Don Juan RonaldOctober 7, 20111min731
နိုင်ငံရေးဟာသ ပြည်ထောင်စုဆိုဗီယက်ဆိုရှယ်လစ်သမတနိုင်ငံတော်ကြီးမပြိုကွဲခင်တုံးက၊အမေရီကန် tourist တဦးသည် Moscow မြို့တော်တွင်လျှောက်လည်ရင်းနှင့်အလွန်ထူးဆန်းသောဖြစ်ရပ်တခုကိုတွေ့လိုက်ရသည်၊၎င်းတွေ့ရသောဖြစ်ရပ်မှာလမ်းဘေးတွင်ထူးခြားစွာအလုပ်လုပ်နေသောမြူနီစပါယ်အလုပ်သမားနှစ်ယောက်ရှိပါသည်၊အလုပ်သမားတယေါက်သည်ရှေ့မှာမြေကျင်းကိုတူး၍နောက်အလုပ်သမားသည်နောက်ကနေလိုက်ပြီးတူးပြီးသောကျင်းများကိုမြေဖြင့်ပြန်ဖို့လိုက်သည်၊ဤကဲ့သို့တူးလိုက်ဖို့လိုက်ဖြင့်လမ်ဘေးတလျှောက်လုံးဆက်တိုက်အလုပ်လုပ်သွားနေသည်တွေ့မြင်ရသည့်အဲဒီအမေရီကန်သည်နောက်ဆုံးမနေနိုင်လို့မြေဖို့နေသောအလုပ်သမားကိုအကျိုးအကြောင်းမေးကြည့်လေတော့သည်၊ထိုအခါအလုပ်သမားဖြေလိုက်သောအဖြေကား “ ကျနော်တို့ရဲ့အလုပ်ကသုံးယောက်တဖွဲ့ဖြစ်ပြီးရှေ့ကတယောက်သည်မြေကျင်းတူး၊ဒုတိယလူကအပင်စိုက်၊ပြီးရင်ကျနော်ကမြေပြန်ဖို့ရပါသည်၊ဒီနေ့ဒုတိယလူကခွင့်ယူထားတော့ယခုလိုသူကကျင်းတူးကျနော်ကမြေဖို့ဖြစ်သွားတာပေါ့ ”ဟူသတည်း။ အော်~~~ဆိုရှယ်လစ်~~~ဆိုရှယ်လစ်~~~မပြိုကွဲဘဲနဲ့ဘယ်ခံနိုင်ပါ့မလဲ၊အဲ~~ပြောရင်းနဲ့ဗမာပြည်ကြီးကိုသတိရလာပြန်ပြီ။   လူကြီးများအတွက်သီးသန့် လူကြီးများဟုဆိုရာ၌ဗိုလ်များသော်၎င်း၊အရပ်သားများကိုအနိုင်ကျင့်လေ့ရှိသောအရာရှိကြီးများအတွက်သော်၎င်းမဟုတ်ပါ Adult များကိုဆိုလိုပါ၏။ သတိ~ဂျပန်ဟာသဖြစ်သည့်အတွက်အနည်းငယ်ကြမ်းသည်။ ဂျပန်ပြည်ဆိုင်ရာအမေရိကန်သံရုံး၌အထက်တန်းစာရေးမရာထူးကိုရရှိထားသောအပျိုကြီး(၃၂နှစ်)မစ်စ် ခီမီုးဂျီးနှေး သည်၊အလုပ်တွင်အဆင်ပြေပြီးအိမ်ထောင်မပြုဖို့ရည်ရွယ်ထားသည်၊တိုကျိုမြို့ပေါ်၌တိုက်ခန်းတခန်းလည်းပိုင်ဆိုင်ထားသည်၊ရွာမှာနေသောဖခင်လည်းသူမကိုမကြာခဏလာရောက်ကြည့်ရှုလေ့ရှိသည်၊လာသည့်အခါတိုင်းလည်း၊မအသက်ကြီးရင့်လာသောအချိန်အဖော်လိုကြောင်း၊သူမကိုအိမ်ထောင်ပြုဖို့တိုက်တွန်းသည်၊သူမလည်းအကြောင်းအမျိုးမျိုးနှင့်ဆင်ချေပေး၍လွဲရှောင်နေသည်။ ဒီတကြိမ် မစ်စ် ခီမီုးဂျီးနှေး ၏ဖခင်သည်သမီးစီမှာအနည်းငယ်ကြာကြာနေဖို့ဆုံးဖြတ်လိုက်သည်၊ဒီလိုနှင့်နေခဲ့သည်မှာအဖိုးကြီးသည်ညညအိပ်မပျော်သောအခါ၊သမီး၏အခန်းမှထူးဆန်းသောအသံ Electric shaver ၏အသံလိုလို တဇိဇိနဲ့မြည်နေသည်ကိုအမြဲကြားနေရသည်။တရက်ကြတော့အဖိုးကြီးလဲမနေနိုင်တော့ဘဲ၊စပ်စုသောစိတ်ဖြင့်သမီး၏အခန်းထဲဝင်ကြည့်လေသည်၊သမီးရဲ့ခေါင်းရင်း၌အမျိုးသားများ၏ဟိုဟာနဲ့တူအောင်ပြုလုပ်ထားသော Vibrator တခုကိုတွေ့ရှိ၍ခလုတ်ကိုနှိပ်လိုက်သောအခါ၊ညညကြားရသောအသံသွားဖြစ်နေသည်၊ထိုနေ့ညနေပိုင်း မစ်စ် ခီမီုးဂျီးနှေး အလုပ်မှပြန်လာသောအချိန်တွင်သူမ၏အဖေသည်စက်တီစားပွဲပေါ်၌သူမဝယ်ပေးထားသော ဂျော်နီလမ်းလျှောက် ကိုဖန်ခွက်ထဲထည့်ပြီး၊  Vibrator လေးကိုဖွင့်၍၊အဲဒီ Vibrator လေးကလည်းခေါင်းလေးကိုရမ်းပြီးတဇိဇိနဲ့မြည်နေသည်ကိုတွေ့ရသည်။ ထိုအခါသမီးသည်အလွန်စိတ်ဆိုး၍ “ ဒီမှာအဖေလွန်လာပြီနော်၊ကျမရဲ့ privacy ကိုကျူးလွန်လာပြီနော် ” သူမ၏အဖေလည်းအရက်လေးမမူးတမူးနဲ့ “ သမီးကလည်းကွယ် ဖေဖေကပျင်းနေလို့ဖေဖေ့သားမက်နဲ့ဂျော်နီလေးမော့နေတာကိုလွန်တယ်လို့ထင်သလားကွယ် ”ဟူသတည်း။  


မောင် ပေOctober 7, 20111min1936
ကျွန်ုပ် မောင်ပေ နေထိုင်သော မန်းတလေးမြို  ့ကြီးမှာ ဆိုင်ကယ်မြို  ့တော် ဟု တင်စားခေါ်ဆိုကြသည် ကို အခြားမြို  ့သူမြို  ့သားများ ကြားဖူးကြပါလိမ့်မည် ။ မကြားဖူးသော အခြားမြို  ့သူား များ နှင့် နိုင်ငံခြားတွင် ငယ်စဉ်ကတဲက ကြီးပြင်းရှင်သန်လာသူများ အနေဖြင့် ကိုပေါက် (မန်းတလေး) ၏ ပို ့စ်တွင် ဓါတ်ပုံများ သွားကြည့်နိုင်ပါသည် ။ https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ကျွန်ုပ် ငယ်စဉ်ကမူ ဆိုင်ကယ် ဆိုသည်မှာ ယနေ ့လောက်မများပြားခဲ့ပေ ။ ထို ့အပြင် ကျွန်ုပ် တို ့ငယ်စဉ်က စက်ဘီးမြို  ့တော် ဟု လည်း ခေါ်ခဲ့သေးသည် ကို မှတ်မိနေသည် ။ ဟိုးတုန်းကတော့ ဂျပန်ဆိုင်ကယ် […]


moonpoemOctober 3, 20111min1071
၂၁ရာစု၏ ရက်သတ္တပတ်အချစ် တနင်္ဂနွေနေ ့ ကောင်မလေးတစ်ယောက်လမ်းလျှောက်လာတယ် မိုက်တယ်လန်းတယ်ကျွန်တော်ရင်တွေခုန်တယ် တနင်္လာနေ ့ ကောင်မလေးကို ထပ်တွေ ့တယ် ရည်းစားစကားပြောလိုက်တယ် သူမက ဆိုတယ်စဉ်းစားပါဦးမယ် အင်္ဂါနေ ့ ကောင်မလေးကပြောတယ်ရှင်နဲ ့ထပ်တူချစ်နိုင်ပါတယ် ပြောဖို ့မလိုရုပ်ရှင်ထဲကလို လက်ချင်းချိတ်လို ့သီချင်းဆိုတယ်။ ဗုဒ္ဓဟူးနေ ့ တိတ်တခိုးပေးတဲ့အနမ်းလေးအတွက် သူမ စိတ်ကောက်ထပြန်တယ် ကြာသပတေးနေ့ ရှင်ကလူဆိုး မျက်နှာမွဲမို့ ကျွန်မရှင့်ကိုလမ်းခွဲတယ်။ သူ ့စကားအဆုံးစိတ်မကောင်းမိ အစကတည်းက မသိလေလား။ သောကြာနေ ့ ကျွန်တော် မောင်ကီးစိတ်ညစ်ပြီး အရက်ကိုသာ ဖိသောက်၏။ စနေနေ ့ မနက်မိုးလင်းအရက်မူးပြေ သူငယ်ချင်းမေး၊မင်းရည်းစားလေးဘူလဲဆိုတော့ အဲဗျာဟုတ်ပ နာမည်မသိ၊မစုံစမ်းမိ ရည်းစားဖြစ်ပြီးကွဲသွား၏။ *************************** နွေရာသီ တေးဖွဲ ့ နွေအခါ ရေမလာ လျှော်စရာတွေ […]


blazeOctober 3, 20111min1625
အောက်ပါ အချက် ၂ဝ ဟာ ကျွန်တော်တို့ သတိမထားမိတဲ့အချိန်မှာ စိတ်ပျော်ရွှင်မှုကို ကိုယ်က မသိလိုက်ပဲ ခံစားမိစေပါတယ်။ စာဖတ်သူနဲ့  ခံစားမှု တိုက်ဆိုင်နေတဲ့ အချက်တွေလဲ ပါမယ်လို့ ယူဆပါတယ်။ အဲဒီ အချက် ၂ဝ ကတော့…   ၁။အချိန်အကြာကြီး စောင့်စားပြီး မီးပွိုင့် မီးစိမ်းပြောင်းသွားတဲ့အခါ… ၂။McDonald မှာ တန်းစီစရာ မလိုတဲ့အခါ…. ၃။ပိုက်ဆံကောက်ရတဲ့အခါ… ၄။အနံ့မွှေးမွှေးလေး ရတဲ့အခါ… ၅။Starbucks ဆိုင်ထဲဝင်တဲ့အချိန် ကော်ဖီနံ့သင်းသင်းလေးရတဲ့အခါ… ၆။စာအုပ်ကို ဇိမ်ရှိရှိ မွေ့ယာပေါ်မှာဖတ်ရသောအခါ… ၇။ရေဒီယိုက သင်ကြိုက်တဲ့ သီချင်း လာသောအခါ… ၈။အိပ်ရာထဲမှာ လှဲပြီး နေ့တနေ့ပြီးဆုံးမှုကို ခံစားသောအခါ… ၉။နှိုးစက်မြည်ပြီး သတိထားလိုက်မိတော့ အားလပ်ရက် ဖြစ်သောအခါ… ၁၀။နောက်နေ့ အလုပ်နားလို့ ဒီည မိုးချုပ်တဲ့အထိ မအိပ်သေးပဲ […]


မောင် ပေOctober 1, 20111min1355
ဦးသာဝ နှင့် ဒေါ်မြ တို ့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေခိုက်.. သူကြီး ၏ မိန် ့ကြားချက် အရ ဒေါ်မြ မှ စပြောလာသည် ။ “ ဒီလိုပါ တော် .. ” ဒေါ်မြ သည် ရွာသာယာ ရှိ တစ်ခုထဲသော တည်းခိုခန်း ပိုင်ရှင် ။ အသက် ၄ဝ ကျော် အပျိုကြီး ။ တည်းခိုခန်း ဆိုလို ့၊ အကြီးအကျယ် အခမ်းအနားကြီး မဟုတ် ။ ရွာမှာ ဆိုတော့က.. သူမ ၏ ရေနံချေးသုတ် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး  အောက်ထပ် တွင် အခန်းများ ဖွဲ  ့ကာ ၊ ဖွင့်ထားခြင်း ဖြစ်သည် ။ […]


moonpoemSeptember 29, 20111min1597
