ကိုချစ်ရင်ထူးရေ… “ဒီမိုကရေစီ” ဆိုတာဘာလဲသိချင်ရင် အလွယ်ဆုံးနည်းလေး ပေးချင်ပါတယ်။ ဗိုလ်ချုပ် ရဲ့ ၁၉၄ရ ဇူလိုင် ၁၃ မိန့်ခွန်း မှာပါတဲ့ လွတ်လပ်ရေး ဆိုတဲ့ စကားလုံးတွေနေရာမှာ ဒီမိုကရေစီ လို့ အစားထိုးပြီး ဖတ်လိုက်ပါဗျာ။ မြင်သာအောင် ကျွန်တော် စာလုံးအမည်းနဲ့ ပြပေးထားပါတယ်။ (((ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် […]


အထူးသတင်း…………. ယမန်နေ့ ညနေ 3း30 ဝန်းကျင်ခန့်တွင် တောင်ငူမြို့ ဒေါ်အောင်ဆန်းဆုကြည်ဟောပြောပွဲတွင် စင်အောာက် လူထုကြားတွင် ဂျင်ကလိ လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား—–အမျိုးသားတစ်ဦး ရင်ဝတွင်ဒဏ်ရာရရှိခဲ့၊ ထိုကိစ္စအတွက် ကိုအဖွဲ့ချုပ်မှ ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည် ယနေ့ည 7း15 အချိန်ခန့်တွင် ရန်ကုန်နေပြည်တော်လမ်း 86 မိုင်တိုင် အရောက်တွင် ဒေါ်အောင်ဆန်းဆုကြည် လုံခြုံရေး ယာဉ်တန်းအား လမ်းဘေး မမြင်ကွယ်ရာမှ လောက်စလုံး(အမာ) ဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ကားနှင့်တစ်စီးခြားတွင် အဆိုတော်လင်းလင်းနှင့် လူငယ် ၆ ယောက် လိုက်ပါလာခဲ့သော အစ်ဆူဇူး ဒယ်ဘယ်ကက် ကား လုံခြုံရေးကား မှန်ကွဲပြီး လုံခြုံရေးကားပေါ်ပါ လူငယ်များ ဖူးယောင်ဒဏ်ရာရရှိ။ ကားရှေ့မီးကြီးအား ရည်ရွယ်ပစ်ခတ်ဟူခန့်မှန်းရ…..။ ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု […]


နေပြည်တော်မှာ Lady Su မဲဆွယ်ဖို့ အခက်အခဲတွေ ဟောပြောမဲဆွယ်မယ့်ကွင်းပြင်နေရာအတွက် ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် လယ်သမားတွေက လယ်ကွင်းတွေသုံးခွင့်ပေးကြ၊ ရွာသူရွာသားတွေ၊ အလုပ်သမားတွေနဲ့ အစိုးရဝန်ထမ်းတွေပါမကျန် တခဲနက် ကြိုဆိုအားပေး ထောက်ခံခဲ့ကြပါတယ်.. နေပြည်တော်ဇမ္ဘူသီရိမြို့နယ်မှာ Lady Su ရဲ့ မဲဆွယ်တရားပွဲကို ကိုယ်တိုင် သွားရောက် ကြိုဆို အားပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ ဂေဇတ်မိသားစုဝင်များအတွက် ပြန်လည်ဝေငှလိုက်ပါကြောင်း အန်တီစု တရားဟောတုန်း ရိုက်ထားတဲ့ movie လေးတွေကတော့ ဒီ connection နဲ့  တင်ဖို့ လုံးဝ မဖြစ်နိုင်တာသိလို့ စိတ်လျှော့ထားလိုက်ရပါတယ်လို့သာ


ကိုBlackchaw ရဲ့ ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ ပို့စ်နဲ့ အောက်က ကွန်မင့်တွေဖတ်ရတော့ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ အချက်အလက်တွေ၊ စာအုပ်တွေ အများကြီးကို တထိုင်တည်း ဖတ်လိုက်ရသလိုပါပဲဗျာ.. ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် လွတ်လပ်ရေးဖခင်တစ်ယောက်၊ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်ထဲက သူရဲကောင်းတစ်ယောက်အဖြစ်နဲ့တင် ဗိုလ်ချုပ်ကို ချစ်ပြီးသား.. ဗိုလ်ချုပ် စိတ်ထား ဘယ်လောက် ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊ စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်ဆိုတာ ဒီလိုစာတွေဖတ်မှသာ သိကြရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်၊ အန်တီစု ပြောခဲ့တဲ့ထဲမှာပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့… ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ […]


