အာပုံ ဆိုတာ ဘယ်လူမျိုးရဲ့ အစားအစာတော့သေချာမသိ ။ မောင်ဆာမ်ိတို့ အရပ်မှာတော့ ကုလားမလေးတွေရောင်းကြသည် ဒယ်အိုးခွက်ခွက်ထဲကို မုန့်ရေများ လောင်းထည့်ပြီးလျှင် ဒယ်အိုးကို ဝေ့ဝိုက်၍ လှည့်လိုက်ခြင်းဖြင့် အထက်ကပုံလို မုန့်ခွက်ခွက်လေးဖြစ်လာသည် .။ ထိုမုန့်အား ကျက်ပြီဆိုလျှင် ကလော်၍ အုန်းနို့နှစ်များဆမ်းပြီးလျှင် သကြားလေးဖြူးကာ စားလိုက်ရလျှင်ဖြင့် ချိုချိုအီအီဆိမ့်ဆိမ့်အရသာလေးအား နတ်စည်းစိမ် ဆယ်သက် တစ်ကယ်မမက်ပါဟုပင် နှိုင်းရမလို …… ။ ထို့ကြောင့် မောင်ဆာမိတစ်ယောက်မှာ အာပုံ ဟူသောအသံကြားလျှင် ပါးစပ်တပြင်ပြင်နှင့် အိန္ဒြေမဆောင်နိုင်အောင်ဖြစ်နေတတ်လေသည် ။ ငယ်စဉ်က …… မောင်ဆာမိတို့ ညကျောင်းတက်၍ ပြန်လာတိုင်း အာပုံတစ်ခု ၂၅ ပြားဖြင့် ဝယ်စားခဲ့ဖူးသည် ။ အာပုံရောင်းသောကုလားမကြီးမှာ မောင်ဆာမိတို့ ရင်းနှီးနေပြီဖြစ်၍ ပိုက်ဆံမပါလျှင်လည်း ” […]