DEPARKO DEPARKOFebruary 2, 20121min871
ကျွန်တော်ဟာ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းတော့သိပ် နားမလည်ပါဘူး ဒါပေမည့် မြစ်ဝကျွန်းပေါ်တစ်လျှောက် ခရီးသွားရပါများတော့ သတိထားမိလာတာတစ်ခု ရှိလာတယ်၊ အဲဒါက ဒေသခံတစ်ချို့ ဒီရေရောက်တောတွေကို စည်းမဲ့ကမ်းမဲ့ ခုတ်ပြီး ထင်း/မီးသွေးအဖြစ် အသွင်ပြောင်းနေတဲ့အချက်ဘဲ၊ ကျွမ်းကျင်တဲ့ပညာရှင်တွေအဆိုအရ ဒီရေရောက်တောတွေဟာ သဘာဝပါတ်ဝန်းကျင်ကို အကျိုးပြုရုံတင်မကဘူး ဆူနာမီလို ရေလှိုင်းဒါဏ်တွေကိုပါ ခံနိုင်တယ်တ ဲ့။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီရေရောက်တော တော်တော်များများဟာ ပညာမဲ့ အသိပညာနည်းပြီး ဆင်းရဲတဲ့အတွက် ဝမ်းစာအတွက် ထင်းနဲ့ မီးသွေးဖုတ်ဖို့ သစ်တွေအတွက် လွယ်လွယ်ရတဲ့ ဒီရေတောတွေကို ခုတ်ရင်းနဲ့ မြစ်ဝကျွန်းပေါ် နေရာတော်တော်များများမှာ ပြောင်တလင်းခါနေပါပြီ၊ နာဂစ်မှုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ ပင်လယ်ကမ်းစပ်ဒေသတစ်ချို့မှာ သိန်းနဲ့ချီသေဆုံးပြီး ဆုံးရှုံးမှုလဲ မမျှော်မှန်းနိုင်အောင် များပြားခဲ့ရတယ် လယ်မြေဧကပေါင်းများစွာဟာ ပင်လယ်ရေဖုံးလွှမ်းခြင်းကိုခံရပြီး နဂိုအခြေအနေ ပြန်ရောက်ဖို့ နှစ်ပေါင်းများစွာ […]


DEPARKO DEPARKOJanuary 31, 20121min23212
တစ်လောက ကျွန်တော်တို့မရမ်းကုန်းမြို့နယ် ( ၆ ) ရပ်ကွက်မှာ ၂၇-၁-၂၀၁၂ ရက်နေ့ စာပေဟောပြောပွဲ ကျင်းပတယ်။ ကျွန်တော့်ရင်ထဲမှာ ဟောပြောပွဲမစခင်အချိန်ထိ ပီတိတွေတစ်လှေကြီးနဲ့ပါ၊ ကျွန်တော်တို့လို ရပ်ကွက်မျိုးမှာ စာပေဟောပြောပွဲကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြစ်မြောက်အောင်တာဝန်ယူတဲ့ သူတွေကို ကျေးဇူးတင်ရင်းနဲ့ပေါ့၊ ဟောပြောပွဲမှာ နိုင်ငံတော်က စာပေဆုချီးမြှင့်ခြင်းခံရတဲ့ စာရေးဆရာမ တစ်ဦး စာရေးဆရာ နှစ်ဦးနဲ့ စည်သူဘွဲ့ ချီးမြှင့်ခံရတဲ့ ဆရာကြီး ကိုဂုဏ်ပြုအခန်းအနားပါပါတယ်၊ စာပေဟောပြောပွဲ လဲပြီးရော ဖျော်ဖြေရေးအစီအစဉ်စပါတယ်၊ ပွဲကိုလာတဲ့ ပရိတ်သတ်အများစုဟာ အရွယ်မရောက်သေးတဲ့ကလေးသူငယ် တွေများပါတယ်။ အများစုက ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ်တွေပါ။ သူတို့ဟာ နာမည်ကြီးဟာသ သရုပ်ဆောင်တွေရဲ့ ဖျော်ဖြေမှုကိုလာရောက်အားပေးကြတာပါ၊ ကွင်းထဲမှာ ကလေးပရိတ်သတ်က ပိုများပါတယ်။ ဟာသသရုပ်ဆောင်နဲ့ ကာရာအိုကေစင်တင်ဖျော်ဖြေမှုလဲစရော ကျွန်တော် ကွင်းထဲမှာတောင်မနေနိုင်တော့ဘဲ အိမ်ပြန်ပြေးခဲ့ရပါတယ်၊ ယိုသူမရှက် မြင်သူရှက်ကြောင့်ပါ အိမ်ရောက်ပေမဲ့ […]


DEPARKO DEPARKOJanuary 31, 20121min1668
ကျွန်တော်တို့ မြန်မာနိုင်ငံမှာမနက်မိုးလင်းတာနဲ့ အရောင်းရဆုံးကုန်ပစ္စည်းတစ်ခုမှာအားကစား ဂျာနယ်တစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။ လက်ဘက်ရည်ဆိုင်မှာလူငယ်၊လူကြီး၊ ကျားမအရွယ်စုံညကဘယ်ပွဲမှာဘယ်လောက်၊ ဘယ်နှစ်ဂိုး၊ ဆယ်ပြားရှုံး ၊ဂိုးကြောနိုင်၊ဘော်ဒီကြေးငါးဆယ်နိုင်၊ စသဖြင့် နိုင်ငံတကာဘော်လုံးပွဲဒိုင်ချုပ်တွေတောင်အရှုံးပေးရလောက်ရဲ့။ လောင်းကစားတိုက်ဖျက်ရေးဘယ်လောက်အရှိန်အဟုန်နဲ့လုပ်လုပ်၊ ဘော်လုံးလောင်းကစားဟာအမြစ်တွယ်နေပါပြီ၊ လူငယ်အများစုဟာညနက်သန်းခေါင် အိပ်ရေးအပျက်ခံပြီးဘော်လုံးပွဲထကြည့် အားကစားဂျာနယ်တွေ ပိုက်ဆံအကုန်ခံပြီးဝယ်ဖတ်၊ အလုပ်၊ကျောင်းစာကြိုးစားရမည့်အရွယ်စုံလူငယ်တွေဟာဘယ်အသင်းကဘယ်နှစ်ဂိုးသွင်းမယ်၊ ဘယ်အသင်းကတော့ ဂိုးမရှိသရေ၊ ဘယ်အသင်းကတော့ သုံးဂိုးအထက် သွင်းလိမ့်မယ်။ စသဖြင့် နိုင်ငံတကာကဘော်လုံးနည်းပြချုပ်တွေ လက်ဖျားခါရလောက်အောင် ကိုတော်ကြပါပေတယ်။ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်တွေအများစုမှာမိန်းကလေးအများစုဟာတက္ကသိုလ်ရောက်တဲ့အထိ ပညာဆည်းပူးနိုင်ပြီးယောကျင်္ားလေးအများစု (၉၀%)ဟာ ဝေလေလေနဲ့ ပညာတစ်ပိုင်းတစ်စ ယောင်ခြောက်ဆယ် နေ့စဉ် လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်တွေမှာအချိန်ဖြုန်း မိဘတွေဆီက ပိုက်ဆံ လက်ဖြန့်တောင်း ရှက်ရကောင်းမှန်းလဲမသိ ဘိလိယက်ကို လောင်းကြေးနဲ့ထိုး အချိန်တွေ ငွေတွေ ဖြုန်းနေကြတာ လေထဲမှာတိုက်ဆောက်နေကြတာ ကျွန်တော်တို့နိုင်ငံမှာ နောက်ဆယ်စုနှစ်အနည်းငယ်မှာ ပညာတတ်မိန်းမတွေရဲ့ အရိပ်အာဝါသမှာ ခိုလှုံမဲ့ ဘောလုံး ဝါသနာရှင် လောင်းကစားသမား မဟာပုရိသများအကြောင်း […]


