ေရႊညာသားAugust 26, 20141min891022
အကို့အနေနဲ့ ဒီ Post  က အရေးပေါ်ရေးလိုက်တဲ့စာပါညီရေ…… အချိန်မရတာထက် .. ရှင်းရမှာကြောင့် .. နောက် Post တွေကို မမျှော် သေးဖို့ အောက်က ရေးလက်စ Comments တွေကိုပဲ Copy ချပေးလိုက်ပါတယ်….. ဖတ်ကြည့်တော့ကွာ…. အလင်းဆက် အပါအဝင်   …. အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်… ခက်တာက ကျွန်တော်ပြောတဲ့အထဲမှာ .. ကျွန်တော့်အမြင်အမှန်လို့ မပြောခဲ့ဘူးနော်… ကျွန်တော့်ခံစားချက်ကို ပဲ ပြောခဲ့တာ… လေးလေးစားစား နဲ့ ကျွန်တော်မှားချင်လည်း မှားမယ်လို့ပြောခဲ့တယ်နော်….. တစ်ခုပဲကျွန်တော်ပြောမယ်… မှားကောင်းမှားနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် … အတင်းကြီး ဒါမှမှန်တယ်ဆိုပြီးရန်လုပ်သံတွေပါလာသလိုပဲ… ကျွန်တော်သက်သေပြတာပါ.. အားလုံးရင့်ကျက်ဖို့လိုပါတယ်.. ကျွန်တော်အပါအဝင်ပေါ့… နောက်ဆုံး… အလင်းဆက်လေးကိုပြောရေးရေးနေတဲ့ Post မှာတောင် ညှီတယ်တွေ ခါးအောက်ပိုင်းစာတွေစသဖြင့်ရော… နေရာမရတာတွေရော..စုံလာတယ်.. (၁) […]


black chawAugust 25, 201413min51265
လိုရင်းကိုသာ တန်းပြောပါရစေတော့ ခင်ဗျာ။ ကိုသစ်မင်း နဲ့ ကျွန်တော် တို့ ရွာသားအချို့ တွေ  ့ဖြစ်ကြပါတယ်။ အဲဒီကနေပြီး စကားဝိုင်းလေးတစ်ခု ကို အခုလိုပဲ ဖန်တီးဖြစ်ကြပါတယ်။ ပြောကြဆိုကြတာတွေကို မှတ်တမ်းတင်သူက ကျွန်တော် ဘလက်ချောပါ။ လက်ဖက်ရည်ဆိုင်မှာ ပြောတဲ့ စကားဝိုင်းလေးမို့ တချို့ အမှားအယွင်း အကျအပေါက် လွဲချော်တာတွေရှိခဲ့ရင် ကျွန်တော့် အားနည်းချက်လို့သာ မှတ်ယူပေးကြပါ။ ဒီစကားဝိုင်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့ အတူ ကြိုးပမ်းခဲ့ကြသော ကိုသစ်မင်း၊ ကိုပါလေရာ၊ ကိုဆာမိ၊ ကိုဆွေ၊ ကိုဂီ၊ ကိုအမတ်ကြီး၊ မပဒုမ္မာ တို့အားလည်းကောင်း၊ အထူးသဖြင့် သတ်ပုံ ဝိုင်းပြင်ပေးခဲ့သော အစ်မပဒုမ္မာအားလည်းကောင်း၊ ဝင်ရောက်ဆွေးနွေးပြောဆိုပေးခဲ့ကြသော ကိုသစ်မင်း၊ ကိုလင်းဝေ၊ ကိုဇော်သန့်၊ ကိုနို၊ ကိုပါ၊ ကိုဆာ၊ ကိုမတ်၊ မပဒုမ္မာ၊ […]


