ဇီဇီMarch 22, 20161min43422
ပထမဆုံးပြေါချင်တာက ဒီ စာသားကို ရေးနေတဲ့အချိန်မှာ အရီး လတ် ကို လွမ်းတယ်။   The winner takes it all The loser’s standing small Beside the victory That’s her destiny   ခုတလော ဒီ စာသားလေးပဲခေါင်းထဲရောက်ရောက်လာတယ်။ အမေနိုင်ပြီးကတည်းက အွန်လိုင်းမှာ နိုင်ငံရေးအကြောင်းမပြေါတာ ခုချိန်ထိပဲ။ မွေးမေလေ့က မေးလို့တောင် ရှင်းပြမိသေးတယ်။ ရွေးကောက်ပွဲမတိုင်ခင်က ကိုယ်ဒေါင်းတောက်နေတယ်ဆိုတာကလေ ….. မနိုင်မှာကြောက်တယ်။ မဲမရမှာကြောက်တယ်၊ အညစ်ခံရမှာကြောက်တယ်။ ဒီကြားထဲ ခြံစည်းရိုးခွထိုင်တွေမြင်ရင် ဝုန်းချင်တယ်။ ယှဉ် ပြေါခံရရင် အမေ့ကိုယ်စား သိပ်နာကျည်းတယ်။ ရိသဲ့သဲ့ သူ့လူကိုယ့်ဘက်သား အာဘော်တွေကို စိတ်နာတယ်။ ဗြောင်ဘောမ၊ ပါးပါးဘောမ၊ မသိမသာ […]


ဇီဇီMarch 11, 20162min46419
ဘာရေးရမှန်းလည်းမသိ။ စိတ်ထဲရှိတဲ့ အပြောင်းအလဲတွေကိုလည်း ရေးချင်။ စိတ်ထဲ သွားသလောက် လက်က လိုက်မရှင်းပြနိုင်၊ လိုက်မဖော်ပြနိုင်တာမို့ ရောက်တတ်ရာရာလေး ပြောအူးမယ်။   ကိုယ်တွေက ရှင်ဘုရင်ခေတ်ကနေစလို့ ကိုလိုနီခေတ် မဆလ နဝတ ကနေ ခု ကသစ (ကသေးစိမ်) ခေတ်ထိက အကြောက်တရားနဲ့ နေခဲ့ နေသားကျခဲ့တာမို့ အစိုးရဟေ့ ဆိုရင်ကို …. ဘုရင်မျိုး မှတ်ပြီး ကြောက်ရမယ် စိတ်မှာ စွဲနေကြတာ။ အစိုးရ ဆိုတာ ကိုယ့်ကို အုပ်ချုပ်မယ် အပြစ်ပေးမယ် ထောင်ထဲထည့်နိုင်တယ် စသည်ဖြင့်လောက်ပဲ တွေးနိုင်နေသလိုဖြစ်နေကြလို့သာ။ .   ကိန်းသေ/ကိန်းရှင်ပုံစံနဲ့ တွက်ကြည့်ရင် … ပြည်သူက ကိန်းသေပါ။ ပြောင်းလဲလို့ မရဘူး… အစိုးရဆိုတာ ကိန်းရှင်ဖြစ်ရမှာ။ . နောက်ပြီး ဥပဒေဆိုတာ […]


–           ပိုစ့်မတင်တာကြာလွန့်လွန်လွန်းလို့ ဘယ်လိုတင်ရမှန်းတောင် ခပ်မေ့မေ့… မနည်း ပြန်သင်ယူရတယ်… … … ကျုပ်တို့ပြည်သူတွေရွေးတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စား  သမ္မတလောင်းကို ရွေးပေးလိုက်တာအပေါ်မှာ အင်မတန်အားရကျေနပ်မိတယ်.. (အဲဒါမျိုး ကိုယ့်သက်တမ်း ငါးဆယ်စွန်းစွန်းမှာ အခုမှ စကြုံရတာ..) အဲဒါ.. ပီတိလေး ဖြစ်မယ်မှမကြံသေး – မလိုတမာ သတင်းဌာနတွေက နာမ်နှိမ်ပြီးခေါ်ကြရေးကြကြောင်း ကြားရတော့ တော်တော်စိတ်ကသိကအောက်ဖြစ်မိတယ်.. ဒီထဲက တစ်ခုက-  အရင်ဒရိုင်ဘာလုပ်ဖူးသူ  လို့ ဆိုတော့ ဘယ့်နှယ် … ဒီလူကြီး ဘယ်တုန်းက ဒရိုင်ဘာလုပ်လိုက်ပါလိမ့်မလဲ  လို့တောင် ခေါင်းခြောက်မိသေး… ပြီးတော့မှ- ဒေါ်စုကားကို မောင်းဖူးတာကို ဆိုလိုတာကိုး… … အော်…လောကကြီးနှယ်… ဟိုးအရင်  သူ့အမေလင်တစ်ယောက်တုန်းက  အဘကြီးကလေးထိန်းဖူးတာကျတော့ ကလေးထိန်းဟောင်းလို့ […]