ကျွန်မ ငယ်ငယ်ကလေးကတည်းက ခွေးဆိုရင် မကြောက်တတ်ပါဘူး သိပ်ချစ်တာပါ။ အခုချိန်ထိလည်း မြင်မြင်သမျှ ခွေးဝဲစားကနေ ခွေးလေး ခွေးလတ် ခွေးကြီးတွေကို ပါလာတဲ့ မုန် ့ချကျွေးတုန်းပါပဲ။ မုန် ့ကျွေးတော့ကျွန်မတို ့လမ်းထဲက ခွေးတွေက ကျွန်မကိုမြင်ရင် တရုန်းရုန်းပါပဲ။ ဒါပေမယ့်လည်းပဲ ကျွန်မ ခွေးချစ်တတ်တဲ့အတွက်ကြောင့် ခွေးတွေဘဝ သာယာလှပ ခဲ့ရသလို ကျွန်မကြောင့်လည်း ခွေးကြီးတစ်ကောင်ဘဝ နစ်မွန်းလုနီးပါး ဖြစ်ခဲ့ရပါတယ်။ (စကားမစပ် သူငယ်ချင်း ဒီစာကို ဆက်ဖတ်မယ်ဆိုရင် ထမင်းစားပြီးမှ အေးအေးဆေးဆေးဖတ်နော် ကြိုတင်သတိပေးထားတာပါ) အဲဒီလိုဘဝပျက်မတတ် နစ်မွန်းလုနီးပါး ခွေးကြီး ရဲ ့နာမည်က ရမ်ဘိုဖြစ်ပါတယ်။ခွေးက အညိုရောင်ဖြစ်ပြီး အကောင်ကကြီးလို ့ ကျွန်မက ရမ်ဘို လို ့နာမည်ပေးထားတာပါ။ ကျွန်မ အထက်တန်းကျောင်းသူဘဝက တီဗွီကနေ အခန်းဆက်လာတဲ့ ဇာတ်လမ်းတွဲ […]


thit minSeptember 28, 20111min1829
အိမ်ကနေ ဆရာဝန်ကဦးဖက်ကိုအကြံပေးသည်။ အန်ကယ်တနေ့ကို ၅ မိုင်ပြေးပါ၊ရက်၃၀ဝ ပြေးပြီးရင် ပေါင်၇ဝကျော်ကျဘို့ကျနော်အာမခံပါတယ်။ သို့နှင့်ဦးဖက်က တရက်လျှင် ၅ မိုင်နှင့်ရက်ပေါင်း ၃ဝ ကြာပြေးပြီးနောက်၊ဆရာဝန်အာမခံသည့်အတိုင်း ၇၂ ပေါင်ကျသွားကြောင်းရီပို့လုပ်သည်။သို့သော်သူတွင်တခြားပြဿနာတခုရှိနေကြောင်းရီပို့တွင်ပါလေရာ၊ဆရာဝန်ကဖုန်းဆက်မေးရလေသည်။ ဘာဖြစ်လို့လဲဗျ? ဟုမေးသောဆရာဝန်ကိုဦးဖက်ဖြေလိုက်တာက ကျနော်ဆရာပြောတဲ့အတိုင်းတနေ့၅ မိုင် ပြေးခဲ့တာ ခု ကျနော်အိမ်နဲ့မိုင် ၁၅၀ဝ ဝေးတဲ့နေရာရောက်နေလို့ပါဆရာတဲ့။ ထိုသုံးယောက် တနေ့မှာ လူသုံးယောက်ပန်းခြံတခုရဲ့ခုံရှည်တခုမှာအတူထိုင်နေကြတယ်။ အလယ်ကလူကသတင်းစာဖတ်နေပြီးဘေးကနှစ်ယောက်ကငါးမျှားနေတဲ့ပုံမျိုး၊ငါးမျှားတံကိုလှန်းပစ်လိုက်၊အစာတပ်၊ ငါးမျှားချိတ်ကငါးဖြုတ်လိုက်ပုံစံမျိုးလုပ်နေတယ်တဲ့၊(တကယ်ကလက်ထဲမှာဘာမှမရှိဘူးပေါ့လေ) အဲဒီအချိန်မှာပန်းခြံစောင့်ရဲတယောက်ကထူးခြားတဲ့အဲဒီ၂ ယောက်ကိုသတိထားမိသွားပြီး၊အလယ်ကသတင်းစာဖတ်နေတဲ့လူကိုသွားမေးတယ်။ “ဟေ့လူ ဘေးကနှစ်ယောက်ကအခြေအနေမကောင်းဘူးနော်၊ခင်ဗျားရှောင်ထွက်သွားရင်ကောင်းမယ်ထင်တယ်” အလယ်ကလူက “ဟုတ်ကဲ့ပါခင်ဗျာ” ဟုပြောလိုက်ပြီး၊”လှေ”လှော်သကဲ့သိုလက်နှစ်ဘက်ကိုဟန်ပါပါလွှဲရင်းထွက်သွားပါရောတဲ့။ ပထမ မဖြစ်ချင်ပါ ပျင်းရိနေသောအလုပ်သမားများကိုအလုပ်ရှင်က အလုပ်ရှင်။  ။ဟေ့ ဒီမှအလုပ်လုပ်လို့သေတဲ့မသာမရှိဘူးကွ၊ အလုပ်သမား။ ။ဟုတ်တော့ဟုတ်ပါတယ်၊ဒါပေမဲ့ကျနော်ကတော့အလုပ်လုပ်ရင်းသေသွားတဲ့ပထမဆုံးလူမဖြစ်ချင်ပါဘူး။ ကြည့်မယ်လေ အလုပ်သမားများ၏အကျင့်စာရိတ္တနှင့်ပတ်သက်၍အလုပ်ရှင်ကစစ်ဆေးနေသည်။ အလုပ်သမားတယောက်ကိုအလုပ်ရှင်ကမေးလိုက်သည်။ “မင်းငါမရှိတုံးငါအိမ်ရောက်သွားတယ်ဆိုပါစို့ကွာ၊ငါ့မိန်းမကမင်းကိုပြောမယ်၊အိမ်ထဲဝင်ထိုင်ပါအုန်း၊ မင်းတို့အလုပ်ရှင်ငါ့ယောက်ျားလဲနောက်၂နာရီကျော်လောက်မှပြန်ရောက်မှာလို့ပြောမယ်ကွာ၊မင်းဘာလုပ်မလဲ” အလုပ်သမားရဲ့အဖြေက”ဆရာမိန်းမဓာတ်ပုံကြည့်ပြီးမှဖြေပါရစေခင်ဗျာ” ရှက်စရာလား တရားသူကြီး။     ။မောင်မင်းဒီရုံးတော်ကိုရောက်တာ ၃ကြိမ်ရှိပြီ၊မရှက်ဘူးလား? တရားခံ      […]


maung hninkharrSeptember 28, 20111min1507
“ယာဉ်နံပါတ်နဲ့ ရင် နံပါတ်” ‘ဟဲလို ဟဲလို၊ ကျွန်မကို ကူညီပါရှင်၊ ပလာဇာမှာ ဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကိုပြန်လာတာ၊ ကားပေါ်မှာ အဝတ်အစားတွေ ပါသွားလို့ အကျႋတွေက တစ်ထည်ကို သုံးသောင်းလာက်တန်တယ်ရှင့်’ ‘ဟုတ်ကဲ့ ကူညီပြီး ရှာပေးပါမယ်၊ ဒါထက် ယာဉ်နံပါတ် မသိဘူးလား ခင်ဗျာ’ ‘သိပါတယ်ရှင်၊ ရင် ၃၆၊ ခါး ၂၂၊ တင် ၃၈ ရှိပါတယ်ရှင်’ =========================================================== “မေမေ့စကား” ‘လက်ရေးညံ့လိုက်တာကွာ၊ မင်းကို နေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်က ဘာမှ ဂရုမစိုက်ဘူးလား’ ‘ကျွန်တော့် မေမေက ပြောတယ်ဆရာမ၊ ငါ့သား လက်ရေးကမလှလည်း ကိစ္စမရှိဘူးတဲ့၊ ဘယ်သူမှ မဖတ်တတ်ရင် နေပါစေတဲ့၊ ကြီးလာရင် ဆရာဝန်လုပ်ခိုင်းမှာတဲ့’ =========================================================== “ဗေဒင်ဆရာ” ဗေဒင်ဆရာ      […]


မောင် ပေSeptember 27, 20111min1368