ေရႊညာသားAugust 22, 20145min120257
ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)       ညီလေးရေ ပြီးခဲ့တဲ့ အပိုင်းတွေမှာ မြန်မာစာရဲ့ ချစ်စရာကောင်းပုံလေးတွေကို အကိုက ညီ့ကို သေသေချာချာရှင်းပြပေးပြီးတော့မှ ရေးပြခဲ့ပြီးပြီ။တစ်ချို့ တွေက အကို့ကို ပြောကြသကွ ညီရေ။ ညီလေးလို့ ခေါင်းစဉ်တပ်ထားတာကို ခဏခဏပြောကြပါတယ်။လွယ်လွယ်တပ်လိုက်တာ မဟုတ်ပါဘူးလို့။ ပြောကြမယ်ဆိုရင် ကဗျာတွေ စာတွေကိုချစ်တတ်ဖို့ဆိုတာကလည်း ညီလေးရေ အသွေးအသားထဲကို စိမ့်ဝင်နေတဲ့ ချစ်စိတ် မျိုး ရှိမှပဲ ကဗျာတွေ စာတွေကို ချစ်တတ်တာလို့ပဲ ပြောရမှာပဲညီလေးရေ။ ရွာထဲမှာ ကဗျာချစ်တယ်လို့ ကြွေးကြော်ထားကြတာ ညီလေးရယ် ကိုကမ်း ကိုခ ကိုဘလက် တို့က နာမည်ကျော်တွေမို့ပါ။ ဆြာပေါက်က ဒါ့ပုံချစ် ကဗျာချစ် အတွေးပါးပါးလေးတွေ ချစ်တတ်သူလို့ အကိုက ခံစားသကွ။ မိကေဇီ […]


ဇီဇီAugust 19, 201412min112574
အပိုင်း (၁) မှ (၄) အထိ https://myanmargazette.net/tag/%e1%80%87%e1%80%ae%e1%80%87%e1%80%ae-%e1%80%86%e1%80%ac%e1%80%86%e1%80%ac   ဒီ အပိုင်းထိ ပါဝင်ပြီးသူများထဲမှ ကိုယ့် ပို့(စ) ကို အက်ဒစ် လုပ်လို့ မရသေးတဲ့ သူရှိရင်လာပြောပေးကြပါ။       ၆၆) ဟိ။ ပထမဆုံး ကျနော့ အချစ် ယောက်ခမွ သဲ အကြောင်း စ ပြောမယ်။ စတွေ့တုန်းကတော့ ဒီလောက် ချစ်ဖို့ကောင်းမှန်းမသိဘူးဗျ။ လှတယ် ဆိုတာပဲ သတိထားမိတယ်။ နောက်တော့ ရှင်ဒေါင်ဟန့်/ ဂျူး / အမေစု ချစ်သူ အချင်းချင်း မို့ ချစ်သွားပြီးး  ကျနော့ ပင်တိုင် စားဖိုမှူးလည်းဖြစ်လာရော အချစ်ဆုံး ဖြစ်သွားတော့တာပါပဲ။ ခိခိ။ စ စကားပြောဖူးကတည်းက ကျနော့ အကြောင်းတွေ […]


ဇီဇီAugust 18, 201417min101899
ကော်ဖီ သမား မယ်ပု (Pooch) အတွက် ရေးပါတယ်။ :s:   လက်ဖက်ရည်ဆိုင် ပို့(စ) မှာတော့ လက်ဖက်ရည်ကို ဦးစားပေးရေးခဲ့သလို “မှန်ခန်း ကော်ဖီဆိုင် ထက် လက်ဖက်ရည်ဆိုင်လောက် မကြိုက်ဘူး” လဲ ပြောခဲ့ရဲ့။ ဟိ။  :mrgreenn: အမှန်ကတော့ သောက်ဟေ့ဆိုရင် ကော်ဖီရော လက်ဖက်ရည်ရော အလွတ်မပေးပါဘူးးး။ စိန်ခေါ်ရင် ရင် အိမ်ပေါ်ထိလိုက်ပါတယ်။ ကော်ဖီသောက်မို့ပါ။  :mrgreenn:   မှန်ခန်းဆိုင်ဖျော် ကော်ဖီ အကြောင်း မပြောခင် အရင် အိမ်ဖျော် ကော်ဖီ လွမ်းချင်းလေး နားထောင်လိုက်….. အဲလေ ဖတ်လိုက်နော်။ (ပိတ်သတ်ကြီး ခမျာ ဝဋ်ကြီးရှာတယ်။ ခိခိ) :mrgreenn:   ကျနော် ငယ်တုန်းက ကော်ဖီရာဇဝင်ရှိသဗျ။  :mrgreenn: ကျနော့ […]