alinsettFebruary 2, 20164min30216
ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်                                 ======================== DASSK -ဟလို…. RFA -အစ်မရေ…နေကောင်းလား… DASSK -ဟုတ်ကဲ့ နေကောင်းပါတယ်။ RFA -အခုကျင်းပနေတဲ့ ငြိမ်းချမ်းရေး  ညီလာခံအပေါ် အစ်မရဲ့ သဘောထား …သိပါရစေခင်ဗျ ။ DASSK – ဒီငြိမ်းချမ်းရေး ညီလာခံကပေါ့နော်… ၊ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘာပါပဲ။ ဒီလိုပဲ အစ်မ နားလည်တယ်။ တကယ့်ငြိမ်းချမ်းရေး ညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီး လုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ယူနိုင်မလဲ […]


ဒီဓါတ်ပုံလေးတွေကို…ဒီနေ့မနက် The Landslide Victory’ Post (FB) မှာတွေ့တော့ စိတ်ထဲခံစားမှုတချို့ဖြစ်ပေါ်လာတယ်ဗျ…. ဒေါ်စုပုံကတော့ ဒီနေ့ခေတ်လို ကင်မရာတွေ ၊ လက်ကိုင်ဖုန်းတွေပေါတဲ့ခေတ်မှာ သူ့အိုက်တင်အမျိုးမျိုး ၊ နေရာအမျိုးမျိုးမှာရိုက်ထားတဲ့ပုံတွေရနိုင်တာသိပ်မဆန်းလှ… ဗိုလ်ချုပ်တို့ခေတ်အခါက ကင်မရာဆိုတာတကယ့်ရှားပါးပစ္စည်း..လူတိုင်းတောင်မမြင်ဘူးနိုင်တဲ့ခေတ် ..ကျန်တဲ့ပုံတွေထက် လှေပေါ်တက်နေတဲ့ဗိုလ်ချုပ်ပုံကို အမိအရဖမ်းယူနိုင်ခဲ့တာ( ကင်မရာမန်းရိုက်ဖြစ်ခဲ့တာ) ထူးဆန်းတဲ့အထဲထည့်ရလိမ့်မယ်.. အခုလိုရှေးနဲ့ယခု ဓါတ်ပုံလေးတွေယှဉ်ပြတာတွေ့တော့…တူနိုင်ရက်လေခြင်းလို့တွေးမိပြီး အံ့ဩမိတာပါ…ဖအေတူသမီးအစစ်မို့တူတာပေမဲ့…..ဒီလောက်နဲ့တင် တူတာရပ်စေချင်စိတ် ရုတ်တရက်ပေါ်လာမိလို့..ဒီပို့စ်လေးကိုရေးတင်မိပါတယ်…. ဒီလောက်တူရင်တော်ပါတော့ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ..လို့သာ……..                   အားလုံးကိုခင်မင်လေးစားစွာဖြင့်…. ထာဝရလမ်းဆက်လျှောက်နေတဲ့.. ကြီးမိုက်။ ၅ ၊ ၁၂ ၊ ၂၀၁၅  


ဇီဇီNovember 11, 20151min30134
သည်းခံ ခင်ဇော် သည်းခံ ???? – မတရားတာတွေလည်း သည်းခံ – မှားတာတွေ လာပြောလည်း သည်းခံ – ဉာဏ်နည်းနည်း ကြိမ်းဝါးမှုတွေလည်း သည်းခံ – ဆိုက်ဝါးတွေလာအာနေတာလည်း သည်းခံ – မဖြစ်နိုင်တာအော်နေလည်း သည်းခံ – သတင်း အမှားတွေ ရှယ်နေကြတာကိုလည်း သည်းခံ – သည်းခံခြင်းနဲ့ အသားမကျသေးတာကို သည်းခံ – ချစ်လို့ သည်းခံ – ကြောက်လို့ သည်းခံ – ခံလက်စနဲ့ သည်းခံ အနည်းဆုံး ၃ လ – အများဆုံး ၆ လ မှာ.. ကိုယ်တွေ သည်းမခံနိုင်ရင် လူထုခေါင်းဆောင် ၂ရ နှစ် လုံးလုံး သည်းခံခဲ့တာ ရေစုန်မျောတာမျိုးး […]


