သိုင်းသိုင်းဝိုင်းဝိုင်းလေးရေးချင်ပေမယ့် ရှုပ်ထွေးသွားမှာစိုးလို့ လိုရင်းလောက်ပဲ အတိုချုပ်ပြီး ကြေငြာပါရစေ…။ ပြောဖို့ ဖြေဖို့ ဖြည့်ဖို့  လိုအပ်တာတွေကိုတော့ ကွန်မင့်လေးတွေနဲ့ပဲ ပြောပါရစေ….။ ဥက္ကဌ မပဒုမ္မာကိုယ်စား အသိပေးကြေငြာခြင်းဖြစ်ပါကြောင်း….။     နှစ်သစ်ရဲ့ မှတ်တိုင်သစ် ၂၀၁၃ နှစ်သစ်ရဲ့အစမှာပဲ မန်းဂဇက်ရွာကြီးရဲ့မှတ်တိုင်သစ်တခု စိုက်ထူပါတော့မည်…..။ မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ  မကြာမီ ကျင်းပပါတော့မည်…။ ရွာထဲမှာ အနေကြာသည်နှင့်အမျှ ရွာသူားတွေ စာချင်း ခင်မင်ရင်းနှီးမှု့ရင့်သန်လာသည့်နောက် လူချင်းလဲ  ပျော်ပျော်ပါးပါး  တွေ့ဆုံကြ   မိတ်ဖွဲ့ကြ  ဆက်ဆံရေးသစ်တွေထူထောင်ကြရအောင်နော်……….     ဘယ်သူတွေ တွေ့ဆုံကြမှာလဲ အားလုံး… အားလုံး…. တက်ရောက်နိုင်သမျှ  မန်းဂဇက်ရွာကြီးရဲ့ အဖွဲ့ဝင်(Member) အားလုံး…     […]


2013 ဇန်နဝါရီ … ခရစ်နှစ်လည်း ဆန်းခဲ့ပြီ … ကမ်း ကတော့ ဘယ်ဆီ … မှန်းဆကာပဲ မျှော်ကာရီ … တော်ကြာ တွေ့မည် … နောက်ခါ တွေ့မည် …. ဒီလိုနဲ့ပဲ နေဝင်ခဲ့ ရက်တွေကဖြင့် အစီအရီ …….။ +++++++++++++++++++++++++++++ မန်းဂေဇက်ချစ်သူများစာပေဆု ရရှိသည့် ပို့စ်များ ဇူလိုင်လ၊ ၂၀၁၂ ဝင်းပြုံးမြင့် ၄ဝ ကျော် ကျမရဲ့ အသည်းကွဲ တမ်းချင်း ဩဂုတ်လ၊ ၂၀၁၂ aung moethu ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင် စက်တင်ဘာလ၊ ၂၀၁၂ kyeemite ထောင်ထွက်ကြီးမိုက်…Ex-convict အောက်တိုဘာ၊ ၂၀၁၂ မိုချို အစားမတော် တစ်လုတ်နဲ့ သေမင်းကို ခလုတ်တိုက်ခဲ့သူ နိုဝင်ဘာ၊ ၂၀၁၂ […]