DEPARKO DEPARKOJanuary 30, 20121min1165
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငယ်စဉ်ကလေးဘဝ ကစားနည်းမျိုးစုံရှိခဲ့ပါတယ်။ တိုးတက် ပြောင်းလဲဖြစ်ပေါ်မှုနဲ့အတူကစားနည်းတွေဟာခေတ်နဲ့အညီနေရာဒေသပေါ် လိုက်ပြီးပြောင်းလဲတာရှိသလိုဖွံ့ဖြိုးမှုအားနည်းတဲ့ ကျေးလက်ဒေသအချို့မှာတော့ ရှေးရိုးကစားနည်းတွေရှင်သန်နေတုန်းပါဘဲ။ စိတ်မကောင်းစရာက မြို့ပြနေကလေးငယ်အများစုအတွက် အုပ်စုဖွဲ့ကစားဖို့နေရာမရှိတော့လို့ စည်းလုံးခြင်းညီညွတ်ခြင်းရိုင်းပင်းကူညီခြင်းအစရှိတဲ့ အတူအကွပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ကစားနည်းတွေဖြစ်တဲ့ ထုတ်ဆီးတိုးခြင်း၊ ဘော်လုံးကန်ခြင်း၊ စိတ်ပြေးတန်းကစားခြင်း၊ လိပ်ဥဖွက်တမ်းကစားခြင်း၊အစရှိတဲ့ ကစားနည်မျိုးစုံကိုအစားထိုးလို့ ကလေးအများစုဟာဂိမ်းဆိုင်၊ ဂိမ်းစက်ကလေးများ၊ မီဒီယာပစ္စည်းများ၊အခြေခံလူတန်းစား ကလေးငယ်များကတော့ ပုံပါသော ကဒ်ပြားများကိုဖိနပ်ဖြင့်ပစ်ပေါက်ကစားခြင်း၊ ကဒ်ပြားများကိုဖဲချပ်ကဲ့သို့ အသုံးပြုကာလောင်းကစားဆန်ဆန်ကစားခြင်းအစရှိတဲ့ကစားနည်းများေ ပြာင်းလဲကစားတာတွေ့ရမှာဖြစ်တယ် အကျိုးဆက်ကတော့ ကလေးငယ်အများစုဟာ တကိုယ်ကောင်းဆန်လာခြင်းဒေါသကြီးလာတတ်ကြခြင်း ရိုင်းစိုင်းလာခြင်းအတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ် အားနည်းလာခြင်းမိန်းကလေးငယ်များမှာလည်းအချိန်မတိုင်ခင် လိင်စိတ်နိုးကြွလာခြင်းတစ်ဦးအပေါ် တစ်ဦးညှာတာစိတ်ကင်းမဲ့လာခြင်း ရုပ်ဝထ္ထုပစ္စည်းများအပေါ် အလွန်အမင်းခင်တွယ်လာခြင်းတို့ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ နယ်မြို့များနဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ကျေးလက်ဒေသတွေမှာမိန်းကလေးငယ်များဟာ အရွယ်မရောက်ခင် အိမ်ထောင်ပြုကြရတာကိုလည်းစိတ်မကောင်းစွာ ကျွန်တော်တွေ့ခဲ့ရတယ်။ တစ်ချို့ဒေသမှာဆိုဆယ့်သုံးနှစ်အရွယ်တွေတောင် အိမ်ထောင်ကျကြတာတွေ့ရတယ်။ အဓိကကတော့ အရွယ်လွန်ယောက်ကျားတစ်ချို့ရဲ့ တဏှာစိတ်ကြောင့်နဲ့ စီးပွါးရေးအင်အားချို့တဲ့ပြီးပညာမတတ်တဲ့မိဘအချို့ကြောင့်ပါ။ ကလေးသဘာဝ ကစားခုန်လွှားပညာသင်ရမည့် အရွယ်တွေ အိမ်ထောင့်တာဝန်ထမ်းဘို့တော့မဟုတ်ပါဘူး အညှာအတာမဲ့တဲ့ ပုရိသယောက်ကျား ကြီးတွေရဲ့ […]