ဇီဇီNovember 10, 20151min64928
  ဘဝမှာ အသက် ၂၅ ကနေ ခု ၃၅ အထိ ၁ဝ နှစ် အတွင်း အပျော်ဆုံး အချိန်ကာလ၊ စိတ်အလှုပ်ရှားဆုံး အချိန်ကာလပါပဲ။ :mrgreenn:   ဒီ အပြောင်းအလဲ အတွက် ဘာတွေကို ကျေးဇူးတင်ရမလဲ ဘယ်သူတွေကို ကျေးဇူးတင်ရမလဲ စဉ်းစားကြည့်လိုက်မိတော့.. ၁) ၁၉၈၈ ကနေ ၂၀၁၅ အထိ အသက်အန္တရယ် အသွယ်သွယ်ကြားက မလွဲမဖောက်ပြန်တဲ့စိတ်နဲ့ ကျနော်တို့ကို စေတနာထားခဲ့တဲ့ DASSK ၂)  အခုလို ရေးခွင့်ပြောခွင့်ရ လွတ်လပ်မှုတွေကို  အနုနည်းရော အကြမ်းနည်းရောနဲ့ အသက်နဲ့ ရင်းပြီးးးတိုက်ယူပေးခဲ့တဲ့ အကျဉ်းစံ အကိုအမတွေ… ၃) ၁၉၈၈ ကနေ ၂၀၁၅ အထိ ဘယ်လောက်နိမ့်ကျတဲ့ အခြေအနေမှာဖြစ်ဖြစ် ဒီချုပ်ကို ယုံယုံကြည်ကြည်လက်တွဲခဲ့တဲ့ […]


ဇီဇီNovember 9, 20152min607221
              ငင့်.. အဘ တို့…!!! ဟိုးးရှေးးရှေးးတုန်းးက ကလေးးကွက် အဟောင်းးတွေ ပြန် သုံးး တုန်းးလားးးး??? ?? ဒီမှာ က အထင်တကြီးးနဲ့ အသစ်အဆန်းး လှည့်ကွက်တွေ မျှော်နေတာ… ??? ဒီ အခြေအနေ ရောက်မှတော့ ပြည်သူတွေ တိုင်းရင်းသားတွေ ပြည်နယ်သားတွေ ကို အချဉ် လို့ မှတ်ပြီးး မဖမ်းးစေလို…!! ခိခိခိ     —– . . Please share this message. Suspected irregularities about early voting results are happening right now in […]


ရွာထဲမရောက်ဖြစ်တာ ကြာခဲ့ပြီ… သံယောဇဉ်က တွယ်လျက်ရှိသည်မို့… အခုအချိန်မှာတော့ မှတ်တမ်းတစ်ခု… နောက်တချိန်အတွက် သမိုင်းတခုဖြစ်မယ့် ဓာတ်ပုံတချို့ကို… ရွာထဲလာပြီး မှတ်တမ်းတင်ခဲ့ပါ၏… ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၊ သုဝဏ္ဏမြို့၊ မြို့ဦးစေတီဘောလုံးကွင်းတွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးဟောပြောပွဲ မှတ်တမ်းဓာတ်ပုံများ (သူကြီး… သင့်ကြောင့်ဆာဗာမပျက်ပါစေနှင့်…)                                                                   ဓာတ်ပုံရိုက်ဖြစ်တဲ့ တစ်နှစ်မပြည့်တပြည့်သက်တမ်းတိုလေးအတွင်းမှာ… အမေဒေါ်အောင်ဆန်းစုကြည်ကို အခုလိုအရှင်လတ်လတ်ကြီး […]


ဇီဇီNovember 2, 20152min22212
  Swing Vote (2008) တဲ့။ ၂၀၀၈ က ထွက်တဲ့ ကားလေးး….. ကေဗင် ကော့စနာ ကားကို ဘယ်လိုလုပ် မျက်စိမှောက်ပြီး မကြည့်လိုက်ရလဲ မသိ။ အဲဒါ စနေနေ့ညက ကြည့်ဖြစ်လိုက်တယ်။   ဇာတ်လမ်း အရ အမေက ပစ်သွားလို့ အဖေနဲ့ သမီး ၂ ယောက်ပေါင်း ဘဝတစ်ခု တည်ထောင်နေတာပါ။ သမီး ဖြစ်သူက ဉာဏ်ရည်မြင့်၊ ခံယူချက်မြင့်သလောက်… အဖေက ပေါ့ပေါ့နေပေါ့ပေါ့စားး နေတာက နယ်စပ်ဖက်မှာ။ အစိုးရလူကြီးမင်းတွေကတောင် ဘယ်နေရာမှန်း ရုတ်တရက်မသိလို့ မြေပုံပြခိုင်းရတဲ့ နေရာမျိုး။ မက်စီကန် တွေ လာလာ အလုပ်လုပ်လို့ သူတို့ နေရာပျောက်ပါတယ်ဆိုပြီး မကျေနပ်တဲ့ သူတွေ များတဲ့ နေရာလည်းဖြစ်သေးရဲ့။   . […]