kaiAugust 17, 20141min2179
“ပွင့်လင်းမြင်သာမှု” (transparency) ဟူသောစကားလုံးသည်အမေရိကနိုင်ငံအုပ်ချုပ်ရေးယန္တရားကိုစိမ်ခေါ် နေသေးသော စံနှုန်းတိုင်းပေတံအဖြစ်ဆက်လက်တည်ရှိနေသော်လည်း၊ လွှတ်တော်congress ကြီးနှင့် မြောက်မြားလှစွာသော rating အဖွဲ့အစည်းဌာနများ၏စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်မှုတို့ကြောင့်၊ ယနေ့အမေရိကပြည်ထောင်စု သည် ပွင့်လင်းမြင်သာမှုစံပြုရသောနိုင်ငံအဖြစ်ကမ္ဘာတွင်ရပ်တည်နေပြီဖြစ်သည်။ အတွင်းကျကျလေ့လာနိုင်သူ၊ လေ့လာတတ်သူတိုင်းက အစိုးရယန္တရားကြီးအကြောင်းကိုအိပ်သွန်ဖာမှောက် သိရှိခွင့်ရှိနေပြီဖြစ်သလို၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများက ထိုသိရှိခွင့်အခွင့်အရေးကိုလူထုရှေ့မှောက်တွင် ချပြရန်ပြဌာန်းချက်များအခွင့်အရေးများပေးထားပြီးဖြစ်နေပေသည်။ စာရေးသူငယ်စဉ်ကကြားဘူးနားဝစကားအရ၊ အမေရိကန်အစိုးရ တဆက်ပြောင်းတိုင်း၊ သမ္မတဖြစ်သူကမိမိ နှင့်လက်တွဲလုပ်ကိုင်မည့်ဝန်ထမ်းကြီးငယ်အားလုံး (ရာထူးပေါင်းထောင်ကျော်) ကို မိမိစိတ်ကြိုက် ခန့်အပ် တာဝန်ပေးကြသည့်အစဉ်အလာကားနှစ်ပရိစ္ဆေဒကြာခဲ့ပေပြီ။ ဤအချက်ကိုမည့်သူတစ်ဦးတယောက် ကမျှ စောဒကတက်ရမည့်အချိန်မဟုတ်တော့။ လူထုမှတိုက်ရိုက်စိတ်ကြိုက်ရွေးချယ်ထံထားရသူသမ္မတ ဖြစ်သည့် အားလျော်စွာ၊ လူထုနှင့်နိုင်ငံအတွက်လိုလားချက်များဖြည့်တင်းဆောင်ရွက်နိုင်ရန်မှာ၊ မိမိနှင့်တစိတ်တည်း တဝမ်းတည်း၊ လုပ်နိုင်မည့်သူကိုသာရွေးချယ်ခန့်အပ်ခြင်းသည်၊ သဘာဝကျသော လုပ်ထုံးလုပ်နည်းတရပ် ဖြစ်နေပါသည်။ သို့ဆိုလျင် အစိုးရအဖွဲ့ဝင်ဝန်ကြီးမှစ၍အောက်ခြေ secret services ရာထူးများကိုခန့်အပ်ခွင့် ရှိသူ သမ္မတကို “အာဏာရှင် (dictator)”ဟုသတ်မှတ်မည်လော။ ဤထုံးတမ်းစဉ်လာကိုကျင့်သုံးခဲ့သော အမေရိကနိုင်ငံကို “authoritarian […]


