ကျိုက်ထီးရိုးတွင် ကေဘယ်ကားများကိုလာမည့်နှစ် ဧပြီ ၁ ရက်၌ စတင်ပြေးဆွဲမည်။ မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင်ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်း ကို ၂၀၁ရ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းစီမံကိန်းပြုလုပ်သည့် Sky Asia Co.,Ltd. မှ သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကား ပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌ Sky Asia Co.,Ltd. ကစ တင်အကောင်အ ထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုးဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် နှစ် ၇ဝ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ ‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂ဝ ရာခိုင်နှုန်းပြီးစီးနေပြီ။ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင်လူတစ်ဦး ကိုငွေဘယ်လောက်ယူမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ကေဘယ်ကားတစ်စီး ကို […]