ဇီဇီNovember 2, 20151min53323
ဒီ ရက်ပိုင်း ကွကိုယ်တော့ တည်ငြိမ်နေတယ်လို့ထင်တာပဲ။ ဟိ.။ :mrgreenn: ဒါမဲ့ ဘေးက ဝိုင်းပြောကြတာက မြင်ရတာဒေါင်းတောက်နေတာပဲ တဲ့။ တောက်ခါမှ တောက်ရော။ ဒေါင်းတောက်တယ် ဆိုမှတော့ ဘယ်လောက် တောက်တောက်လွှတ်ထားလိုက်တော့တယ်။ :k: ဘာရယ်မဟုတ်။ ညပိုင်းဆို ၃ နာရီထိ အိပ်မပျော်ဘူးးး မတရားသဖြင့် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲလို့ တွေးမိရင် ဒေါသပါလာပြီး ပိုဆိုးတယ်။ အဲဒါကိုမှ အသာစီးက မတရားယူထားတဲ့ အဘတွေကို မပြောရဲပဲ အမေစုကိုချည်း ဝေဖန်တဲ့ သူမြင်ရင် အစိမ်းသော အကျက်သော ကလော်ချင်နေတာခက်တယ်။ 👿 အာ့ကြောင့် စိတ်ကို လျှော့… နိုင်ငံရေးမတင်ဘူး စိတ်တင်းပြီး တခြား ပေါက်ကရတွေ လျှောက်တင်တယ်။ ဒါမဲ့လည်း ဂနာမငြိမ် အမာစိန်ဖြစ်နေတာက သိသာတုန်းပဲ။ ထိုက်သင့်သလောက် ပညာ […]


မြစပဲရိုးOctober 28, 20151min30910
မဲစာရင်းအပိုများကို ကန့်သတ်ဖို့နည်းလမ်းတစ်ခုမှာ မဲပေးသည့်နေ့တွင် မဲရုံထဲဝင်သွားသူအရေအတွက်ကို တာလီချိုးမှတ်ထားရန်ဖြစ်သည်။ ထိုသို့စာရင်းမှတ်ယူခြင်းကို တရားဝင်ဆောင်ရွက်ခွင့်ရရန် .ရွေးကောက်ပွဲ ကော်မရှင်သို့ အမှန်တရား လိုလားသည့် တတ်စွမ်းသူများ တင်ပြပြီး ကြိုးစားကြည့်ပေးကြပါရန် တိုက်တွန်း အကြံပြု လိုပါသည်။ အဲဒီ တစ်ရက် လေးအတွက် ရပ်ကွက် အလိုက် ဗော်လန်တီယာ လုပ်ပေးကြ မဲ့ သူများ ရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ လူ တွေ အရမ်းများပြီး ဗရုတ်ဗရက် လုပ်လို့ လဲ မဖြစ်ပါ။ ဒီချုပ် အပါအဝင် တစ်ခြား ဘာပါတီ တွေ နဲ့ မှ မသက်ဆိုင်တဲ့ ပြင်ပ ပညာရှင် လူ တွေ ဖြစ်သင့်ပါတယ်။ ဥပမာ ရန်ကုန်တို့ မန္တလေးတို့ မှာ ဆိုရင် ကွန်ပျူတာ အသင်းအဖွဲ့ […]


မြစပဲရိုးOctober 26, 20151min1298
အနားက တစ်ယောက် သူ့ မျက်နှာစာ ထဲ ပေါက်ကွဲ ထားတာ။ သများ ပယောဂ ကင်းပါတယ်။ သွသူ မြန်မာပြည်ထဲက ဟိုဟို ဒီဒီ မိန့်ခွန်း တွေ ကို မျိုးစုံ ယှဉ်တွဲ နားထောင် အပြီး မခံစားနိုင်တော့ ဘူး ထင်ပါရဲ့။ ဟိုမရောက် ဒီမပါ ကနေ အဲ ဂလို ဖစ်သွားတာ။ lol:-))) 😉  😉  😉