ဒီခေတ်ကြီးမှာ မိဘစပ်ပေးလိုု့ယူရတာ အတော်နည်းနေပါပြီ။ မိဘတွေကလည်း ကိုုယ်ရှာပေးလိုုက်တဲ့ အိမ်ထောင်ဖက်က မကောင်းရင် ကိုုယ့်ဘာသာကိုုယ် ယူကြုံးမရဖြစ်မှာ စိုုးလိုု့ မရှာပေးချင်ကြတော့ပါဘူး။ အချိန်တန်အရွယ်ရောက်တဲ့ လူငယ်တွေကြိုက်တာရွေးထားတာ သင့်တော်တယ်ဆိုုရင် ရုုပ်ရှင်ထဲကလိုု အတင်းဆွဲမခွဲတော့ဘူး။  အလုုပ်ထွက်လုုပ်တဲ့ မိန်းကလေးတွေ များလာတဲ့ ဒီခေတ်မှာ လူငယ်တွေကိုုယ်တိုုင်ကလည်း အိမ်မှာထိုုင်ပြီးမိဘရှာပေးမှာစောင့်မနေစရာမလိုုဘဲ သူ့ဘာသာ အလုုပ်မှာကျောင်းမှာ ချိတ်မိစပ်မိနဲ့ ရှာတွေ့သွားကြပါတယ်။ ဒီလိုုနဲ့ မိဘပေးစားလိုု့ယူရတယ်ဆိုုတာ ကျမအဖေအမေတိုု့ခေတ်ကနဲ့စာရင် အတော်နည်းလာပါပြီ။  ခက်တာက ကိုုယ်တိုုင်မရှာ ချင်တဲ့ လူငယ်တွေကျမှပဲ မိဘက မီးထိုုးရတော့တယ်။  ကျောင်းမှာတုုန်းကလည်းမရှာ၊ အလုုပ်မှာလည်းမရှာ၊ မတွေ့ရင်လည်းမယူ၊ မိဘရှာပေးရင်တော့ ယူမယ်ဆိုုတာမျိုးပေါ့။  ကိုုယ်တိုုင်ရှာရတဲ့ risk ကလည်းနည်းတာမှမဟုုတ်တာ။ ကိုုယ်တိုုင်စိတ်ကြိုက် ကောင်းတယ်ထင်လိုု့ရွေးလိုုက်ပြီးမှ မကောင်းရင် မိဘကိုု အပြစ်တင်လိုု့လည်းမရ၊ ကိုုယ့်အပြစ်နဲ့ကိုုယ်မိုု့ ကြိတ်ခံရမှာ။ ဒီလိုုနဲ့ မိဘတွေခေါင်းပေါ် တာဝန်ပြန်ရောက်လာရော။   “လဲ့လဲ့ကိုု ခဏခဏလာစပ်နေကြတယ်တဲ့” ကျမညီမဝမ်းကွဲက ရန်ကုုန်ကအောင်တဲ့ […]


နွေဦးJanuary 3, 20132min144759
မြန်မာ့ စားသောက်ဖွယ်ရာများနဲ့ ပါတ်သက်လို့ လေ့လာကြည့်တဲ့အခါ အစားအသောက် မျိုးစုံ ရဲ့ ချက်နည်းပြုပ်နည်းတွေ စုံစုံလင်လင် တွေ့ရပါတယ် ။ ဒါပေမဲ မြန်မာတွေ ထမင်းနဲ့ဟင်းကို လက်နဲ့ နယ်ဖတ် စားသောက်တဲ့အကြောင်း စားသောက်ပုံစားသောက်နည်းတွေကို မတွေ့မိပါဘူး ။ ဂျပန်တွေက ပြောတတ်တယ် သူတို့က စားစရာတွေကို မျက်စိနဲ့ အရင် အရသာခံစားပြီးမှ ပါးစပ်က (လျှာ က) အရသာခံတယ်လို့ ဆိုပါတယ် ။ကျွန်တော်က သူတို့ကို အားကျမခံ “မြန်မာတွေက စားစရာကို လက်က အရင် အရသာခံပြီးမှ ပါးစပ်က အရသာခံတယ်” လို့ ပြော ဖြစ်တယ် ။ လက်လှမ်းမှီသလောက် ကတော့ စားသောက်စရာ ထမင်းစတာတွေကို လက်နဲ့ နယ်ဖတ်ပြီးစားသောက်တဲ့ဓလေ့က အာရှနိုင်ငံတွေမှာဘဲ တွေ့ရပါတယ် ။မြန်မာပြည်ရဲ့ […]


