etoneMay 15, 20121min52549
ဗိုက်ကလေး(စိန်ပေါက်ပေါက်) ရဲ့ ကျနော်ရယ်၊ ပိုလီယိုရယ်၊ အမှိုက်ပုံစောင့် ခွေးတစ်အုပ်ရယ်ပို့စ်လေးကို ဖတ်မိပြီး … စိတ်မကောင်းလည်းဖြစ်မိသလို  စိတ်ဓါတ်ဆိုတာ ငွေကြေးကြွယ်ဝမှုနဲ့ မဆိုင်တာလည်း သိခွင့်ရခဲ့တယ် ။  မမြင်ရတဲ့ ကံကြမ္မာနဲ့ ဘဝပေးကုသိုလ်ကံကို အပြစ်မတင်ပဲ …  ကျရာနေရာမှာ အံဝင်အောင် အဆင်ပြေသလို နေကြရရှာတဲ့ စိတ်ခွန်အားထက်မြတ်သူတွေကို …. သဘောကျမိတယ် ။ အနေနိမ့်ကျပေမယ့် …. မလျော့သော ဇွဲ ၊ လုံလတွေကိုရင်းလို့ သမ္မာအာဇီဝကျကျ ရှာစားနေသူတစ်ယောက်နဲ့ ဆုံခဲ့တာလေး ပြန်ပြောပြချင်မိတယ် ။ သူတို့လိုပဲ စိတ်ခွန်အားထက်မြက်မှုတွေ ၊ ဘဝကို လွယ်လွယ်အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ … ကျွန်မမှာလည်း ရှိချင် ၊ ပိုင်ဆိုင်ချင်ခဲ့တယ် ။ %%%%%%%%%%%%%%%%%%%%%%%% ရန်ကုန်မြို့ရဲ့ မြို့လည်ခေါင်မှာ အသက်ဆယ်နှစ်ခန့် ကလေးတစ်ယောက် […]


PareByokeMay 13, 201247min1936
  ရွာသားများ ရှုစားခံစားနိုင်ဘို့ နိုင်ငံတကာ က တံဆိပ်ခေါင်းများကို ဆက်လက်ပြီး တင်ဆက်လိုက်တာပါ၊ ================================================================== အားကျစရာဘဲ၊မြန်မာတို့သူဌေးဖြစ်နိုင်တဲ့ နည်းတနည်း လို့ ပြော နိုင်တယ်၊ အထင်သေး ကဲ့ရဲ့စရာလဲ မလိုပါ၊၊ ဘာရရ အမြတ်ဘဲ မဟုတ်လား၊ မယုံမရှိနဲ့အောက်နား က တိုင်ဝမ်တံဆိပ်ခေါင်း ဟောင်း ကိုဆက်ကြည့်ပါ၊ သူဋ္ဌေးဖြစ်လာရင် ဒီက ဂေဇက်ရွာသားတွေကို မမေ့နဲ့နော်၊ ================================================================== Guinea Conakry Year of the Dragon stamps : Guinea Conakry YEAR OF DRAGON S/S stamps Year of the Dragon stamps : Guinea Conakry YEAR OF […]


စာအုပ်ကြော်ငြာ ပါ။ ဘားရက် အိုဘားမားရဲ့ ဆီနိတ်တာဘဝ က ရေးသားခဲ့တဲ့စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုထားတာပါ။ ဒီမိုကရက်ဆီနိတ်တာ အနေနဲ့ ရီပတ်ဘလီကန် အစိုးရ လက်ထက်မှာ ရေးထားတဲ့အမြင်ဖြစ်ပါတယ်။ ပွင့်လင်းပြီး တိုင်းပြည်တည်ဆောက်ရေး တိုးတက်ရေးအတွက် အမြင်တွေအပြင် အမေရိကန် လွှတ်တော်ထဲမှာ ဘယ်လို အလုပ်တွေလုပ်ကြသလဲ။ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ယောက်အလုပ်ဘယ်လိုလုပ်ပြီး အမြင်ဘယ်လို ရှိတယ်ဆိုတာတွေပါ ဖတ်ခွင့်ရတဲ့ စာအုပ်ပါ။ စာအုပ်တန်ဖိုးက ၃၀၀ဝကျပ်တည်းနဲ့ အသိအမြင်များစွာရစေနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားဆိုသူများ၊ လသား တစ်နှစ်သား နှစ်နှစ်သား အမတ်မင်းအသစ်ကျပ်ချွတ်များ မဖြစ်မနေဖတ်သင့်တဲ့စာအုပ်လို့ မြင်မိပါတယ်။ ဒါ့အပြင် ရင့်ကျက်တဲ့ မဲဆန္ဒရှင်များလည်း ဖတ်သင့်ပါတယ်။ အောက်မှာ ဘာသာပြန်သူရဲ့ အမှာကို ပြန်ရိုက်တင်ပေးလိုက်ပါတယ်။ ဒီမိုကရေစီ ရဲ့ သဘောကတော့ နိုင်ငံသားများရဲ့လက်ထဲသို့ ရွေးချယ်ခွင့်ကို အပ်နှင်းပေးလိုက်တာပဲဖြစ်ပါတယ်။ […]


