poochSeptember 24, 20147min51632
Hiking အတွက်ဆို ရှမ်းပြည်နယ် ကလောဖက်က တောင်တွေက လှသလို ရာသီဥတုကလည်း သာယာတယ်။ မန ္တလေးကနေ ၁၆၆ မိုင် နီးပါးဝေးတဲ့ ကလောကို ရထားနဲ့ဖြစ်စေ ကားနဲ့ဖြစ်စေသွားလို့ရပါတယ်။ ရထားနဲ့ဆိုရင်တော့ မန ္တလေးကနေ သာစည်ကို ညနေ ရထားစီး ပြီးရင် ည ၉ နာရီလောက် သာစည်ကို ရောက်တယ်။ အဲ့ဒီမှာ ခဏနားပြီး ကလောရထားကို မနက်အစော ၄ နာရီလောက် ဆက်စီးရတယ်။ ရထားစီးတဲ့လမ်းတလျှောက်မှာတော့ မိုးရာသီမို့ လယ်ကွင်းတွေက စိမ်းပြီး မိုးနံ့သင်းတယ်။ ကောင်းကင်မှာလည်း သက်တံတွေကပေါ်နေတတ်တော့ ပြတင်းပေါက်ကနေ လေညှင်း ခံပြီး သဘာဝအလှတွေနဲ့ စကားစမြည်ပြောပြီး နောက်နေတဲ့ အာရုံတွေကို်လည်း ရှင်းထုတ်လို့ရတယ်။ လမ်းမှာတော့ တောင်ပေါ်ကို တက်တဲ့နေရာ ၆ နေရာလောက်ကို […]


မိုးညနေခင်းလေးမှာ(ဓါတ်ပုုံ့ပိုစ်)       တောင်သမန်အင်းကိုရောက်ခဲ့ တဲ့ တစ်ညနေ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 23-9-2014


“မြန်မာတွေ သတ္တိရှိလာပြီ” ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအုပ်စိုးတဲ့အချိန်ကစပြီး ၂၀၁၂ ပုံပြောင်းအစိုးရ မတိုင်မီအချိန်ကာလ က တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းများက ပြည်သူပြည်သူများအပေါ်မှာ စည်းကမ်းရှိအောင်အတော်လေးကို ကွပ်ကွပ်ညှပ်ညှပ်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ယဉ်စည်းကမ်းနဲ့ပါတ်သက်လို့ပေါ့။ ဒါဏ်ငွေဆောင်ခိုင်းတယ်။ ယာဉ်ကိုသိမ်းထားတယ်။ အဲ့လိုလုပ်တော့ စည်းကမ်းကိုအတော်လေး လိုက်နာခဲ့ကြပါတယ်။ လူမလစ်ရင် စည်းကမ်းမဖောက်ဘူးပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ခေတ်မှီဖွံဖြိုး တိုးတက်ပွင့်လင်းသောခေတ်ကာလမှာ လူတွေက အမြင်ကျယ်လာသလို မတရားဖိနှိပ်တယ်ထင်ရင် မခံတော့ပါဘူး။ ပြောင်ပြောင်တင်းတင်းကို ဆန့်ကျင့်ကြပါတယ်။ ငုံ့ မခံ ကြ တော့ပါဘူး။ သတိ္တရှိလာတယ်ဆိုတဲ့သဘောပေါ့။ တစ်လမ်းမောင်းကိုလဲ နေ့ခင်းကြောင်တောင် ရော ညရော လမ်းပြောင်းပြန်မောင်းရဲလာတယ်။ သတိ္တိရှိလာတဲ့သဘောပေါ့။ အခုတော့ အဲဒီထက်တောင်ပိုလာပါပြီ။ ဘယ်လောက်လေးစားစရာကောင်းလဲလို့။ သတိ္တရှိရှိ ပြောင်ပြောင်တင်းတင်းဆန့်ကျင့်ကြတာ။ နေ့ခင်းကြောင်တောင်မှာတောင်မှ လမ်းပြောင်းပြန်ရပ်ထားတဲ့ကားတွေလေ။ တကယ့် ကို လေးစား စရာကောင်းမှကောင်းပါဘဲ။   […]


