timothyNovember 21, 20101min932
အမေစုပြောတာမှတ်မိကြတယ်နော်။ သူတယောက်ထဲဒါကိုရအောင်လုပ်လို့မရဘူး။အားလုံးဝိုင်းလုပ်မှရမယ်ဆိုတာ။ ရှင်းပြပါရစေ။ ဗိုလ်သန်းရွှေအောက်ဆွဲ၊ခေါင်းပေါင်းဝတ်လူရွှင်တော်များက ကုလသမဂ်ဂမှာ ဗမာပြည်သူလူထုအများစုက ၂၀၁ဝ ရွေးကောက်ပွဲအတုကိုစောင့်မျှော်နေကြကြောင်း၊မကြာခင်မှာပြည်သူ့ကိုယ်စားလှယ်များကို လူထုကတခဲနက်ရွေးကောက်တင်မြှောက်မဲ့အကြောင်း၊ ဘယ်နိုင်ငံရဲ့အကူမှမလိုကြောင်း၊ဗြောင်လိမ်ပေါ့ဗျာ။ ခုခေါတ်မှာကမ္ဘာ့ဇာတ်ခုံပေါ်အရှက်မဲ့စွာတက်လိမ်နေတဲ့၊ အထူးသဖြင့်တော့အာဏာရှင်တိုင်းပြည်တွေများလာပြီ။တရုပ်နဲ့ရုရှားကအာဏာရှင်များအဖွဲ့တောင့်တင်းအောင်၁၀ဝရာခိုင်နှုံးထောက်ခံတယ်။ ကျုပ်တို့နင်းပြားဗမာများအတွက်ကတော့လူထုအားမပါလို့ကတော့လွတ်လပ်ရေးအတွက်မျှော်လင့်ချက်မရှိဘူး။ ဖိနှိပ်နေတဲ့အာဏာရှင်ဗိုလ်သန်းရွှေကဗမာလူမျိုးဆိုတော့ ဗမာတနိုင်ငံလုံးပျော်နေပါတယ်လို့ဗျောင်လိမ်တော ့တကမ္ဘာလုံးမယုံချင်၊လဲသေ၊ယုံရတာဘဲ။ တရုပ်နဲ့ကုလားကကြံ့ဖွတ်မဲလိမ်ပြီးနိုင်တဲ့ပွဲကို သောင်းဖြစွာထောက်ခံမှတော့ဘာတပ်နိုင်မှာတုံး။ သူကသာ၊ဆိုပါစို့၊ဝ လူမျိုး၊ဝစစ်တပ်ဖြစ်ခဲ့ရင်၊ လူနဲစုအစိုးရဖြစ်လို့ ခုနကလိုဇာတ်ခုံပေါ်တက်လိမ်လို့ကမလွယ်လှဘူး။ လူနဲစုအသားဖြူက၊အများစုလူမဲများကိုလူမျိုးခွဲချားရေးမူနဲ့ခွဲခြားဖိနှိပ်တော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဝိုင်းတိုက်လျုက်တာ၊ အဖြူအစိုးရကလိမ်လို့ကိုမရဘူးဗျာ။ ဒါတောင်အာဖရိကနေရှင်နယ်ကွန်ဂရက်က နှစ်၄ဝလောက်တိုက်ယူရတယ်။ လူများစုဗမာစစ်အာဏာရှင်နဲ့ဗမာတပ်ကတနိုင်ငံလုံးဖိနှိပ်ထားတာ ဘက်ကမ္ဘာ့နိုင်ငံအဖွဲ့အစည်းမှမကယ်နိုင်ဘူး။ အမေစုလဲ လူထုအင်အားမပါဝင်ဘဲ သူဘာမှမလုပ်နိုင်ဘူး။ ဗိုလ်သန်းရွှေကမိုးမွှန်အောင်လိမ်လဲအားလုံးယုံရတာဘဲ။ သူကရွေးကောက်ပွဲနိုင်တာကိုမသိမသာကြေငြာတော့လဲ၊ကျုပ်တို့တကမ္ဘာလုံးမယုံလို့ဘာတပ်နိုင်လို့လဲ။ ဒါဆိုလူထုအင်အားသာလျှင်ဒီမိုကရေစီကိုဆောင်ကျင်းပေးနိုင်တယ်လို့၊အမေစုပြောတာပိုနားရှင်းသွားပြီပေါ့။ ဒါဆိုအားလုံးဝင်လုပ်ကြဘို့ဆုံးဖြတ်ကြပြီပေါ့။


kaiNovember 18, 20102min590