Moe ZMay 8, 20121min31725
“ဆုလာဘ်”ဟူသော ဝေါဟာရကို ကျွန်မတို့ မကြာခဏအသုံးပြုကြပါသည်။ ထိုစကားလုံးကို မြန်မာစာအဘိဓာန်၌ မည်သို့အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတော့ ကျွန်မ မလေ့လာရသေးပါ။ ကျွန်မ၏အယူအဆမှာ ဆုနှင့်လာဘ်သည် အဓိပ္ပါယ်လုံးဝကွဲပြားခြားနားပါသည်။ “ဆု”ဟူသည် တစ်ဦးတစ်ယောက်၏စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုကို အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ “လာဘ်”ဟူသည် တစ်စုံတစ်ဦးအား မိမိ၏အလိုဆန္ဒအတိုင်းဖြစ်လာစေရန် တွန်းအားပေးခြင်းနှင့် စွဲဆောင်သိမ်းသွင်းခြင်းဖြစ်သည် ဟုဆိုချင်ပါသည်။ အကယ်၍မိမိမှ ကလေးတစ်ယောက်အား “အိမ်စာတွေပြီးအောင်လုပ်ရင် မင်းကြိုက်တဲ့သကြားလုံးဝယ်ကျွေးမယ်” ဟု ပြောလိုက်ခြင်းသည် ကလေးအားလာဘ်ထိုးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ပြောလိုက်ခြင်းဖြင့် ကလေး၏အိမ်စာပြီးအောင် ကြိုးစားအားထုတ်မှုမှာ သကြားလုံးတစ်ထုပ်အတွက်ဖြစ်သွားပါသည်။ ကလေးများနှင့် ဈေးဝယ်ထွက်သည့် အခါမျိုးတွင်လည်း ကုန်တိုက်တွင် ဟန့်တားမရနိုင်အောင် ပြေးလွှားဆော့ကစားနေခြင်းမျိုးရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ကလေးများရပ်တန့်သွားအောင် “ငြိမ်ငြိမ်နေရင် မင်းတို့ကြိုက်တဲ့ချောကလက်တစ်တောင့်စီဝယ်ပေးမယ်” ဟူသောစကားမျိုး ပြောမိကြပါသည်။ ထိုနည်းလမ်းသည် တစ်ခဏတော့အသုံးကျပါလိမ့်မည်။ သို့သော် သိပ်မကြာခင်မှာပင် မိမိကိုယ်တိုင်၏အရေးပါအရာရောက်မှုနှင့် မိဘတစ်ယောက်၏အရှိန်အဝါမှေးမှိန်သွားသလို ခံစားမိပါလိမ့်မည်။ ကလေးများအနေဖြင့်လည်း မိဘများကိုအကြပ်ကိုင်နိုင်မည့် […]