ムラカミSeptember 21, 20141min33516
တချို့ အလွဲတွေများ အတော် ဆိုးသဗျ… ကိုယ်လွဲတာတော့ မပြောတော့ပါဘူး သူများလွဲတာပဲ ဖောက်သည်ချပါရဇီ။ တခါသားဗျာ….။ ဒတ်သေ ထွက်ရိုက်နေကျ သူငယ်ချင်း ဓါတ်ဆြာပေါ့… (အဲ… ဒီကောင့်အတင်းပြောတယ်လည်း ဖြစ်အုံးမယ်) တတ်နိုင်ဘူး ဆက်ဆွဲတာပေါ့ဗျာ…။ ကြုံတုံး ကြိုပြောပြထားရရင် သူနဲ့ပဲ ဖြစ်ဖြစ် ကျန်တဲ့ စီနီယာ ဂျူနီယာ နဲ့ပဲဖြစ်ဖြစ်ပေါ့ အောက်ဒိုး ရှုရင် ကျနော် နေလေ့ရှိတဲ့ နေရာက စက္ကန်ဒရီ ဖိုတိုဂရပ်ဖာ ပဲ … ဘယ်တော့မှ ပရိုင်မာရီ နေလေ့မရှိ အဲ့ဖီလင်ကိုလည်း မကြိုက်… (ထားပါလေ ..အဲ့အကြောင်း နောက်မှ ပြောပါ့မယ်) အဲ့ဒါဗျာ တချို့ သော set တွေ တချို့ သော အချိန်အခါတွေမှာ ဖလက်ရှ် ဖောက်ရလောက်အောင်လည်း မလို […]


poochSeptember 20, 20144min39024
ရောက်ခဲ့ဖူးတဲ့ ဒေသတခုကို ပြန်မျှတဲ့ မှတ်တမ်းတခုပါ။ ဓာတ်ပုံပညာမျက်စိနဲ့ကြည့်ရင် အနှုတ်ပြမယ် ကော်နတ်ရှင်နှိပ်စက်လို့ ဖွင့်မရရင် ကျိန်ဆဲခံရမလားပဲ ။ ပုံတင်တာ များသွားလို့ :mrgreenn: လမ်းပြမိုင်တိုင် အိမ်ဝင်းနံရံအများစုက ဒါမျိုးလေးတွေများတယ် ကချင်ဘက်က ခွေးပေါက်စလေးတွေပါ ခွေးချစ်တော့ ရောက်ရာအရပ်မှာ ခွေးပုံတွေကို မှတ်တမ်းတင်ရတာအမော :mrgreenn: အထက်ရှန်ခေါင်ရွာ ကျမတို့စခန်းချတဲ့ဝါဆန်ဒါန်းရွာ မူလတန်းကျောင်းဝါးတဲလေးရဲ့ ရှေ့က ရှုခင်းကို ညနေစောင်းလှမ်းရိုက်ထားတာပါ လျှို့ဝှက်သောနှင်း ဇာတ်ကား ဇာတ်ဝင်ခန်းထဲမှာ ပါတဲ့ လူမင်း ကျောက်တုံးလို့လည်း ခေါ်သတဲ့ ပြောတာပဲ ဒါက ဇီယာဒမ်းရွာလေးရဲ့ အဝင်ကနေ လှမ်းမြင်ရတဲ့ သူရဲ့နောက်ခံက ဖုန်ကန်ရာဇီ၊ ဖုန်ရင် စတဲ့ ရေခဲတောင်တွေပါ ကျမတို့ သွားခဲ့တာ အဲ့ဒီတောင်ပါ သူတို့ရဲ့ အိမ်ဝင်းတံခါးအားလုံးလိုလိုက ဒီလိုလှေကားထစ်တံခါးလေးတွေပါ


မြစပဲရိုးSeptember 19, 20142min25820
ရွှေကြည် လေး အတွက် ရွှေတောင် အလွမ်းပြေ။ ၂၀၀၈ တုန်းကပါ။ ဒီနေ့ ဒီမှာ သမိုင်းဝင် အမှတ်တရ နေ့ တစ်နေ့။ စကော့တလန် နဲ့ အင်္ဂလန် ခွဲရေး တွဲရေး အတွက် စကော့တလန် နေ ပြည်သူ တွေ မဲပေး တဲ့နေ့။ ကံကောင်းစွာ (ကိုယ့် အနေနဲ့ ဆိုရင်ပါ) ခွဲ မထွက်ရေး က နိုင်သွားတယ်။ (No ကနိုင်သွားတာ) ဒီတော့ “နေမြဲ” ပေါ့။ မစ္စတာ ဒေးဗစ်ကင်မရွန် အသီးမကွဲ တော့ဘူး၊ အလုပ်မပြုတ်တော့ ဘူး။ အမှန်တော့ သူ့ ကို ဂရုမစိုက်ပါဘူး။ ဘုရင်မကြီး ကိုသာ သနား ပြီး မကွဲ စေချင်တာ။ တကယ်ရင်ကွဲ […]