========= http://news.xinhuanet.com/english2010/world/2010-11/17/c_13611242.htm YANGON, Nov. 17 (Xinhua) — The Myanmar Union Election Commission Wednesday announced the last series of election results with the Union Solidarity and Development Party (USDA) winning the majority of 883 parliamentary seats or 76.5 percent out of the final total of 1,154 at three levels. The USDA, led by Prime Minister U […]


Good IdeaNovember 16, 20101min1064
ရွေးကောက်ပွဲနေ့ရောက်တဲ့အခါမှာတော့ ပြည်သူတွေက NLD ခွဲထွက် NDF အပါအဝင် စစ်တပ်နဲ့ အဆက်အသွယ်ကင်းတဲ့ အရပ်သားပါတီတွေကို ပုံအောပြီး မဲပေးခဲ့ကြပါတယ်။ ဒါကြောင့် အရပ်သားပါတီ အမတ်လောင်းတွေက ရပ်ကွက်၊ ကျေးရွာရုံးတွေမှာ တိုက်ရိုက်ပေးတဲ့ မဲနဲ့ အစောပိုင်းမှာ နိုင်နေခဲ့ကြပေမယ့် ဘောလုံးပွဲစကားနဲ့ ပြောရရင် ပွဲပြီးခါနီးအချိန်မှာ ဒိုင်လုပ်တဲ့ မဲရုံမှူးတွေ၊ ကော်မရှင်တွေ အကူအညီနဲ့ ကြံ့ဖွံ့က ကြိုတင်မဲဆိုတဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ မဲတွေနဲ့ ပယ်နယ်တီတွေ တလုံးပြီးတလုံး သွင်းပြီး အောင်ပွဲခံသွားတဲ့ အခါမှာတော့ ပါတီတွေ အမော့ဆို့ပြီး အသက်ထွက်မတတ် ဖြစ်သွားပါတော့တယ်။ ကဲ ပြည်သူတွေကတော့ သူတို့ရဲ့ အသည်းကြားက မဲတပြားကို ပုံအောပေးခဲ့ပြီးပြီ။ ကြံ့ဖွတ်နဲ့ ခွေးယှဉ်ပြီး အရွေးခံရင်တောင် ခွေးကိုပဲ  ပေးခဲ့ကြမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ ဒီမိုကရေစီ အင်အားစု အမတ်လောင်းများ […]


KyaemonNovember 16, 201016min1260
CLICK VIDEO LINKS BELOW: BBC News – Aung San Suu Kyi aims for peaceful revolution http://www.bbc.co.uk/news/world-asia-pacific-11755169 Two days after being freed from house arrest, pro-democracy leader Aung San Suu Kyi has said that her aim is for a peaceful revolution in Burma. Speaking to the BBC at the headquarters of her National League for Democracy, […]


KyaemonNovember 16, 201064min870
Suu Kyi Signals Shift in Sanctions Stance Suu Kyi Signals Shift in Stance on Sanctions – WSJ.com http://online.wsj.com/article/SB10001424052748703670004575616350526879676.html?mod=WSJ_hp_MIDDLENexttoWhatsNewsFifth A top item on the agenda of Myanmar democracy icon Aung San Suu Kyi after seven years of house arrest is her stance on Western sanctions against Myanmar’s military regime, and she has indicated she may be […]