DEPARKO DEPARKOJanuary 30, 20121min19512
ကျွန်တော်တို့မြန်မာနိုင်ငံဟာပင်လယ်ကမ်းရိုးတန်းနယ်နမိတ်ရှည်လျားစွာမိုင်ပေါင်းထောင်ချီရှိပြီး မြစ်ဝကျွန်းပေါ်ဒေသနဲ့ ကုန်းတွင်းပိုင်း မြစ်ချောင်းအင်း၊အိုင်ပေါများလှတဲ့ အတွက် ရေထွက်သံယံဇာတပေါကြွယ်လှတဲ့နိုင်ငံဆိုလည်းမမှားပါဘူး။ ဒါပေမဲ့ ဒီနေ့ကမာ္ဘကြီးရဲ့ ဖြစ်ပေါ်တိုးတက်နေတဲ့ ကမာ္ဘ့လူဦးရေပေါက်ကွဲမှုနဲ့အတူစားနပ်ရိက္ခာမဖူလုံမှု တို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလိုဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ ဝိသမလောဘသား ပညာမတတ် ငွေပေါတဲ့ ဘူဇွာဒုစရိုက်လောကသားခေတ်ပျက်သူဌေးများတဲ့ နေရာတွေမှာ )မှာ ရင်နှီးမြှုတ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာပြီး သံယံဇာတတွေကိုစည်းမဲ့ကမ်းမဲ့ အပြိုင်အဆိုင် ထုတ်ရာကနေသားငါးရှားပါးတဲ့ဒါဏ်ကိုအခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာစပြီးခံစားနေရပါပြီ။ တချိန်က မြန်မာ့ပင်လယ်ပြင်မှာဒေသခံငါးဖမ်းလှေတွေဟာပင်လယ်ပြင်ကိုငါးရက်၊ဆယ်ရက်နဲ့ အိမ်အပြန်မျက်နှာပန်းလှလှနဲ့ ငါးအပြည့်ပြန်ဝင်လာနိုင်တယ် မကြာခဏဆိုသလိုငါးထိရင် နေ့ချင်းပြန်ခရီးတောင်ရှိခဲ့တာလွန်ခဲ့တဲ့ မဝေးလှတဲ့ ဆယ်စုနှစ်နှစ်ခုလောက်ကပါ ။ ယခုဒီနေ့မှာတော့ ဒေသခံငါးဖမ်းလှေငယ်တွေ၊ ပိုက်ကြီးလှေတွေအတွက်ကတော့ ပင်လယ်ပြင်မှာရက်ပေါင်းများစွာငါးရှိတဲ့နေရာကိုနံကြားထောက်ရှာ၊ တန်ခိုးရှင်တွေဆီဆုတောင်း၊ ပင်လယ်ပြင်အနှံ့နှစ်လ၊သုံးလကြာအောင် ငါးဖမ်းထွက်တာတောင် ငါးသေး၊ငါးမွှားနဲ့ ရောင်းတန်းမဝင်တဲ့ငါးမျိုးစုံနဲ့အတူ မျက်နှာရှုံ့မဲ့အိမ်ပြန်လာရတဲ့ ရက်ပေါင်းမနဲတော့ပါဘူး။ အဓိကတရားခံကတော့ ငါးမျိုးတုံးတဲ့ နည်းစနစ်တွေနဲ့ ကျွန်တော်တို့နိုင်ငံကိုသံယံဇာတ ချွတ်ချုံကျအောင် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ […]