Mon LayMay 14, 20194min6182
လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပန်းဖြေချင်တဲ့ စိတ်တွေ ကတူချင်မှတူမှာပေါ့နော်။ မွန်လေးကတော့ ရေကူးရတာ ဝါသနာပါတယ်။ ကိုယ့်အားလပ်ရက် ဆို.. ရေသွားကူးဖြစ်တာများတယ်.. ခရီးက နေ ပြန်လာရင် ပင်ပန်းနေတာတွေကိုဖြေ ပျောက်ဖို့ ရေကူးလိုက်တာပဲ. When you are tired, swimming with your heart တဲ့။ အဲ့စာသားက အရမ်းမှန်တယ်။ ခရီးတွေသွားရင်လည်း ရေကူးကန်ပါတဲ့ဟိုတယ်ပဲနောက်ပိုင်းရွေးတည်းဖြစ်တာများတယ်။ အညောင်းအညာပါပြေ စေတယ်လေ။ ရေကူးဝတ်စုံလှလှလေးလည်း ဝတ်ရတေယ်လေ👙🕶 ရေကူးကန်လေးကမိုက်တော့ ပုံအလန်းလေးတွေလဲ ရိုက်လို့ကောင်းမှကောင်း။ ရေကူးပြီးမောမောနဲ့ အအေးသောက်ရတဲ့ဖီလင်ကလည်းမိုက်နေရော။ Pool float လေးနဲ့ဆိုလည်း ပိုလို့တောင်မို်က်သေး။ ရေကူးခြင်းဟာ Live in the moment လက်ရှိကို ပြည့်ပြည့်ဝဝခံစားပြီး အနားယူဖို့ အကောင်းဆုံးလို့ ခံစားရလို့ မွန်လေးကတော့ […]


Mon LayMay 14, 20192min5470
Ice skate စီးချင်ခဲ့တာ လွန်ခဲ့တဲ့ ၁၄နှစ်လောက်ကတည်းက TV မှာ ကိုရီးယားဇာတ်လမ်းတွဲ FullHouse(ချစ်စံအိမ်) ပြကတည်းက အွန်စောစီးတာမြင်ကတည်းက စီးချင်ခဲ့တာ။ 😁😁ရွနေခဲ့တာ။ အဲ့တာနဲ့ ၂၀၁၄ ကျမှ ရုံးကအမတစ်ယောက်က သူ့တူမလေးအတွက် skate စီးသင်မယ်ဆိုပြီး infomation ရှာရင်းနဲ့မှ လှည်းတန်းမှာစကိတ်စီးသင်ပေးတယ်(ice skate တော့ မဟုတ်ဘူးပေါ့) ဆိုတာသွားတွေ့ပြီးသွားသင်ခဲ့တယ်။ သင်ပေးခဲ့တဲ့ အကိုတွေ ၊မောင်လေးတွေကို ဒီစာရေးရင်းနဲ့ ကျေးဇူးတင်ပါတယ်လို့။ 🙏🙏အရမ်းကြီးတော့ မတတ်ခဲ့ပါဘူး။ အလုပ်က တစ်ဖက်နဲ့မို့ လေ။ ဒါပေမဲ့ အခြေခံတော့တတ်ခဲ့ပါတယ်။ ခုလို ice skate rinkကြီး (နိုင်ငံခြားသွားရင် ကြိတ်ကြွေခဲ့ရသော )ကို ရန်ကုန်မှာ စဖွင့်ပြီ ဆိုတော့ ဘယ်လိုပျော်မှန်းမသိကိုပျော်နေခဲ့တာ။ 😄😄အဲဒါနဲ့ ကိုယ်အားမယ့်ရက်၊ သယ်ရင်း အားမယ့်ရက်နဲ့ချိန်ပြီး တော့သွားခဲ့ပါတယ်။ […]


Mon LayApril 30, 20191min4670
အများကြီးမရှိပေမဲ့… သိထားသင့်တယ်ထင်လို့ ပြန်ရှယ်လိုက်ပါတယ်။ သူများတွေအတွက် အဆင်ပြေရင် ပြေမှာပေါ့လေနော်။ မွန်လေးအတွက်တော့ အဆင်မပြေခဲ့လို့ ရှောင်ချင်ရှောင်လို့ရအောင်လု့ိ ရေးပေးလိုက်ပါတယ်။ တစ်အချက် လေယာဉ်ပါ..viet jet airline ။ ရန်ကုန်ကစထွက်ကတည်း delay ဖြစ်တာ.. ဗီယက် နမ်ရောက်တော့ transit နောက်တစ်နေ့ကူးတော့လည်း ၃နာရီ delay ဖြစ်တယ်။ အဲလို delay ဖြစ်တာကိုလည်းလေဆိပ်ရောက်မှသိတယ်။ ကို်ယ်တွေကတော့ လေယာဉ်ချိန်စောလို့ဆိုပြီး မနက်စာတောင် ဟိုတယ်ကနေထုပ် လာခဲ့တာ..ဟို လည်းရောက်ရော..၁၁နာရီလေယာဉ်ဖြစ်ရော..check-in counter က ကောင်မလေးတွေက အမတို့ကို လေယာဉ်ချိန်ပြောင်းတာ ပြောပြပါလိမ့်မယ်တဲ့..ကို်ယ်တော့ အချိန်ပြောင်းတယ်ဆို လေဆိပ်ရောက်မှသိတာ..အဲတော့ ဘယ်သူ့ကို မပြောရကောင်းမလဲ. .လေယာဉ်လက် မှတ်ထုတ်ပေးတဲ့ ဌာနကိုလား..သူတို့ကလည်း ဖုန်းနံပါတ်ပဲပေးထားတော့ နိုင်ငံခြားကိုဘယ်လို ဆက်သွယ်မလဲ။..အဲဒါနဲ့ပဲ..လေဆိပ်မှာ ဟိုလျှောက်ပတ်ကြည့်..ဒီလျှောက်ပတ်ကြည့်၊ ညောင်းရင်ထိုင်၊ ထိုင်လို့ ညောင်းလာရင် ပြန်ထနဲ့ […]


Mon LayApril 26, 20197min6940
ဒီအကြောင်းလေးရေးမယ် ရေးမယ်နဲ့ အချိန်တွေဆွဲနေခဲ့တာ တစ်နှစ်ပြည့်တော့ မှပဲ ရေးဖြစ်တော့တယ်။ ခရီးသွားအကြောင်းအရာ မဟုတ်တော့လည်း အေးဆေးပဲပေါ့။ ဟိုတလောကမှ မိတ်ဆွေတစ်ယောက်က ကိုယ် Novotel မှာ World Food Market dinner သွားစားတာကောင်းလား review လေးရေးပေးပါ..ဖတ်ချင်တယ်ဆိုတာနဲ့ပဲ ပြန်စဉ်း စား ပြီးရေးပေးလိုုက်ပါတယ်။ သူက Wednesday Special လေ။ အရင်ဦးဆုံး ဘွတ်လုပ်သွားပါ။ ဘွတ်ကင်မလုပ်ထားရင် လူအရမ်းပြည့်နေတာမျိုးကြုံပါလိမ့်မယ်။ ဘာလို့ဆို သူ က ကမ႓ာ့တဝှန်းအစားစာတွေကို ခင်းကျင်းပေးထားတာဖြစ်တာကိုး။ #နေရာက #Novotel Hotel – အမှတ် (၄၅၉)၊ ပြည်လမ်း၊ ကမာ ရွတ်။ ၅ လွှာက The Square Restaurant မှာပါ။ အထဲဝင်ဝင်ချင်းမှာ Novotel ရဲ့ […]


Mon LayApril 23, 20199min33120
ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့သီချင်းလေး..အဲ့အဓိပ္ပါယ်ကိုငယ်ငယ်တုန်းက ဘာမှန်းသေချာမသိခဲ့ပေမဲ့..ခုလို ၂ဝကျော်ပတ်လည်၊ အလုပ်တွေလုပ်၊ အိမ်ကိစ္စတွေဝိုင်းကူနဲ့ စိတ်ဖိစီးမှုများလာတဲ့အခါကျတော့ မှ ဒီသီချင်းရဲ့ အနှစ်သာရနဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသိလာခဲ့ရပါတယ်။ ဘယ်တော့မှ လည်းပြန်မရနိုင်မှန်းလည်း အသက်တွေကြီးလာလေလေ တဖြည်းဖြည်းရိပ်မိလာခဲ့ပါတယ်။ 😣😣ဒါပေမဲ့ ကလေးဘဝ ကို နောက်တစ်ခေါက်ပြန်ရနိုင်မယ့် နေရာလေးတစ်ခုကို ကံကောင်းစွာနဲ့ပဲ မွန်လေး ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ 💡 သူလေးကတော့ Happy World Amusement Zone ပါပဲ။ အဲ့ကို ဟိုးငယ်ငယ်လေးတုန်းက ဦးလေးတို့၊ အဒေါ်တို့လိုက်ပို့လို့ ရောက် ဖူးပြီးပေမယ့် ဘယ်နှစ်ကြိမ်သွားသွား အသက်သာကြီးလာတာ ငယ်ငယ်တုန်းက Happy World မှာမျောက်ရှုံးအောင်ဆော့ခဲ့သလို..ခုအသက်ကြိီးမှပြန်ရောက်တော့လည်း မျောက်ရှုံးအောင်ပြန်ဆော့တာပါပဲ။ 😃😃 အဲလောက်ကို ကလေးဘဝပြန်ရောက်သလို ခံစားမိတဲ့နေရာလေးကတော ့Happy World အပြင်မရှိတော့ဘူးထင်ပါတယ်။ ကဲဘယ်လိုလဲ..သွားချင်နေပြီဟုတ်?? 👈👈 နေရာလေးရဲ့တည်နေရာက […]


Mon LayApril 20, 20191min2500
မင်္ဂလာပါ……🙏 ” မိုးရာသီ ခရီးထွက်ရန် စီစဉ်ထားတဲ့ခရီးသွားမိတ်ဆွေများအတွက် ကြိုတင်သိထားသင့်တယ်ထင်လို့ ဒီပို့စ်လေးရေးပေးလိုက်ပါတယ်။ မိုးရာသီမှာ ခရီးသွားအများစုက ခရီးဝေးထွက်လေ့မရှိကြပါဘူး။ ဒါပေမဲ့ခရီးသွားနည်းတဲ့ရာသီမို့ ပုံမှန်ဈေးနှုန်းထက် ထက်ဝက်လောက် လျော့ချပေးတဲ့အချိန်ဆိုတော့ ဒီအချိန်မှာ ခရီးသွားမယ်ဆိုရင် ကုန်ကျစရိတ် သက်သာမယ့် အားသာချက်တွေရှိပါတယ်။ မိုးရာသီမှာ ခရီးထွက်ခြင်းကြောင့် စိမ်းစိုနေသော သဘာဝပတ်ဝန်းကျင်၊ သဘာ ဝစိမ့် စမ်းရေတောတောင်နှင့် ရာသီးအစားအစာများကိုလည်း လေ့လာခံစားသုံးဆောင်နိုင်ပါတယ်။ 🌧မိုးရာသီ ခရီးသွားမယ်ဆိုရင်- ☑နွေးနွေးထွေးထွေးရှိစေမယ့် အဝတ်အချို့နဲ့ ပေါ့ပါးပြီးခြောက်သွေ့ရန်လွယ်တဲ့ အဝတ်တွေကို ယူဆောင်သွားသင့်ပါတယ်။☑အထူးသဖြင့် လက်ကိုင်ဖုန်းနဲ့ ကင်မရာတွေကို ရေစိုခံမယ့်ကာဗာတွေနဲ့ ရေစိုခံအိတ်ကို ယူဆောင်သွားပါ။ ☑Power Bank နှင့် အဝေးထိုး ဓါတ်မီးတွေကိုလည်း ယူဆောင်သွားသင့်ပါတယ်။☑သင့်ကျန်းမားရေအတွက် အရေးပေါ်အသုံးပြုနိုင်မည့် ဆေးဝါးအချို့ကိုလည်းယူဆောင်သွားသင့်ပါတယ်။☑တစ်ခါသုံးမိုးကာတွေက ပေါ့ပါးပြီး မိုးမစိုအောင် ကာကွယ်ပေးနိုင် တဲ့အပြင် ကျောပိုးအိတ်ထဲကို အလွယ်တကူထည့်နိုင်တဲ့အတွက် ယူဆောင်သွားသင့်ပါတယ်။☑သယ်သွားမယ့်ကျောပိုးအိတ်ကိုလည်း […]


  “တန်ဖိုးထား၏မထား၏ “ အခုရက်မှာ မိုးမတိတ်စတမ်းရွာ၏။ ထိုအခါအိမ်အပြင်မထွက်ဘဲ ဖဘပွတ်လေမိလေသည်။ လက်ဦးတည့်ရာ ဟိုထဲဝင်ကြည့်ဒီထဲဝင်ကြည့် ကြည့်နေရင်း တစ်ချိန်က အလွန်နာမယ်ကြီးခဲ့သည့် မြန်မာ့ပထမဦးဆုံးသော မိန်းမလျာအကအဖွဲ့ မိုးကြိုးငှက်ငယ်လေးများ၏ပဲ့ကိုင် စောနန္ဒာနှင့်အင်တာဗျူးထားသည်ကိုကြည့်မိလေသောအခါ သူတို့၏ခက်ခဲသောဘဝရပ်တည်မူ့များကို ကြားရလေသောအခါ အနုပညာကို ဖော်ထုတ်နေသူများဖြစ်သော်လည်း တန်ဘိုးထားခြင်းမခံရသည့်အခါ မကြာသေးမီကာလက သွားခဲ့သောခရီးတစ်ခုမှ ကပွဲများကို ပြန်လည်သတိရမိလေတော့သည်။ ခရီးသွားလုပ်ငန်းတစ်ခု၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ကျနော်ရောက်ခဲ့လေသည်။ သူတို့ခရီးသွားသည့်အစီအစဉ်တွင် ကပွဲကြည့်သည့် ကဏ္ဍလည်းပါရှိလေသည်။ ရောက်သောနေ့တွင်ပတ္တရားမြို့တွင်လည်ပါတ် ညစာ စားပြီးသောအခါ နာမယ်ကျော် အခြောက်ကပွဲသို့ လိုက်ပို့လေသည်။ ကပွဲရောက်သောအခါ ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရဆိုသောကန့်သတ်ချက်များဖြင့် ကြည့်ရူ့ကြရလေသည်။ ဒီပွဲအတွက် ပိုက်ဆံပေးထားပြီးသား စီစဉ်ထားပြီးသား ဆိုသောကြောင့်သာအများနည်းတူလိုက်ခဲ့ရသော်လည်း အခြောက်ကပွဲဆိုသော စကားသံကြောင့်ကြည့်ရမည်ကို သိပ်စိတ်မပါ ပါ။ ကပွဲစ၍မကြာမီမှာပင် ကျနော်အထင်နဲ့အမြင်လွဲမှန်းသိရလေတော့သည်။ သူတို့အကအဖွဲ့မှာ ပြောထားလို့သာ မိန်းကလေးအစစ်မဟုတ်ဆိုသည်ကို တအံ့တဩနှင့် […]