kaiAugust 17, 20142min24717
 သျှားထွဋ်အိန္ဒြာ = အသက် (၂၀)၊ ဒုတိယနှစ် ဒဿနိကဗေဒ (Philosophy)၊ ဒဂုံတက္ကသို်လ်၊ ရန်ကုန်မြိ ု့ Q. သျှားထွဋ်အိန္ဒြာ… ဖိလစ်ပိုင်ခရီးစဉ်ရှိတယ်လို့ သိရပါတယ် ။ အဲဒီအစဉ်နဲ့ပက်သက်ပြီးတော့ဘယ်သူ့ အစီအစဉ်လဲ… ဘယ်သူကကမကထလုပ်ပေးတာလဲ… ဆိုတာလေးတွေ ပြောပြပေးပါလား ။ ဟုတ်ကဲ့ပါ…အခုသမီး ၁၅ . ၈ .၂၀၁၄ ကနေ…၂၃ . ၈ .၂၀၁၄ ထိ… ဖိလစ်ပိုင်ကိုသွားရမယ်ပေါ့နော်..  သမီးကိုHoliday Television Co.,Ltd ကနေစီစဉ်ပေးမှုရယ်..  ဒီကMiss Universe Myanmar Organizationတို ့ ပံ့ပိုးကူညီမှုတွေနဲ ့ သွားရမှာပါ…. ။ Q. ထိုင်းနိုင်ငံ Holiday Television Co.,Ltdက  Mr.Nawat Itsaragisilတို ့နဲ့အတူ… Miss Universe […]


kaiAugust 15, 20143min2148
ယခုလ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍမှာ  ရန်ကုန် စက်မှုတက္ကသိုလ်၊ ဗိသုကာဌာန၊ ပါမောက္ခဟောင်း ဦးမျိုးမြင့်စိန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ {ဆောင်းဦးပန်း} ၁။ ဆရာ့ဇာတိနဲ့ ကိုယ်ရေးအကျဉ်းပြောပြပေးပါ။ ကျနော့်ဇာတိက  မန္တလေး။  မေမြို့အထက်တန်းကျောင်း St Albertsကျောင်းကနေ အထက်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်မှာနှစ်နှစ်တက်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကနေ BSc Engineering, Architectဘွဲ့ရခဲ့တယ်။ University of Michigan ကနေ ၁၉၆၁မှာ ဘွဲ့ရပြီး  ၁၉၆၃မှာ ရန်ကုန်ပြန်ပြီး RITမှာ ဆရာပြန်လုပ်တယ်။ ၁၉၇၁ကနေ ၁၉၈ဝထိ ဗိသူကာဌာန၊ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်တယ်။ ၁၉၈၁မှာ မြန်မာပြည်ကိုလျော်ကြေး ငွေ၅သောင်းကျပ်ပေးပြီး USကို ထွက်လာတယ်။ USမှာ တောက်လျှောက်အလုပ်လုပ်ပြီး ၂၀၀၂မှာ ပင်စင်ယူပါတယ်။ ၂၀၀၄မှာ အပြီးအစီးနားရတယ်။ ဇနီးဒေါ်ခင်သက်ဝင်းက  အထက၂လသာနဲ့ International Schoolတွေမှာ ဆရာမအလုပ်လုပ်ခဲ့တယ်.။ သမီးတယောက်၊ သားတယောက်၊ […]