နွယ်ပင်February 4, 20121min975
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေဖော်ဝါရီလ ၄ရက်နဲ့ ၅ ရက်နေ့များတွင် မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားခဲ့ပါတယ် “ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေ နဲ့ နှစ်၃ဝစာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်း က ဘောလုံးအားကစားအပါအဝင် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD […]


YANGON: Myanmar’s youth,no stranger to the  country”s long struggle for  for democracy ,are increasingly daring to emerge from the political shadows as the regime promises a new era of openness. Their enthusiasm offers much-needed new blood for Nobel Peace Prize winner Aung San Suu Kyi’s National League for Democracy (NLD) party,whose top ranks are filled […]


black chawJanuary 31, 20121min995
အောင်ဆန်းစုကြည် အကြောင်း သီချင်းလေးတစ်ပုဒ်ပါ။ 4 Shared.com ကိုမွှေနှောက်ရင်း ရခဲ့တာပါ။ အလွယ်တကူ ဒေါင်းလုဒ်ဆွဲနားထောင်လို့ ရပါတယ်။ တော်တော် ကောင်းတဲ့ သီချင်းလေးပါ။ U 2 အဖွဲ့က ဆိုထားတယ်လို့ ထင်ပါတယ်။ မှားရင်လည်း ပြင်ပေးကြပါ။ နားထောင်ပြီးသားကြီးဆိုရင်လည်း ခွင့်လွှတ်ပါ။ မူရင်းလင့်ကို တင်ပေးထားပါတယ်။ http://www.4shared.com/get/DFIIz5Ev/05_AUNG_SAN_SUU_KYI.html


    ဒီနေ့မလေးရှားသတင်းစာဖြစ်တဲ့ The Star News Paper မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကိုဖေါ်ပြထားပါတယ်။အရှေ့တောင်အာရှနိုင်ငံသတင်းမီဒီယာတွေရဲ့အထူးလေးထားဂရုစိုက်မူကိုပေါ်လွင်စေပါတယ်။ ကျနော်ဒီသတင်းကို မနက်ထဲကတင်ဖို့ပါပဲ..ဒါပေမယ့်ဒီနေ့မှ အလုပ်ကလည်းအရမ်းများပါတယ်၊ဒါပေမယ့်ရွာသံယောဇဉ်ကြောင့် မနက်(၄)နာရီအထိ မအိပ်သေးပဲကြိုးစားပန်းစားတင်ပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခရီးစဉ် အဖြစ်ပထမဦးဆုံးအနေနဲ့ မြန်မာပြည်ရဲ့တောင်ဖြားစွန်းမှစတင်တယ်လို့ထင်ပါတယ်။ကျနော်စိတ်ထင်တော့ အောက်ခြေမှစပြီးမြန်မာပြည်ကိုပြောင်းလဲဖို့အတွက်သူမရဲ့ပထမဦးဆုံးခြေလှမ်းစတင်ခြင်းပါပဲ။ ဒေါ်အောင်းဆန်းစုကြည်ကို ထားဝယ်မြို့ခံတွေနဲ့အနီးအနားမှထောင်ပေါင်းများစွာသော ပြည်သူတွေဟာသောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ AFP..သတင်းထဲမှ ဒေါ်စုရဲ့မိန့်ခွန်းကိုယခုလိုထည့်သွင်းရေးသားထားပါတယ်။ “If we move in the right direction our country will have many opportunities.We are eager to seize them” “For the security of the people the rule of law is very important…We hope […]


ဒီနေ ့ဇန်နဝါရီလ(၂၂)ရက်နေ ့မှာ သံတွဲမြို ့NLD ရုံးခန်းကို ဖွင့်ပွဲကျင်းပနိုင်ခဲ့ပါတယ်။အမာခံနိုင်ငံရေးစိတ်ပါဝင်စားသူများ အပြင် တခြားပါတီဝင်များလဲ တက်ရောက်လာပါတယ်။ကြံ့ခိုင်ရေးပါတီက တော့လာရောက်ခြင်းမရှိပါဘူး။မနက် ၈ နာရီက နေစတင်ခဲ့ပြီး ၉ နာရီမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ဖွင့်ပွဲမစတင်မှီ ပါတီရဲ ့ဖြတ်သန်းမှု အတွေ ့အကြုံများ၊လူငယ်များအတွက်မျှော်မှန်းချက်၊သံတွဲဒေသခံများ ပါဝင်မှု အားယခုထက်ပိုမိုလာဖို ့တိုက်တွန်းစကား အသီးသီး ပြော ကြားသွားပါတယ်။ပါတီဖွင့်ပွဲ အမှတ်တရ ဓါတ်ပုံများကို တင်ပေးလိုက်ပါတယ်။                                                   […]


