ဂ်စ္စူNovember 4, 20101min1063
အန္ဒိယ နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက နအဖ၏ ၂၀၁ဝ ရွေးကောက်ပွဲနှင့် နိုင်ငံတော်အလံသစ်အား အောက်ပါအတိုင်း သောင်းသောင်းဖြဖြ ကြိုဆို မေတ္တာပို ့ ခဲ့ကြပါသည်။အခုလို မေတ္တာပို ့သတဲ့..အခုလိုကြိုဆိုကြပါတယ်။Photo news။ ။ Ap / ဒီမိုဝေယံ အိန္ဒိယနိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများကနယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးတွင်နအဖ၏ အတုအယောင်၂၀၁ဝရွေးကောက်ပွဲအားအလိုမရှိ။ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်ကြွေးကျော်သံများဖြင့် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်….. ထိုဆန္ဒပြပွဲတွင် တိဘက်ဘုန်းကြီးများလည်းပါဝင်ပြီး လူပေါင်း (၇၀၀) ကျော် တက်ရောက်ပါဝင်ခဲ့ကြောင်း လာမည့်နိုဝင်ဘာလ (၇)ရက်နေ့တွင်လည်း ထပ်မံပြုလုပ်သွားမည်ဟုုသတင်းရရှိပါသည်။ အပြည့်အစုံသို ့..


timothyNovember 3, 20101min610
တတိုင်းပြည်လုံးအုံးအုံးကြွက်ကကြွက်နဲ့ရွေးကောက်ပွဲကိုတညီတညွတ်ထဲသပိတ်မှောက်ဘို့စစ်အာဏာရှင်တွေကိုလူထုရာဇသံပြစ်ထားတာတွေကတော့အားရစရာဘဲဗျာ။ ဗိုလ်သန်းရွှေတယောက်လူထုကိုဘယ်လောက်ကြောက်ချီးထွက်အောင်ကြောက်လဲဆိုတာ ဒီနေ့ ဘားမားနက်သီတင်းမှာစစ်အစိုးရရဲ့ရွေးကောက်ပွဲကိုလူထုကသပိတ်မှောက်ရင်သူတို့မတရားအနိုင်ယူဘို့လုပ်ထားတဲ့ပွဲကိုဖျက်မယ်လို့ချိမ်းခြောက်နေပြန်ပြီ။ ကြောက်စရာမကောင်းဘဲသူငယ်ပြန်ပြီးခလေးဆိုး ဆိုးနေတဲ့ မသန်းရွှေရဲ့အဖြစစ်သနစ်ကတော့လူအများဟားတိုက်ရယ်စရာဘဲ။ အဲဒီလင့်မှာဝင်ကြည့်နိုင်ပါတယ်။ http://www.burmanet.org/news/2010/11/02/reuters-military-junta-threatens-to-keep-power/ ကျနော်တို့အတွက် တခုတည်းသော ဗမာ့ထွက်ရပ်လမ်းလို့ သမိုင်း၊ ကမ္ဘာ့သမိုင်းမှာမှတ်ကျောက်တင်မဲ့ ဒီအထွေထွေသပိတ်မှောက်ပွဲကြီးကိုမပျက်မကွက်ချီတက်မယ်။ ဗိုလ်သန်းရွှေရဲ့မတရားရွေးကောက်ပွဲနဲ့၂၀၀၈ မတရားဖွဲ့စီးပုံဥပဒေကိုမပျက်ပျက်အောင်ဖျက်မယ်။ ရွေးကောက်ပွဲရဲ့အသက်သွေးကြောလို့ခေါ်လို့ရတဲ့ ၁) မဲဆန္ဒရှင်၏မဲပေး-မပေးချင်ပိုင်ခွင့် ၂) မဲဆန္ဒရှင်အများစုတက်ရောက်မဲပေးခြင်း အဲဒီ ၂ ချက်သော