kaiJanuary 2, 20138min65739
၂၀၁၂ နှစ်ကုန်… အားရက်ရတုံး.. ကျုပ်သွားတဲ့ခရီးစဉ်က.. အောက်ကမြေပုံအတိုင်းပါပဲ..။ View Larger Map ဒါပေမယ့်.. ခရီးသွားနေရင်းကပဲ.. လမ်းအခြေအနေဖုံးဆက်လှမ်းမေးပြီး.. ရီနိုမြို့ဖက်အခြမ်းခရီးစဉ်ကို ဖျက်လိုက်ရပါတယ်..။ နီဗားဒါပြည်နယ်ရဲ့မြောက်ဖက်ပိုင်းမြို့လေးဖြစ်တဲ့.. အဲဒီရီနိုမြို့မှာ.. အနှုတ်အောက်အအေးချိန်ဖြစ်နေပြီး.. ကားမှာနှင်းထဲသွားနိုင်တဲ့ချိန်းကြိုးမတတ်ထားလို့ပါ..။ လမ်းမှာ ဘယ်လိုဆောက်လုပ်ရေးရှိတယ်..။ ပိတ်ထား…ဖွင့်ထားတယ်ဆိုတာတွေကိုတော့.. အောက်ကလင်ခ့်မှာ.. စစ်ဆေးလို့ရပါတယ်.။ http://www.dot.ca.gov/cgi-bin/roads.cgi ဆိုတော့.. ဒီနေ့ တင်ပေးမယ့်ခရီးစဉ်ထဲ.. လော့စ်အိန်ဂျလိစ်ကနေ ပစိဖိတ်သမုဒ္ဒရာကမ်းတလျှောက်ကနေ ဆန်ဖရမ်စစ္စကိုတက်လမ်းဖြစ်တဲ့ လမ်းတလျှောက်ကရှုခင်းတချို့ရယ်..။ ပထမရပ်နားရာဖြစ်တဲ့…Stanford university ထဲကရှုခင်းတချို့ရယ်နဲ့ စလိုက်ပါမယ်..။ ဓါတ်ပုံတွေအောက်မှာ စာတချို့ရေးပေးထားပါတယ်..။ ကျန်တာလေးတွေ.. ကော်မန့်နဲ့ပဲ..ရေးရင်းး မျက်စိထဲမြင်အောင် ပြပြော..ပြောမယ်ပေါ့..။ မေးချင်တာတွေ..မေးကြပါနော.. ဖြေချင်တာတွေဖြေပါ့မယ်..။    


kaiJanuary 2, 201310min52040
  *****************************************************************   BURMA RELATED NEWS – JANUARY 01-02, 2013   *****************************************************************   AFP – Myanmar army uses airstrikes as conflict escalates   AP – Myanmar military admits airstrikes against Kachin   AP – Myanmar President Delivers New Year’s Day Message   Reuters – U.N. worried about reports of air strikes in Myanmar   Quartz […]


kaiJanuary 1, 20131min48734
ခရီးက..အခုတင်.. ပြန်ရောက်ပြီဗျို့.. လော့စ်အိန်ဂျလိစ်မှာ..အခု.. ၁၁နာရီ ၄၅မိနစ်..။ ရွာသူားအပေါင်းနဲ့.. မြန်မာအပေါင်းကို… နှစ်ကူးရာသီရက်မှာရိုက်လာတဲ့.. ကမ္ဘာကျော်တက္ကသိုလ်ပုံ၂ခုနဲ့… ဘဝသစ်..ခေတ်သစ်..နှစ်သစ်မှာ.. ထူးကြပါစေရန်ရည်ရွယ်…နှုတ်ခွန်းဆက်ပါကြောင်း..။    


– – – – – – – – – – – – ++++++++++++++++++++++++++++++++++ မန်းဂဇက် (MandalayGazette) မှ …. ချစ်စွာသော ရွာသူားအပေါင်း …. ပျော်ရွှင်၊ နှစ်သက်၊ ကြည်နူးဖွယ် ကောင်းလှသော နှစ်သစ် (၂၀၁၃) ဖြစ်ပါစေကြောင်း … ကျွန်ုပ် မဟာရာဇာ အံစာတုံး မှနေ၍ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည် ခင်ဗျာ ………။ Happy New Year 2013 !!!!!!!!! ++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++ Images Source : Internet Collected by – မဟာရာဇာ အံစာတုံး +++++++++++++++++++++++++++