“မန်းဂေဇက် အလွမ်း” 30-4-2018 ည M လုလင်ခေါ် ကလုခေါ် မောင်ယဉ်အောင်နဲ့ တာမွေက ဝင်းမှာ ထိုင်ဖြစ်ကြသည်။ သူက နက်ဖြန်ဆို 6နှစ်ပြည့်ပြီနော်လို့ သတိတရပြောသည်။ အေးဟ ဘာမှ မကြာသလိုဘဲ လို့ ပြန်ပြောရင်း လွန်လေပြီးသောကာလက မန်းဂေဇက်အဖွဲ့သားများကိုသတိရမိသည်။ သူနဲ့ကျနော် စတင် သိကျွမ်းသောနေ့သည် 7-1-2012 အဲ့နေ့သည် အဝေးရောက်  အင်ဇာဂီ ၏မွေးနေ့လည်းဖြစ်သည်။ အနောက်ကြည့်မြင့်တိုင်ဆေးရုံနားက ပါရေစီယမ်မှာ။ အဘဖောလည်းရောက်နေသည်။ ရွာသားတွေစုစည်းပြီးတွေ့ကြသည်။ အဲ့နေ့မှာ အိတုန် စတင်သော အလှုကိစ္စ တစ်ခုအတွက်ဆွေးနွေးကြသည်။ အဲ့ဒီက အပြန်မှာ မောင်ယဉ်အောင်နဲ့ ကျနော် ရွှေတိဂုံဘုရားကိုသွားပြီး ဓါတ်ပုံရိုက်ကြသည်။ ကျနော်သည် ထိုအချိန်က ဓါတ်ပုံ ပိုး အဆိပ်တက်နေချိန်၊ ညတွင်ဓါတ်ဖမ်းနည်းကိုမောင်ယဉ်အောင်က သင်ပြပေးသည်။ ထိုအချိန်က စလိုက်သော သံယောဇဉ်ကြိုး […]


  ပထမခွက်အဖြူ လေးက မန်းလေးက ကော်ဖီဘားမှာ ကျပ်၂၀၀၀ ဒုတိယခွက်အညို လေးက မန်းလေး လေဆိပ်မှာ ကျပ်၄၀၀၀ ကက်ပချိနို ကော်ဖီခြင်းအတူတူ အရသာခြင်းအတူတူ ဈေးကွာသွားတယ်။ အခင်းအကျင်းနဲ့ နေရာကွာရင် တန်ဘု်းလဲကွာတတ်ပါတယ်။ လူတိုင်း လူတိုင်း မိမိရဲ့အခင်းအကျင်းနဲ့နေရာကို သတိထားသင့်ပါတယ်။ ဒါမှတန်ဘိုးမြင့်လာမှာပါ။    


KyaemonMarch 24, 201833min6371
  ။ပြီးခဲ့တဲ့ဆောင်းပါး#၇၃မှအဆက်၊ ၊မြစ်ဆုံလျှပ်စစ်စွမ်းအားအပိုအလျံကိုဘာလုပ်မှာလဲဆိုတာကိုဗီဒီယိုတို့နဲ့ ၊၊ကျယ်ကျယ်ပြန့်ပြန့်ဖြေခဲ့တယ်၊ ဥပမာ ၁၊အိမ်နီးချင်းကိုရောင်းနိုင်၊ ၂၊အအေးခန်းလုပ်ပြီးသားငါးသစ်သီးအစားအစာကိုကြာရှည်ခံနိုင်အောင် သိုလှောင်နိုင်လို့ကြိုက်ဈေး၊ရနိုင်၊ခပ်ဝေးဝေးကိုတင်ပို့ရောင်းချနိုင်၊၊ ၃၊ရေခဲတုံးလုပ်ပြီးပင်လယ်ငါးလိုက်ဖမ်းနိုင်၊ ၄၊စက်ရုံမှာဓာတ်အားပေးလာလို့လူတွေအလုပ်မပြတ်လုပ်နိုင် ၊ဓာတ်အားအမြဲရမှာဖြစ်လို့လူတွေကစက်ရုံအလုပ်ရုံလာတည်ထောင်ရင်းနှီးဖြစ်၊ ၅။မြို့တိုင်းရွာတိုင်းမီးတွေရ၊သက်သာနှုန်းနဲ့ချပေးနိုင်၊ရှိရင်းစွဲမီးခနှုန်းမတက်ရ ၊ဘဲနဲ့၊မီးခနှုန်းကိုတောင်လျှော့ချပေးနိုင်၊ ၆၊ယာဉ်အမျိုးစုံကရေနံဓာတ်ဆီ၊ဒီဇယ်ဓာတ်ဆီတွေကိုသုံးနေရာမှရေအားလျှပ်စစ်ကိုပြောင်သုံးလို့ သဘာဝ ၊ဝန်းကျင်ကပိုသန့်ရှင်းနိုင်တယ်၊၊ဓာတ်ဆီဈေးတို့ထက်ရေအားလျှပ်စစ်ဈေးနှုန်းကပိုသက်သာ၊ လျှပ်စစ်စွမ်းအားသုံးကားအတွင်းကဘတ်ထရီတွေ၊ ၊ဓာတ်အားသွင်းစခန်း   လျှပ်စစ်စွမ်းအားသုံးစက်ဘီးအတွင်းကဘတ်ထရီတွေရှိတယ်၊ ၊ချာချင်သွင်းရင်းတပြည်လုံးက၊လျှပ်စစ်သုံးကားတွေ၊စက်ဘီးတွေ ၊မှငွေအလုံးအရင်းရမယ်၊ရွှေဖြူဆိုတဲ့ရေအားလျှပ်စစ်မယူတတ်ရင် ၊ရေတွေ က၊ပင်လယ်ထဲစီးဆင်းသွားပြီးလေလွင့်သွားမှာပါ။       ၊လျှပ်စစ်သုံးကားလိုလိုချင်ဖြစ်အောင်နော်ဝေးအစိုးရကဖန်တီးစီမံ ၊လျှပ်စစ်ကားခေတ်သို့ပြောင်းလဲဖို့နော်ဝေကတွန်းအားပေး ၊လျှပ်စစ်ကားထုတ်လုပ်ဖို့ကုမ္ပဏီတွေကပြိုင်ဆိုင်ကြ   ၊လျှပ်စစ်ကားကိုဘယ်လိုထုတ်လုပ်ကြတယ်ဆိုတာ   https://www.youtube.com/watch?v=56-nV2t1V_I ၊တရုပ်ပြည်သူတွေကလျှပ်စစ်စွမ်းအားသုံးကားတွေကိုကြိုက်နှစ်သက်သွားပြီ ၊လွန်စွာမှဈေးနှုံးသက်သာတဲ့လျှပ်စစ်သုံးကား၃စီး   ဈေးနှုံးအသက်သာဆုံးလျှပ်စစ်ကား၁ဝစီး ၊Amsterdam Holland ၊ဟော်လန်နိုင်ငံလေဆိပ်မှာ ၊ဘီဝိုင်ဒီတရုပ်နိုင်ငံလုပ်လျှပ်စစ်ကား၃၅စီးပြေးစွဲ  https://www.youtube.com/watch?v=CmOgTC_QN98 ၊ဓာတ်အားနဲ့ဓာတ်ဆီ၂မျိုးလုံးသုံးကားတွေထုတ်ဖို့ တရုပ်ဘီဝိုင်ဒီကBogota Columbia ၊၊တောင်အမေရိကတိုက်၊ကိုလန်ဘီယာနိုင်ငံ ၊ကိုစက်ရုံသွားတည်ထောင်   လျှပ်စစ်ဓာတ်အားသုံးဘတ်စကားတွေ၊မလေးရှားကိုရောက်ပြီ ၊အဆင့်မြင့်ကိုတက်လှမ်းဖို့တရုပ်ဘီဝိုင်ဒီကရည်မှန်း ၊ဥရောပတိုက်အလယ်ပိုင်း၊Hungary ၊ဟန်ဂါရီနိုင်ငံမှာ၊ တရုပ်နိုင်ငံဘီဝိုင်ဒီကားအဖွဲ့က ၊လျှပ်စစ်သုံးကားစက်ရုံတည်ထောင် […]


  “ဖြစ်လာပါ့ မလား ” နေဝင်ချိန်က လဲ နီး အတားအဆီးတွေက များ ရည်ရွယ်တာတွေ ဖြစ်ပါ့မလား သံသယစိတ်တွေ ပွားသထက်ပွား ကိုပေါက်လက်ဆောင်အတွေးစဉ် 13318