ရွေးကောက်ပွဲရဲ့ဝိသေသက တခုခုကိုဖျက်ရင်ရွေးကောက်ပွဲပျက်တယ်။ ဒါ့ကြောင့်လဲ အန်တီစု၊ တိုင်းရင်းသားခေါင်းဆောင်များ၊အကျဉ်းကျနေသောနိုင်ငံခေါင်းဆောင်များအားလုံးကဒီမတရားရွေးကောက်ပွဲကိုလူထုက သပိတ်မှောက်ဘို့ နည်းပေါင်းစုံအခက်အခဲများကြားကပြောဆိုညွှန်ပြနေကြတယ်။ မဲဆန္ဒရှင်ရဲ့ဆန္ဒကိုသန်းရွှေဘာဆိုဘာမှလုပ်လို့မရဘူး။ ရွေးကောက်ပွဲနေ့၊ အဲဒီရက်တစ်ရက်မှာ ဘယ်သူမှမဲဆန္ဒရှင်ကိုလာထိလို့မရဘူး။အဲဒီနေ့မှာ ၂၀၀၀၀၀၀ဝ ကျော်မဲဆန္ဒရှင်ဟာအာဏာရှင်ရဲ့ဘုရားဘဲ။ ၂၀၀၀၀၀၀ဝ ကျော်သပိတ်မှောက်မဲများက ၁သိန်းတောင်မရှိတဲ့မိန်းမရွှင်သန်းရွှေရြဲ့ကလိမ်ညစ်မဲနဲ့သန်းရွှေကိုအသေသတ်မယ်။ ဒါကိူသန်းရွှေကြောက်ချီးပါပြီးစစ်တပ်အာဏာသိမ်းမယ်လို့ချိမ်းချောက်နေတာဘဲ။ ပြည်သူလူထဲု့တခဲနက်ဖြုတ်ချလိုက်တဲ့ဒီမတရားရွေးကော်ပွဲနဲ့ သန်းရွှေစစ်အစိုးရ ကို စစ်တပ်၊ကုလသမဂ်ဂ (United Nations)၊ တရုပ်၊ ကုလား၊ ရပ်ရှား ( Russia)ဘယ်သူမှမထောက်ခံနိုင်တော့ဘူး။ ကမ္ဘာ့နိုင်ငံအားလုံးက မြန်မာနိုင်ငံရဲ့ကံကြမ္မာကိုမြန်မာပြည်သားများသာရွေးချယ်ပိုင်ခွင့်အပြည့်အဝရှိတယ်။ဘယ်နိုင်ငံမှသူများနိုင်ငံရဲ့အတွင်းရေးကိုဝင်မစွက်ရ […]


ဂ်စ္စူNovember 3, 20101min450
နိုဝင်ဘာ ရ ရက်သို့ မကြာမီ ရောက်တော့မည်။ ရွေးကောက်ပွဲ ဝင်ပါတီများ၏ မဲဆွယ်စည်းရုံးရေး က မကြာမီကုန်ဆုံးတော့မည်။ ပါတီများ၏ အသက်က များသော အားဖြင့် လသားအရွယ်၊ သွေးနု သားနု၊ စည်းရုံးရေးကာလက သိပ် တော့မရှိလှ။ စည်းရုံးရေးသည် ရွေး ကောက်ပွဲအောင်နိုင်ရေးနှင့် ဆက် စပ်မှုရှိသည်။ ထို့ကြောင့် မဲဆွယ် စည်းရုံးရေးကျေနပ်အားရမှုရှိ မရှိ ကျွန်တော်တို့ မေးမြန်းခဲ့မှုအပေါ် ပြန်လည်တင်ပြလိုက်ပါသည်။ ဦးမောင်အေးဒီမိုကရက်တစ်ပါတီ (မြန်မာ) ရန်ကုန်တိုင်းစည်းရုံးရေးမှူး စည်းရုံးရေးအတွက် အားရမှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က ပြည်သူလူထုမှာ အ ကြောက်တရားတွေရှိနေတယ်။ နိုင်ငံ ရေးနဲ့ပတ်သက်တဲ့ စာရွက် စာတမ်း တွေ့ရင် ကြောက်နေကြတာ။ အခုတော့ ပါတီတွေကနေ ကား တွေနဲ့ နေရာတကာတွေ့နေတာ တော့ […]


ဂ်စ္စူNovember 2, 20101min580
