ဒီ Icon Siam Mall ကြီးက ဘန်ကောက်မှာ အကြီးဆုံး Mall ကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ်နိုဝင်ဘာမှာစတင်ဖွင့်ခဲ့တာပါ။ ကျောက်ဖယား မြစ်ကမ်းပါးမှာရှိတဲ့ ဒီ Mall ကြီးဟာ အထပ်ပေါင်း (၇) ထပ်ရှိပြီး ဆိုင်ခန်းပေါင်း (၁၀၀၀) ကျော် နဲ့ စားသောက်ဆိုင်ပေါင်း (၁၀၀) ရှိပါတယ်။ Mall ကြီးရဲ ့ဝင်ဝင်ချင်းကတော့ လုံးဝ ကို Amazing ပါ။ ဝင်ဝင်ချင်းမှာတင် ကနုတ်လက်ရာတွေ၊ မီးဆိုင်းတွေ၊ ဆင်ရုပ်ကြီး၂ကောင်ရယ်၊ မောင်းကြီးရယ်.ရွှေရောင်ဖြစ်တဲ့ အဝါကိုအသားပေးအလှဆင်ထားတော့ အရမ်းကိုကြိုက်မိပြီး ငေးလို့မဆုံးဖြစ်တာပေါ့။ ဦးဆုံးထိုင်းရိုးရာသီချင်းသံလေးတွေကကြိုဆိုနေပြီး မိုးလုံလေလုံ ထိုင်းရိုးရာရေပေါ်ဈေးလေးတစ်ခုရောက်သွားသလို ခံစားရမှာပါ။ အဲ့နေရာကို SookSiam လို့ခေါ်ပါတယ်။ အောက်ထပ်မှာတင် ထိုင်းရိုးရာမုန့်လေးတွေကို အဝစားပြီး ဗိုက် ပြည့်မှ အပေါ်ထပ် က […]