weiweiMay 4, 20121min38024
ဒီကနေ့မနက်ပိုင်း အသုဘတစ်ခုပို့ခဲ့ရပါသည်။ ဗုဒ္ဓဟူးနေ့ကလဲ တစ်ခုပို့ခဲ့ရလို့ ဒီအပါတ်ထဲ ၂ ကြိမ်ရှိသွားပြီ။ အသုဘတစ်ခါပို့တိုင်း အနိစ္စကို သံဝေဂယူနိုင်လု့ိ ဘုန်းကြီးကျောင်း ဆယ်ခါသွားရင်ရမယ့် တရားနဲ့ညီမျှတဲ့ အသိနဲ့တူညီလို့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်လို့ ဆိုရိုးရှိခဲ့ပါတယ်။ အသုဘကို ကြည့်မိတိုင်း ငါသည်တစ်နေ့သေရမည် .. လို့ပဲ သံဝေဂရမိပါတယ်။ ကျွန်မအလုပ်က ဝန်ထမ်းနဲ့မိသားစုဝင်တွေများတဲ့အတွက် သာရေး နာရေး အလွန်များပါတယ်။ သိသိ မသိသိ သေတဲ့သူရှိရင် အကူငွေ ၅၀၀ဝ နဲ့ အသုဘပို့လိုက်ရလေ့ရှိတဲ့အတွက် ဘုရားရှိခိုးတိုင်း ဝန်ထမ်းမိသားစုတွေ ကျန်းမာကြပါစေလို့ အမြဲတမ်း မေတ္တာပို့သမိသည်အထိ အသုဘဆိုတဲ့အသံကို မကြားချင်ခဲ့ဘူး။ ကျွန်မပြောပြချင်တာက ယနေ့ပို့ခဲ့ရတဲ့ အသုဘအကြောင်းပါ … ဖွချင်တယ်ဆို ပိုမှန်မယ်။ သေဆုံးသွားသူက ရခိုင်ပြည်နယ် ကျောက်တော်ကနေ ရန်ကုန်ကို ခဏလာလည်တဲ့ အသက် ၅ဝ […]


ဂေဇတ် မိတ်ဆွေများရဲ့ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံအလှူနဲ့ပတ်သက်ပြီး လိုက်ပါခဲ့ကြတဲ့ အသီးသီးက အမှတ်တရ ဆောင်းပါးလေးတွေ၊ ဓာတ်ပုံဆရာတွေကလည်း လက်စွမ်းပြထားတဲ့ ရိုက်ချက်တွေကို ပို့စ်တွေ တင်ထားကြတာ အားရစရာကြီးဗျာ။ လိုက်ခဲ့သူတွေလည်း တသသ ပြန်ပြောဆို၊ မလိုက်ခဲ့နိုင်သူတွေက အားကျ နောက်တပွဲကို မလွဲစေရ ဆိုသူဆို..။ ကျနော်လည်း စကားခံထားတဲ့ အတိုင်း အလွဲကလေးတွေတင်အုံးမှာပေါ့။ တကယ်တမ်းပြောကြေးဆို ဦးဆောင်စီစဉ်ထားသူတွေရဲ့ စေ့စပ်သေချာ စေတနာပါတဲ့ ပြင်ဆင်မှုကြောင့် သိပ်ကြီးကြီးမားမား အလွဲရယ်လို့ မရှိခဲ့ပါ။ အားလုံးချောချောမွေ့မွေ့ ပျော်ပျော်ပါးပါး စိတ်လက်ချမ်းသာစွာ သာဓုခေါ်နိုင်ခဲ့တဲ့ အလှူခရီးပါ..။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးလေးနဲ့ အလွဲလို့ မဆိုနိုင်တဲ့ တေ့လွဲကလေးတွေကိုပဲ ကျနော့မှာ ပြန်ပြောပြရမှာပါ..။ 30.4.2012 ညနေ ၄း၃ဝ နာရီ။ ရုံအဆင်းလက်မှတ်ထိုးပြီး ဆိုင်ကယ်နဲ့ အိမ်ကို အသော့နှင်.. […]


Swal Taw YwetMay 3, 20121min801
သဝဏ်လွှာ (၄၃) by May Aye Oo on Thursday, May 3, 2012 at 9:08am ¡  ဉာဏ်ပညာနည်းတဲ့သူဟာ ကိုယ့်ကျိုးကို ဦးစားပေးတယ်..။ ဉာဏ်ပညာကြီးတဲ့သူဟာ အများအကျိုးကို ဦးစားပေးတယ်..။ (ဆရာတော် ဦးဇောတိက) ပြင်ဦးလွင် မှာ  လှူကြအုံးစို့ .. .. .. .. နော် .. .. ။ “ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း” ပြင်ဦးလွင်မြို့   ကျမ လယ်ဘဲ့မှာ သင်တန်းနဲ့ ဆေးခန်း (၂၇-၃ဝ ဧပြီ) ဖွင့်နေတုံး ၂၉-ဧပြီ မနက်မှာ မေမြို့ ရွှေစင်မင်း သီလရှင် ပရဟိတ က ဆရာလေးဆီက […]


