??? “သာမောစွ …. ကမ်းအလှဌာနေ ၊ ကဗျာဝကမ်းခြေ … မွန်တို့ဌာနေ”တဲ့အဲ့ ကဗျာလေးကိုဘယ်တုန်းကဖတ်ဖူးမှန်းမသိပေမဲ့..မှတ်မှတ်ရရနဲ ့စာအုပ်ထဲမှာရေးမှတ်ထားခဲ့ဖူးပါတယ်။ အဲ့စာသားအတိုင်းပဲအပြင်မှာလည်း အတော်ကိုအပန်းဖြေချင်စရာကောင်းတဲ့ကဗျာဝခရီးစဉ်လေးကိုမမျှော်လင့်ဘဲ ရေးမြို ့ကညီမလေးတစ်ယောက်ကဖိတ်လို ့တစ်ခါတစ်ခေါက်အလည်ရောက်သွားခဲ့ပါတယ်။ #ရေးရှေးဟောင်းကျုံးရေလည်ဘုရား?? #ကဗျာဝကမ်းခြေ⛱?????? #ကိုရင်လေးတည်ထားတဲ့လေးမျက်နှာဘုရား (0r) Banana Mountain ?? #သေမင်းတမန်ရထားနဲ ့ပြတိုက် ??? #ဝဲကလီရေပူစမ်း #ဘယ်လိုသွားလဲ?? ရန်ကုန်ကနေ ကဗျာဝအထိ တိုက်ရိုက် အဝေး ပြေးကားလမ်းတွေ မရှိသေးပေမဲ့ ရေးမြို့ကတစ်ဆင့် သွားမယ်ဆိုရင် ကဗျာဝကျေးရွာကို ရောက်ပါတယ်။ ခုဆိုရင်နေ ့ချင်းပြန်ခရီးစဉ်လေးတွေဆိိုပြီးဆွဲနေတဲ့အေဂျင်စီတွေလည်းရှိနေပါပြီ။ကိုယ် ကိုယ်တိုင်လည်းခရီးသွားအေဂျင်စီမှာလုပ်နေတာဆိုတော့ဆွဲကြည့်မယ်ကွာဆိုပြီးဧည့်သည်တွေအသဲအသန်ရှာတော့တာ ပေါ့။လမ်းကြောင်းတွေလဲအသားကုန်ရှာ၊မေးသင့်တဲ့သူမေးပေါ့။(ကိုရင်လေးတည်ထားတဲ့လေးမျက်နှာကြီးကိုစပြီးဖူးမျှော်ပြီးကတည်းကသွားချင်စိတ်ဖြစ်မိတာလည်းပါပါတယ်) ခရီးစဉ်လေးစတင်တဲ့အချိန်ကတော့ ည(၈)နာရီပေါ့နော်..လမ်းမှာကျန်းမာရေးအပေါ့အပါးအတွက်ခဏရပ်ပြီးရေးမြို ့ကို တောက်လျှောက်မောင်းနှင်တာဟိုကိုမနက်အစောကြီး (၅)နာရီကျော်မှာရောက်သွားတယ်။မနက်စာစားဖို ့ကျတော့လည်း စောနေသေးလို ့ကိုယ့်ဧည့်သည်တွေကိုခဏအိပ်ခိုင်းထားပြီးမနက်စာစားဖို ့တွေပြင်ဆင်ရတာပေါ့။မနက်စာစားပြီးတာနဲ ့ ကဗျာဝကိုဆက်သွားကြပါတယ်။အချိန်ကတော့ (၁)နာရီနီးပါးလောက်သွားရပါတယ်။ ရန်ကုန်ကနေရေးထိလိုင်းကားကြီးတွေလည်းရောက်ပါတယ်။မျိုးဆက်သစ်လိုင်းပေ့ါ။(၉၅၀ဝ ကျပ်ပါ)အဲကနေလျှောက် […]