အခန်း ( ၁ ) အပိုင်း ( က ) “ဘယ့်နှယ်တော် ကျုပ်တို့က မျက်နှာမငယ်ရလေအောင် ဒင်းတို့ကိုဘဲလင်တော်ရမလို ဒင်းတို့ကိုလင်တော်မှ မျက်နှာကြီးဂုဏ်တက်မလို ဂဒဲပြော ပြောခြင်ဘူး“ ပြောခြင်ဘူးသာဆိုသော်ငြား ပြောပြီးလေပြီ နေရာကား ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ တောင်ဖက်စူးစူး မြင်းတစ်ပြေးကြက်တစ်ခုန် ပေါ်တာတစ်ခါပြေး အကွာအဝေးခန့်တွင်ရှိသော ပင်လယ်ရေမျက်နှာပြင်အထက် လေးငါးခြောက်တောင်ခန့်တွင် ရှိသည့် ဂေဇက်လေထန်ကုန်း ပေါ်တွင် တည်ရှိသော မီးကင်းတဲတစ်ခုတွင်ဖြစ်၏။ မီးကင်းတဲဆိုသော်ငြား ယိုင်နဲ့နဲ့မုဆိုးမတဲအိမ်တစ်လုံးကို ပြေးမြင်မိကြပါလေလျှင်အမှားကြီးမှားကြပေလိမ့်မည်။ လေကြောမရှည်ဘဲပြောရလျှင် နန်းတော်ကအိမ်သာဖြစ်သွားစေလောက်သည့် မုန့်ပျားသလက်ကုမ္ပဏီအဆောက်အဦးကြီးဖြစ်၏။ အကယ်စင်စစ် အဆိုပါ မီးကင်းတဲကြီး၏ အလှူရှင်မှာ ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ ဒိတ်ဒိတ်ကျဲ ကျိကျိတက်ချမ်းသာသော မုန့်ပျားသလက်ဂုမ္ပဏီပိုင်ရှင် […]


gwa toeMarch 10, 20131min45223
ဒီပြသနာက ဘာသာရေးကို နွယ်လာတဲ့ အမျိုးသားရေးပြသနာလို့ မြင်ပါတယ်။ ပြသနာတခုကို ကြည့်တဲ့နေရာမှာ ရှုထောင့်တခုတည်းကကြည့်ရင် ကိုယ်လိုချင်တဲ့အဖြေပဲရတယ်။ အဖြေမှန်လိုချင်ရင် အလုံးစုံခြုံငုံသုံးသပ်ရပါတယ်။ ကဲ ပြသနာရဲ့အရင်းမြစ်ကိုကြည့်ရအောင်။ ၉၆၉ ဆိုတာဘာလို့ပေါ်လာလဲ။ ၇၈၆ နဲ့တဖက်သတ်အကျိုးစီးပွားကြောင့်ပေါ်လာတာ။ အရင်ကသူ့ဟာသူနေတာဘာမှမဖြစ်ဘူး။ ခုပြောတာမှာ ဥပဒေလွှမ်းမိုးမှုဆိုတဲ့စကားလုံးပျောက်နေတယ်။ လဝက ဥပဒေအသက်မဝင်တော့ ပြည်ပဝင်တဲ့ဘင်္ဂလီပြသနာစဖြစ်တယ်။ ကျူးကျော်သူကခြေကုပ်ဖို့လုပ်ဆောင်တာ နဲ့ ကာကွယ်သူတွေရဲ့ ကာကွယ်ရေးဗျူဟာလို့မြင်ပါတယ်။ ဒီတော့ဘာသာရေးနဲ့ အမျိုးသားအကျိုးစီးပွားနွယ်ပြီ။ သေနတ်ကိုင်တိုက်မှစစ်ဖြစ်နေတာမဟုတ်ဘူး။ မတူတဲ့အတွေးခေါ် ယုံကြည်မှု ယဉ်ကျေးမှုတွေထိပ်တိုက်တွေ့တာလည်း စစ်ပွဲဖြစ်နေတာပဲ။ ဒီတော့ မူရင်းကာကွယ်သူတွေမှာဘာရှိလဲ အမျိုးသားရေးအသိစိတ်နဲ့ပဲ စောင့်ရှောက်ကြရတယ်။ အဲလိုပြသနာတွေအတွက် ဘာသာရေးနဲ့ အမျိုးသားရေးယှဉ်တွဲအသက်ဝင်လာတယ်။ ပြည်တွင်းမူဆလင်အချို့နဲ့ ထိုင်လုံလိုချင်သူတွေက မူဆလင်ဘာသာနဲ့မူဆလင်လူမျိုးရောပြီး အစွန်းရောက်ဆန်တဲ့ပုံစံနဲ့ လူ့အခွင်းရေးစကားလုံးကိုတွင်တွင်သုံးပြီး ဝင်ပါလာတယ်။ ဒီတော့ တန်ပြန်တဲ့ အမျိုးသားရေးလက္ခဏာတွေ Socialism ဖြစ်လာတယ်။ ဒီထက်ပြင်းလာရင် Facic မူတောင်ဖြစ်လာမယ်။ […]


Mway GyiMarch 10, 20131min1142
ယခင် ငပလီကျေးရွာပိုင်မြေကွက် ရောင်းချရငွေ သိန်း ၆၀ဝ ကျော်ပျောက်ဆုံး နေ ပါသည်။ ငပလီ လွှတ်တော် အမတ်ကြီးထံ အပ်နှံထားသည် ဟု ယခင် ရဝတ ဥက္ကဋ္ဌ ဦးစိုးစိုးမှ အခိုင်အမာပြောဆို နေပါ သော် လည်း မဟုတ် ဟု ဆိုပါသည်။ အမတ်ကြီးရှင်းပေး စေလိုပါသည် ခင်ဗျ


DEPARKO DEPARKOMarch 9, 20131min264
သဂျီးရေ ကျေးဇူးပြုပြီး ကျွန်တော့် post တွေအားလုံး လိုင်းပေါ်ကဖျက်ပေးဘို့ တောင်းပန်ပါတယ် ပြသနာနည်းနည်းရှိလို့ပါ ကျေးဇူးတင်ပါတယ်


mgwaloneMarch 9, 20131min19110
ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်နေတယ်လို့ ဒီနေ့ ပြောနေကြတယ်ဗျ။ မှားတယ်လို့တော့ မဆိုပါဘူး။ နိုင်ငံတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အတိုင်းအတာတစ်ခုအထိ တိုးတက်လာတာတော့ အမှန်ပါပဲ။ ဟိုတယ် ခရီုုး ဝန်ကြီးဌာနကလဲ နိုင်ငံတကာက ခရီးသည် တစ်သန်းအထိ ဝင်မယ်လို့ ပြောနေတယ် ကြားမိပါရဲ ့။ မျှော်မှန်းတာလား၊ ခန့်မှန်းတာလား၊ ဒါမှမဟုတ် စီမံချက်လား၊ ရည်ရွယ်ချက်လား တော့ မသိရိုး အမှန်ပါ။ ဒါကလဲ ကျွန်တော် ညံ့လို့ပါ။ ဒါပေမဲ့ဗျာ- ခရီးသည်တစ်သန်း ဝင်ဖို့ ပြောနေပေတဲ့ ဟိုတယ်တွေ မလောက်ဆိုတဲ့ အသံတွေ ကြားနေ ရပါပကော။ မနလေး သွားတဲ့ခရီးသည် ဟိုတယ်မရလို့ ပြင်ဦးလွင် သွားအိပ်ရသတဲ့။ ဧည့်လမ်းညွှန်တွေ နေစရာ မရှိလို့ ခရီးသွားလုပ်ငန်း ရုံးတွေ၊ ဘုန်ကြီးကျောင်းတွေမှာ အိပ်ကြရသတဲ့။ ဖိုးချိုသီချင်းတဲကလို ကဲ ဘယ်လို […]


ayeyarwaddy-tunMarch 8, 20131min42432
သူငယ်ချင်းတို့ရေ ဧရာဝတီက လျှို့ဝှက်နာပါတ်မေ့နေလို့ မဝင်ဖြစ်တာကြာသွားတယ် အခုမှပဲ ပြန်ဝင်ဖြစ်တော့တယ် ပြန်တွေ့ရတာဝမ်းသာပါတယ် သူငယ်ချင်းတို့ …   အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်…