သူကြီး ဦးခိုင်ကတော့ ကျနော့်ကို ဆဲချင်မလား မတိဝူး.. သူ့ဆာဗာ လေးအောင် လမ်းစဖော်တဲ့ကောင်လို့ ဓာတ်ပုံတွေ တင်ရင်ကို လေးလှပါတယ်ဆို ကြည့်.. ထွင်လာပြန်ဘီ.. ပို့စ်ထဲ ဗီဒီယို ပေါ်အောင် တင်ကြမတဲ့ တကယ့် ရိုက်ပေါက် :om: ဂေဇက်မှာ ဓာတ်ပုံတင်တာတော့ နည်းတွေရေးပြထားတာရှိသလို အားလုံးလည်း လုပ်တတ်ကိုင်တတ်ဖြစ်နေပါဘီ။ ဗွီဒီယိုလေးတွေ ပို့စ်ထဲ ပေါ်အောင်တင်ဖို့တော့ ဓာတ်ပုံတင်သလို  ➡  Add Media/ Upload File လုပ်ရုံနဲ့ မရတော့ဘူး။ ကျနော်လည်း ကိုယ့်ဖာသာ ကြိုးစားတိုင်း အဆင်မပြေ၊ ပို့စ်တင်တိုင်း သူကြီးပြေး အပူကပ်ရတာ အားနာလာလို့ ကိုယ်နားလည်ထားတာများလွဲနေသလား၊ လွဲနေရင်လည်း သိတဲ့တတ်တဲ့ ရွာသူားများ အမှန်ပြင်ပေးနိုင်ဖို့နဲ့ မသိသေးတဲ့ ရွာသူားတွေလည်း သိသွားအောင် မောင်းတီးလိုက်ပါရဲ့ ရွာသူားတို့ရေ ပို့စ်ထဲမှာ […]


– – – – – – – – – – အရင် ၂၀၁၁ နှစ်ကုန်ခါနီးတုန်းကပေါ့ ခင်ဗျာ ….။ ကျုပ် မန်းဂဇက် ရွာသားအဖြစ် မသစ်တသစ် အချိန်တုန်း ဆီကပေါ့ …..။ စိတ်ကူးပေါက်တာနဲ့ ၂၀၁၁ အတွက် Listing လုပ်ချင်လို့ပါ … ဆိုပြီး … ရွာသူားတွေရဲ့ ၂၀၁၁ ခုနှစ် အတွင်းက အမှတ်ရစရာ အဖြစ်အပျက်အချို့ကို အမှတ်တရ အနေနဲ့ ရေးသားပေးကြဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ် …။ အခုလည်း ၂၀၁၂ တစ်နှစ် ကုန်ခါနီးပြီ ဆိုတော့ ဒီလိုပေါ့ဗျာ … အဟဲ …   2012 ခုနှစ် အတွင်းမှာ ကမ္ဘာတစ်ဝန်းမှာ […]

4455-540x800.jpeg

alinsettDecember 21, 20121min32520
ရ = ရသင့်တာလေးတွေတောင် မရကြသေးလို ့ လ = လွတ်လပ်ရေး နှင့် ကျွန်တော် လျှောက်သော လမ်း ဝ = ဝါသနာ မပါဘူးလို ့.. မပြောပါနဲ ့ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%% အလင်းဆက်ဆိုတဲ့ ကောင်လေးတစ်ယောက် အနုပညာသစ်တွေအကြောင်း ပြောလိုက် / မော်ဒန်ကဗျာတွေရေးလိုက်နဲ့ ဆိုတော့……… အလင်းဆက်ဟာ Modernist တစ်ယောက် လို ့ တချို့ မိတ်ဆွေတွေက သတ်မှတ်ပါတယ် ။ အလင်းဆက်ဟာ Modernist တစ်ယောက်ပဲ လို့ပြောလာ ရင် ကျွန်တော် မငြင်းပါဘူး ။ ဒါမှမဟုတ် အလင်းဆက်ဟာ သမားရိုးကျ အနုပညာ ဖန်တီးသူ လို ့ပြောလည်း ကျွန်တော် ဘာမှပြန်ပြောနေမှာ မဟုတ်ပါဘူး ( […]


