ムラカミJuly 23, 20131min26019
သူမသည် အိပ်မက်။ အိပ်မက်သည် အနာဂါတ် အိပ်မက် မှာ အနာဂါတ်ကိန်း တော့ ကျနော်လည်း မုတ်ဆိတ်ရိတ်ပြီး ဆံပင်ဖြတ်ဖို့ ဖြစ်လာရောပေါ့.. အီတာလျှံပြိုင်ကား မန်ဟတ်တန် တိုက်ခန်း နဲ့ ၅၈ကွက်ပါတဲ့ ဘယ်လ်ဂျီယန် စိန်တော့ ကျနော် ကတိမပေးနိုင်ဘူး.. ထပ်မငိုရတော့ဘူး ဆိုတဲ့ ကတိလေးတလုံးကလွဲရင်ပေါ့.. ဒါနဲ့လေ.. စကားမစပ်  ရှီး .. ဘာလို့ မျက်လုံးထဲမှာ စိန်ပွင့်ကလေးတွေ ခိုးဖွက်ထားတာလဲ ဟင်င်င်။


ムラカミJuly 17, 20131min16912
ကံဆိုးမှု မိုးသားတွေ ပြိုကျတဲ့ ကာလပေါ့.. အားငယ်နေမလားကွယ်.. ဆောရီး .. ကျနော် အားမပေးတတ်ဘူး.. ခပ်သော့သော့ ပြုံးလို့ လောကဓံဆိုတဲ့ ငနဲသားကို ကလိကလိ နေအောင် ပျက်ရယ်ပြုတတ်တာ.. ကျုပ် ထရိတ်မာ့ခ် ရယ်ပါ…   ပြုံးပါဦး မိန်းကလေး.. မင်းပြုံးတိုင်း ပန်းတွေ မကြွေ သလို ကြယ်တွေလည်း မသေဘူး ဒါပေသိ … စိတ်ကျေနပ်မှုရဲ့ တန်ဖိုး တစုံတရာ ကိန်းတယ်.. မာန ဆိုတဲ့ပန်းဟာ မွှေးလွန်လွန်းလို့ လောကဓံ ဆိုတဲ့ကောင် ရှုရှိုက်ဖို့ မတန်ဘူး တဲ့လေ..   ဒုက္ခ ဆိုတဲ့ ငနဲသားက သူ့ခယ်မ သောက ကိုပါခေါ်ပြီး အိမ်ပေါ်တက် ထမင်းမျိုတာပဲကွယ်.. ကျွေးလိုက်ပါ.. မျက်လုံးလေး မှေးစင်း လို့ […]


ဘာဖြစ်နေမှန်း မသိဘူး …. ခုတလော စိတ်ထဲ မတင်မကျနဲ့ ဘဝင်လဲ မကျခြင်ဘူး။ ကိုယ်တွေကသာ စိတ်အနှောင့်အယှက် ဖြစ်နေတာ သူတို့တွေက ပျော်ပျော်ရွှင်ပါ။ မင်း မနာလိုဖြစ်နေတာလား … ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ် … စိုးစဉ်းမျှ ထိုစိတ်မရှိ …. ဒါဆိုရင် ဘာဖြစ်နေတာလဲပေါ့ … ??? … ကျနော် မဖြေတတ်ပါ။ ခင်ဗျားတို့ ပြောနေ လုပ်နေတာတွေကို ပုံပြင်တပုဒ် ဖတ်ပြခံနေရသူလို မျက်ဝန်းတွေ အကြောင်သားနဲ့ အံ့ဩဖွယ် မျက်နှာပေးထားဖို့ ကျနော် ၅နှစ်သားလေး မဟုတ်တော့ပါ…။ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားတာတော့ အမှန်။ နောက်ပီး ရေဆန်သလို ကိုယ်က ပြန်ပီး နားလည်ပေးထားတယ်။ ကြည့်ကျက်လုပ်ကျပါဗျာ …. လေးစားပါတယ် လေးစားပါတယ် လေးစားပါတယ် ….. ။ ဒါပေမဲ့ ခင်ဗျားပြောသလို “ခုချိန် ငါ့ရှေ့မှာ မင်းရှိနေလို့ကတော့ အရေခွံ […]