နိုင်ငံတော်အလံသစ် အဓိပ္ပာယ်ဖွင့်ဆိုချက် လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်း မြန်မာစာ၌ အစားထိုး သင်ကြားသွားမည် ”နိုင်ငံတော်အလံသစ် စလွှင့်တဲ့နေ့ အောက်တိုဘာ ၂၁ ရက်ကစပြီး ညွန်ကြားချက်ဝင်တာ ရှိတယ်။ လာမယ့်နှစ်ကစပြီး သင်ကြားဖို့ ရှိပါတယ်။ နဂိုရိုက်ပြီးသား ပုံနှိပ်စာအုပ်တွေကတော့ ပြင်လို့မရတော့ဘူး။ အဲဒါကြောင့် အချပ်ပိုသဘောမျိုးနဲ့ ထည့်ဖြစ်ဖို့များမယ်ထင်တယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၂၅ တွင် ပြောသည်။ သင်ရိုးပြုစုရေးအဖွဲ့အနေနှင့်လည်း သင်ကြားမည့် သင်ခန်းစာနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက်က စတင်လွှင့်ထူလိုက်သော ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတွင် အဝါရောင်၊ အစိမ်းရောင် နှင့် အနီရောင် အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ၅ ခု […]

no-vote.jpg

ထင်ရှားတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သူများနဲ့ ပါဝင်အရွေးခံမဲ့သူ ထောက်ခံသူများရဲ့ ပြောစကားတွေကို လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ်။ အကြမ်းအားဖြင့်တော့ သခင်စိတ်နဲ့ နိုင်ငံရေးလုပ်သူများနဲ့ ကျွန်စိတ်နဲ့ပေးသမျှယူ ကျွေးသမျှစားပြီး ရလိုရငြားလုပ်ကြည့်မယ်ဆိုများပါ။ ၁၉၉ဝ အလွန်နှစ်တွေလောက်က ဒေါ်စုကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရာထူးပေးဖို့ ရာထားတယ်လို့ နအဖက အင်္ဂလန်မှာ သီတင်းသုံးတဲ့ မြန်မာဆရာတော်တပါးကို လျောက်ဖူးပါတယ်။ တခါ ၂၀၀ဝခုနှစ်များမှာ ဒေါ်စု အကျယ်ချုပ်က ပြန်လွတ်လာတုန်းကလည်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးရာထူးပေးမယ်လို့ ထောက်လှန်းရေးက သတင်းလွှင့်ခဲ့ဖူးပါတယ်။ အခုရွေးကောက်ပွဲဝင်မဲ့ အတိုက်အခံဟောင်းများ အဲဒီလိုသာ ကမ်းလှမ်းခံရရင်ဆိုပြီး အင်နဲ့အားနဲ့ မဲဆွယ်နေကြပုံ ပေါ်ပါတယ်။ ခြင်္သေ့မှန်ရင် မြက်မစားပါဘူး၊ မြန်မာ့နိုင်ငံရေး ဇာတ်ရှုပ်ကြီးကို ရှင်းချင်ရင် ဒေါ်စုနဲ့ အန်အယ်လ်ဒီ၊ မြေပေါ်မြေအောက် တိုင်းရင်းသား အဖွဲ့များမပါလို့ မဖြစ်ပါဘူး။ ရမယ်ထင်လို့ စစ်တပ်က […]


kaiOctober 31, 20101min1256
