myanmar oscarDecember 1, 20125min2808
  သစ်ပင်ကြားမှခပ်ရေးရေး (၁) ကားပေါ်ကအမိအရနဲ့ လမ်းမထက်က ပုပ္ပါး (၂) တောင်တက်လမ်းပေါ်မှ လက်ရာ-၁ (၃) တောင်တက်လမ်းပေါ်မှ လက်ရာ-၂ (၄) နေရောင်ခြည်အောက်က ပုပ္ပါးအလှ (၅) တောင်ခြေမှ အနီးကပ် (၆) တောင်ခြေပတ္တမြားဆောင်းတန်း (၇) တောင်ထိပ်ပေါ်မှ စေတီ -၁ (၈) တောင်ထိပ်ပေါ်မှ စေတီ -၂ (၉) တောင်ပေါ်မှ တောင်အောက်-၁ (၁၀) တောင်ပေါ်မှ တောင်အောက်အနီးကပ်ရိုက်ချက်-၂ (၁၁) ပုပ္ပါး တဖက်ပင်မတောင်-၁ (၁၂) ပုပ္ပါး တဖက်ပင်မတောင်အနီးကပ်-၂ (၁၃) သူတို့ရေထားတာ (၁၄) အောက်ဘက်မှာရှိတဲ့ လိုဏ်ဂူ (၁၅) အစာမရလို့ စိတ်ဆိုးနေတာလား (၁၆) တစ်ကောင်တည်း ဗိုလ်လုပ်ချင်တယ် (၁၇) အားရပါးရ သူ့ဘဝ (၁၈) […]


candle .November 30, 20121min43217
                 ပန်းတစ်ပွင့်ကို.. နွမ်းလို ့ ပစ်ဖူးချင် ပစ်ဖူးကြမယ်….                  လူတစ်ယောက်ကို.. လွမ်းဖို ့ဘယ်သူ ချစ်ဖူးပါ သတဲ့လဲ….                  ပစ်ခဲ့တဲ့ ပန်းကို.. ဘယ်သူမှ သတိတရ မရှိနိုင်ကြပေမဲ့….                   ဖြစ်ခဲ့တဲ့ အလွမ်းကြောင့်.. ရင်မှာ မထိရှတဲ့လူ….                   ဘယ်သူ ရှိနိုင်ပါသတဲ့လဲ ..မောင်….   ကိုသုရှင်..ရဲ ့  မ…ကိုယ်စား အပြေးအလွှား….  *မှတ်ချက် *  ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့.. မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ ့ ကဗျာလေးဖြစ်ပါတယ်..


“မောင်” “ဘာလဲကွ” ” ဟိုဘက်လမ်းထိပ်က ပဲပြုတ်သည် ဒေါ် စိန်လေ” “ဘာဖြစ်လို့တုံးကွ” “သူ ့ခဗျာ မနေ ့ညက သူ ့အိမ် သူခိုးဝင်ခိုးလို ့တဲ ့ အဲ့ဒါ ရှိသမျှ ပဲပြုတ်ရောင်းစားလို ့ရတဲ ့ အရင်းအနှီးတွေရောသူ ့သားလေး နောက်နှစ် တက္ကသိုလ်တက်ဖို ့စုထားတဲ ့ ပိုက်ဆံလေးတွေပါ အကုန်ပါသွားတယ်တဲ့ သူ ့ခဗျာ သနားပါတယ်————- မရှိလို ့ မှ ပဲပြုတ်ရောင်းစားရတာ ——–သူခိုးကလည်း ခိုးစရာရှားလို ့ ဒီလို အိမ်မှ သွားခိုးရလားမသိဘူး ————–ပြီးတော့ သူက ကျမတို ့အိမ်ကိုလည်းအကြွေးရောင်းပေးတယ်မဟုတ်လား” တစ် ပတ် အ ကြာ ” တော်ရေ ့” “ဘာလဲကွ” […]