ကြောင်ဝတုတ်December 17, 20124min84559
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ တနင်္ဂနွေနေ့ ကျွန်တော်တို့ မန္တလေးဂဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော ဝါသနာအရစာရေးသူများ၊ အားပေးစာဖတ်ကြသူများ၏ စေတနာ စုပေါင်းပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၌တည်ရှိသော မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ဂဇက်ရွာ၏ သမိုင်းဝင်အလှူတစ်ရပ်ကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်… မနက် (၆)နာရီမှာ ပထမစုရပ်ဖြစ်သော တာမွေအဝိုင်းထိပ်မှ စတင်ထွက်ခွာလာသော ကျွန်တော်တို့ခရီးသွားကားသည် စုရပ်များတွင်လိုက်ပါလှူဒါန်းကြမည့်အလှူရှင်များကို ကြိုဆိုပြီး လှိုင်သာယာမှတဆင့် တွံတေးနှင့် ကော့မှူး၊ ကွမ်းခြံကုန်းလမ်းဆုံသို့ မနက်ပိုင်း (၈)နာရီကျော်ခန့်အချိန်တွင်ရောက်ရှိခဲ့ပြီး၊ ဘုရားကြီးကျေးရွာတည်ရှိရာ ကော့မှူး၊ ကွမ်းခြံကုန်းဘက်သို့ ထွက်ခွာခဲ့ကြရာ ဘုရားကြီးကျေးရွာမရောက်မီ လက်ဘက်ရည်ဆိုင်ငယ်တစ်ခုတွင် နံနက်စာစားသုံးခေတ္တနားခဲ့ကြပါသည်… လမ်းခရီးတွင် လိုက်ပါလာသူများကို ဆီထမင်း၊ ကောက်ညှင်းပေါင်းများနှင့် တည်ခင်းဧည့်ခံပေးသော ရွာသူအစ်မနိုဗီအားလည်းကောင်း၊ စမူဆာဖြင့်တည်ခင်းဧည့်ခံသော ရွာသူညီမလေးမရွှေအိအားလည်းကောင်း၊ ဘုရားကြီးကျေးရွာသို့မရောက်မီ လမ်းပေါ်တွင်ရှိသော လက်ဘက်ရည်ဆိုင်တွင် ထမင်းဆီဆမ်း၊ ကော်ဖီ၊ လက်ဘက်ရည်ဖြင့် လိုလေသေးမရှိ ဧည့်ခံပေးသောကိုရဲစည်အားလည်းကောင်း […]


“ ကိုင်ထားတာတွေများနေတော့ လွတ်မကျခင် လွှတ်ချပေးရင်ကောင်းမယ်”   မနက်အလုပ်လာတဲ့အချိန်မီးပွိုင့်အရောက် မင်္ဂလာဆောင်လှည့်လာတာနဲ့ကြုံတော့ ရပ်စောင့်နေရပါတယ်။ မင်္ဂလာဆောင်လှည့်ရင် အလှူလှည့်ရင် အသုဘချလာရင် သူတို့ကိုဦးစားပေးပြီး ဆန့်ကျင်ဘက်ယာဉ်ကြောတွေ ကို လမ်းခဏပိတ်ပေးထားတတ်ပါတယ်။ ယာဉ်ထိန်းက ပိတ်မပေးရင်လည်း ရှေ့ပြေးဆိုင်ကယ်သုံးလေးစီးက ခပ်တည်တည်နဲ့လမ်းကို ကန့်လတ်ဖြတ်ပြီး ရပ်ထားလိုက်တာပါဘဲ။ “မည်သူမျှမဝင်ရ”ဆိုတဲ့ဒီဇိုင်းနဲ့ပေါ့။ အုပ်စုလိုက်တန်းစီလှည့်လာရင် သာမန်လမ်းသွားလမ်းလာတွေရပ်ပေးရတယ်ဆိုတာ ထုံးစံလိုဖြစ်နေပါတယ်။ အဲတော့ကျန်တဲ့လူက အလုပ်ဘယ်လောက်ရှိရှိ ဘယ်လောက်အရေးကြီးကြီး လှည့်လာတဲ့ ယာဉ်တန်းမဆုံး မခြင်းရပ်စောင့်နေရတာ ကတော့ အမြဲတမ်းလိုလိုဖြစ်နေပါတယ်။ မနက်(၈)နာရီပါတ်ဝန်းကျင်ဆိုတာ ကျောင်းသွားဈေးသွားအလုပ်သွားတတ်တဲ့အချိန် တနည်းအားဖြင့်အချိန်ကိုက်လုပ်ဆောင်ကြရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးကြီးမှာ  အလှူဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ ်လှည့်လာတာများ နှစ်ခုသုံးခုနဲ့ဆက်တိုက် ကြုံရင်လိုရာခရီးကို အချိန်မီမရောက်နိုင်တာအသေအချာ။ ရုံးသမား ဈေးသမားလဲအချိန်မှီမရောက် ကလေးများလဲကျောင်းနောက်ကျပေါ့။ အခုလိုသီတင်းကျွတ်ပြီးစရက်များမှာတော့ မင်္ဂလာဆောင်တွေက ပူလွန်းလို့ တွင်းထဲက ထွက်လာတဲ့ ပုရစ်များလို အလုအယက် တန်းစီလို့ဆောင်လိုက်ကြတာ […]