အရက် ဘရန်း ရေးမို့ဟာကို ဖတ်ရုံနဲ့တင် မူးနေလို့ ခု စိတ်ပါတဲ့ ဘရန်းကို ရန်းသန်း မှန်းသန်းရေးလိုက်ပါတယ်။ :mrgreenn: အမှန်တော့ ဒီ ပစ္စည်းက လည်း ကျုပ်ကိုယ်တိုင် သုံးမရဘူးးး အင်မတန်တော့ ဝါသနာပါတာရယ်။ လူက အဝေးမှုန်သမားးး နဲနဲဝေးရင်ကို ဝါးနေတာ ဆိုတော့ နေကာမျက်မှန်သုံးလို့မရဘူးးးး ပါဝါ မျက်မှန်မှာပဲ နေအောင်လာရင် (အဲလေ) နေရောင်လာရင် မှောင်တဲ့ဟာလေး ထည့်ရတာရယ်။ :mrgreenn: ဒါပေမဲ့ မျက်မှန် နဲ့ လူနဲ့ လိုက်ဖက်အောင် ရွေးရတာတို့ နေကာမျက်မှန်နဲ့ လိုက်ဖက်ညီတဲ့သူတွေ ငမ်း (ဟုတ်ပေါင်) ကြည့်ရတာတို့ ကို ကြိုက်တယ်။ :mrgreenn: အာ့ကြောင့် ရေးပါ့မယ်။ နေကာမျက်မှန်ရယ်လို့ပေါ်ကာစကတော့ ဖုံ၊ လေနီကြမ်း၊ နေရောင်ခြည် တို့ […]