ရာပင်မှူး ပြန်သွားပြီးကတည်းက တစ်နေကုန် သုန်မှုန်နေသော ငပေတိုး ကို အပြင်က ပြန်လာတဲ့ ရုက္ခစိုးကြီး လှမ်းကြည့်ပြီး အံ့ဩသွားတယ်။ ခါတိုင်းဆိုရင် အမြဲတက်ကြွနေတဲ့ကောင် အပင်ခွကြားမှာ ထိုင်ပြီး မှိုင်နေတယ်ဆိုတော့…… “ဟေ့ကောင်…..ပေတိုး” “ ဟာ….အဘပြန်လာပြီလား” “အေးကွာ…လမ်းမှာလည်း ကားတွေလည်း ကျပ်နေတော့ သွားရလာတာရတာ အချိန်ကုန်ပြီး စိတ်ပင်ပန်းတဲ့ ဒုက္ခကပိုဆိုးသကွ၊ ကဲ….ရေနွေးလေးလုပ်ပါဦး” “ဟုတ်…အဘ” “အပေါ်မှာလား အောက်မှာလား အဘ” “အောက်ကိုယူလာခဲ့” ငပေတိုးရေနွးနဲ့ အမြည်းကို ယူလာပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။ “ဒီနေ့ဘာထူးသေးလဲ” “ရာပင်မှူးဆိုတဲ့ကောင်လာတယ်…..လုပ်အားပေးတဲ့” “ ဟေ….ဘာအတွက်တုန်း” “ ကွင်းပိုင်ကြီး လမ်းပေါ်မှာလာပြီး တဲထိုးနေတဲ့ ကျူးကျော်တွေ မနေနိုင်အောင်ခြောက်လှန့်ပေးရမယ်တဲ့ အဘ” “ဘယ်တော့လဲ” “ဒီညအဘ” “ အေးကွာ….သွားပြီး လုပ်စရာရှိတာ လုပ်ပေးလိုက်ကွာ ပြဿနာမဖြစ်စေနဲ့” “ […]