […]


ဇီဇီMarch 12, 20151min41325
  မဖတ်ခင် သိချင်တာကို အရင်မေးမိသည်။ “ရှင် ဘယ်သူလဲ” “ခင်များ ခုန က မေးပြီးတဲ့ မေးခွန်းပါပဲ။ ကျနော်မှာ အဖြေမရှိပါဘူးး” သက်ပြင်းချပြီး ဆက်ဖတ်လိုက်ရသည်။ ကြာလှပြီဖြစ်သော စာရွက်ပေါ်က စာလုံးတွေက မသဲမကွဲ။   ~~~~~~~~~~~~~~~~ ကြောင်နိုင်ဓါး နှင့် ကြောင်တန်းစားပျက် တစ်ဆယ့်ရှစ်ကွက် “” ယိစ် “” “”ယ  ယ  ယားးး”” “‘” အာဝုစ် …… မိညောင် “” ဟူသော မာန်သွင်းသံတို့ လှိုင်လှိုင်ထနေသည် ။ နေရာကားးး အနောက်ရိုးမ၏ နက်ရှိုင်းလှသောလှိုင်ဂူကြီးအတွင်းမှဖြစ်သည် ။ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ကိုယ်တုံးလုံးဖြင့် လေသိုင်းကျင့်နေလျှက်ရှိသည် ။ မာန်သွင်း၍ အတွင်းအားထုတ်လိုက်တိုင်း ပါးစပ်မှ အခိုးအငွေ့များတလှိုင်လှိုင်ထွက်နေသည်မှာ ဂေါဇီလာကြိီး မီးမှုတ်နေသကဲ့သို့ပင် ……… […]


ဇီဇီMarch 11, 20153min95037
ဝုန်းးးးးးး အမေ့! လန့်လိုက်တာ။ သစ်ကိုင်းနဲ့ ပြတင်းတံခါးရိုက်လိုက်သံ။ မိုးက ရွာရုံမက မိုးက က ကျယ်ကျယ်ချိန်း လျှပ်စီးတွေကလည်း လက်လို့။ သူမ မှားပြီ ထင်တယ်…!!!! ခုတော့ ဒီ အခန်းထဲမှာ တစ်ယောက်တည်းးး၊ အခန်းရှင်တွေက ခရီးသွားတဲ့သူက သွားးး၊ မအားတဲ့သူက မအားနဲ့မို့ မလာနဲ့လို့ ပြောထားတာကို လာခဲ့မိသည်ပဲ။ ညနေခင်း လင်းလင်းချင်းချင်းတုန်းက သိပ်မကြောက်၊ ခု မှောင်လာပြီး မိုးတွေပါ သည်းလာမှ တစ်ယောက်တည်း ဒီ အခန်းထဲနေရတာ စိတ်မလုံတော့။ ဒေါက်…ဒေါက်…ဒေါက်…!!! စည်းချက်မှန်မှန် တံခါးခေါက်သံ။ ခုနက အသံတုန်းက ရုတ်တရက်လန့်ပြီး ပြီးသွားသလောက် ဒီ တံခါးခေါက်သံမှာတော့ မလန့်ပဲ မင်သက်နေမိတယ်။ ဒီ အချိန်ကြီး ဒီ အခန်းကို လာနိုင်တာ ဘယ်သူများပါလိမ့်။ […]


black chawMarch 10, 20151min125050
ဘလက်ချောလေး သိတ်အော်…သိတ်အော် တိုင်းပြည်ကမျှော်… အို…ဘာတဲ့…။ ဘလက်ချောလေး သိတ်တော်…သိတ်တော် ဂဇက်ရွာကမျှော်…။ မျှော် မျှော် မ မျှော်မျှော်ဗျာ…။ မျှော် တယ်လို့ မှတ်လိုက်…။ ကလင်…ကလင်…ကလင်… ဟုတ်ကဲ့…မြန်မာဂဇက် ရဲ့ တာဝန်ခံအော်ပရေတာကြီး ဘလက်ချောပါ ခင်ဗျာ…ခင်ဗျ…။ ဟုတ်ကဲ့ အော်…စင်္ကာပူကတောင် ဆက်တာပေါ့နော်…။ နာမည်လေးပါ ပြောလို့ရမလားခဗျ…။ အော် ဇီဇီ ခင်ဇော်…။ ဟုတ်ကဲ့ပါ ဇီဇီ ခင်ဇော်ရေ…။ တင်ဇာမော်တစ်ယောက် မြန်မာပြည်ပြန်ရောက်နေတဲ့ သတင်းလားခင်ဗျ…။ ဟုတ်ကဲ့…။ ဖေဖေါ်ဝါရီ ၂၆ ကတည်းက ရောက်တာပါဗျာ…။ အော် သူ့ အမေ တစ်ယောက်တည်း ဖြစ်နေလို့ ပြန်လာနေပေးတာတဲ့ ခင်ဗျ…။ သူ့ ရဲ့ အနုပညာလှုပ်ရှားမှု…။ အော်…ဟိုတစ်ခါ ပြန်လာတုန်းက လုပ်ခဲ့တဲ့ Live Show ကို […]


မြစပဲရိုးMarch 8, 20151min40534
ကျွန်မ မှာ အကျင့်တစ်ခု ရှိတယ်။ တစ်ခုခုကို လုပ်ပြီး ပြောပြီးလဲ ပြန်လှည့်ကြည့် ပြီး စမ်းစစ်တတ် တဲ့ အကျင့်။ တစ်ချို့ က ကျွန်မ ကို ရီ ကြတယ်။ သူတို့ကတော့ ပြတ်သတဲ့။ လုပ်ပြီး အလုပ် ကို ဘယ်တော့မှ နောင်တမရဘူး၊ ပြန်မကြည့်ဘူး တဲ့။ ဟုတ်မှာပါ။ ကျွန်မ မှားနေမှာပါ။ အခုလဲ ဒီရက် ဖြစ်နေတဲ့ အကြောင်း တွေ နဲ့ ဆက်လို့ ၈၈ က စတဲ့ သမိုင်းကြောင်းထဲ ကျွန်မ မှားခဲ့၊ အမှားဖက်က ရပ်ခဲ့ တာ တွေ ကို ဝန်ခံဖို့ ဒီစာစု ကို ရေးပါတယ်။ အမှား(၁) မနေ့က ပါပီမတို့ရဲ့ […]


black chawMarch 8, 20151min50531
ဒီတနင်္ဂနွေ ရုံးပိတ်ရက်မှာ မြန်မာဂဇက် ရုံးကို ဖုန်းဆက်လာသမျှ ဖုန်းမှတ်တမ်းပါ…။ ဖတ်ကြည့်ပေးကြပါဦးခင်ဗျ…။   ကလင်…ကလင်…ကလင်… ဟဲလို…။ ဟုတ်ကဲ့ မြန်မာဂဇက် ကပါ ခင်ဗျာ…။ အော်…မြောက်ဥက္ကလာ မျက်နှာဖုံးစွပ် လူသတ်မှု ကိစ္စလား ခင်ဗျာ…။ ဟုတ်ကဲ့ ပါဝင်ကျူးလွန်သူ ၁၅ ဦးစလုံးကို သေဒဏ်ချမှတ်လိုက်ပါပြီတဲ့ခင်ဗျာ…။ ဟုတ်ကဲ့…အစ်ကိုကြီးအနေနဲ့ ထိရောက်တဲ့ပြစ်ဒဏ်ချမှချပါ့မလားလို့ စိုးရိမ်တယ်ပေါ့နော်…။ အော်…အခုတော့ သေဒဏ်ချလိုက်တာဆိုတော့ ဒီထက်ပျင်းထန်တာတော့ မရှိတော့ပါဘူးခင်ဗျာ…။ ဟုတ်ကဲ့…ဟုတ်ကဲ့။ ခင်ဗျာ…။ စိမ်းလဲ့ကန်သာ ငါးလောင်ပြိုင်လူသတ်မှု…။ အော်…အဲဒါတော့ ကျွန်တော်မျိုးကြီးတို့လည်း မဖြေတတ်ပါဘူးခင်ဗျာ…။ ဟုတ်ကဲ့…။ ဟုတ်ကဲ့…အခုလို ဖုန်းဆက်တာ ကျေးဇူးပါခင်ဗျာ…။   ကလင်…ကလင်…ကလင်… ဟဲလို…။ ဟုတ်ပါတယ်…။ ဘလက်ချောပါခင်ဗျာ…။ မြန်မာဂဇက် ရဲ့ အော်ပရေတာပါခင်ဗျ…။ ဟုတ်ကဲ့…။ အော်…ဦးခင်ညွန့် ရဲ့ ကျွန်တော့် ဘဝ […]


CourageMarch 7, 20153min38018
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ ရေသည်ပိုင်ရှင်ကြီး   “ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့၊ မရေသည်” ဒီရက်ပိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ နီးလာပြီဆိုတာကို ကြားမိတော့ ပထမဆုံးသွားသတိရမိတာက ဒီစာပိုဒ်လေးပါ။ တစ်ကယ်ပါ။ မောင်ကာကြီးအတွက် ဆယ်တန်းကျောင်းသားဘဝက သင်ခဲ့ရတဲ့ ရေသည်ပြဇာတ်ထဲမှာ ဒီစာပိုဒ်လေးကို အခုထိတိုင် မှတ်မိနေစဲပေါ့။ ရေသည်ပြဇာတ်ဆိုတာက ကျက်လို့လဲကောင်း၊ မှတ်လို့လဲကောင်း အဲ ဖတ်လို့ ဆိုလို့လဲ အရမ်းကောင်းတော့ သူများတွေတော့မသိ မောင်ကာကြီးကတော့ အဲ့ပြဇာတ်လေးကို အမြဲလိုလို ဖတ်ဖြစ်ခဲ့တာပါ့။ နောက်တစ်ပိုဒ်ရှိသေး။ ရေသည်ယောက်ျား ထွက်ထွက်ခြင်းမှာ ရွတ်ခဲ့တာ စာလေ။ “အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုတ်၊ ရေလုံပြုပ်များကိုု၊ တလုပ်ကယ်ဝ၀၊ စားလိုက်ရလျှင်ဖြင့်၊ အာကပပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့” […]


alinsettMarch 5, 20157min494410
  မင်္ဂလာပါခင်ဗျားးး အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ်…အောင်ဇေမီဒီယာကနေ အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …   ရွှေပြည်သာစက်မှုဇုန်အတွင်းက အလုပ်သမားသပိတ်စခန်းက အလုပ် သမား ၁၀ဝ ကျော်ကို ရဲတပ်ဖွဲ့ ဝင်တွေနဲ့ အရပ်ဝတ်လူတချို့ ပူးပေါင်းရိုက်နှက်ပြီး ကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်း ၊ အမေရိက နိုင်ငံသား အဖြစ်နဲ့ မိမိတို့ရဲ့ ကလေးတွေကို မွေးဖွားဖို့ ရောက်လာတဲ့ နိုင်ငံရပ်ခြား ကိုယ်ဝန်ဆောင်တွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ်တွေကို ဝင်ရောက် ဖမ်းဆီးလိုက်တဲ့သတင်း ၊ မြန်မာနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအရေးကို US နဲ့ EU နိုင်ငံတွေက အကူအညီပေးနေတဲ့သတင်း၊ ဆိုရှယ်လစ်ခေတ်နဲ့ နဝတခေတ်တွေအတွင်းက ပြသခွင့် ပိတ်ပင်ခံခဲ့ရတဲ့                                   ပန်းချီကားတွေကို ပြသမယ့် ပြပွဲသတင်းနဲ့… အစာငတ်ခံ […]


black chawMarch 5, 20154min58352
ဒီလအတွင်း အနုပညာ သတင်းတွေ ကို နိုင်ငံရေးသတင်းတွေက ဆူနာမီလှိုင်းကြီးတွေလို ဖုံးအုပ်သွားခဲ့ပါတယ်ဗျာ…။ ဗိုလ်ချုပ်မွေးနေ့နဲ့ ပဲပြုတ်နံပြား၊ လောက်ကိုင်စစ်ပွဲ…၊ ကျောင်းသားသပိတ်…၊ အလုပ်သမားသပိတ်…၊ စသည်ဖြင့်…။ အခုလောလောဆယ်တောင် ကျောင်းသားသပိတ်ဆက်လက် ဆင်နွှဲသင့်တယ် မသင့်ဘူးနဲ့ အငြင်းပွားလို့ နေကြရဲ့…။ အဲ့လို နိုင်ငံရေးသတင်း ဆူနာမီကြီးတွေ ကြားထဲက ဂျာနယ်စာမျက်နှာများပေါ် ထိုးဖေါက်ရောက်ရှိလာတဲ့ အနုပညာ သတင်းအတိုအထွာလေးတွေကို ဖေါက်သည်ချရမယ်ဆိုရင်ဖြင့်…..။   ချက်အောက်ပျက်လုံးများနှင့် ဗိုလ်ချုပ်ဂုဏ်ပြုအငြိမ့် ဒါရိုက်တာ မောင်မျိုးမင်း ရဲ့ ရင်တွင်းဖြစ် လို့ ဆိုတဲ့ နှင်းဆီ အငြိမ့်ပေါ့ခင်ဗျာ…။ လူပျက်မင်းသားလေးတွေခင်ဗျာလည်း ဗိုလ်ချုပ်ဂုဏ်ပြုအငြိမ့်မို့ အောက်ပိုင်းပျက်လုံးတွေ မပျက်ကြဖို့ ကြိုကြိုတင်တင် အချင်းချင်း သတိပေးကြရှာပါတယ်…။ ဒါပေမယ့် ပျက်လုံး ရှား တယ်ထင်ပါရဲ့…။ ပျက်လုံးတွေက တင်ပါးနဲ့ ရင်သား အထူးပြုပျက်လုံးတွေ ဖြစ်ခဲ့ရပေါ့…။ […]