17-Mar-2014 ဒီနေ့ တီချယ်နု မွေးနေ့ပါ။ မွေးနေ့ ပို့(စ) လေး ရေးချင်တော့ လွန်ခဲ့တဲ့ ၁၅/၁၆ နှစ် က တီချယ်နဲ့တွေ့ခဲ့တဲ့ အမှတ်တရလေးတွေ ကိုယ့်မှတ်ဉာဏ်ထဲက ပြန်ဖော်ရတယ်ရယ်။ သေချာစဉ်းစားကြည့်ပြီးမှ အချိန် ၁၆ နှစ်ဆိုတာကို သတိထားမိပြီး လန့်သွားတယ်။ ဟုတ်တယ်။ အဲဒီလောက်ကြာသွားပြီကွယ်။ ဒါပေမဲ့ ပြန်တွေးတော့လည်း မနေ့တနေ့ကလိုပဲ။ ၁၉၉၈ ကိုယ် ၁ဝ တန်း အောင်စာရင်းထွက်ပြီးခါစမှာ တီချယ်ဆီ စရောက်တာ။ မလာခင်ကတော့ တီချယ် တော်တာ၊ ထက်တာတွေ ကြားဖူးနေခဲ့တယ်။ ကိုယ့်ဖိုးဖိုးက သူ့ ကျောင်းက တော်တဲ့ ထက်တဲ့ သူတွေအကြောင်းကို အမြဲပြောပြလေ့ရှိတယ်။ နောက်ပြီး ကိုယ့် မေမေဆို တီချယ် သား ကိုဖိုးချမ်းကို ထိန်းဖူးတာကိုးးး အဒေါ် ကျောင်းဆရာမတွေကလည်း […]