ေမာင္ရိုးNovember 29, 20121min52429
တန်ဆောင်တိုင်ည လပြည် ့ဝန်းကြီးသာတဲ ့ ည နက္ခတ် စုံတဲ ့ ည ဆေးပေါင်းခတဲ ့ ည မီးပုံးပျံ တွေလွှတ်တဲ ့ ည မီးပန်းတွေလည်း ဖြာတဲ ့ ည ပျော်စရာည ကြည်နူး ဖွယ် ည အဲဒီ ညရဲ ့အဆုံး ငရဲ မီးစုန်းတွေကျဲချမှာ ဓာတုဗုံးတွေ ကျဲချမှာ ကျနော်တော ့မထင်ခဲ ့ဘူး ခုတော ့ သိလိုက်ပြီ ဒီမိုကရေစီ လူ ့အခွင် ့ရေး ဒီလိုလုပ်လို ့ရကြေးလား ဒို ့သွေးတွေမြေမှာကျပြီး ကြေးနီတောင်ကိုအရောင်ဆိုးလို ့ ဒင် းးးးးး တို ့မို ့လုပ်ရက်တယ် ကြွေသာကြွေမယ် မြေမခဘူး သတ်လို […]


the bestNovember 27, 20123min118727
အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ငွေကြေးကောက်ခံမည့် စနစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးကြညာတာပါတွဲပြီးတင်လိုက်ပါတယ်။ http://www.facebook.com/photo.php?fbid=568241993191600&set=a.362239160458552.107216.287336421282160&type=1 အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ငွေကြေးကောက်ခံမည့် စနစ်မှာ သိသင့်တာတွေ ့လို ့ကူးတင်မျှဝေလိုက်ပါတယ်။ မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ Typical Data Usage –       အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့် –       YouTube က music […]


အမေရိကန်နိုင်ငံရေးလောကမှာ ဩဇာကြီးမာသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာထိပ်တန်း အတွေးအခေါ်ရှင် ၁၀ဝ စာရင်း၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပူးတွဲပထမရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့စုံတွဲကလည်း နံပါတ်၃ပူတွဲးရရှိပြီး၊အမေရိကန်သမ္မတ ဘာရပ် အိုဘားမားက နံပါတ်ရ ရရှိပြီး၊ပါကစ္စတန်မှ မာလာလာဆိုသော ခလေးမလေးက အိုဘားမားနဲ့ ကပ်လျှက်နံပါတ်၆ ကိုရရှိပြီး၊သန်းကြွယ်သူဋ္ဌေးကြီး ဘီလ်ဂိတ်တို့သုံတွဲကလည်း နံပါတ်၅ ကိုပူးတွဲရရှိခဲ့ကြပါတယ်။ ဒီပိုစ့်ကို ဒေါင်းမာန်ဟုန် မှပြန်လည်ရယူဖေါ်ပြပါသည်..။ မူရင်းလင့်…http//www.foreign policy magazine.com/articles/2012/11/26/the_fp_100_global_thinkers


သုရွင္November 27, 20122min32013
အလွမ်းပြေ     ဓါတ်ပုံလေးတွေ ကြည့်နေမှ လား စကားသံလေးတွေ ကြားနေမှ လား ဒါမှမဟုတ်..လေပြေအသွေးမှာ ပင့်သက်ရှိုက်မှု တစ်ခု တစ်လေ နဲ့ ထိတွေ့ လှုပ်ခတ်သွားမှ တဲ့ လား။ တိုက်ဆိုင်မှ သတိရနေဖို့ဆိုတာ တောင် အမှတ်တရတွေ တစ်သီတစ်တန်းကြီး ရင်းနှီးထားရသေးတာပဲ။ မ..အတွက်…မောင့် သတိရခြင်းမှာ တိုက်ဆိုင်မှ…ဆိုတာထက် ကျော်လွန်နေပါပြီ။ ဘာလုပ်လုပ် ဘာပြောပြော ဘာစားစား ဘယ်မှာ ရောက်ရောက် သိစိတ်မှာရော မသိစိတ်မှာရော ဘာကို သတိရနေတာပါ လို့.. ပြစရာမရှိလောက်အောင် သတိရခြင်းတွေက များပြားလွန်းလှပေါ့။ လွမ်းလို့ သတိရ..နေပေမယ့် သတိရ လို့ အလွမ်းပြေ သွားပါရဲ့လား မောင်…လွမ်းလို့ အလွမ်းပြေရေးတဲ့ကဗျာ မှာ မောင်…မေး ပြီး မောင် မဖြေ နိုင်တဲ့ […]