timothyNovember 15, 20103min1593
်ရောင်းရင်းတို့ရေ၊ အန်တီစုလဲလွတ်ပြီ။ သန်းရွှေကလဲကမ္ဘာ့နိုင်ငံများကိုမျက်လှယ့်ပြလိုက်တာသူ့ရွေးကောက်ပွဲမဲခိုးလို့စွပ်စွဲတဲ့သီတင်းတွေအတော်ရှားသွားသား။ အန်တီစုကတော့လူထုတောင်းဆိုတဲ့ဒီမိုကရေစီကိုမရမချင်းကိုယ်စွမ်းရှိသမျှလုပ်ပေးမှာဘဲ။ ဒါပေမဲ့လူထုကြီးကလဲကိုယ်ကြိုးစွန့်ပြီးသူ့နောက်ကအတူလက်တွဲပြီးလိုက်နိုင်ဘို့အင်မတန်အရေးကြီးပါတယ်။ အန်တီစုခုလိုနိုင်ငံနဲ့လူမျိုးအတွက်အနစ်နာခံပြီးခေါင်းဆောင်ကောင်းပီသစွာလုပ်ပေးနေတာ ကျနော်တို့အားလုံးအတွက်ကောင်းပေမဲ့၊ဒါတွေဟာသန်းရွှေအတွက်အန်တီစုကိုနည်းမျိုးစုံနဲ့ပြန်ဖမ်းဘို့အချက်အလက်တွေဘဲ။ ဒါ့ကြောင့်လဲ ပြည်သူလူထုအနေနဲ့အန်တီစုကိုကျေးဇူးတင်ချစ်ကြည်ညိုတာမှန်ရင်ဘေးထိုင်မနေဘဲမိမိတို့တပ်အားသရွေ့လေးလုပ်ပေးကြစေလိုပါတယ်။ ကျနော်တို့သိကြတဲ့အတိုင်း သန်းရွှေကတော့ဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး။တနည်းနည်းနဲ့အန္ဒရာယ်ပေးလိမ္မယ်။ပြန်ဖမ်းမယ်ဆိုတာလဲလူတိုင်းအသိပါ။ လူထုအားနဲ့လဲအန်တီစုနောက်ကနောက်မဆုတ်တမ်းလိုအပ်ရင်အသက်ပေးပြီးတိုက်ကြမယ်။ လူထုကြီးကအန်တီစုနဲ့အတူငြိမ်းချမ်းစွာဆန္ဒပြဘို့လိုနိုင်တယ်။ နောက်တခုက United Nations, ကုလသမဂ်ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘင်ကီမွန်းကိုကျတော်တို့လူထုအားနဲ့ မြန်မာနိုင်ငံရဲ့အရေးမှာဝင်ရောက်ကူညီဘို့စာဝိုင်းရေးနိုငိရင်သူအရေးပေးလာနိုင်တယ်။ လူ၁၀၀ဝ ရေးတာနဲ့စာရင်လူ၁၀၀၀၀၀ဝရေးနိုင်ရင်မကောင်းဘူးလား။ ကျနော်တို့ ရွေးကောက်ပွဲအတုမှာပြည်သူတရပ်လုံးမဲမပေးသပိတ်မှောက်တဲ့ကြားထဲက နည်းမျိုးစုံညစ်ပတ်မဲလိမ်ပြီးလူထုဆန္ဒကိုမရတဲ့စစ်အစိုးရရဲ့လိမ်မှုဟာထင်ရှားပါတယ်။ ၁၉၉ဝ တုံးကလဲပြည်သူတရပ်လုံးတခဲနက်ရွေးချယ်ပေးခဲ့တဲ့မဲကိုမလေးစားခဲ့ဘူး။ ဒါ့ကြောင့် ဘင်ကီမွန်းကိုစာရေးပြီးမြန်မာပြည်မှာ ၃ ပါတီ- NLD, သန်းရွှေ နဲ့ တိုင်းရင်းသားခေါင်းဆောင်မျးပါဝင်တဲ့- အမျိုးသားပြန်လည်ညီညွတ်ငြ်မ်းချမ်းရေးဆွေးနွေးပွဲကို ကမကထလုပ်ပြီး အထွေထွေအတွင်းရေးမှူးရဲ့ကောင်းမွန်သောရုံးအဖွဲ့ရဲ့အာဏာ ( Secretary General`s Good Office Authority), သုံးဘို့လူသန်းပေါင်းများစွာကစာ ရေးဘို့လိုပါတယ်။ http://etan.org/action/contact.htm အဲဒီ ဝက်ဆိုက်မှာ UNITED NATIONS Secretary General Ban Ki-moon […]