No Vote ထက် Vote No လုပ်စေချင် အခုရွေးကေါက်ပွဲကလည်းအတော်လေးနီးလာပါပြီ။ ပြည်တွင်းကလူတွေကိုမေးကြည့်ရင် မဲထည့်ဖို့စိတ်မဝင်စားသူခပ်များများပါ။ ပြည်ပမြန်မာမီဒီယာတွေကမဲမထည့်ကြနဲ့ဆိုတဲ့ No Vote Campaign ကြောင့်လား၊ မဲပေးချင်တဲ့ပါတီဝင်ရောက်မယှဉ်ပြိုင်လို့လားတော့ သဲသဲကွဲကွဲမသိပေမယ့်ကျနော်ကတော့ No Vote ဆိုတဲ့မဲမပေးရေးထက်ထက် Vote No ဆိုတဲ့သူတို့အမတ်လောင်းကိုဆန့်ကျင်မဲပေးခြင်းက ပိုထိရောက်မယ်လို့ထင်ပါတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုရင် အကယ်၍တစ်ခြားပါတီအားလုံးကသပိတ်မှောက်ပြီးကြံ့ခိုင်ရေးနဲ့ တဆညနှစ်ပါတီပဲပြိုင်ရင်တော့ No Vote ဆိုတဲ့မဲရုံကိုမဲသွားမပေးတာဟာအမှန်ကန်ဆုံးပါ။ မင်းတို့ဟာမင်းတို့လက်ဝါးရိုက်ထားတဲ့ရွေးကေါက်ပွဲပဲဘယ်သူမှမဲမပေးဘူးကွ ဆိုပြီးမဲမပေးခြင်းဖြင့်ကန့်ကွက်နိုင်ပါတယ်။ အခုအခြေအနေကတော့တစ်မျိုးပါ။ ပါတီ(၃၇)ခုက ရွေးကေါက်ပွဲကိုဝင်ပြိုင်မယ်။ ဒါပေမယ့်ခုနပြောတဲ့ပါတီကြီးနှစ်ခုကလွဲရင် ကျန်ပါတီတွေဟာ ဒီရွေးကေါက်ပွဲတ ရားမျှတပါတယ်လို့အစိုးရကလေသံဟစ်နိုင်အောင် ၊ပြောလို့ရအောင်ဝင်ပြိုင်တဲ့အနေအထားဖြစ်ပြီး မဲရဖို့အရွေးခံရဖို့မလွယ်ပါဘူး။ ကြံ့ခိုင်ရေးပါတီအတွက်တော့ကြိုတင်မဲတွေ၊သူတို့အဖွဲ့ဝင်တွေဆီကမဲရမှာအသေအချာပါ။ ဒါပေမယ့်ကျန်တဲ့ပါတီတွေကိုဘယ်သူတွေကမဲထည့်မှာလဲ။ သာမန်ပြည်သူတွေရဲ့မဲသာအဲဒီပါတီတွေကမျှော်လင့်ရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်သာမန်ပြည်သူပြည်သားတွေ(ဒီနေရာမှာသာမန်ပြည်သူပြည်သားဆိုတာကြို တင်မဲထည့်ရမယ့်အစိုးရဝန်ထမ်းတွေမပါ၊ ကြံ့ခိုင်ရေးပါတီဝင်မဟုတ်တဲ့ပြည်သူလူထုကိုပြောခြင်းဖြစ်ပါတယ်)ဟာမဲရုံတွေကိုသွားပြီး မဲထည့်သင့်တာပေါ့။သချင်္ာနည်းအရပြောရရင်မဲသွားမထည့်ခြင်းဟာအစိုရအတွက်(၀)မဲပါ။ မဲရုံကိုသွားပြီးသူတို့အမတ်ကိုကန့်ကွက်ပြီးကျန်တဲ့ထည့်ချင်တဲ့ပါတီကိုသာ ထည့်လိုက်ရင်အစိုးရအတွက်အဲဒီမဲဟာ အနှုတ်(၁)ပါ။ကျနော်မြင်တာကတော့အနှုတ်(၁)တွေများဖို့လိုပါတယ်။ တနည်းဆိုရရင်ကန့်ကွက်မဲတွေများဖို့လိုပါတယ်။ ပြည်သူတွေမဲလာမထည့်ပေမယ့်လာမထည့်တဲ့မဲတွေကို သူတို့အမတ်ကိုထောက်ခံတဲ့မဲအဖြစ် ထည့်ပစ်ဖို့အခြေအနေများနေပါတယ်။ နာဂစ်ကါလတုန်းကဖွဲ့စည်းပုံဥပဒေအတွက်အိမ်တွေမှာအမျိုးသမီးတွေကိုချည်းရွေးခေါ်ပြီး […]