DavitNovember 27, 20121min60618
မနက်စောစောစီးစီး ဒေးဗစ်တို့အိပ်နေတုန်း ….ဖေါက်…ဖေါက်…ဖေါက်….ဆိုတဲ့အသံတွေကြားလို့ အိပ်ရာကထပြီး အပြင်ကို ကြည့်လိုက်တော့….အလဲ့…. မြူလေးတွေဆိုင်းနေတာမှ ခါတိုင်းနေ့ကထက်ပိုတယ်ပေါ့…… မြူတွေကတစ်နေရာတည်း ကပ်ပြီး ထူနေလို့ သေခြာကြည့်ခါမှ ….. အ လာ လား……….မီးဗျို့ ……မီးတွေလောင်နေတာမှ ရှယ်ကိုလောင်နေတာ…… ဒါနဲ့ မျက်နှာတောင်မသစ်ရသေးပဲနဲ့ မီးလောင်တဲ့နေရာသွားကြည့်တော့မှ လောင်တဲ့နေရာက …… နာမည်ကြီး ၁ဝတန်းအောင်စာရင်းတွေ ထုတ်တဲ့ လှိုင်တက္ကသိုလ် RC 2 ထဲက ဇွဲကပင် ဆောင်ကြီးရဲ့ အပေါ်ထပ်မှာလောင်နေတာဗျို့….. ဒါနဲ့ လက်ထဲမှာပါလာတဲ့ဖုန်းနဲ့ 191 ကိုပထမဆက်တယ်….ဟုတ်ကဲ့… မရဘူးခင်ဗျ…. ၅ မိနစ်လောက် ဆက်တိုက်ခေါ်တယ်….. လုံးဝမှ လုံးဝပါပဲ….လိုင်းမအားဘူး…. ကဲ ဒါဆိုရင်တော့ သေခြာပြီ …. ကိုယ့်လိုပဲ မီးသက်ကိုလှမ်းအကြောင်းကြားတဲ့သူရှိတယ်ပေါ့ …. ထပ်ပြီးသေခြာအောင် ၁၉၉ ကိုထပ်ဆက်တယ်…. ဖုန်းကိုင်တယ်ခင်ဗျ ….. ကိုယ်ကလည်းလှမ်းပြောလိုက်တယ် “ကျွန်တော်တို့နားက ဇွဲကပင်ဆောင် မှာမီးလောင်နေပါတယ်….မီးတောက်တော်တော်ကြီးပါတယ်…၁၉၁ ကိုဆက်တာဖုန်းမအားလို့ […]


nicolus agralNovember 27, 20121min1371
တရုတ်ဘာသာနဲ့ လော်ကျား လို့ပြောတာကို ဘာသာပြန်ဖို့တော်တော် ခက်ပါတယ်။ အိမ်အိုဟောင်းလို့ တိုက်ရိုက်ပြန်လို့ရပေမယ့် ဆိုလိုချင်တာ အဲဒါ မဟုတ်သေးဘူး။ လူလားမမြောက်ခင် ကလေးဘဝက နေထိုင်ကြီးပြင်းရာ အရပ်။ အိမ်လည်းဖြစ်ချင်ဖြစ်မယ်။ ဇာတိရပ်ရွာ၊ နိုင်ငံ ပြည်နယ် လို့လည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းကောင်းဆိုးဆိုး၊ ပျော်သည်ဖြစ်စေ၊ စိတ်ဆင်းရဲသည်ဖြစ်စေ၊ ကိုယ့်ခံစားချက် နဲ့ သဘောထား ဘယ်လိုရှိရှိ၊ လူတစ်ယောက်ရဲ့ဘဝကို တခြားဘာနဲ့မှမတူအောင် သက်ရောက်မှုအရှိဆုံး နေရာထိုင်ခင်းတစ်ခု၊ ဘယ်နေရာသွားသွား အတွင်းစိတ်ထဲကနေ အရိပ်လိုလိုက်ပါလာမယ့် အတိတ်က နေရာဟောင်းတစ်ခု လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘယ်အချိန်မှာပဲ ပြန်ရောက်သွားသွား ဆွတ်ပျံ့လွမ်းမောပြီး စိတ်အစဉ်က အတိတ်ကို ပြန်ရောက်သွားစေတာဟာ တခြားဘယ်နေရာတွေနဲ့မှ မတူတဲ့ ထူးခြားချက်ပါ။ ယင်းမာအတွက်တော့ ရှန်ဟိုင်းဟာ အဲလိုနေရာဟောင်းကလေးပါ။ မိုင်ထောင်ကျော်ဝေးတဲ့ ချန်ကျင်းမှာ မွေးခဲ့ပေမယ့် ငါးနှစ်သမီးကတည်းက ရှန်ဟိုင်းမှာ […]


myanmar oscarNovember 27, 20121min52525
၁။ လူအမည်                                           = သိဒ္ဒတ္တ ၂။ ဘုရားဘွဲ့                                            = ဂေါတမ ၃။ မိဘအမည်                                         = သုဒ္ဓေါဒန နှင့် မဟာမာယာဒေဝီ ၄။ ကြင်ယာတော်                     […]


nicolus agralNovember 26, 20121min1211
ပထမစာအုပ် “ရွက်ကြွေတော” ထွက်အပြီးမှာ တော်တော်များများ လူတွေမေးလေ့ရှိကြတာကတော့ “အိမ်ကလူတွေက ဘာပြောသလဲ။ သူတို့နဲ့ အဆက်အသွယ်ရော ရှိသေးရဲ့လား။” တဲ့။ အဲဒီစာအုပ်ထွက်ဖို့က တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ဘယ်သူကမှ ထုတ်မပေးချင်ကြဘူး။ နောက်ဆုံးတော့ လန်ဒန်က နံမယ်ကြီးထုတ်ဝေသူအယ်ဒီတာ ဆူဇန်ဝပ် လက်ထဲ ရောက်သွားတယ်။ “ဇာတ်အိမ်ကိုတော့ ကြိုက်ပါတယ်။ ဒါပေမယ့် ကျစ်ကျစ်လစ်လစ်မရှိဘူး။ ရှည်လွန်းတယ်။ စာလုံးရေ တစ်သိန်းလောက်နဲ့ ဝင်အောင် ပြန်တည်းဖြတ်လိုက်ဦး။” လို့ ပြောပြီး လက်ရေးစာမူကို ပြန်အပ်တယ်။ “ဒီစာအုပ်ကို ရေးရတာ မင်းအတွက် ဘယ်လောက် သတ္တိမွေးရမလဲဆိုတာ သိပါတယ်။ မင်းအိမ်ကလူတွေကတော့ ပျော်နိုင်မယ် မထင်ဘူး။ အဲဒါရော တွေးထားရဲ့လား။” တဲ့။ တစ်နှစ်လောက်ကြာအောင် ဖြတ်တောက်ပြုပြင်ပြီးတဲ့နောက်မှာတော့ ထုတ်ဝေသူ လက်ခံနိုင်တဲ့အဆင့်ရောက်သွားတယ်။ ဒါတောင် ပြင်လိုက်တာ ပြင်လိုက်တာမှ […]