ဟေးဟေးဟေးးး နောက် ဒေသ အစားအသောက်တွေကို ပေးမယ် လို့ ပြောပါတယ်။ (ဟိ၊ တရားဝင် ကြေငြာလိုက်တော့ ကိုဂျီးမျိုးသန့် ပြေးလို့ရတော့ဘူးး) ကဲ!!! မုံညင်း ခရီးစဉ် စ ကြစို့ရဲ့။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျနော်က ကချင်ပြည်နယ်သားဆိုတော့ ဒေသထွက် အစားအစာတွေကို ကြိုက်သူပါ။ အထူးသဖြင့် မုန်ညင်းပါပဲ၊ မုန်ညင်းတောင်မှ အခါးဓါတ်ပါတဲ့ မုန်ညင်းစိမ်းကို (ရန်ကုန်မှာ) တွေ့တိုင်း မရိုးတန်း ဝယ်ချက်စားတဲ့သူပေါ့လေ။ ဒါကြောင့် ရွာထဲမှာ ဒီလိုမျိုး ရေးရမယ်ဆိုတော့ ဒီမုန်ညင်းကို သတိရပြီး ဒီခေါင်းစဉ်တပ်လိုက်တာပါ။ အိမ်မှာက ဟင်းကို မနက်ည အပြီး ချက်တာများလို့ တစ်ရက်တစ်မျိုး ပေးလိုက်ပါတယ်။ (၁) တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ ဈေးသွားတာပေါ့။ ဈေးရောက်တော့ ဆောင်းနဲ့အတူ ပေါ်လာတဲ့ မုန်ညင်းစိမ်းတွေကို […]