မျဉ်းကြောင်းတစ်ချို့သည် ဖြောင့်သလိုလိုဖြင့် ကွေးကောက်၏၊ ကွေးကောက်သလိုလိုဖြင့် ဖြောင့်တန်း၏။ ထိုအတူ – ဘဝသည် ရိုးရှင်းဖြောင့်တန်းသလိုလိုဖြင့် ကွေးကောက် ရှုပ်ထွေး၏၊ ကွေးကောက်ရှုပ်ထွေးသလိုလိုဖြင့် ရိုးရှင်းဖြောင့်တန်း၏။ ထိုအတူ – လောကသည် ရှင်းလင်းဖြောင့်မတ်သလိုလိုဖြင့် ရှုပ်ထွေးကွေ့ ကောက်၏၊ ရှုပ်ထွေးကွေ့ ကောက်သလိုလိုဖြင့် ရှင်းလင်းဖြောင့်တန်း၏။ ထို့အတူ – လူသည် ရိုးသားဖြောင့်မတ်သလိုလိုဖြင့် လှည့်စားကောက်ကျစ်၏၊ လှည့်စားကောက်ကျစ်သလိုလိုဖြင့် ရိုးသားဖြောင့်မတ်၏။ ထို့အတူ – အယူဝါဒအမြင်ဓမ္မသည် မှန်ကန်ဖြောင့်မတ်သလိုလိုဖြင့် မှားယွင်းကွေ့ ကောက်၏၊ မှားယွင်းကွေ့ ကောက်သလိုလိုဖြင့် မှန်ကန်ဖြောင့်မတ်၏။ အကြောင်းမှာ……. ကမ္ဘာသည် လုံးဝန်း၍ ကွေးကောက်နေသော မျဉ်းဖြောင့်များဖြင့် ရိုးရှင်းရှုပ်ထွေးစွာ ယှက်နွယ်ရစ်ပတ် ပေါင်းစပ်တည်ဆောက်ထားသောကြောင့် ဖြစ်၏။ ဓမ္မသုတေသီ အရှင်ပညိန္ဒ (15-8-2011) အတွေးနက်နက် အဖြေခက်တဲ့အမေးများ..စာအုပ်မှ