တပ်ချုပ်ကြီး စားပါခမျာ၊ တပ်ချုပ်ကတော်ကြီးလဲ အားမနာပါနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှတ် သုံးဆောင်ပါ။ ဒုချုပ်ကြီးနဲ့ ကျန်ဗိုလ်ချုပ်ကြီးတွေဝိုင်းမှာလဲ လိုလေသေးမရှိ ဟင်းအလျှံအပယ် စီစဉ်ထားပါတယ်။ စစ်ရုံးတခုလုံးကို ကျွေးတာမို့ အသားဟင်း တမျိုးထဲ ဖြစ်တာ ခွင့်လွှတ်ပါ။ အသီးအရွက်ကြော်၊ အရည်သောက်၊ ငပိရည် တို့စရာ ကတော့ ဖေါခြင်းသောခြင်းပါပဲ။ ရပါတယ်ကွာ.. စစ်သားပဲ၊ တပ်ထဲမှာဆို ကလားပဲဟင်းနဲ့ငါးပိ ရောကြိတ်ရတာ။ ခုလို စေတနာနဲ့ကျွေးတာ ဝမ်းသာတယ်။ ငါတို့အူမစိုတော့တာ ကြာပြီ၊ အရပ်သား အစိုးရတက်ကထဲက ဆိုပါတော့။ တပ်မတော်မရှိရင် တိုင်းပြည် ချောက်ထဲကျမှာ၊ အားရှိအောင် တဖြဲနဖြဲ စားရတယ်.. စားချင်လို့ မဟုတ်ဘူး။ ကလားရန် အဆိုးဆုံးပဲ ဒါကြောင့် ပါကစ်စတန်ကလုပ်တဲ့ တိုက်လေယဉ်ပျံတွေ ဝယ်ထားတယ်။ ဘာဆိုင်လို့လဲ ဗိုလ်ချုပ်၊ ဆိုင်တာပေါ့ကွယ်… ငါတို့ဝယ်တော့ သူတို့တပ်ထဲ လေယာဉ်ပျံ […]