timothyOctober 28, 20101min730
လောကမှာ အာဏာရှိနိုင်ငံ့ရေးသမားအကြောက်ဆုံးဟာအာဏာလက်လွှတ်ဆုံးရှုံးမှုဘဲ။ အဲဒါကိုမကြောက်ဘဲဝမ်းတောင်ဝမ်းသာပြီးအာဏာကိုရွံ့မုန်းတဲ့သမ္မတဟောင်း နယ်လ်ဆင်မင်န်ဒဲလားကိုကမ္ဘာ့ပြည်သူလူထုက သူတော်စင်အဖြစ်ရိုသေလေးစားကြတယ်။ အာဏာရှင်ကတော့ရာထူးလျှောထိုင်ခုံပျောက်မှာသေလုမတတ်ကြောက်ကြတယ်။ သူတို့လုပ်ခဲ့တဲ့အပြစ်တွေကလဲသေရင် ငရဲဟိုဘက်ကမ်းကအဝီဇိအထိကျနိုင်တော့လုဘဝမှာကြိုးစင်တက်ရမလားဆိုပြီးနင်းကန်ကြောက်တော့တာပေါ့။ ဒါ့ကြောင့်အာဏာရှင်ကရွေးကောက်ပွဲကျင်းပပေးရပြီဆိုရင်တော့သူ့ဆီမှာကြံစီရာမရအခက်အခဲတွေ့လို့ ဖိအားပေးမှုတွေများလို့ အိုမင်းပြီးဆီကုန်မီးဇာခန်းဖြစ်လာလို့ဘဲ။ အဲဒီမှာအနိုင်ရအောင်နည်းမျိုးစုံ အထက်လမ်းအောက်လမ်းညစ်ပါတ်မှုအပေါင်းသရဖူဆောင်းရတော့တာဘဲ။ အသက်ဘေးကကြောက်ရ၊ အကုသိုလ်ပေါင်းစုံခဲ့ပြီဆိုတော့တမလွန်ဘဝအတွက်ကြောက်ရနဲ့၊နောက်ဆုံးလူတွေနဲ့အဝေးဆုံးပျဉ်းမနားအလွန်တောထဲဝင်ပြေးရတယ်။မြေအောက်ဥမင်လှိုင်ခေါင်းတူးပြီဆိုကတည်းကဗိုလ်သန်းရွှေတယောက်လူတွေကိုဘယ်လောက်ကြောက်နေတယ်ဆိုတာသိသာပါတယ်။ ဗိုလ်သန်းရွှေခမျာကြောက်လို့ရွေးကောင်ပွဲအတုကြီးကိုလုပ်ရ၊ ရွေးကောက်ပွဲမှာလဲဗိုလ်စောမောင်လိုမရှုမလှရှုံးမှာကြောက်ရနဲ့လူတွေကိုဘယ်လောက်အထိသူကြောက်လဲဆိုတာကိုရှင်းပြနေတာပါ။ ကြောက်တဲ့အာဏာရှင်ဟာလူတွေကိုအနိုင်ရတုန်းအထက်ကဖိချောက်တယ်။ အကြောက်တရားကြီးမားလေ လူတွေကိုပိုဖိချောက်တာဘဲ။ ဒါတွေကိုလူတွေကသိပြီးရွေးကောက်ပွဲနေ့မှာငါဲင်္မဲမပေးဘဲသပိတ်မှောက်ရင်ငါ့ကိုတော့စစ်ပုလိပ်တွေဖမ်းတော့မှာဆိုတဲ့အဓိပ္ပါယ်မဲ့အကြောက်တရားကိုစွန့်ဖယ်ပြီးသတ္တိစိတ်တွေမွေးရမယ်။ ရွေးကောက်ပွဲနေ့မှာအာဏာရှိသူတိုင်းပြည်သူလူထုကိုထိုင်ရှစ်ခိုးမတပ်ဖါးကြတယ်။ဘယ်သူမှကိုယ့်ကိုမဲပေးပါ၊မပေးနဲ့အတင်းအကြပ်မလုပ်ရဲဘူး။အဲဒီနေ့ဟာဗိုလ်သန်းရွှေတို့အမြီးကုပ်နေမဲ့နေ့၊ လူတွေကိုပါစပ်ဖြဲပြီးလောကွတ်လုပ်ကြမယ်။ ပြည်သူတွေကိုဦးထိပ်ပန်မဲ့နေ့ဘဲ။ ဘာမှမကြောက်ဘဲရဲရဲတောက်သပိတ်မှောက်၊ မဲရုံကိုမသွား၊ဗလာမဲရုံများဖြစ်အောင်အားလုံးသပိတ်မှောက်ကြပါစို့။


Good IdeaOctober 28, 20101min632