myanmarnavy seadogMarch 7, 20131min166
တစ်နေ့က စက်မှုလက်မှုက အရာရှိငယ်တစ်ယောက်မူးမူးနဲ့ ရင်ဖွင့်လေရဲ့။ အကြောင်းက နိုင်ငံခြားကို ချစ်ကြည်ရေး စေလွှတ်တဲ့ စစ်ရေယာဉ် (ဒုံးတင်) ၅၆၁ နဲ့ ၅၆၂ ကို စင်္ကာပူနိုင်ငံကိုမစေလွှတ်ခင် အားခြင်းပြင်ဆင်ရေးတွေလုပ် ဒုံးတင်အခွံလွတ် (ပိန်လိမ်နေသော ဒုံးပျံမပါ C801 type) တွေတပ် EOD စနစ်အတု ရေယာဉ်ခေါင်မိုးပေါ်မှာ အားခြင်း ဂဟေဆော် ကြိုးတောင်မပါဘူးတဲ့။ ရေဒါအတု( လက်နက်စနစ်) တွေတပ် ။ အလေးချိန် ၄ တန်လောက်ကို ရေယာဉ်ခေါင်မိုးပေါ် ကြည့်မကောင်းရှုမကောင်း တင်ထားလိုက်ကြတာ စင်္ကာပူရောက်တော့ စင်္ကာပူရေတပ်ကကောင်တွေ ရေယာဉ်ပေါ်တက်လေ့လာပြီး အလွန်အံ့အားသင့်ကြလို့ မြန်မာနိုင်ငံရဲ့ ကြိုးမဲ့စနစ်သုံး အဆင့်အလွန့်အလွန်မြင့် စွမ်းအားရှင် လက်နက်စနစ်တွေကိုလေ့လာဘို့ မြန်မာပြည်ကိုရောက်ရှိနေကြကြောင်းပါ။ အခုမြန်မာနိုင်ငံရေတပ်မတော်ကြီးမှာ တပ်ဆင်ထားတဲ့ ဒုံးပျံတွေဟာ မပစ်ခင် သရဏဂုံတင်။ အမြောက်တွေကြတော့ တပ်ထားတဲ့ […]


myanmarnavy seadogMarch 7, 20131min260
Myanmar NAVY မှာ အရာရှိတွေဟာ ကောင်းရင် ကောင်းသလို ဆိုးရင် ဆိုးသလို ရဲဘော်တွေက နာမည်ပြောင်ပေး ကွယ်ရာမှာ တိ်တ်တိတ်ခေါ်ကြပါတယ်။ ဒီလိုခေါ်ရင် အဲဒီနာမည်ပြောင်များကို နှစ်နဲ့ချီလာတော့ သူတို့ရဲ့ best man များကတဆင့် အဲဒီအရာရှိတွေ ကိုယ့်နာမည်ကိုယ် သိသွားကြပါတယ်။ ငါးမည်ရ ဖင်ကြီးမ ခေါ် ပရိုမီနာ အကြောင်းကတော့ ညီငယ် နေမင်းသူ ရေးသွားပြီမို့ သူ့အကြောင်းတော့ မရေးတော့ပါဘူး။ မှုန်တိုင်းကြီး ဗိုလ်မှူးကြီးတင်မောင်ညွန့် ရဲဘော်တွေ အလေးမပြုဘဲ သူ့ရှေ့က ဖြတ်ရင် မှုန်တိုင်းကျသလို ဒေါသ ကြီးတတ်လို့ သူလည်းထွက်သွားပါပြီ။ ရန်ရှာ ဗိုလ်မှူးရန်နိုင် ယခု လက်ရှိ တရခ မှာ ဆရာကြီးတွေကိုမိုက်မိုက်ရိုင်းရိုင်း ဆက်ဆံ ရန်ရှာ ဒေါသကြီး ကိုယ်ကြိုးရှာ အရာရှိဆိုး လို့နာမည်ကြီးပါတယ်။ […]


