johnnydeerMay 26, 20131min2185
ငွေက အရေးကြီးသလားတဲ့…. မေးလာတယ်…. ဟုတ်ကဲ့ အရေးကြီးပါတယ်…ဒါပေမယ့်… ငွေထက်အရေးကြီးတာတွေ လောကကြီးမှာ အများကြီးရှိပါသေးတယ်…. ဥပမာ…မိသားစု…မိတ်ဆွေသူငယ်ချင်းကောင်း…နာမည်…ဂုဏ်သိက္ခာ…ကျန်းမာရေး…. ချစ်ခြင်းမေတ္တာ စသဖြင့်ပေါ့….နောက်ထပ်လဲ အများကြီး ရှိပါသေးတယ်…. နောက်ပြီး အလုပ်လုပ်တယ်….ဘာ့အတွက် အလုပ်လုပ်တာလဲ….အဓိက ကတော့ ငွေအတွက်ပါပဲ…ဒါပေမယ့်လည်း… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာမည်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မခံချင်စိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာကြည်းစိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မိသားစုအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ချစ်ခြင်းမေတ္တာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ကျန်းမာရေးအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နောက်မျိုးဆက်တွေအတွက် အလုပ်လုပ်ရပါတယ်… တခါတလေရင်း….တခါတလေရင်းနဲ့ပဲ…ကိုယ်သေဖို့တောင် ကိုယ်လုပ်ဖို့ မေ့နေပါတော့တယ်…. နေဖို့လုပ်ရင်းနဲ့ သေဖို့လဲ […]


BMTM MdyMay 24, 20131min42623
မွေးနေ့ ဒီနေ့  မေလ ၂၄ ရက်နေ့ သောကြာနေ့ ကကျမ ရဲ့မွေးနေ့ပါ။မွေးနေ့ မွေးရက်မွေးလ လည်းတိုက်ပါတယ်.။ မနက်စောစောက မိုးအေးအေးလေးနဲ့ အရမ်းကွေးလို့ကောင်းတယ်..အိပ်ရာကနေ အတင်းထရတယ်….။ မနက် အစောဆုံးက ခင်မင်ရတဲ့ သူငယ်ချင်းဆီက ဖုန်းလာပါတယ်.။သူငယ်ချင်းလေး Happy Birthday တဲ့.။Thank You ခုလို အစေားဆုံးသတိရ ပေးတဲ့ အတွက်ကျေးဇူးလို့။ တိုက်တိုက် ဆိုင်ဆိုင် မနှစ်ကမွေးနေ့ တုန်းကသူနဲ့ စခင်တာပါ။ တစ်နှစ်ပတ်လုံး အထီးကျန် ဝမ်းနည်းမူတွေကို မျှဝေခံစားပေးပြီး အားပေးခဲ့လို့ ကျေးဇူးပါလို့..။ ခဏနေ တော့ မေမေ ဆီကဖုန်းဝင်လာတယ် မေမေဒီနေ့ သမီး အတွက် ဘုန်းကြီးကျောင်း မှာဆွမ်းပို့ပေးတယ် သာဓုခေါ် နော် ဘုရားသွားပြီး ကုသိုလ် လည်း လုပ်ဖို့မမေ့နဲ့ တဲ့..။ကျေးဇူးပါမေမေလို သမီး […]


nicolus agralMay 24, 20131min3658
ဝမရှိပဲ ဝိလုပ်လို့ မရဘူးဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဝတွေချည့်သက်သက် ဝိ လုပ်ကြမလို့ ဝိဝါဒ မကွဲပြားရအောင် ဝပြည်နယ်ထောင်ပေးပါဆိုတာကတော့ ဝီလိုဝီလိုတွေ ဖြစ်ကုန်မှာစိုးလို့ ဝင်ပါရဦးတော့မှာပဲ။ တကယ်တော့ ဒီအကွက်ကြီးက ဆင်ဖဲကြီးလို့ ထင်ပါတယ်။ ဒီအသံတွေထွက်လာစေချင်လို့ ဟ ထားပေးတာ မဟုတ်ဘူးလား။ ပအို့ဝ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးတယ်။ ကိုးကန့်တွေကိုလည်း အထူးဒေသနဲ့ အုပ်ချုပ်ခွင့်ပေးတယ်။ ဒီလိုသာ တစ်စစီဖဲ့ချွေပေးရရင် ဓနု၊ ပလောင်၊ အင်းသား၊ အခါ၊ ဘယ်ဟာမှ ချန်ထားလို့ ရမှာ မဟုတ်ဘူး။ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက စာရင်းအရကို ၁၃၅ မျိုး ရှိသတဲ့။ ၁၃၅ စိတ် စိတ်လို့မရတာ လူတိုင်းသိပါတယ်။ ဘယ်တုန်းကမှ အမည်ပေါက် စာရင်းဝင် မဟုတ်ခဲ့တဲ့ ဘင်္ဂါလီတွေကမှ ရိုဟင်ဂျာနံမယ်တပ်ပြီး […]


Kaung Myat ThuMay 23, 20131min2697
ရင်ထဲမှာမကောင်းလွန်းလို့ ရေးလိုက်ရတာပါ။ ဖြစ်ရပ်မှန်ကိုယ်တွေ့ဖြစ်ရပ်ကလေးတစ်ခုပေါ့။ အဲဒီအချိန်က အုတ်ကျင်းဘူတာနားကမြနန္ဒာအိမ်ယာ။(၅)လမ်းတိုက်ခန်းတစ်ခု မှာငှားနေပါတယ်။ သင်္ကြန်အတက်နေ့မှညနေစောင်းမှာ လူ(၃)ယောက်စာအုပ်လေးတစ်အုပ်ကိုင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ သက်ကြီးပူဇော်ပွဲလုပ်ဖို့လာအလှုခံကြောင်းပြော ပါတယ်။ အဲဒါနဲ့ ငွေ၁၅၀ဝကျပ်ကိုထုတ်ပြီးလှုလိုက်ပါတယ်။ တစ်ဦးက ဒီအိမ်မှာအသက် ၆ဝကျော်ရှိ၊မရှိမေးပါတယ်။ ကျွန်တော့်အမေကအသက် ၈၃နှစ်မို့လို့ ရှိကြောင်းပြော လိုက်ပါတယ်။ အဲဒါနဲ့အမေနာမည်နဲ့အသက်ကိုစာအုပ်ထဲမှတ်သွားပါတယ်။မနက်ကျတော့ အမေ့အတွက်သက်ကြီးပှုဇော်ပွဲဖိတ်စာလာပေးပါတယ်။     လာနိုင်ရင်လာဖို့၊ မလာနိုင်ရင်အလှုငွေလာပေးမယ်လို့ပြောသွားပါတယ်။ အမေကသိပ်မလျှောက်နိုင်လို့ မသွားဖြစ်ခဲ့ပါဘူး။ အဲဒီနေ့ညဦးပိုင်းမှာအပြင်ကပြန်လာတဲ့သမက်က အမေ့နာမည်ရယ် ရှေ့ခန်းကအဒေါ်ကြီးနာမည်ရယ် အိမ်လိုက်လှုဖို့ပြောနေတာကြားကြောင်းပြောပါတယ်။ ဒါပေမယ့်နောက်တစ်နေ့ညရောက်တဲ့အထိ အလှုငွေရောက်မလာ ခဲ့ပါဘူး။ လိုက်မပေးဖြစ်သေးလို့များလားဆိုပြီး အိမ်ရှေ့ခန်းကိုမေးကြည့်တော့ သူတို့အိမ်ကရကြောင်းပြောပါတယ်။ ဒါဆိုဘာကြောင်ံအမေ့အလှုငွေရောက်မလာရတာလဲ။ လကုန်လို့ကျောက်မြောင်းကိုသာပြန်ပြောင်းလာတယ်အလှုငွေနဲ့ပါတ်သက်ပြီးဘာမှမကြားရတော့ပါဘူး။ အဲဒီအလှုငွေကောက်တဲ့လူတွေက ရပ်ကွက်ဂေါပကနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်ကြောင်းသိရပါတယ်။ဒီလူတွေထဲမှာမသမာတဲ့စိတ်ဓာတ်ရှိသူတွေပါတာကြိမ်းသေပါပြီ။  မြန်မာလူမျိုးဖြစ်ပြီးဒီလိုစိတ်ဓာတ်တွေရှိတာအလွန်မှ ရှက်စရာကောင်းတာမို့ ရွာသားများနဲ့ နိုင်ငံတော်ကသိစေချင်လို့ရေးလိုက်ရပါတယ်။ မကောင်းသူများကိုဖယ်ပြီး နိုင်ငံဂုဏ်သိက္ခာကိုမြင့်တင်ကြပါစို့။(အလှုငွေက ၇၅၀ဝိထဲပါ။ဒါပေမယ့် ———-)  


baydar maungMay 23, 20131min28111
သူငယ်ချင်းမလေးတစ်ယောက် ဒုက္ခရောက်သွားရလို ့ ဒီသတင်းလေးကို တင်ပြချင်တာပါ- Sakura Tower 5 ထပ်မှာ ဖွင့်လှစ်ထားရှိတဲ့ J-SAT အမည်ရ ဂျပန်ကုမ္ပဏီတစ်ခုက အခွင့်အလမ်းဂျာနယ်လို အလုပ်အကိုင်ရှာဖွေရေးဂျာနယ်တွေမှာ ကြော်ငြာတွေ ဆက်တိုက်ထည့်ပြီး ဂျပန်စာ-ဂျပန်စကားတတ်သူတွေကို ပြည်တွင်း-ပြည်ပ ဂျပန်ကုမ္ပဏီတွေနဲ ့ အလုပ်ရအောင် ချိတ်ဆက်ပေးမယ် လို ့ရေးထားတာ မြင်တွေ  ့ကြရမှာပါ- သူငယ်ချင်းမလေးက ယုံကြည်အပ်နှံလို ့အင်တာဗျူးဝင် – အလုပ်ခန် ့အပ်ခံရပြီးကာမှ အနှောက်အယှက်တစ်ခုကြောင့် သတ်မှတ်ကာလမှာအလုပ်မဝင်နိုင်တဲ့အကြောင်း အကြောင်းကြားခဲ့တယ် – J-SAT က ဘယ်လမှာဝင်နိုင်မလဲ မေးလို ့အလုပ်အဟောင်းကို မရမက ဖြတ်- အလုပ်ထွက်လိုက်ရပြီး ၊ ရတဲ ့အလုပ်သစ်ကို ဝင်နိုင်ပြီလို ့လည်း အကြောင်းကြားလိုက်ရော – ဘဝပျက်စရာသတင်းကို သူတို ့ဆီကကြားလိုက်ရတယ်။ […]


တစ်ခုသော လမ်းဘေးဘုံဆိုင်တစ်ခုတွင် တစ်စုသော ယောက်ျားလူငယ်တို့သည် မိန်းမများ၏အကြောင်းကို တစ်ယောက်တစ်ပေါက်ဆူညံစွာဖြင့် ပြောဆိုနေကြလေကုန်၏ ( အထူးသဖြင့် မိန်းမများကို ပမာမခန့်မလေးမစားပြောဆိုနေကြခြင်းဖြစ်ရလေတော့၏ ) ထိုအခိုက် ၎င်းတို့၏ဘေးနားရှိ ခပ်တောင့်တောင့်ခပ်ဖြောင့်ဖြောင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် သူ၏ သောက်စားခြင်းကျသင့်ငွေကို ရှင်းလင်းပြီးလျှင် ထိုလူငယ်တို့၏ ခုံဘေးသို့ အပရို့( ချ် ) ချဉ်းကပ်ပြီးရပ်နေလိုက်လေသည်တွင် လူငယ်တို့သည် ပြောဆိုခြင်းအမှု့တို့ရပ်သွားကြကာ ထိုပုဂ္ဂိုလ်ကြီးအားဝိုင်း၍ကြည့်နေကြလေကုန်၏ ထိုအခိုက်တွင်းဝယ် ဆိုင်အတွင်း၌လည်း အခိုက်တန့် တိတ်ဆိတ်သွားရလေတော့သည် တိတ်ဆိတ်သည့်အခိုက်တန့်လေးတွင်ပင် ထို ခပ်ဖြောင့်ဖြောင့်ခပ်တောင့်တောင့် ပုဂ္ဂိုလ်ကြီးသည် တစ်စုံတစ်ခုကို ပြောဆိုလိုက်လေပြီးပါလျှင် ဆိုင်ကိုကျောခိုင်း၍ တစ်ရွေ့ရွေ့ထွက်ခွါသွားလေသောအခါ လူငယ်တစ်သိုက်တို့သည် အတွေးကိုယ်စီဖြင့်ကျန်ရစ်ခဲ့ကြကုန်လေးသတည်း။ ထိုပုဂ္ဂိုလ်ကြီးပြောသွားသောစကား၏မူရင်းကို လုံးဝပြင်ဆင်ခြင်းမပြုဘဲဖေါ်ပြလိုက်ရပါတော့သည်။ မိန်းမဆိုတာ ဆားလောက်လည်းမငံသလို ငပိလောက်လည်းမနံပါဘူးကွာ ( စကားချပ် ) အထက်ပါအကြောင်းအရာကိုပြောဆိုသွားသူမှာ www.myanmargazette.net ၏ နာမည်ကြီး ဆာယေးစယာ […]


isequal toMay 19, 20131min1761
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားတွေအပေါ် ကာကွယ်စောင့်ရှောက်ဖို့လာ ကုလားမူဆလိမ်တွေအကျိုးစီးပွားကို ကာကွယ်ဖို့ဖွဲထားတဲ့ အဖွဲ့စည်းလာဆိုတာ ပြန်လည်သုံးသပ်ဖို့ အချိန်တန်နေပါပြီ။   ကျွန်တော်တင်လိုက်သည့်အရေးကြီးသတင်းကို ဖွတယ်လို့ ပြောနေကြလို့ ဓါတ်ပုံပါ ထပ်တင်ပေးလိုက်တယ် ။ ဖွစရာလား မှတ်ပုံတင်နံပါတ်တွေရော ဖုန်းနံပါတ်ပါ တိတိကြကြထည့်ပေးထားတာပဲ ။ အခု 18ရက်နေ့ ညနေထပ်ရတဲ့သတင်းကတော့ တရားခံကျော်ကြီးကို အာဏာပိုင်များမှပြန်လွှတ်လိုက်ပါတယ် ။ ထို့ကြောင့် ၎င်းတရားခံသည် ရပ်ကွက်ထဲတွင် ဒုတ်ကိုင်၍ စိန်ခေါ်သောင်းကြမ်းနေပါသည် ။ ဆေးရုံပေါ်တွင်ရှိနေသော မမာမာဦးအား ရဲမှ လုံးဝ(ယ္ခုအချိန်ထိ)စစ်ချက်လာ၍မယူသေးပါ ။ ထို့ကြောင့်မနက်ဖန်တွင် မီဒီယာ(၅)ခုနှင့် ထိပ်တိုက်တွေ့ဆုံပေးပါမည် …..လူမျိုးရေးအဓိကရုဏ်မဖြစ်စေချင်ပါ ဥပဒေအရသာ ထိရောက်စွာ အရေးယူပေးစေလိုပါသည် ။ အရေးကြီးသတင်း xxxxxxxxxxxxxxxxxxx ပုသိမ်မြို့ ၊ ရေ ကြည်ဦးရပ်ကွက် 13လမ်း၌ အစ္စလာမ် ဘာသာဝင်(၃) ဦးမှ […]


