အောင်လံမြို့နယ်ရှိဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်ရှိ ဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း နိုဝင်ဘာ(၅)ရက်နေ့ညနေ(၄)နာရီခွဲ ချိန်က ဝတ်လစ်စလစ်နှင့်အမျိုးသမီးအလောင်းတစ်လောင်းတွေ့ ရှိကြောင်း သိရှိရသည်။အခင်းဖြစ်နေရာသို့ ရွှေပန်းတောနယ် မြေရဲစခန်းမှ ဒုရဲအုပ် ထွန်းကြွယ်နှင့်အဖွဲ့သက်သေများနှင့်သွားရောက်စစ်ဆေးခဲ့ရာ မမော်လွင်၊ အသက်(၃၈)နှစ်၊ ကျေက်ပန်းတောင်း ရွာ အောင်လံမြို့ နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမ တွေ့ရှိရကြောင်း ထိုမိန်းကလေး သေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်အတွက် အောင်လံမြို့နယ် ၊ရွှေပန်းတော နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၃ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရှိရသည်။ ပေါက်မြို့နယ်တွင် ဝန်ထမ်းအယောင်ဆောင်လိမ်လည်သူအားဖမ်းဆီးမိ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာတွင် နိုဝင်ဘာ(၄)ရက်နေ့က ကျောင်းစစ်အရာင်ဆောင်၍ငွေလိမ်ယူမှုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါနေ့နံနက်(၉)နာရီချိန်က ဝန်တင်ကျေးရွာမူလတန်း လွန်ကျောင်းကော်မတီ မှ ဦးမြင့်လွင် မှကျောင်းစစ်ရောက်နေ ကြောင်း ဝန်တင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မောင်ဖိုးတွဲ ထံလာရောက်သတင်းပို့သဖြင့် ကျောင်းသို့သွားရောက်သောအခါ ကျောင်းရုံးခန်းအတွင်း တိုက်ပုံအကျင်္ ီအဖြူ ၊ကျောင်းစိမ်းလုံချည်၊လက်ရှည်အအဖြူဝတ်ဆင်ထားသည့် နေမင်း(ခ)သားဇော်၊ ကန်ကျေးရွာ ဂန့်ဂေါမြို့နေသူအားတွေ့ရှိရာ၎င်းမှာ […]