myanmarnavy seadogMarch 6, 20131min31516
ကျုပ် တပ်မတော်(ရေ) ထဲရောက်ကာစ မနူးမနပ်အရွယ်က စစ်ရေယာဉ်မှူး ဗိုလ်ကြီးတစ်ဦး အိမ်ကိုပေးတဲ့စာတစ်စောင်ကောက်ရဖတ်ခဲ့ဘူးပါတယ်။ စာက မိခင်ဆီရေးတဲ့စာပါ။ “အမေ သားအတွက်အမေ မောခဲ့ရသမျှ အမေ မောပြေစေရပါ့မယ် သားတိုက်ရေယာဉ်(   ) မှာ စစ်ရေယာဉ်မှူးဖြစ်နေပြီအမေ မကြာခင်အမေရယ် ညီမလေးတို့ရယ် ပြည့်ပြည့်စုံစုံနဲ့ ချမ်းချမ်းသာသာ နေရတော့မှာပါ……” ကျုပ် အဲဒီစာကို ကောက်ရတဲ့အချိန် အဲဒီစစ်ရေယာဉ်မှူး မရှိတော့ပါဘူး ပြောင်းရွေ့သွားပါပြီ။ အဲဒီအချိန်က စာပါ အကြောင်းအရာတွေနားမလည်ခဲ့ပါဘူး။ အခုတော့ အဲဒီစာလေးကို အားလုံးသိဘို့ရှင်းပြဘို့လိုလာပါပြီ။ စစ်တက္ကသိုလ် ဆင်းအရာရှိတွေထဲက တပ်မတော်ရေ ကိုရောက်ရှိလာတဲ့ အရာရှိငယ်တွေဟာ ဆိပ်ကြီး(သံလျှင်)မှာ JOC လို့ခေါ်တဲ့ ရေတပ်အရာရှိငယ်သင်တန်းကိုတက်ရပါတယ်။ အဲဒီမှာ ရေတပ်ဆိုင်ရာဘာသာရပ်တွေကိုသင်ကြားပြီးရင် မင်းညီမင်းသားတွေလို သင်တန်းဆင်းပွဲကို ခမ်းနားစွာ ကျင်းပသင်တန်းဆင်းပေးပြီးရင်ဗိုလ် ဘဝနဲ့ ရင်းဖွဲ့ ရေယာဉ်တွေမှာ တွဲဘက်အရာရှိငယ်ဘဝနဲ့ ရေတပ်ဆိုင်ရာအတွေ့ […]


myanmarnavy seadogMarch 6, 20131min1778
ကျုပ်သူငယ်ချင်းတစ်ယောက် မနေ့ကရောက်လာတယ် အားကိုးတကြီးနဲ့ဗျာ။ ဆိပ်ကြီး ရလရ(၁) ကနေပြောင်းချင်လို့တဲ့ ဘယ်လောက်ကုန်ကုန်ဆိုဘဲ၊ ကျုပ်သူရောက်တဲ့နှစ် တွက်ကြည့်တော့ ၂နှစ်ကျော်နေပြီ ဘယ်နှယ်ဗျာ တနှစ်လောက်အောင့်အီးနေလိုက်ရင် ကြိုက်တဲ့ ဌာနချုပ်ကိုသွား ဘာမှ ဂါစရာမလိုဘူး။ ဘယ်လိုမှဖျောင့်ဖျလို့မရဘူး ရခိုင်ရောက်ချင်လဲရောက် ပြောင်းဘို့ကိုလုပ်ပေးဆိုဘဲ။ အဲဒါနဲ့မေးကြည့်မိတယ် အဲဒီမှာလက်ရှိရောက်နေတဲ့ ဗိုလ်မှူးချုပ် မြင့်နွယ် ဆိုလား ရောက်ကထဲက အရာရှိ စစ်သည် နည်းပြတွေကို နေစရာမရှိအောင် ကျစ်။ ဒုက္ခပေး လိမ်ကျစ်နေတာ ဌာနမှူး ဒုတိယဗိုလ်မှူးကြီး သုံးယောက် တပြိုင်နက်ထွက်စာတင်ကြတယ် ဆိုလားဘဲ။ ရေကြောင်းကဌာနမှူး ဒုမှူးကြီး လွင်မိုး၊ လက်နက်ကဌာနမှူး ဒုမှူးကြီး ထွန်းနေအောင်။ နောက် ဆက်သွယ်ရေးနဲ့အီလက်ထရောနစ်သင်တန်းဌာနက ဒုမှူးကြီး သန့်လွင်မောင် တို့တဲ့ ကျော်မကောင်း ကြားမကောင်းဗျာ ။ ကျုပ်တသက်မှာဒီလိုအရာရှိဆိုးမျိုး ဒီတစ်ခါဘဲကြားဘူးတယ်။ အင်းတော်လို အဖြစ်ဆိုးမျိုး […]