Yin Nyine NwayMay 18, 20131min54133
ရခိုင် ယောင်လို့တောင် မတွေးမိတဲ့နေရာတခုပါ အရင်က စဉ်းစားမိတာ ပြောမိတာတော့ ရှမ်းမှ ကြိုက်မယ်.. ရှမ်းမဟုတ်ရင် စိတ်မဝင်ဇားဘူး ကိုကိုမြားနတ်မောင် ရွေးပေးလိုက်တာကတော့ ရခိုင်အမျိုးသားတယောက်တဲ့ … တောင်ကြီးနဲက ရန်ကုန် အရှေ့နဲ့ အနောက် အလယ်ဖြစ်တဲ့ ရန်ကုန်မှာလာတွေ့ကြတယ် ဒါတော့ info အခုပြောပြချင်တာက ရခိုင်က မင်္ဂလာဆောင်အကြောင်း သူတို့ပြောတာတော့ သမတ်တတ်ပွဲတဲ့ သမတ်ကို မိန်းမအိမ်မှာ ပေးနေဖို့ထင်တယ် 😛 အနော် ရန်ကုန်ကနေ ဂွကို အရင်သွားတယ် ဧရာဝတီတိုင်းအထိ လမ်းတွေ ဖြူးနေသလောက် ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏ လည်းရောက်ရော ဆိုးလိုက် ကြမ်းလိုက်တဲ့လမ်း.. ဂွကိုရောက်တော့ မနက်အစောကြီး အဲဒီကနေ ဂွ-သံတွဲ လမ်းမပေါ်မှာချိတဲ့အနော့် ယောက္ခမ အိမ် ကိုသွားရတယ် လမ်းမှာ သာယာလိုက်တဲ့ ဘင်္ဂလားပင်လယ်အော်ကြီး… ပင်လယ်မမြင်ဖူးတဲ့ […]


myanmar democratMay 17, 20131min29211
ခင်မင်ရသော တိုင်းရင်းသား လူငယ်တို့   မြန်မာဒီမိုကရက်လေ့ကျင့်ရေးကျောင်းကို ကျွန်တော်တို့အငြိမ်းစားဆရာဆရာမ များ ပူးပေါင်းတည်ထောင်ဖွင့်လှစ်ပါသည်။ ဒီမိုကရေစီပညာပေးအစီအစဉ်များ အလွန်ချို့တဲ့အားငယ်နေသည့် ဒီမိုကရေစီ ပူပူနွေးနွေး လမ်းမကြီးပေါ်တွင် ပညာပေးတာဝန်ကြေပြွန်လိုကြပါသည်။ ကျွန်တော်တို့ ကျောင်းကို မည်သည့် ပါတီကြီးတစ်ခုခုကို မျှ ကိုယ်စားမပြုဘဲ ဖွင့်လှစ်ထားရာ အငြိမ်းစား များချွေးနည်းစာဖြင့်တည်ထောင်ပါသည်။   ထင်သာမြင်သာရှိသည့်အပါတ်စဉ် ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပါသည်။သို့သော်အလွန်ထူးခြားသည့် ဒီမိုကရေစိမိတ်ဆွေများ လာရောက်ခြင်းအားနည်းပါသည်။ ဒီမိုကရေစီမိခင်၏ကိုထောက်ခံနေသည့် ဒီမိုကရေစီဘိုးအေကြိးကလည်း သူ၏လှုပ်ရှားမှုများတွင် ကျွန်တော်တို့ကျောင်းကို အလွန်မေ့တတ်သော သူဖြစ်နေပါသည်။ ပြည်တွင်းအန်ဂျီအိုများစွာကလည်းသူတို့အစီစဉ်များကိုလာရောက်ရန်ဖိတ်ကြားလေ့မရှိကြပါ။ကျွန်တော်တို့ကျောင်း၏သင်ကြားမှုများမှာထူးခြားနေသလားထင်မိသည်။ အစိုးရလုပ်မည် အာဏာလိုချင်သည် အုပ်ချုပ်ရေးပြင်မည် စစ်အာဏာရှင်ကိုအစားထိုးမည့်သူများအတွက်နှင့် နယ်အသီးသီးက တိုင်းရင်းသားညီအစ်ကိုများမောင်နှမများ တွက် ကျွန်တော်တို့ကျောင်းသည့်အလွန်အတွေ့အကြုံကြိးမာ းသည့် အငြိမ်းစားဆရာဆရာမများ ၏ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပညာများကို စုစုပေါင်း သင်ကြားချိန် နာရီ၆ဝဖြစ်နားလည်စေပါသည်။   ကျွန်တော်တို့ကျောင်းသည် မည်သည့် […]


ムラカミMay 16, 20131min52535
တကယ်ဆို ကိုယ်တွေက မျိုးရိုးအစဉ်အဆက် ပြည့်စုံချမ်းသာတာပါ လောကကြီးအကြောင်း…. ဆင်းရဲသားတွေဘယ်လိုရုန်းကန်ရတယ်ဆိုတဲ့အကြောင်း….. သိချင်စိတ်လေးတခုကြောင့် ခုလို သူများတိုင်းပြည်မှာ ဖွတ်ကလိဒင်္ဂါးမဖြစ်စလောက်လေးနဲ့ အပျင်းပြေအလုပ်လုပ်နေတာပါ အခုလဲ ဖူးခက်ကအပြန် ဘာလီဘက်ဆက်သွားမလို့ လေယာဉ်ပေါ်မတက်ခင် ပါလာတဲ့ ipadလေးကို အထုပ်သယ်ပေးတဲ့ ခလေးမလေးကို လက်ဆောင်ပေးခါနီးလေးမှာ ဒီစာကိုရေးလိုက်တာပါ ချမ်းသာတယ်ဆိုတာကိုသိလိုက်လို့ ကိုယ့်ကိုကိုယ် သိမ်ငယ်မသွားကြပါနဲ့နော် သူငယ်ချင်းအားလုံးကို အရမ်းခင်ပါတယ် ဆင်းရဲသားလဲလူပါပဲ…. ကိုယ်တွေလို သိပ်ချမ်းသာတဲ့လူတွေလဲ လူပါပဲ ကိုယ်တွေက အဆင့်တန်းမခွဲခြားတတ်ပါဘူး   (just for fun) 😀 😀 😀 Fust Copied from Paing P@ing https://www.facebook.com/winpaingsoe11?hc_location=stream LolZZz    


Phoe ThitsarMay 16, 20131min47428
ရွာသူရွာသားအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါ့ရစေ……….. အင်တာနက်မှာ ဟိုရှာဒီရှာ ရှာရင်းနဲ့ ဒီဆိုက်ကလေးကိုရောက်ခဲ့တာပါ… ကျွန်တော် တစ်ကြိမ်နှစ်ကြိမ်လောက် ဝင်ကြည့်ရင်း ဒီမှာရှိတဲ့ ရွာသူရွာသားများကို သဘောကျမိပါတယ်။ အားကျမိတယ် လေးစားမိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော်ကိုလည်း ဒီရွာလေးမှာ တစ်နေရာပေးပါလို့ သူကြီးထံမှာခွင့်တောင်းရင်း အားလုံးနဲ့ ခင်မင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်…… ဖိုးသစ္စာ….