“တစ်”..ကျနော်က ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တစ်ယောက်ပေါ့ဗျာ။ “နှစ်”…ဒါက နှစ်ပေါင်း ၂ဝ အကြာမှာ ကျင်းပတာလေ။ “သုံး”…လွှတ်တော် သုံးခုအတွက် ရွေးချယ်မှာနော့်။ “လေး”…ဝင်ပြိုင်တဲ့ပါတီက ၄ဝ တောင် မပြည့်ဘူးဗျာ။ ၃ရ ပါတီပဲ ရှိတယ်။ “ငါး” ဒီလ ၅ ရက်နေ့တုန်းကပေါ့။ “ခြောက်” ကြံ့ဖွတ် ခြောက်ယောက် အိမ်ကိုလာတယ်ဗျ။ “ခုနှစ်” နိုဝင်ဘာ ရ ရက်နေ့မှာ သူတို့ပါတီကို မဲပေးပါတဲ့။ “ရှစ်” ကျနော့်ကို ထိုင်ရှစ်ခိုးပြီး အဲဒီလို ပြောကြတာ။ “ကိုး” ကျနော်က မင်းတို့မှ မဟုတ်ဘူး။ ဘယ်ပါတီမှ ကိုးစားပြီး မဲမပေးဘူးလို့။ “တစ်ဆယ်” ဆယ်ခါပြန် ပြောပစ်လိုက်တယ်ဗျာ။ တွေးမိတာကို ရေးမိပါသည်။ Good Idea


timothyOctober 27, 20101min860
သပိတ်မှောက်မလားဆိုပြီး ဧရာဝတီဘလောဂ်မှာတွေ့ရတာကတော့ ၇၅%သပိတ်မှောက်ဘို့မဲပေးထားတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ ၁၀၀% ရာနှုံးပြည့်ဖြစ်စေချင်ပါတယ်။ ဘာ့ကြောင့်လဲ။ ရွေးကောက်ပွဲမှာ သန်းရွှေကလိန်ဉာဏ်ကိုကျုပ်တို့မဖျက်နိုင်လို့သူအနိုင်ရခဲ့လို့ကတော့ကျုပ်တို့ဘဝပျက်ပြီဘဲ။  အဲဒီနေ့မှာ မဲရုံကိုဘယ်သူမှမသွားဘဲသပိတ်မှောက် မဲရုံမှာလဲချောက်တီးချောက်ကပ်ဆိုလို့ကတော့ သန်းရွှေ ဘဝအပျက်ဘဲ။ တရုပ်လဲမြန်မာလူထုတရပ်လုံးရဲ့မဲရုံသပိတ်မှောက်တာကြောင့်သန်းရွှေကိုဘယ်လိုမှမကယ်နိုင်တော့ဘူး။ သန်းရွှေစိတ်ကောက်ပြီးစစ်တပ်အာဏာသိမ်းလို့ကတော့သူ့ပွဲသူအဖျက်ဘဲ။ ကုလသမဂ်ဂ အေဆီယန် နဲ့ တရုပ်တို့က ဗမာပြည်သူလူထုကသာမိမိရဲ့ကံကျမ္မာကိုဖန်တီးရမယ်။ ဘယ်သူမှသူများနိုင်ငံအရေးမှာဝင်မပါဘူးလို့အတိအလင်းကြေငြာထားပါတယ်။ ဗြောင်တလင်းရှင်းနေတဲ့မဲရုံကို သန်းရွှေဘယ်လိုမှမလိမ်နိုင်တော့ဘူး။ သန်းရွှေကိုကျုပ်တို့မဲအနိုင်ပေးလိူက်လို့ကတော့ လူထုဆန္ဒပြပွဲကြီးတို့ လွှတ်တော်မှာတဖြေးဖြေးပြင်ယူမယ်တို့စိတ်ကူးမယဉ်ကြပါနဲ့။ အစုလိုက်အပြူံလိုက် နိုင်ငံဖြိုခွဲမှုပေါင်းစုံနဲ့ထောင်နန်းစံ အကျိုးမဲ.ဘဲ။ အကျိုးမဲ့သေကျေပျက်စီးကြအူံ့းမယ်။ သပိတ်မှောက်မှုနဲ့ထောင်ချရတမ်းဆိုအနည်းဆုံး လူ ၂၀၀၀၀၀၀ဝ အတွက်ချွေးတပ်စခန်းတွေဖွင့်ရမယ်။ ဒါဆို တရုပ်ကြီးလဲမကယ်နိုင်ဘူး။ ပြည်သူတွေဘယ်လမ်းရွေးမလဲ။ လမ်းရွေးမှန်နိူင်ကြပါစေ။