ဒေါ်စု ခရီးထွက်ရင် လူထုကို အခါအားလျော်စွာ ကားပေါ်တက်ပြီး လက်ပြနှုတ်ဆက်တာ သတင်းဓာတ်ပုံများမှာ တွေ့ဖူးတယ်။ သူစီးတဲ့ကားက အိမ်စီးအဖြူရောင် ဆလွန်းကားလေးဆိုတော့ အဆင်မပြေဘူး။ ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ကားကြမ်းပြင်ပေါ်တက် မျက်နှာပြရတယ်။ အခုဆိုရင် ရွေးကောက်ပွဲလည်း နီးနေပြီမိုလို့ မကြာခဏ မော်တော်ကားစီး ခရီးထွက်ရဖို့ ရှိပါမယ်။ အခုကားလေးက ဟိုသွားဒီသွားလောက်ပဲကောင်းတာမို့ လူထုနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့လို့ရ ခရီးသွားဖို့လည်း ပိုသင့်တော်မယ့် ကားခေါင်မိုး sunshade အဖွင့်အပိတ်ပါတဲ့ ဖိုးဝှီးဒရိုက်ဗ်ကားမျိုးဖြစ်ဖြစ်၊ ဆလွန်းကားဖြစ်ဖြစ် အသစ်ထပ်ဝယ် ဒါမှမဟုတ် လက်ရှိကားနဲ့လဲစီး ဒါမှမဟုတ် နိုင်ငံခြားလုပ်ကားဈေး သိပ်ကြီးတယ်ဆိုရင်လည်း စက်ကောင်း အကြမ်းခံ အဲယားကွန်းလိုမျိုးပါတဲ့ ပြည်တွင်းဖြစ် ကြားတစီးစီး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ဒေါ်စု အခုစီးနေတဲ့ကားကို အများပြည်သူကို လေလံပစ်ပြီး ရလာတဲ့ အပိုဆောင်းငွေများဖြင့်လည်း ကားသစ်တစင်း ဝယ်ယူနိုင်မယ်ထင်ပါတယ်။ […]


 ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝန်းကို ကားဖြင့်ဝင်တိုက်မိသည့် ပြဿနာသည် မတော်တဆလား၊တမင်ရည်ရွယ်ချက်လားဆိုတာ မသိရသေးပါဘူး။ ဒီသတင်းကို ယခု နာရီပိုင်းအတွင်းရရှိပါသည်။ http://www.thithtoolwin.com-news   မှရရှိပါသည်။ ပုံထဲက အတိုင်းမြင်ရတဲ့ကားက စည်ပင်ကားနဲ့တူနေတယ်…တိုက်ဆိုင်မူပဲလား..ရည်ရွယ်ချက်နဲ့လား…ဘာကြောင့်လဲ..သေသေချာချာသိချင်၍ အလွန်အစွမ်းထက်လှသော မန်းဂေဇက်ပေါ်သို့ အဖြေထွက်ရန်တင်ဆက်လိုက်ပါတယ်ခင်ဗျား.. ဒီသတင်းကိုသိရှိသောသူများအမြန်ဆုံးအကြောင်းကြားစေလိုပါသည်…


kanjosanJanuary 16, 20121min1117
ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့အခါမှာလည်း ယိုးဒယားပြည်လို ဖြစ်ချင် သလား။ တူရကီပြည်လို ဖြစ်ချင်သလား။ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ်(အမေရိကန်)လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင် သလား။ ဆိုဗီယက် ယူနီယံလိုဖြစ်ချင်သလား။ ဖြစ်ချင်တာတွေအပေါ်မှာ မှီပြီး တော့ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် ပြောပြချင်တယ်။ အလုပ်မလုပ်ဘဲနဲ့ တော့ မဖြစ်ဘူး။ . . . ” ဗိုလ်ချုပ်အောင်ဆန်း