ဆူးMay 15, 20131min72426
ကံဇတ်ဆရာ စီမံလေသမျှ စီမံကာ နေရတဲ့ ဘဝတွေ အကြောင်း ယနေ့ မျက်ဝါးထင်ထင် မြင်ခဲ့ ရပါတယ်။ (၃၀.၄.၂၀၁၃) ဆေးကုသစရိတ် အရေးတကြီး လိုအပ်နေသော ခလေးငယ် ဆိုပြီး ပိုစ်တခု တင်ပြီး အလှူခံခဲ့ဖူးပါတယ်။ https://www.facebook.com/notes/sue-winne/%E1%80%B1%E1%80%86%E1%80%B8%E1%80%80%E1%80%AF%E1%80%9E%E1%80%85%E1%80%9B%E1%80%AD%E1%80%90%E1%80%B9-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%90%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%B9%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%84%E1%80%9A%E1%80%B9/10151448856729895     အလှူခံတာလည်း အောင်မြင်မှု ရှိခဲ့ပါတယ်။ ပိုစ်တင်ပြီး မကြာခင်မှာတင် ပိုစ် ကို ရှဲ တဲ့ အသိမိတ်ဆွေတွေ ရှိသလို မသိပေမဲ့ ကလေး ပုံလေး ကြည့်ပြီး သနားပြီး အလှူခံ ပိုစ်လေး ရှဲပေးတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ဆင်းရဲ နွမ်းပါးတဲ့ မိဘများက မွေးဖွားလာပြီး ဗဟုသုတ နည်းပါးတဲ့ မိဘများ ဖြစ်တဲ့ အတွက် ရောဂါ ဖြစ်မှန်း မသိ […]


nicolus agralMay 12, 20131min1751
“အနောက်တောင်ဆီက ရွာမလိုဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်စစ်မျက်နှာဖွင့် တိမ်ခိုးဝင့်ကာနှင် မှိုင်းမှိုင်းရိပ်ရောင် စွန်တောင်ဆင် ပြိုမှာလေလားမိုးရဲ့ငြှိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်။” တဲ့။ ခါတိုင်းလည်းနားထောင်နေကျ သီချင်းကလေးပါပဲ။ ဒါပေမယ့် ဒီနေ့တော့ ကိုစောညိမ်း သီချင်းလောက် ဟတ်ထိတာကိုမရှိတော့ဘူး။ အနောက်တောင် မုတ်သုန်လေကြီးက အားကောင်းနေလို့ ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ်ဘင်္ဂလားပင်လယ်အော်ထဲကို ဝင်လာပြီဆိုပဲ။ ဧရာမကြီး ဆင်လောက်ကြီးတာတောင် မကဘူး။ နံမယ့်ကိုကမဟာဆင်တဲ့။ ဖေ့စ်ဘုတ်ပေါ်က မဟာကြောင်လောက်တော့ သနားတယ်။ ဘင်္ဂလားကို မုတ်သုန်ဝင်တာလောက်ကတော့အဆန်း မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်ဆို ဝင်နေကျမို့ အညာမှာ ကလေးတွေဆိုတဲ့သီချင်းလေးတောင် မှတ်မိသေး။ “လေတွေမိုးတွေ လာပါလို့ ကဆုန်လပြည့်ကျော်။ လူပျိုလေးတွေလာပြန်တော့ ခုံဖိနပ်နဲ့ဆော်။” တဲ့။ အိမ်မြောက်ဘက်က မန်ကျည်းပင်ကြီးတွေ သီးမှည့်ကြွေတဲ့လေဦးမိုးဦးလည်း ဖြစ်တယ်။ ထွေးညိုကလေး မတ်တတ်ပေါက်ရင်း သစ်ကိုင်းပိတာလည်း ဒီအချိန်ပဲ။တပေါင်းတန်ခူး မိုးသားကြူးတုန်းကလာတဲ့ […]