မြန်မာ့ဆက်သွယ်ရေးမှ ကျွန်တော့အသိမိတ်ဆွေတစ်ယောက်မှ ဒီကနေ့ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်နှင့် သူ၏ ရင်တွင်း ခံစားချက်လေးကို ပြောကြားသွားတာဖြစ်ပါတယ်… သူရဲ့ အဖြစ်က ဒီလိုပါ… ဂျီ အဟောင်း (ယခင် FEC 1500 ပေးသွင်းသုံးရသော ဖုန်း) တစ်လုံး သူ့မှာ မပြစ်ရက် မရောင်းရက် ကိုင်တွယ်ထား၊ ဖက်တွယ်ထားလျှက်ရှိပါတယ်… ထို GSM ပိုင်ရှင်များသို့ မေလ တစ်ရက်နေ့နောက်ပိုင်း prepaid ကတ်စနစ် ပြောင်းသုံးမည်ဟု သတင်း ထွက်ပေါ်လျှက်ရှိခဲ့ပါတယ်… ကြိုတင်သွင်းငွေဖြင့် သုံးစွဲလျှက်ရှိပါတယ်… တစ်ခါသွင်းလျှင် ၅ သောင်းမှ တစ်သိန်းအထိ မိမိလစဉ်သုံးစွဲသော ယူနစ်အလိုက် ကုန်ကျငွေ၏ သုံးလစာကို ဖြည့်တင်းရလေ့ရှိပါတယ်… တစ်လစာ၊ နှစ်လစာလောက် ကြိုတင်သွင်းခွင့် မရပါ… နောက် ကြိုတင်ငွေပြန်လည်ဖြည့်တင်းရန် မိမိဘာသာ မှတ်သားထားရလေ့ရှိပါသည်… SMS […]


Swal Taw YwetMay 2, 20123min530
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၃) by May Aye Oo on Wednesday, May 2, 2012 at 1:24pm ¡  စွမ်းနိုင်ခဲ့လို့ရှိရင် မိမိအကျိုး၊ သူတစ်ပါးအကျိုး နှစ်မျိုးစလုံးကျင့်ပါ ပထမတန်းစားပုဂိ္ဂုလ်။ (ညောင်တုန်းမြို့၊ အဂ္ဂမဟာပဏ္ဍိတ ရွှေဟင်္သာတောရ ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ)   ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂ရ – ၃ဝ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။   ဧပြီ ၂၃ ရက် က မှ ရေဦး ကနေပြန်ရောက်ပါတယ်..။ ရုံးပြန်တက်ရသေးသကိုး..။ ပြီးတော့ ထုံးစံအတိုင်း ၂၆ ရက်နေ့ည မှာ ပစ္စည်းတွေ အပြီး […]


Swal Taw YwetMay 2, 20121min710
သဝဏ်လွှာ (၄၂) by May Aye Oo on Wednesday, May 2, 2012 at 4:40am ¡    တစ်ဦးတစ်ယောက်ဟာ သီလ သမာဓိ ပညာကို လက်တွေ့ အကျိုးရဖို့ ကျင့်သုံးတယ်ဆိုရင် ယောက်ျားးပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီလူဟာ ဗုဒ္ဓဘာသာပဲ။ သီလ သမာဓိ ပညာကို မကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ သူတို့အတွက် စိတ်မကောင်းပါဘူး။ (ဆရာကြီး ဦးဘခင်)   ယဉ်ကျေးလိမ္မာသင်တန်း ၄၆/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၅ – ရ မေလ ၂၀၁၂ အနောက်ကြို့ကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး။ တစ်ကယ်တော့ ကျမက ၅-ရ မေလ […]


KyaemonMay 2, 20121min2049
ရှေ့က” စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ ဂျပန်နိုင်ငံကုန်သွယ်ရေး II ” ရဲ့ အ ဆက်     ဂျပန်ရဲ့ ကုန်သွယ်ဘက်တွေ Trading Partners အ နက်မှ ယူအက်စ် နဲ့တရုပ်နိုင်ငံ တို့ဟာ ရှေ့ကပြေးနေကြကြောင်း အရေးပါကြောင်း သိကြတာ၊   သို့သော် ဘယ်နိုင်ငံ ကဘဲ  ဂျပန်အတွက် ကုန်သွယ်ဘက် နံပါတ် တစ်၊ ထိပ် သီးနိုင်ငံ ဖြစ်ကြောင်း လေ့လာရအောင်၊   ကုန်သွယ်ဘက် ဆိုတာ ကုန်သွင်းရုံ ဒါမှမဟုတ် ကုန်ပို့ရုံ “တလမ်းသွား” ကို မ ဆိုလိုပါ၊ အသွားနဲ့အလာ အဝင်နဲ့အထွက်  ” နှစ်လမ်းသွား […]