timothyNovember 15, 20101min680
အန်တီစုတော့လွတ်လာပြီ။ သန်းရွှေရဲ့မျက်စိအောက်မှာလူထုအတွက်ပြောဆိုလှုပ်ရှားရတာအန္ဒရာယ်ကိုအမြဲလွယ်ထားရမှာဘဲ။ အန်တီစုကလဲသူအချုပ်အနှောင်ကလွတ်တုံးလူထုလိုလားတဲ့ဒီမိုကရေစီရအောင်တပ်အားသရွေ့တော့လုပ်မယ်တဲ့။ သူတဦးတယောက်ထဲလုပ်လို့မရနိုင်ဘူး။လူထုကလက်တွဲပြီးညီညီညွတ်ညွတ်နဲ့အတူတကွလုပ်မှလွတ်လပ်ရေးဒီမိုကရေစီပန်းတိုင်ကိုရောက်မယ်။ ဒါကိုကျုပ်တို့ပြည်သူလူထုနားမလယ်ဘူး၊နားမထောင်ဘူး၊အန်တီစုကိုပုံပြင်ထဲက ရွှေခေါင်းပြောင်တို့၊super woman တို့နဲ့ယှဉ်ပြီးသူတဦးတည်းစွမ်းအားနဲ့ဒီမိုကရေစီရယူပေးနိုင်တယ်၊ငါတို့ပြည်သူလူထုကတော့ဘာမှမလုပ်နိုင်ဘူး၊ ငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုသလို၁ဝ ဦး၁၂မျိုးကွဲပြီးနေမယ်ဆိုလို့ကတော့ အန်တီစုသာနောက်ထပ်၁ဝခါပြန်အဖမ်းခံရမယ်၊ကျုပ်တို့ဘယ်တော့မှလွတ်လပ်ရေးမရနိုင်ဘူးမှတ်ကြပါ။ ကျုပ်တို့အန်တီစုလိုလူထုခေါင်းဆောင်မျိုးရထားတာ ရှေးကကျုပ်တို့ကုသိုလ်ကောင်းမှုများကြောင့်၊ဒါကုသိုလ်ကံကောင်းလွန်းလို့ရတယ်မှတ်ပါ။ ဒီလိုအချိန်ကောင်းလေးရတုံးရခိုက်မှာသူမှာတဲ့အတိုင်းညီညီညွတ်ညွတ်လက်တွဲမြဖြုတ်တမ်း၊ လုပ်စရာရှိရင်လဲကိုယ်ကြိုးစွန့်ပြီးလုပ်နိုင်ရမယ်။ လူထုအားကိုကိုးကွယ်ယုံကြည်ပြီး အန်တီစုရဲ့လမ်းညွှန်မှုအတိုင်းတသွေမတိမ်းစုပေါင်းပြီးအားတက်သရောလက်တွဲပြီးအမိနိုင်ငံအတွက်လုပ်ပါ့မယ်လို့ အန်တီစုကိုကတိပေးသွေးသောက်ကြပါစို့။


KyaemonNovember 13, 201028min910
THESE REPORTERS TOOK GEAT PAINS AND EFFORTS TO GIVE US THE NEWS. AL JAZEERA YouTube – Myanmar refugees in Thailand see no hope http://www.youtube.com/watch?v=IzWCNB64c1M Millions of people who have fled Myanmar’s military rule are now living just across the border in Thailand. They will not be among those voting in Sunday’s election. They say there […]


Good IdeaNovember 12, 20101min1245
