ပြီးခဲ့တဲ့ တစ်ပတ်က ဆိုက်ထဲသွားရင်း တွေ့လာတဲ့ ပွဲလေးတစ်ခုပေါ့။ ကျနော့ ဆိုက်က များသောအားဖြင့် ရှော့ပင်းစင်တာတွေမှာ ရှိတာ။ အပြန်ကျရင် သွားချင်ရာသွားးး ဝယ်ချင်ရာဝယ်ရုံပဲ။ ထားပါတော့။ အဲဒါ သွားရင်းလာရင်း အဲ့ဒီ နေရာ စုစုလေးကို မြင်လိုက်တာ အလုပ်ထဲကို အာရုံက မရတော့ဘူးးး။ ပြီးပြီ ဆိုတာနဲ့ တန်းပြေးတာ။ ပြေးသာ ပြေးရ ဖုန်းတစ်ခုပဲ ပါတာ။ အဲတော့ ဖုန်းကင်မလာလေးနဲ့ပဲ ကြိုးစားရိုက်ခဲ့တာပါ။ ကြည့်လိုက်ပါဦးနော်။ ဟို အရင် အာတီဒုံ ပို့(စ) မှာပြောဖူးတယ်ထင်ပါတယ်။ ဒီက ကျောင်းတွေမှာ ပရောဂျက်လေးတွေရှိရင် နေရာ အနှံ့က အိမ်တွေကို အိတ် (ဒါမှမဟုတ်) ပုံးလေးတွေ ကို ကျောင်းသားလေးတွေက လာထားလေ့ရှိပါတယ်။ အိမ်မှာ လည်း […]