                        အခုတလောဗျာ ဦးကျောက်လည်း လူတွေကိုကြည့်ပြီး “ဘဝဆိုတာ ရွေးချယ်ပိုင်ခွင့်လား၊ တင်ကြိုပြဋ္ဌာန်းထားတာလား”ဆိုတာ ကြီးကြီးကျယ်ကျယ် အတွေးနယ်ချဲ့မိလေရဲ့။ အနီးစပ်ဆုံး ကိုယ့်ဘဝကိုယ်ဆင်ခြင်သုံးသပ်မိတော့လည်း အချိုးအကွေ့ အနိမ့်အမြင့် မမျှော်လင့်တာတွေဖြစ်ခဲ့ပေါင်းများလွန်းလို့ လိုက်မမှီနိုင်အောင်ပါပဲ။ ငယ်နုစဉ်ဘဝက ရည်မှန်းခဲ့တာကတစ်ခု အခုဖြစ်နေတာကတခြားဆိုပေမည့် ဆေးစက်ကျရာအရုပ်ထင် ဖြစ်လေရာဘုံဘဝမှာနေပျော်အောင်ကြိုးစားမိသူမို့ ဦးကျောက်ဘဝမှာ ဘူမိဗေဒပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတာကို ဂုဏ်ယူလို့မဆုံးသလို ကျေနပ်ဝမ်းမြောက်မိပါရဲ့ဗျာ။ မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်ပညာသင်ပေးခဲ့တဲ့ ကျောင်းတော်ကြီးက ဆရာ/ဆရာမများကိုလည်း ဒီနေ့အထိ ကျေးဇူးတင်လို့မဆုံးပါဘူး။   ဒီဘက်ခေတ်မှာ မြို့စွန်ရွာစွန် တက္ကသိုလ်ဟောင်းလောင်းတွေ မွစိတက်အောင်ဖွင့်ပြီး အဖြစ်သင်နေကြပေမည့် မောင်ကျောက်တို့ခေတ်အထိတော့ စံနစ်တကျသင်ခဲ့ရတာပါ။ နောက်ပြီး ဘူမိဗေဒပညာရပ်ရဲ့အသက် “ကွင်းဆင်းလေ့လာရေးခရီး” ဆိုတာကလည်း […]


ဟင့် အင်း ….  😀 သား ဘာမှ မပြောဘူးနော် သား ဟိုလူဂျီးဒွေ သုံးနေကျ ဇဂါးကို ခဏ ငှားသုံးကြည့်တာ … ဘာတဲ့ .. ?? Check Recheck Counter Check တဲ့ ဟုတ်လား မဟုတ်လားတော့ တား မတိဘူး … နောက်ပီး ဒတ်ပုံ တင်မရဘူး ဆိုလို့ စမ်းတင်ကြည့်တဲ့ သဘော …. 😛             ကဲ ရမရတော့ မသိဘူး …. တင်ပလိုက်ပီ ….. ဘုန်းကြီး ( ဘုန်းတန်ခိုး သိက္ခာ သမာဓိကို ဆိုလိုသည် ) သက်ရှည် […]


ムラカミJune 28, 20131min32128
  ၁။ အညှီအဟောက်ပုံလို့တော့ မထင်ဇီချင်ဘူးဗျ။ တင်ပီဗျာ…           မူရင်း ရှဲသူရဲ့ စာထဲမှာ တော့ ဂလို အဆိုရှိသဗျ။   တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။ ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ညဝတ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။   ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ […]


ムラカミJune 26, 20131min19913
        ထိလွယ် ရှလွယ် အချစ်ဆိုတာ အခိုးအငွေ့ ဆိုရင် ငါ့ရင်ဘတ်က အနှီ အခိုးအငွေ့တွေ ဖြည့်ထားတဲ့ ပူပေါင်းတလုံးပေါ့ နှင်းဆီ။     မင်းရဲ့ ဆူးဖျားတထောက်စာ ပြုစားမှုလေးလောက်နဲ့ ပေါက်ကွဲထွက်ရသလားရယ်လို့ ငါ့ကို လူတွေပြက်ရယ်ပြုကြပါစေတော့။     တကယ်တော့လည်း အခိုးအငွေ့ဆိုတာ ကိုင်တွယ်မဖမ်းဆုပ်နိုင်စကောင်းဘူးမလား ဒီလိုပဲ အချိန်တန်တော့လည်း လွင့်ပါး ပျောက်ရှ….။