ကဲ ရွေးကောက်ပွဲကြီး ပြီးသွားပါပြီ။ နအဖကလည်း မီးကုန် ယမ်းကုန်ကို အရှက်မရှိ ညစ်ပတ်ခဲ့ပါပြီ။ ရွေးကောက်ပွဲ မလုပ်ခင်က ဒါဟာ အခွင့်အရေးဖြစ်တယ်။ ရတဲ့အပေါက်က လွှတ်တော်ထဲ ဝင်ကြမယ် ဘာညာ။ ပြည်သူ့ဆန္ဒကို ခံယူမယ် ဆိုတဲ့ အမတ်လောင်းကြီးများ ခုတော့ ဘာများတတ်နိုင်တော့သနည်း။ နအဖက ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ၂၀၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီမှာ နိုင်ငံတကာ ပညာရှင်တွေရော၊ မြန်မာ့ နိုင်ငံရေးသမားတွေရော ပြောကြ သတိပေးကြပါတယ်။ “အာဏာရှင်တွေဟာ ဘယ်တုန်းကမှ အလိုအလျောက် အာဏာစွန့်ရိုး ထုံးစံမရှိပါ”။ ဒါဟာ နိုင်ငံတကာမှာ မျက်နှာပြလို့ ကောင်းအောင်၊ စစ်တပ်ဗိုလ်ကျတဲ့ နိုင်ငံရေး သက်ဆိုးရှည်အောင် လုပ်တဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲသာဖြစ်တယ်လို့ ပြည်တွင်းရော ပြည်ပရော […]


Good IdeaNovember 11, 20101min750
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက  မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က  မဲဆန္ဒနယ် ၅ရ ခုမှာ အနိုင်ရသွာတယ်လို့ ရန်ကုန်မြို့ရှိ ကျားဖြူပါတီ ရုံးချုပ်က ပါတီဝင် တဦးက ပြောပါတယ်။ ကျားဖြူပါတီဟာ ကျောက်မဲမှာရှိတဲ့ မဲဆန္ဒနယ် အားလုံးအပါအဝင် အခြားမြို့တွေက ပြည်သူ့လွှတ်တော်နဲ့ မြည်နယ်လွှတ်တော်တွေမှာ အများဆုံး အနိုင်ရတယ်လို့ သိရပါတယ်။ ကျားဖြူပါတီဟာ ဒီရွေးကောက်ပွဲမှာ အမတ်လောင်း ၁၅ရ ဦး ဝင်ပြိုင်ထားပြီးတော့ စတုတ္ထမြောက် အမတ်လောင်း အများဆုံးဝင်ပြိုင်တဲ့ပါတီ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတိ – RNDP ကတော့ စုစုပေါင်း အမတ်လောင်း ၄၄ ယောက်ဝင်ပြိုင်တာ ၃၅ ယောက် အနိုင်ရခဲတဲ့အတွက် ၇၉. ၅၄ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ ရခိုင်ပြည်နယ်က စစ်တွေ၊ […]


KyaemonNovember 11, 20107min1020
YOU CAN SEE THE MENTAL ANGUISH AND ANXIETY IN THEIR FACES. SELECTED PICTURES FROM SACRAMENTO BEE (MAJOR NEWSPAPER IN SACRAMENTO, CALIFORNIA). THEY ARE PICTURES ABOUT THE SUFFERING REFUGEES AND THE ELECTION. The Frame: Myanmar’s struggle for democracy http://blogs.sacbee.com/photos/2010/11/myanmars-struggle-for-democrac.html#more YANGON, Myanmar (AP) — Fighting between ethnic rebels and Myanmar government troops has sent at least 10,000 […]