ဖိနပ် မပါ ဓါတ်ဆရာ….(ဓါတ်ပုံပိုစ်)   တစ်ခါ က ဖိနပ်မပါ ဘဲ လမ်းဖြတ်ကူး   ခဲ့ ကြ တဲ့ ဘီတဲလ် သီချင်းအဖွဲ့လေး ရဲ့ဓါတ်ပုံ ကကမ္ဘာ ကျော် ခဲ့ ဘူး ပါတယ်။   ကျနော်တို့ရွာသား နှစ်ယောက်လဲ ဖိနပ်မပါဘဲ  လမ်းလျောက်ခဲ့ ကြ ဘူးပါတယ်။   တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်မှတ်တမ်းတင်ခဲ့ ကြတာပါ။   ကဲ  ကြည့် လိုက်ကြပါအုံး         ကိုပေါက်လမ်းသလားနေသည် 19-8-2014


“လှ သော ည နေ ခင်း  “ ရွှေအိုရောင် ညနေခင်း လေးမှာ လှော်သူမဲ့ သော လှေကလေးက တစင်း မျောချင်ရာမျောနေတဲ့ ဗေဒါလေးက တသိုက် မြင်မြင်ရာ ရိုက်နေတဲ့ ဓါတ်ဖမ်းသူက တစ်ယောက် တွေးချင်ရာတွေး ရေးချင်ရာ ရေး နေတဲ့ ကဗျာဆရာ က တစ်ဦး အော် အားလုံးပေါင်း တော့ အလှ တစ်ခု ပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် 18-9-2014


ムラカミSeptember 18, 20142min23013
သူ့အကြောင်းလား …. အင်း…   စကားပြောရင် ကျနော်ကျနော်နဲ့ … အဲ မန်းလေး သူလည်းမဟုတ် …     အဲ … ဆိုးတာက ကျနော့် ကို မမှတ်မိတာ …။ သူနဲ့ သိတာ ၃-၄နှစ် ရှိပေမယ့်ပေါ့ …။ သူ မြင်ဖူးပြီးသမျှ မက်ခရိုတွေကို ပုံဆွဲချင်လို့ ဆိုပြီး တောင်းနေတာရယ်… ထားပါလေ…။ အဲ့လို …နောက်ပိုင်းတော့ အလုပ်နဲ့ ပတ်သတ်ပြီး ဆက်ဆံရဖို့ရှိရဲ့…။     ဒါပေမယ့် ၃-၄မိနစ်အတွင်း အဖွဲ့ကျသွားပြီး …လေပေးဖြောင့်တာများ ပြောပါတယ်…။ ခရောင်း …အစ ခေါင်းလောင်း အပါ … နဂါးအလယ် ဖလား အဆုံး ရောက်တတ်ရာရာပေါ့ဗျာ..။ နာမည်ပြောင်ပေါင်းများစွာ ရှိလျက်နဲ့ … အိမ်နာမည်ပဲ […]


“မရိုးနို်င်သော-ဓါတ်ပုံပိုစ်”   ဘယ်အချိန်သွားသွား   ဘယ်နေ့ သွားသွား   ဘယ်တော့ သွားသွား   ဘယ်ရာသီသွားသွား     မန်းလေးသားများအတွက်မရိုးနိုင်သောနေရာလေးတစ်ခု ရှိပါတယ်။   အဲဒီနေရာကတော့         တောင်သမန်ကို တစ်လ တစ်ကြိမ် တော့ ရောက်လေ့ ရှိပါတယ်၊   2014ခုနှစ်မှ ဩဂုတ်လ လ မှာတော့ရောက်တယ်   ကင်မရာမပါ လို့ မရိုက်ခဲ့ရ   အဲ တော့ ဘယ်တော့မှ မရိုးတဲ့တောင်သမန် ကို ခံစားနို်င်ဘို့အတွက်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 17-9-2014