BBC သတင်းဌာနကြီး၏ အထူးထုတ် မြန်မာပြည်မြေပုံကြီးအား ကြည့်ရူ့ကာ အလွန်အမင်း စိတ်ပျက် ဒေါသထွက်နေရသော မြန်မာပြည်သူပြည်သား အပေါင်းတို့အား သူကြီးမှ ရိုဟင်ဂျာခေါ်ဆိုသည့် လူမျိုးစုများ ရခိုင်ပြည်နယ်တွင် လွန်လေပြီးသော အခါက နေထိုင် ခဲ့ကြသည်ကို ကြားဖူးသည် (ဝါ) မကြားဖူးပါ ဆိုသည့် စစ်တမ်းတစ်ခု ပြုလုပ်အရေးဆိုရန် လိုအပ်နေပြီဖြစ်ပါသည်။ ကျွန်တော်လည်း သတင်းအတော်များများနှင့် ထိုသတင်းအတွက် မြန်မာပြည်သူပြည်သားများ ကိုယ်စား လှုပ်ရှားအရေးဆိုနေကြသူများအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိပါသည်။ ကျွန်တော်ဖတ်မိသော၊ အသိမိတ်ဆွေ တစ်ဦးမှ ပေးပို့ထားသော သတင်းတစ်ပုဒ်အား ဖောက်သည်ချ၊ ဖတ်ရူ့ကာ မှားသည်၊ မှန်သည် ဝေခွဲကြပါကုန်။ အောက်ပါလင်ဒ့်အား ဖေ့ဘွတ်အကောင့်ရှိ့သူများ ဖတ်နိုင်ပါသည်။ ထိုပို့စ်တင်သူမှာ ကျွန်တော်သခင်သူရိန်မဟုတ်ဘဲ ထိုစာများမှာ ဂဇက်မှ မိတ်ဆွေအပေါင်း ရောင်းရင်းအပေါင်းအား ကျော်ဖတ်မိမည်၊ မသိလိုက်မည်စိုးသဖြင့် မောင်းကြေးနင်းခတ်လိုက်ရပါသည်။ […]


HM SApril 30, 20123min34223
ယဉ်ကျေးလိမ္မာ၊ ဂရုဏာထားတဲ့ အပြုအမူတွေ ပျောက်ဆုံးသွားပြီလား? ရိုင်းစိုင်းသလိုဖြစ်သွားရတဲ့ အမူအကျင့်တွေအတွက် ကျွန်တော်တို့မှာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့…အဲဒီအပေါ်မှာ ဆင်ခြေပေးလို့တော့ မရပါဘူး။ ဒါဖြင့် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ပိုယဉ်ကျေးလာအောင်လုပ်ကြမလဲ? ကမာ္ဘလောကကြီးတစ်ခုလုံး ပျက်သုန်းသွားတော့မယ် (ဒါမှမဟုတ်) ချောက်ထဲကျတော့မဲ့ ကမာ္ဘကြီး တစ်ခုလုံးကို ဒူးတစ်ဖက်ထဲနဲ့ ထိမ်းထားရတဲ့ အခြေအနေမျိုးမှာတောင် တစ်ချက်လောက်ပဲ ငဲ့ကြည့်ပြီး အပူအပင်မရှိ လပေါ်အထိ မက်ဆေ့ ပို့နေနှိုင်ကြတဲ့ လူတွေရှိပါတယ်။ ဒီလိုမျိုး ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ နေရာတကာမှာ တွေ့နေရပါပြီ။ ဒီဖြစ်ရပ်တွေအားလုံးက လူတွေဟာ ဘယ်တုန်းကမှ ပိုပြီးရိုင်းစိုင်းလာမှုမရှိပါဘူးဆိုတဲ့ အနုမာနသုံးသပ်ချက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့ အားဖြည့်ပေးနေသလိုပါပဲ။ “အလျင်စလို လုပ်ဆောင်ရမှုတွေ၊ အရင်နဲ့စာရင် အားလပ်ချိန်တွေ ပိုပြီးရှာပါးလာတာတွေကြောင့် ယနေ့အခါမှာ လူတွေဟာ လွန်ခဲ့တဲ့အနှစ်(၅၀) လောက်နဲ့စာရင်ပိုပြီးရိုင်စိုင်းလာကြပါတယ်” […]