ムラカミJune 20, 20131min26619
  ဖြစ်ပုံက ဂလို။ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် ဖလာဒဲလ်ဖီးယားဖြစ်စဉ် ကို အသေးစိတ်လေ့လာသိရှိပြီး ထွက်ရပ်ပေါက်သွားသော လောကဓါတ်ဆြာကြီး ဦးခိုမ် တယောက် အတိတ် ပစ္စုပ္ပန် အနာဂါတ်ကို သွားရတာ အားမရလို့ အထက်ဘဝဂ် အောက်အဝီဇိ ထိသွားဖို့ ကြံချင်းဖြစ်သည်။ သို့သော် ခုမှ စပြီး စမ်းသွားမှာမို့ … သိပ်မြင့်မြင့် သိပ်နက်နက် နေရာတွေ မသွားရဲသေး။ မနိမ့်မမြင့် နတ်လောက ကိုသွားကြည့်မည် တွေးမိ၏။ သို့နှင့် ဂရိမြေက အိုလံပီယာ တောင်သည်ဦးခိုမ် မျက်စိကျရာနေရာဖြစ်ရှာလေတော့၏. အောက်တွင် ဦးခိုမ်နှင့် ထိုနတ်များ၏ အင်တာဗျူးကို ရှု။   အပိုလို တကယ်တော့ အပိုလို စိတ်ညစ်နေတာကြာဘီ။ ဟုတ်တယ်လေ လူတွေလုပ်ပုံ ။ သူရို့ဟာသူရို့ ကျောက်မီးသွေး တူးသုံး […]


ムラカミJune 20, 20132min21218
မိ။ ဖြစ်ပါ့မလားကွယ်.. မင်းချံ ရယ်… မင်း။ ဘာလို့ မဖြစ်ရမှာလဲ ကွယ်…. မိ။ ရှင်နဲ့ ကျမက ဘာသာမတူဘူးလေရယ်.. မင်း။ ကိုယ်နဲ့မင်း ဘာသာမတူတာ ကိုယ်တို့မွေးလာတဲ့ တိုင်းပြည်တွေ နေရာတွေ ကွာခြားလို့ပါကွယ်။ မိ။ ဟုတ်တယ်နော်…ဒါနဲ့လေ သိလား မင်း။ ပြောပါ ကွယ်။ မိ။ ကျမလေ ရှင့်ကို သိပ်ကျေးဇူးတင်တယ်။ မင်း။ လင်းပါဦးကွယ်။ မိ။ အော် ကျမတို့ဘာသာကို နားလည်ပေးလို့ပါ။ မင်း။ အော်.. ဒါကတော့ ကွယ်။ မိ။ တကယ်ပြောတာပါ ရှင်။ ရှင် ကျမတို့ ဘာသာကို ဂလောက် နားလည်ပေးနေလို့သာ ရှင်နဲ့ ကျမ ဆက်ဆံရေးပြေလည်နေတာပေါ့။ မင်း။ အဲ့သည်လိုမပြောပါနဲ့ကွယ်။ မိ။ ကျမတို့ ဘာသာက […]


                          တကယ်တော့ မနေ့ကတင်လိုက်တဲ့ပိုစ့်လေးကို ဆက်ရေးဖို့ပါဗျာ- အဲဒီပိုစ့်လေး တင်လိုက်တဲ့အကြောင်းရင်းက – 2.6.2013  ညနေမှာ မန်းဂဇက်ချစ်သူများစာပေဆုရွေးချယ်ရေး ဖတ်ရွေးအဖွဲ့ဝင်တချို့ အစည်းအဝေးလုပ်ကြပါတယ်။ အဲဒီအစည်းအဝေးက ပြောဆိုဆွေးနွေးဖြစ်တာလေးတွေ ၊ ဆက်လုပ်မယ့်အစီအစဉ်ကလေးတွေကို ရွာသူားတွေကိုပါ ချပြပြီး စိတ်ဝင်စားသူတွေက အကြံဉာဏ်ပေး ကွန်မင့်ရေးတာလေးတွေကို ပြန်သုံးသပ်ရအောင် ပိုစ့်ကလေးတပုဒ်တင်ဖို့ ကျုပ်တာဝန်ယူခဲ့ပါတယ်..။ အဲဒီမှာ ပိုစ့်ရေးမယ်လုပ်တော့ – မိဘပြည်သူများခင်ဗျား… ဆိုပြီး သတင်းကြေငြာသလိုကြီးမရေးချင်တာကြောင့် တစ်ယောက်ယောက်ကို တရင်းတနှီးပြောပြတဲ့ရေးဟန်ကလေးနဲ့ tone ကိုလျှော့ဖို့ စဉ်းစားမိပါတယ်။ ကျုပ်မှာက ပိုစ့်ထဲထည့်ရေးချင်တဲ့အခြားအကြောင်းအရာကလေးတွေကလဲ ရှိနေသေးသကိုးဗျာ….   လွန်ခဲ့တဲ့ ရက်အနည်းငယ်က daily eleven […]