ဇီဇီAugust 14, 20141min85781
  ဇီဇီ ခင်ဇော် (၂၀၁၂ အောက်တိုဘာ ၁၅) . . . ခွီးခွီးး  :mrgreenn: ဘာမှ မဟုတ်ဘူးး… နာမည် နောက်မှာ စ ဝင်တဲ့ ရက်စွဲ ရေးလိုက်တော့ သများကို အဟောင်းလား အသစ်လား သတ်မှတ်ဖို့ လွယ်ကူမလားလို့ပါ။ အဟောင်း/အသစ် တွေ သိပ်သိပ် သတ်မှတ်ချင်တဲ့ သူတွေ အတွက်။  :mrgreenn: ဟိ။ :k: ဒီ ရက်စွဲ ရဲ့ အရင်ကလူတွေက သများကို အသစ်လို့ အမြဲတမ်းသတ်မှတ်နိုင်ပြီးးး၊ . . ဒီ ရက်စွဲ ရဲ့ နောက်မှ လူတွေက သများကို အဟောင်းလို့ သတ်မှတ်ပြီး မမဂျီးကို ဂါရဝ ပု နိုင်အောင် ရည်ရွယ်ပါတယ်။ […]


ဦးေက်ာက္ခဲAugust 12, 20142min56560
ပြီးခဲ့သောပို့စ် https://myanmargazette.net/202175   ဒီလိုနဲ့ပဲ ဆြာမိုက်ကိုအဖော်ပြုလို့ အကြားအမြင် ဗေဒကဝိ ဆြာဆာမိဆီ ချီတက်ခဲ့ကြတာပေါ့ခင်ဗျာ… “ဗျို့ ကိုရင်ကျောက်ခဲရဲ့ … အကြားအမြင် ဗေဒကဝိကတော့ နားလည်ပါတယ်ဗျ ။ ကျုပ်ကြားဖူးတာ ပုဏ္ဏားတို့ ၊ ဆရာကြီးမင်းသိင်္ခရဲ့ ပုံနားဘကွန်းတို့ပဲရှိတာ… ဟို… အွန်လိုင်းတို့ ပုံစားတို့က ဘာတွေလဲဗျ ။ “ဆြာမိုက်ကတော့ ခေတ်ကြီးနဲ့ အဆက်ပြတ်နေပြီ ။ နာမည်ကိစ္စကတော့ ဆြာ့ကိုတွေ့ရင် ရှင်းသွားလိမ့်မယ် ။ အဟောအပြောကတော့ မှန်သလားမမေးနဲ့ ၊ ပြီးခဲ့တဲ့ ကမ႓ာ့ဖလားဗိုလ်လုပွဲမှာ ဟောလိုက်တာများ မှန်ချက်ကတော့ အာဂျင်တီးနားအသင်းကို အားပေးနေတဲ့သူတွေ နံဘေးကို ပိတ်ကန်လိုက်သလိုပဲဗျ ။ ကျနော်တို့ အရပ်မှာဆို အာဂျင်တီးနားတွေရှုံးလို့ စိတ်ထောင်းကိုယ်ကြေ အိပ်ရာထဲလဲသူလဲ ၊ မတ်စိငုံပြီး ရေထဲ ခုန်ချဖို့ပြင်သူကပြင် […]


ဇီဇီAugust 12, 201412min63566
  ဇီဇီ ဆာဆာ ပို့(စ) တွေ က ဒီ မှာပါ၊။ https://myanmargazette.net/wp-admin/edit.php?tag=%e1%80%87%e1%80%ae%e1%80%87%e1%80%ae-%e1%80%86%e1%80%ac%e1%80%86%e1%80%ac       အဟမ်းးး!!! နံပတ်တပ်တာက တခြားမဟုတ်ဘူးနော်။ အရီး ရေ တွက်ရလွယ်အောင်ရယ်။ အဟင့်။ ကြောက်နေရတာဗျဲ။ အပိုင်းခွဲတာကို ဂလောက် ရှင်းပြထားတာတောင်မှ ခံစားကြတယ် ဆိုတော့။ အဟင့်။ :a: ဘာပဲဖြစ်ဖြစ် စ မိတဲ့ လမ်းကို ဆုံးအောင်ဆက်လျှောက်ပါရစေ။ မကျေနပ်တာလေးတွေ စု ပြီး အကုန်ပြီးမှ ဆဲနိုင်ပါတယ်နော့။ :s:   ၄၉) ဂဇက် က ချစ်ရတဲ့ မောင်လေး တစ်ယောက်ပါပဲဗျ။ ရွာထဲ စဝင်ကတည်းက ပျော်ပျော်ရွှင်ရွှင်ကြိုဆိုခဲ့တာပေါ့ဗျာ။ ဗေဒင်… ရသစာ… ကဗျာ… ဘာသာရေး… နိုင်ငံရေး စတာတွေကိုပါ ရေးနိုင် […]