ရွာသာယာ ၏  ရွာလယ်ခေါင် လမ်းမ ကြီးပေါ် တွင် လူတစ်ယောက် အသည်းအသန် ပြေးလာသည် ။ သူ ့ပုံစံ မှာ ၊ ဆိုင်ကယ်သုံးယောက်စီးသဖြင့် ၊ မော်တော်ပီကယ် လိုက်ဖမ်းလို ့ အသည်းအသန်ပြေးလာတဲ့ ဆိုင်ကယ် တက်ကဆီ လိုမျိုး ။ ထိုသူကား ရွာသာယာ ၏ ဆယ်အိမ်ခေါင်း မောင်နက်ခေါင် ။ ခနော်နီ ခနော်နဲ  ့၊ ပျဉ်ထောင်အိမ်လေး တစ်လုံး ရှေ  ့သို ့အရောက်… “ စုံထောက်ကြီး ၊ ဗျို  ့စုံထောက်ကြီး ” ဆယ်အိမ်မှူး မောင်နက်ခေါင် တစ်ယောက် ၊  ရွာသာယာ ၏ တစ်ဦးတည်းသော ၊ တစ်ယောက်ထဲသော စုံထောက်ကြီး ဦးလန်ဘား […]


maung hninkharrSeptember 26, 20111min1065
“ဘာအချိုးလဲ” ကိုလှသည် စားသောက်ဆိုင်တစ်ဆိုင်၌ ထမင်းသွားစားသည်။ အတော်ကြာအောင် အော်ဟစ်မှ စားပွဲထိုးလေးတစ်ယောက် သူ့အနားရောက်လာ၏။ ထိုစားပွဲထိုးကလေးသည် ကိုလှ အားရိုင်းရိုင်းပျပျပင် အော်ဟစ်ဆက်ဆံ၏။ ကိုလှသည် သည်းမခံနိုင်တော့၊ ဒေါ်သထွက်လာ၏။ မန်နေဂျာကို တိုင်၏။ မန်နေဂျာက စားပွဲထိုးကလေးကိုခေါ်ပြီး ပြစ်တင်ကြီမ်းမောင်းလေ၏။ “ဟေ့၊ ဟောဒီလူကြီးမင်းက ခွေးလို အကျယ်ကြီးဟောင်ပြီး မင်းကိုခေါ်နေတာတောက် မင်းက ဂရုမစိုက်ဘူးဆိုကွ၊ အေး. . .မင်း ဒီပုံအတိုင်းဆက်သွား၊ ဘယ်ခွေးမှ ဒီဆိုင်မှာ လာစားမှာမဟုတ်ဘူး။” ဟူ၏။ ========================================================== “ရိုက်မှာစိုးလို့” ‘သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့အနေနဲ့ အန်တီ့ကို မွှေးမွှေးပေးလိုက်ပါဦး’ ‘ဟင့်အင်း ၊ သားကြောက်တယ်မေမေ’ ‘ဘာဖြစ်လို့လဲ’ ‘မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်လိုက်တယ်ဗျ။’ ========================================================== “သဘာဝ” […]


မောင် ပေSeptember 25, 20111min1377
“ မုန် ့ဆီကြော်ဒွေ ( ကိုအောင်ပု လေသံ ကို ဇွတ်အတင်း ယူသုံးပါသည် ) ဟောဒီ့က….မုန် ့ဆီကြော်ဒွေ ရမယ်နော့ ” သီရိမဟာထူးအာပလာ ရပ်ကွက်ထဲ တွင် ဖြစ်သည် ။ အခြေခံ လူတန်းစား များ နေထိုင်သော ရပ်ကွက်လေးဖြစ်သည် ။ “ ဟိတ် ဖိုးအေး တို ့ ဖိုးခွေးတို ့ရေ…. မျောက်လောင်းလေးတွေ ၊ ဘယ်သွားသေနေကြတုန်း သေနာကြလေး တွေရဲ ့ ” အဘွားမြိုင် တစ်ယောက် သူ ့မြေးတွေ ကို အပူတပြင်း အော်ခေါ်နေသည် ။ အဘွားမြိုင် တစ်ယောက် ၊ အသက်က ၇ဝ ကျော် ၊ ဒီရပ်ကွက် […]


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကြောင်ကြီးတယောက် ဗိုလ်ရှုခံစင်မြင့်ထက်ဝယ် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီး၏ ချီတက်အလေးပြုမှုကို ခံယူနေပေသည်။ စစ်ကြောင်းကြီးများ တကြောင်းပြီးတကြောင်း အားမာန်အပြည့်ဖြင့် ချီတက်လာလေပြီ။ ရောင်ခြည်တထောင် အလင်းဆောင်သော သူရိယနေမင်း အလင်းရောင်အောက်ဝယ် လှံစွပ်တဝင်းဝင်း သေနတ်တပြောင်ပြောင် သစ်လွင်တောက်ပသော စစ်စိမ်းရောင် ယူနီဖောင်းဝတ်စုံများဖြင့် စစ်ရေးပြကွင်းတခုလုံး လွန်စွာပဏာရလျက် ရှိပေသည်။ စစ်ကြောင်း များမှာ ကြည်း ရေ လေ မဟာဗျူဟာ တပ်ရင်းတပ်မ၊ လက်ရုံးတပ်ဖွဲများအလိုက်၊ သူတို့နောက်မှ တင့်ကား၊ သံချပ်ကာကား၊ အမြောက်တင်ယာဉ်၊ ၎င်းယာဉ်များအား ပစ်ခတ်ဖျက်ဆီးပစ်မည့် အပေါ့စားဒုံးလောင်ချာများ၊ ယင်းဒုံးလောင်ချာများကို ရှာဖွေတိုက်ခိုက်မည့် လေဆာပဲ့ထိန်းဒုံးများ၊ တာတို တာလတ် တာဝေးပစ် ဒုံးပျံများ၊ ဒုံးပျံဖျက်စီးရေး ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ လေယာဉ်ပစ်ဒုံးကျည်၊ ယင်းတို့ကို လက်ဦးမှုယူကာ ပစ်ခတ်မည့် လေဆာပဲ့ထိန်း လေဆာဒုံးကျည်များ၊ […]


Don Juan RonaldSeptember 25, 20111min2667
နိုင်ငံရေးဟာသ ဦးနှောက်နှစ်ခြမ်း တရက်တ၌အမေရိကန်သမ္မတဟောင်းဂျော့ချ်ဘုရှ်သည်ခေါင်းကိုက်၍၊ ဆရာဝန်ထံသွားပြသည်၊ ဆရာဝန်မလေးကသူ့၏ဦးခေါင်းကို brain scan လုပ်ပေးလိုက်သည်၊ နောက်နေ့ဂျော့ချ်ဘုရှ်သူ၏ result ကိုသွားကြည့်သောအခါ၊ ဆရာဝန်မလေးက “သမ္မတကြီးကိုစိတ်မချမ်သာစရာတခုကိုပြောရဦးမယ်၊ သမ္မတကြီးရှင့်လူသားများ၏ဦးနှောက်သည်နှစ်ခြမ်းရှိပြီးဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းဟူ၍ရှိသည်……” ထိုအခါဘုရှ်ကစိတ်မရှည်စွာဖြင့်ကြာဖြတ်ပြိး “ ဒါကတော့လူတိုင်းသိပါတယ်ကွာ၊ လိုရင်းကိုတာပြောဆန်းပါ ” ဆရာဝန်မလေးကဆက်၍ “ That’s true, Mr. President. But your brain is very unusual because  on the right side there is nothing left , while on the left side there is nothing right.” (သမ္မတကြီ၏ညာဘက်ဦးနှောက်သည်ဘာမှမကျန်တော့ဘူး၊ ဘယ်ဘက်ဦးနှောက်သည်ဘာမှမကောင်းတော့ဘူးတနည်းအားဖြင့်ဆိုသော်ညာဘက် ဦးနှောက်သည်ကောင်းတာဘာမှမကျန်တော့ဘူး၊ ကျန်တဲ့ဟာလည်းဘာမှမကောင်းတော့ဘူး) ဆရာဝန်မလေးကဆက်ပြီး […]