Lu manMarch 5, 20131min1334
ကျွန်တော်တို့နိုင်ငံတော်သစ်တစ်ထောင်နေစဉ်ကာလအတွင်း အချို့သော ဌာနဆိုင်ရာမှ အောက်ခြေဝန်ထမ်းများတို့သည် စကားပြောဆိုယာဉ်ကျေးမှုမရှိခြင်း ယခင်ကကဲ့သို့ပင် လာဒ်ယူမှုများပြုလုပ်နေဆဲပင်ဖြစ်ပါသည်။ အလွယ်ကူဆုံးဖြစ်သည့်ဖုန်းပြောသည့်ကိစ္စများတွင်ပင်ယခင်ကကဲ့သို့မောက်မာစွာပြောဆိုနေသေး  ကြောင်းတွေ့ရှိခံစားနေရပါသေးသည်။ ယခုတိုးတက်လာသည့် ခေတ်ကြီး တွင် Fax လက်ခံသည့်ကိစ္စ များတွင်အလွန်ပင်သိသာထင်းရှားပါသည်။ အချို့သောဝန်ထမ်းများလက်ခံလျှင် ဘ(၅) လုံးဖြင့်ယခုတိုင်လက်ခံနေသေးကြောင်း တွေ့ရှိနေရပါသဖြင့် အထက်မှ တာဝန်ရှိသူလူကြီးများအနေဖြင့်  သွန်သင်ဆုံးမမှုများပြုလုပ်သင့်ပါကြောင်းအကြံပြုလိုပါသည်။ ထို့ပြင် ၎င်းတို့ကိစöများအားလည်း တရားဝင်တိုင်ကြားလာပါက ထိရောက်စွာအရေး ယူပေးစေလိုကြောင်း အသိပေးအကြံပြုအပ်ပါသည်။


nicolus agralMarch 4, 20131min1274
အဋ္ဌကထာကျမ်းဂန်တွေမှာပါတဲ့ လေးကျွန်းတစ်မြင့်မိုရ် မေယု ဗဟိုရ် ယုဂန္ဓိုလ်တောင်ကြီးတွေ ဘယ်ဆီနေမှန်းမသိပေမယ့် ကမာ္ဘမြေပုံကြီးပေါ်က အကျယ်ပြန့်ဆုံး တစ်ဆက်တစ်စပ်တည်းရှိတဲ့ မြေပြင်ကြီးကတော့ အာရှ၊ ဥရောပ နဲ့ အာဖရိက ကုန်းမြေကြီးပါပဲ။ ကမာ္ဘကြီးရဲ့ ဗဟိုရ်ချက်မကို မြန်မာပညာရှိကြီး ဦးပေါ်ဦးက အမရပူရရွှေနန်းတော်တစ်နေရာကို လက်ညှိုးနဲ့ထောက်ပြပြီး “မယုံရင် တိုင်းကြည့်တော်မူပါဖျာ့။” လို့ သက်သေထူခဲ့ပေမယ့် သည်ကနေ့ခေတ်အခါမှာတော့ လုံးရာက ပြန်ပြားသွားရတဲ့ ကျုပ်တို့ကမာ္ဘကြီးဟာ မျောက်အမေကြီးကားတိုက်တဲ့ဆီမှာ ဗဟိုရ်ပြုနေသလိုလို ခံစားမိပါတယ်။ လွန်ခဲ့တဲ့ ထောင်စုနှစ်အတွင်းမှာဆိုရင်တော့ ဘက်ကင်ဟမ်နန်းတော်ကြီးမှာ ရှိသလိုလို ပြောကြမှာပေါ့။ ဘယ်သူဘာပြောပြော ကိုယ်ထင် ကုတင်ရွှေနန်းလို့ ဆိုကြသော်လည်းပဲ သူတို့ပြောစကားဆိုစကားတွေက မှတ်တမ်းမှတ်ရာအဖြစ်နဲ့ ကျန်ခဲ့လေတော့ လေထဲပြောပြီး လေတင်ပျောက်သွားတဲ့ ကိုယ်တွေပြောတဲ့စကားထက်စာရင် ပိုပြီး မှီငြမ်းကိုးကားစရာ ခိုင်လုံတဲ့ အထောက်အထားဖြစ်နေသယောင်ရှိတာပေါ့နော်။ အရင်တုန်းကလို တသီးတခြား တထီးတနန်းနေတာမျိုး မဟုတ်တော့ပဲ […]


thunderstormMarch 4, 20131min1859
သူကြီးတို ့ဆီမှာရော ဝက်တွေပေါ်ပြီးဈေးကွက်ထဲသယ်ရင် ဒီလိုဘဲသယ်ကြသလား ဆိုတဲ့အတွေးနဲ ့တင်ဖြစ်သွားတာပါ။ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်မှာဖြစ်ပါတယ်။