kaiAugust 12, 20141min40825
ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဆရာကြီး ဒဂုန်တာရာက “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်တာ” ဟုဆိုကာ “ရန်သူမရှိ မိတ်ဆွေသာရှိ” အယူအဆကို မြန်မာများအတွက်ချပြခဲ့သည်။ ၈။၈။၁၉၈၈ – ၈-၈-၂၀၁၄ ၂၆နှစ်တိုင်ခဲ့ပြီ။ အရပ်သားနှင့်ကျောင်းသားရန်ဖြစ်ရာမှ ၈၈အရေးအခင်းဖြစ်သည်ဟူသော ခပ်နှိမ်နှိမ်အမြင်ကို ထိုစဉ်ကစစ်တပ်၏စိတ်ဓါတ်စစ်ဆင်ရေးပိုင်းမှ ရိုက်ချက်အဖြစ်ခိုက်ကာထားပေးခဲ့သည်။ အကြောင်းတရားစင်စစ်သည်ကား ၁၉၈ရ စက်တင်ဘာ ၅ရက် (လူထု၏စည်းစိမ်ဥစ္စာကို ဖျက်စီးလိုက်သည့်)ငွေစက္ကူများသိမ်းခြင်းမှဟု အတတ်ဆိုပါမည်။ ငွေစက္ကူသိမ်းသဖြင့် ဒေါသထွက်နေသော အာအိုင်တီကျောင်းသားများ အင်းစိန်လမ်းမပေါ်ပြေးထွက်ကာ ဖြတ်မောင်းလာသောအစိုးရကားများကိုတား၍ မီးတင်ရှို့ခြင်းမှ “စ”သည်။ ၈ရကျောင်းသားထုအုံကြွမှုကို လူထုကြီးမှတိုက်ရိုက်ပါဝင်ပါတ်သက်လာမှုသည် လူထုကြီး၏စည်းစိမ်ဥစ္စာကို သိမ်းပိုက်ဖျက်စီးခံရခြင်းကြောင့်သာဖြစ်ပါ၏။ အရေးတော်ပုံဖြိုခွဲခဲ့သူတို့က “သမိုင်းရေစီး လှိုင်းကြီးလေထန် […]


ကုိ ထြဋ္August 11, 20141min33220
မေ့နေလောက်ပြီ ထင်တယ်ဗျ.. အားဘူးဗျာ.. မိုးရွာတုန်းရေခံနေရတယ်… မြေလေးကောင်းတုန်း အဲဘက်ကို လှည့်နေတာနဲ့.. ဘာမှ မလုပ်ဖြစ်ဘူး… အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရပါပဲ… ဖုန်းပါ ပိတ်ရတဲ့ အထိပဲ… အခုလဲ စိတ်ကပါတယ်.. အချိန်က မရ.. ကိုယ့်ကို မေ့မှာလဲ စိုးတော့ ပို့စ်တခု တင်ရတယ်ဗျို့… ပြီးရင် ISO ဆိုတာကြီးက တမှောင့်… အခု Proverbs လေးတွေက တချို့က ကိုယ်တွေ့တွေ… ဟဲ… 🙂 🙂   ၁  သင့်မယားကို ညနေခင်းမှာ မကျိန်ဆဲပါနှင့်။ သို့မဟုတ်ပါက သင်တကိုယ်တည်း အိပ်ရလိမ့်မည်။ (တရုတ်) Curse Not Your Wife In The Evening Or You […]