MandalayTharOctober 27, 20101min1090
အိန္ဒိယကို ဥပမာထားပြီးပြောရရင် ၁၉၇၅မှာ အင်ဒီရာဂန္ဓီက အတိုက်အခံတွေ အားလုံးကို ထောင်ထဲ ထည့်ပစ်လိုက်တယ်။ ရွေးကောက်ပွဲ ကြေညာတဲ့အချိန်မှာ နိုင်ငံရေး ခေါင်းဆောင်တွေကို ထောင်ချထားပေမယ့် ထောင်ထဲကနေ ဝင်ပြိုင်ခွင့် ပြုခဲ့တယ်လေ။ အဲဒီတုန်းက ဂျော့ဖာနန်ဒစ်လဲ ထောင်ထဲမှာပဲ။  သူ့ဓာတ်ပုံကို ယူပြီးတော့ တနိုင်ငံလုံးမှာ ကားတွေနဲ့လှည့်ပြီး စည်းရုံးရေးတွေ လုပ်ကြတယ်။ အဲဒီမှာ သူက တနိုင်ငံလုံး ဒုတိယ မဲအများဆုံးနဲ့ နိုင်ခဲ့တယ်။ ဒါ့ကြောင့် နေအိမ်အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ ထောင်ကျနေတာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ပါဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ ဒီစကားလေးကို ကြိုက်မိလို့ ဧရာဝတီကနေ ကူးပြီး sharing လုပ် တင်ပေးလိုက်ပါတယ်။ မဖြစ်နိုင်တာလဲ သိပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံ မဟုတ်သလို။ မောင်သန်းရွှေဟာလည်း အင်ဒီရာဂန္ဓီမဟုတ်ဘူးဗျာ။ မဖြစ်နိုင်မှန်းသိပေမဲ့လည်း တိုင်းပြည်ကို ချစ်တဲ့သူတယောက်အနေနဲ့ […]


cobraOctober 26, 20101min430
မြန်မာနိုင်ငံရေးပါတီ ၅ ပါတီထက်မနည်း အင်တာနက် လူမှုကွန်ယက် Facebook နှင့် ဝက်ဘ်ဆိုဒ်များ ဖွင့်ကာ မီဒီယာအသစ်ဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြကြောင်း သိရသည်။ ရွေးကောက်ပွဲဝင် ၃ရ ပါတီထဲမှ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) UDP ၊ ကြံ့ဖွံ့ပါတီ USDP ၊ ကရင် ပြည်သူ့ပါတီ KPP ၊  မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ DPP တို့ ပါတီ မူဝါဒ ရေးရာများနှင့် လှုပ်ရှားမှုများကို Facebook နှင့် ပါတီ ဝက်ဘ်ဆိုဒ်များတွင် တင်ပြ မဲဆွယ်နေကြသည်။ “Facebook ဝင်ကြည့်တဲ့သူက အများကြီး ဖြစ်နေတယ်။ […]


smytu1996October 25, 20101min832
မြန်မာနိုင်ငံမှာ ၂၀၁ဝ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့်ဩဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။ ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီအနိုင်ရဖို့ […]