alinsettJanuary 23, 20151min49514
                        အင်စတီကျူးရှင်းများ အားကောင်းသည်ဆိုရာတွင် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ စာချစ်သူများအတွက် ”Institution များ အားကောင်းသည်ဆိုရာတွင်” ဆိုတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ကို ရေးသားပြုစုသူကတော့ အားလုံးသိတဲ့ ကိုဘမောင်ကြီး (သို့မဟုတ်) ဆရာနေဇင်လတ် ။ လူတော်တစ်ယောက်ရေးသောစာဆိုတိုင်း  စာကောင်းဖြစ်မယ်လို့ တသမတ်တည်း မပြောနိုင်ပေမယ့် … ကိုဘမောင်ကြီးဟာဖြင့်… လူတော်တစ်ယောက်မှန်း သိသာနေသလို.. သူရေးလိုက်သမျှ စာတော်တော်များများဟာလည်း အကျိုးပြု စာပေတွေလို့…အသိအမှတ်ပြုနေရတာချည်း ။ ဒီတစ်ခါ ဖတ်မိတဲ့စာအုပ်ကလည်း သူ့ရဲ့ စာပေလက်ရာကောင်းတွေထဲက အကောင်းတစ်ခု ။ စာအုပ်ကို အပိုင်း ကဏ္ဍတွေ ပိုင်းထားပြီး သူ့ကဏ္ဍတွေနဲ့သူ သပ်သပ်ရပ်ရပ် တင်ပြထားတယ်။ […]


alinsettJanuary 22, 20157min3304
ဒီတစ်ပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… ပြတိုက်အဖြစ် လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ ရှေးဟောင်းအမွေးအနှစ် ဝန်ကြီးများရုံး အရေး နဲ့ ကန့်ကွက်သူများရဲ့ သတင်း၊ မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်လင်းစွာသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ထည့်သွင်းရေးသားလိုက်တဲ့ US အခြေစိုက် World Wide Web Foundation ရဲ့ အစီရင်ခံစာ သတင်း၊ US အစိုးရ ၊ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard ရဲ့ ရခိုင်ပြည်နယ်ခရီးအပြီး မြန်မာ့အရေး ပြောကြားချက်များ… အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ကျောင်းသား ၁၀ဝ ကျော်ဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို စတင်လမ်းလျှောက် ဆန္ဒပြနေကြတဲ့သတင်း၊ US ၊ နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်စ်မြို့မှာ […]


kaiJanuary 18, 20151min1113
ကဗျာရဲ့အသက် မေတ္တာ၊ သစ္စာ ဂရုဏာ၊ မုဒိတာ သဒ္ဓါ ။ ။ စေတနာ ဝေဒနာ ကဗျာ။ ။ တခုခုမပါရင်၊ ကဗျာမမြောက်ဘူး။ တခုခုခမ်းရင်၊ ကဗျာမလန်းဘူး တခုခုမရွှင်ပြန်လဲ၊တခုမှမရှင်သန်လူး။ တခုခုရွံ့ရင်၊ကဗျာလဲဆွံ့၊မကွန့်နိုင်တော့။ တခုခုညံ့ရင်၊ကဗျာလဲမသန့်၊မခန့်တော့။ တခုမှမထက်ရင်၊ကဗျာမသွက်၊ မထက်မျက်။ အသက်မပါ၊ကဗျာပျက်ပါလေရော။  ။ မောင်စွမ်းရည် ၂၀၁၅ ဇန်နဝါရီ ၆ မှတ်ချက်။  ။ မြန်မာ့ဂဇက်ဖေဖော်ဝါရီလထုတ်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။


kaiJanuary 18, 20151min2079
အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင်အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်းအပေါ်တွင် တည်မှီသည်မဟုတ်။ နှစ်ဘက်ခေါင်းဆောင်များ၏ Strategic Interaction ပေါ်တွင် မူတည်သည်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြရာတွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေးသမားများဘက်မှ အားနည်းသူ (weak actor) အဖြစ်သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များ ကို မှန်မှန်ကန်ကန် သုံးသပ်ချမှတ်နိုင်မည် ဖြစ်သည်။ အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူဘက်က စစ်တပ်၊ ရဲ အပါအဝင် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေးသမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် […]