KyaemonNovember 11, 201029min1100
COLLECTED FLICKR SLIDESHOWS AND OTHER VIDEOS AND PHOTOS. refugees tag http://www.flickr.com/photos/motivated/tags/refugees/show/ Karen refugees flee from election-related violence http://www.flickr.com/photos/burmapartnership/sets/72157625337460268/show/ Mae Sot Refugees Nov 8-9 http://www.flickr.com/photos/burmapartnership/sets/72157625346611762/show/ Refugees sent back to Myawaddy http://www.flickr.com/photos/burmapartnership/sets/72157625222194547/show/ Myanmar Refugees Flee Country for Thailand – Photos – WSJ.com http://online.wsj.com/article/SB10001424052748703514904575602643594641952.html?KEYWORDS=myanmar+fighting Burma Partnership – Refugees fleeing from Myawaddy to Mae Sot November 8th – TwitVid […]


maungmoenyoNovember 11, 20101min710
ဒုတိယရဲ့အစ မကြာခင်ကဘဲစစ်ကိုင်းတိုင်းကလေးမြီု့မှာNLD အပါအဝင်အဓိကနိုင်ငံရေးအတိုက်အခံများ (NCGUBအပါအဝင်ပြည်ပအတိုက်အခံများ) အားလုံးကသဘောတူခဲ့တဲ့ပင်လုံညီလာခံကျင်းပရေးကိစ္စဟာ အသစ်ချတ်ချွတ်ပေါ်ထွက်လာမဲ့ စစ်အစိုးရကိုစိန်ခေါ်လိုက်ပါပြီ။ စစ်အစိုးရကခုချိန်ထိရေငုံနှုတ်ပိတ်နေပေမဲ့၊ အဲ့ဒီသမိုင်းဝင်မဲ့ဖြစ်ရပ်ကိုရင်ထိတ်စွာနဲ့မျက်ခြေမပြတ်ကြည့်နေပြီဆိုတာသေချာပါတယ်။ အရင်ကပဌမ ဗိုလ်ချုပ်အောင်ဆန်းမျိုးစေ့ချခဲ့တဲ့တိုင်းရင်သေားသွေးစည်းညီညွတ်ရေးဟာလွယ်လွယ်နဲ့ရခဲ့တဲ့ညီညွတ်မှုမဟုတ်ပါဘူး။ ပင်လုံညီလာခံကိုသမိုင်းပညာရှင်အချို့ကချွတ်ယွင်းအားနဲချက်တွေရှိတယ်ဆိုပေမဲ့အဲ့ဒီအချိန်က ဒီသဘောတူညီချက်ဟာ၊ တမျိုးသားလုံးကတောင့်တပြီးအရေးတကြီးလိုအပ်နေတဲ့လွတ်လပ်ရေးအတွက်တခု တည်းသောထွက်ရပ်လမ်းဖြစ်ခဲ့ပါတယ်။ တနည်းဆို၇ရင်ဗိုလ်ချုပ်အောင်ဆန်းကိုပုဂ္ဂိုလ်ရေးအရလည်း ယုံကြည်ကြတာပါတဲ့အတွက်တိုင်းရင်းသားခေါင်းဆောင်တွေကသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပြည်နယ်များကသင့်တော်တဲ့အချိန်မှာ၊ ပြည်မကြီးကနေခွဲထွက်ခွင့်ကိုနိုင်ငံခေါင်းဆောင်တွေကမလိုလားခဲ့ပေမဲ့၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုအာသီသပြင်းထန်တဲ့တိုင်းရင်းသားတွေကအဲ့ဒိအချက်ကိုလက်ဆုပ်လက်ကိုင်ပြုခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်အဲ့ဒီအချိန်ကထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေအားလုံးကတညီတညွတ်ထဲ သဘောတူစာချုပ်ခဲ့ပါတယ်။ အဲ့ဒိသဘောတူညီချက်စာတမ်းကိုဘိလပ်မှာတင်ပြနိုင်ခဲ့တဲ့အတွက်၊ နန်းရင်းဝန် အက်တလီကစာချုပ်ဖို့သဘောတူခဲ့ပြီး၊ မြန်မာနိုင်ငံကိုတနှစ်အတွင်းလွတ်လပ်ရေးပေးဘို့လိုက်လျောခဲ့ရပါတယ်။ လုံးဝလွတ်လပ်ရေးကိုဗိုလ်ချုပ်ကဦးတည်ခဲ့ပေမဲ့နောက်ပိုင်းမှာနိုင်ငံထူထောင်ရေး၊ရပ်တည်ရေးေ၇ရှည်အကျိုးအတွက်”ဒိုမီနီယံ”စနစ်ကသူ့စိတ်ဆန္ဒမှာရှိခဲ့ကြောင်းသူ့ရဲ့လွှတ်တော်နဲ့ကက်ဘိနက်မိန့်ခွန်းတွေမှာပြဆိုထားပါတယ်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီးတော့တိုင်းရင်းသားတွေကလှုပ်လှုပ်ရွရွဖြစ်လာလို့၊ သခင်နုကဘဲအက်တလီနဲ့နောက်ထပ်စာချုပ်ပြီးအရင် အောင်ဆန်းအက်တလီစာချုပ်ကိုအားဖြည့်ခဲ့ရပါတယ်။ သမိုင်းနဲ့တည်ခဲ့တဲ့လူမျိုးရေးခွဲခြားမှုပယောဂဟာဒီနေ့အထိမီးမသေသေးပါဘူး။ (၁၉၄၇) ဖွဲ့စည်းပုံမှာ ပြည်နယ်ခွဲထွက်ခွင့်ကိုခွင့်ပြုခဲ့ပေမဲ့၊ (၁၉၇၄)အခြေခံဥပဒေမှာဖေါ်ပြခြင်းအလျင်းမပြုခဲ့ပါဘူး။ ဒါပေမဲ့ခု (၂၀၀၈)ဖွဲ့စည်ပုံမှာတော့ “ခွဲမထွက်၇”ဆိုတဲ့ဥပဒေနဲ့အတိအကျပြဌာန်းပြီးပိတ်ပင်လိုက်တယ်။ အဲ့ဒါစနက်တခုပါဘဲ။ တိုင်းရင်းသားတွေရဲ့ခံစားချက် ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ဥပဒေကသူကိုလေးစားမှုယုံကြည်မှုပေါ်မှာအခြေခံပြီးတိုင်းရင်းသားတွေက လက်ခံထားတာပါ။ ခုဖွဲ့စည်းပုံဥပဒေကလက်တဆုပ်စာစစ်ဗိုလ်ချုပ်များကလွဲရင်သန်း(၆၀)သောလူထုကသ ဘောမတူတဲ့အပြင်အစိုးရကိုလဲအယုံအကြည်မရှိပါဘူး။ ရှမ်းပြည်ပဒေသရာဇ်တွေအာဏာစွန့်ဘို့ဘယ်လောက် အထိခက်ခက်ခဲခဲလုပ်ခဲ့ရလဲဆိုတာကိုမှီတဲ့သူတွေဖြစ်တဲ့ဗိုလ်နေဝင်းအစိုးရမှာပါတဲ့တော်လှန်ရေးကောင်စီဝင် များ ကောင်းကောင်းကြီးသိပါတယ်။ နောက်လူတွေကတော့ကြားဘူးရင်ကြားဘူးမှာပါဘဲ။ ဗိုလ်စန်းယု၊ဗိုလ်သောင်းကြည်၊ ဗိုလ်ကြည်မောင်၊ ဗိုလ်အောင်ကြီးတို့ကကောင်းကောင်းသိခဲ့ပါလိမ့်မယ်။ ကရင်နီနဲ့ကရင်တွေကလည်းသူတို့ကိုဗမာတွေကခုထိတန်းတူမဆက်ဆံဘူးဆိုတဲ့ခံစားချက်ရှိနေဆဲပါ။ လူမျိုးရေးစိတ်ပြင်းတဲ့နိုင်ငံရေးခေါင်းဆောင်တချို့ကြောင့်လဲပါပါတယ်။ ချင်းတောင်တန်းဒေသဟာတကယ်ပြော၇ရင်နယ်ချဲ့မြန်မာနိုင်ငံဝင်ရောက်စဉ်ကသိမ်းပိုက်ခံရတဲ့အဆင့်အထိမရောက်ခဲ့ပါဘူး။ […]