                  သည်နေ့က အတော်ကို ထူးခြားနေသည်… ပြောရလျှင် ကေတုမတီ မင်းနေပြည်ဆိုပေသိ သည်နေ့ကိုက ပုံမှန်ထက်ကို အုတ်အုတ်ကျက်ကျက်ရှုပ်ရှုပ်ထွေးထွေးဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေသည်မှာ ဘာများအကြောင်းထူးရှိလို့ပါလိမ့်……. ဇဝေဇဝါစဉ်းစားရင်း ပါလေရာတစ်ယောက် လမ်းလျှောက်လာခဲ့သည်မှာ ရွှေနန်းတော်ရှေ့က ရင်ပြင်အနီးသို့ပင်တိုင်လေသည်။ အဲသည်မှာတော့ လူအုပ်ကြီးစုဝေးနေသည်ကိုတွေ့လိုက်ရသည်။ အထူးသဖြင့်တော့ ရာဇမတ်ကာထားသည့် ကွပ်လပ်ငယ်ထဲသို့ ဝင်ရောက်ခွင့်ရဖို့ စုတိုးနေတာဖြစ်လေသည်။ ဘာများအလကားဝေမှာမို့ပါလိမ့်နော်…။ ဘာပဲဖြစ်ဖြစ် သူများတိုးရင် ကိုယ်လိုက်တိုးမှ သူများရတဲ့အခါ ကိုယ်လဲရမှာ။ ထိုင်နေလို့တော့ဘာမှမဖြစ်နိုင်ဘူး..။ တိုးကြည့်မှ အကျိုးရှိချင်ရှိပေဦးမည်….။ သို့နှင့်ပင် စပ်စုစိတ်တဝက် လောဘစိတ်တဝက်ဖြင့် ပါလေရာတစ်ယောက် လူအုပ်ကြီးထဲဝင်တိုးမိလေတော့သတည်း..။ “ဟာ… ရောင်းရင်းကြီးကိုရင် ပါ ပါလား။ ဝမ်းသာတယ်ဗျာ ။ ဒါမှ ယောက်ျားကောင်းဗျ။ လာ… […]


ဇီဇီJune 2, 20131min41166
ဒါက ကိုအောင်ခိုင်ရဲ့ အတွေးနဲ့ အရေးပါ။ စိတ်သဘောချင်းတူလို့ ရှယ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~   ဒေါ် စု ကို ဘာ ဖြစ် လို့ များ လူ တွေ က သည်လော က် တောင် သဲ သဲ လှုပ် ဖြစ် နေ ကြ ရ သ လဲ။ ကဲ ကို ကဲ လွန်း တယ် ….တဲ့လား။ ပြောပြန်ရင်လည်း အောင်ခိုင်လွန်ရာကျမလားမသိပါဘူး။ နယူးယောက်မှာ ထိုင်းဝန်ကြီးချုပ် ဒေါ်ရင်လတ် အင်္ဂလိပ်လို ပြောတော့ တနာရီမပြည့်ခင်အချိန်အတွင်း အင်္ဂလိပ်စာ အလုံး ၄ဝ မှားလို့ဆိုပြီး FB မှာဝေဖန်ပြီး ပြောကြဆိုကြ ဒေါ်စုနဲ့နှိုင်းယှဉ်ကဲ့ရဲ့ကြတယ်ဗျ။ တချို့ကလည်း ဒေါ်စုကို ချိီးကျူးပါ..သူများကိုတော့ […]