kaiJanuary 17, 20151min1273
HOMAGE TO OUR FATHER ဗိုလ်ချုပ်အောင်ဆန်းအဲချင်းသစ် အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ရှင်သူတို ့လွမ်း၊ တမ်းတဆွေးမြဲ သူ ့သွေးနံ ့က၊ ပျံ ့သင်းထုံဆဲ သူ ့ဂုဏ်ရည်နဲ ့၊ တစ်ပြည်လုံးစွဲ မိုးစုံးချုပ်မှောင်၊ ကျဉ်းလှောင်ညထဲ လမ်းပြကြယ်ဦး၊ အရုဏ်ခူးဆဲ နွေဦးမတ်လ၊ ကိုယ်ထင်ပြဆဲ မကျဆုံးသော၊ နှလုံးသားထဲ တရားမွန်လတ်၊ သေအောင်သတ်လည်း သတ်တိုင်းမသေ အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ——————- ———————– ———————- ေ အ ာ င် ေ ဝ း ဒီဇင်ဘာ ၂၂- ၂၀၁၄။     မှတ်ချက်။  ။ […]


kaiJanuary 17, 20151min1262
သွားနှင့်ပေဦးတော့ သူငယ်ချင်းရေလို့ပဲ နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်။ ဒေါက်တာအောင်ခင်နဲ့ကျနော် (မောင်စွမ်းရည်)တို့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပေါင်းသင်းလာခဲ့ကြတာဟာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပါပြီ။  ၁၉၅၃ ခုနှစ်က ၂၀၁၅ အထိ။ မန္တလေးမြို့ ၊ အမှတ်(၁) အစိုးရ အထက်တန်းကျောင်းမှာ စတင်ပြီး တွေ့ဆုံရင်းနှီးခဲ့ကြပါတယ်။ အတူတတန်းတည်း စာသင်ရုံမျှမက ကျောင်းသားဆောင်တခုမှာလည်း အတူနေခဲ့ကြဖူးပါတယ်။ ကျနော်တို့ အတူ စာသင်ခဲ့ကြရတဲ့အတန်းက ရှစ်တန်း(အဌမတန်း)ပါ။ သတ္တမတန်းအောင်ပြီးမှ တက်ရလို့ အဌမတန်းလို့ ခေါ်ရပေမယ့် တကယ်က အကြို ဆယ်တန်းပထမနှစ်ပါ။ ပထမနှစ်နဲ့ ဒုတိယနှစ် ၊ ပေါင်း ၂ နှစ်တက်ပြီးလို့ အောင်ရင် ဆေးတက္ကသိုလ် ပထမနှစ်ကို ကျော်ပြီး ဒုတိယနှစ်က အစပြုတက်ရပါတယ်။ အဲဒီ သင်တန်းမှာ ဇီဝဗေဒ ၊ ဓါတုဗေဒ ၊ ရူပဗေဒ […]


alinsettJanuary 15, 20156min24614
မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… အခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ”ရန်ကုန်မြို့တော် ရေရှည် တည်တံ့ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် ” ပြုလုပ်မယ့် သတင်း ၊ အမေရိက ပြည်ထောင်စု ၊ ဒေသတချို့မှာ ရာသီဥတု ဆိုးဝါးခြင်းကို အခွင့်ကောင်းယူပြီး လိမ်လည်နေသူတွေရဲ့ သတင်းနဲ့ သတိပေးချက်များ … ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်လေ့လာခဲ့တဲ့ US နိုင်ငံခြားရေးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်များ… မြန်မာ သမ္မတအိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့ကြတဲ့ သတင်း… ဓမ္မစေတီခေါင်းလောင်းကြီးကို အိပ်မက်အရရှာဖွေမယ်ဆိုတဲ့ ပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း   ဦးကျော်ဝင်းကို အစိုးရက တူးဖော်ခွင့်ပြုလိုက်တဲ့ သတင်း… […]


မနေ့က ၂၀၁၅ ဇန္နဝါရီလ (၁၁)ရက် ၊တနင်္ဂနွေနေ့မနက် ရန်ကုန်မြို့ အင်းယားလမ်းက စိမ်းလန်းစိုပြေစားသောက်ဆိုင်မှာ “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကိုအောင်မြင် ပျော်ရွှင်စွာနဲ့ ကျင်းပနိုင်ခဲ့ကြပါပြီ…လူ၆ဝ လောက်မှန်းထားပေမဲ့ ရွာသူားနဲ့ မိသားစုဝင် ၅၈ လောက်တက်ရောက်ခဲ့ကြပါတယ်… အစားအသောက်တွေက ရောက်ရောက်ချင်း ကော်ဖီ နဲ့ မအိ ယူလာတဲ့ဆင်းဒွစ်ရယ် အာတီဒုံယူလာတဲ့ နှမ်းပြစ်၊ မြေပဲပြစ်ရယ်… စားကြရင်း အစီအစဉ်တွေကိုတော့ လူစုံအောင်စောင့်ရင်း ၁ဝ နာရီမှ စဖြစ်ပါတယ်…. ၁၁ နာရီမှာက ကြက်ထမင်းကြော်၊ Fish finger ၊ဆီးဖုတုံရမ်းဟင်းချို ၊ ဆိုင်ရဲ့ စပါယ်ရှယ် ဆလက်ခေါ်တဲ့..သီးနှံမျိုးစုံကိုမရိုးနိ နဲ့သုတ်ထားတဲ့အချိုပွဲ..တို့နဲ့ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြပါတယ်… မြန်မာ့ဂဇက် တွေ့ဆုံပွဲ တက်ရောက်သူစာရင်း ၁။ ကြီးမိုက် + ၂ […]


kaiJanuary 11, 20151min47016
ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာပညာရှိ ဦးနိုးသည် “ ငါလွန်သောကာလတွင် သဘင်သည်၊ အရူး ၊ ကလေး စသည့်သက်ရှိ  သုံးပါးဆောင်ရွက်မှုများမှ သဲလွန်စယူပြီး နိုင်ငံအတွက်၊အများအတွက်၊ကိုယ်ကျိုးအတွက် တဘောင်၊နမိတ်နှင့်အနာဂတ်ဟောကိန်းများ ရယူရန်”ဟုမှာကြားထားခဲ့သည်ဆိုပါသည်။ “သဘင်သည်၊ အရူး ၊ ကလေး”တို့သည် အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း အရကောက်ယူရရာ အရင်းအမြစ်များဖြစ်သဖြင့် မည်မျှထိခိုက်ပြောဆိုနေကြသည်ဖြစ်စေ ခွင့်လွှတ်၍ အရေးယူခြင်းမပြုကြရဟု ရှေးမြန်မာမင်း အဆက်ဆက်က သတ်မှတ်ခဲ့ကြသည်။ အနောက်နိုင်ငံစာပေတွင်တော့ “Don’t shoot the messenger” သတင်းစကားဆောင်ယူလာသူကို မသတ်စကောင်းဟူ၍ ရှိတ်စပီးယားကရေးဖူးလေသည်။ အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း တိုင်းပြည်အခြေအနေလေ့လာ၊ လူထုဆန္ဒကောက်ယူ ရှေ့ဖြစ်မှန်းကြရာတွင် သဘင်သည်၊ အရူးနှင့် ကလေးတို့သည် အရေးကြီးသူများဖြစ်ကြသည်။ ကလေးနှင့်သူရူးသည် မိမိစိတ်သဘောရိုးအတိုင်း အမြင်အတိုင်းပြောချတတ်သည်။ […]


alinsettJanuary 8, 20157min1393
မင်္ဂလာပါ ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ … သတင်းအစီအစဉ်ကနေ ယခုအပတ်တင်ပြပေးမယ့် သတင်းတွေကတော့…   အမေရိက ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွါးနေတဲ့ ရာသီဥတုဆိုင်ရာ သတင်းများ… US နဲ့ ဆက်စပ်တဲ့ ဟော်တယ်များ ၊ ဘဏ်လုပ်ငန်းများကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက နောက်ဆက်တွဲသတင်းများ… Java ပင်လယ်ပြင်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ A320 Airbus ,                                               Air Asia လေယာဉ်ပျက်ကျခဲ့တဲ့နောက်ဆုံးရ သတင်းများ၊ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသား (၁၀၀) ကျော်ပါဝင်တဲ့ တရားမဝင်သစ်ခိုးထုတ်နေအဖွဲ့ကို မြန်မာစစ်တပ်တပ်က ဖမ်းဆီးလိုက်တဲ့ သတင်း… အစိုးရက လျော်ကြေးငွေ ပေးတာကို လက်မခံနိုင်ဘူးလို့ ငြင်းဆိုလိုက်တဲ့ […]


မန်းဂဇက်ချစ်သူများစာပေဆု (နိုဝင်ဘာ+ဒီဇင်ဘာ ၂၀၁၄) ဆုရပို့စ်လေး ကြေငြာပေးရပေအုံးမပေါ့နော.. 🙂 မကြေငြာခင်… ရွာသူားတွေ တွေးကြည့်ဖို့ စကားစုလက်ဆောင်လေးပေးပါရစေအုံးဗျာ….. ထုံးစံအတိုင်း ကျုပ်ပြန် ဖတ်နေတဲ့ ဆရာသက်လုံဘာသာပြန်တဲ့ စေ့ထားသောတံခါးများ စာအုပ်ထဲက..“တောက်တယ်ကျင်း” ရဲ့ ၄၈ ပုဒ်မြောက်စာပိုဒ်ကလေးပါ… နှစ်သစ်ကူးလက်ဆောင်ပေါ့…တကယ်ပါတာက ၈၁ပုဒ်တောင်ပါ…..   ၄၈။ ကျေးဇူးပြုခြင်း ပညာရှိ၏ စိတ်အာရုံသည် လွတ်လပ်၏။ သို့သော် လူတို့၏အကျိုးသို့ ညွတ်သည်။ ကောင်းသူအပေါ်ရော မကောင်းသူအပေါ်ရော တစ်သဘောတည်းထား၏။ ငါကားကောင်းရမည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည် ကောင်းမှုပင် ဖြစ်သောကြောင့်တည်း။ ရိုးသားသော သူများအပေါ်ရော မရိုးသားသူများအပေါ်ပါ တစ်သားတည်းပင် ငါသည်ရိုးသားမှုကို ဆောင်နှင်းသည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည်                                                  ရိုးဖြောင့်သော သဘောရှိသောကြောင့်တည်း။                                                   ………………. …………………….                                                  ပညာရှိသည် လမ်းထွက်သောအခါ […]


black chawJanuary 6, 20151min26617
စာကြမ်းပိုး ဆိုတဲ့ အဖွဲ့လေးကို ကျွန်တော် ဘလက်ချော နဲ့ ညီငယ် အလင်းဆက်တို့ ၂ ယောက် ဆွေးနွေးမှုက စတင်ခဲ့တာပါ။ မန္တလေးဂဇက် ဆိုတဲ့ ရွာထဲမှာ လိုအပ်မယ်ထင်တဲ့ ကွက်လပ်လေးတွေကို စာကြမ်းပိုးကလောင် နဲ့ ဖြည့်ဆည်းသွားကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ၂ ယောက်တည်း နဲ့ ခရီးမရောက်နိုင်ဘူးဆိုတာ တွက်မိလို့ နောက်လူတွေ ထပ် ဖြည့်ခဲ့ပါတယ်။ တတိယ စာကြမ်းပိုး အဖွဲ့ဝင်က ခင်ဇော် လို့ လူကြောက်များ…တဲ့ ခိုင်ဇာ ပဲ ဖြစ်ပါတယ်။ စတုတ္ထ စာကြမ်းပိုး အဖွဲ့ဝင် အဖြစ် ရောက်ရှိလာသူကတော့ ကိုပါကြီးခေါ် ကိုပါလေရာ ပါ။ ပဉ္စမ စာကြမ်းပိုး အဖွဲ့ဝင် ကတော့ ဂီဂီ ခေါ် ညီငယ် […]