မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာ့အရပ်ရပ်သို့ မမောမပန်းနိုင်ပဲ ခရီးတွေထွက်နေရသူ…အဖေ့သွေး၊အဖေ့စိတ်ဓါတ်နဲ့အဖေ့ခြေရာနင်းနိုင်သူ…အမေထာဝရ ကျမ်းမာအသက်ရှည်နိုင်ပါစေ… အမေစုရဲ့ အိန္ဒိယခရီးစဉ်မှတ်တမ်း ဓါတ်ပုံများကို …ဒေါင်းမာန်ဟုန်မှ ပြန်လည်ရယူမျှဝေပါသည်။။။။။။။။ မန်းဂဇတ်ရွာသူားအားလုံးလည်း ထာဝရပျော်ရွှင်နိုင်ကြပါစေ…. လွန်ခဲ့သောနှစ်(၅၀)ခန့်က သူတက်ရောက်ခဲ့သော နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ထိုကောလိပ်မှ ၁၉၆၄ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။ ယခုအိန္ဒယခရီးစဉ်အတွင်း မိမိပညာသင်ယူလာခဲ့တဲ့ ကျောင်းတော်ဟောင်းကိုပြန်ရောက်လာတာဟာ ကိုယ့်အိမ်ကိုပြန်ရောက်လာသလိုပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်… ဒေါ်အောင်ဆန်းစုကြည်ကိုကောလိပ်ကျောင်းအုပ်ကြီး၊ဆရာဆရာမတွေနဲ့ ကျောင်းသူတွေကလှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်။ မိမိတို့အတွက်နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့အခိုက်အခါပါပဲလို့ ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆိုပွဲအခန်းအနားမှာပြောဆိုလိုက်ပြီး၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဒနာကိုမိမိတို့ထပ်တူထပ်မျှခံစားရပါကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ဘေးဘယာဝေးကွာစေဖို့ ဆုတောင်းပါကြောင်းပြောကြားခဲ့ပါတယ်…။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိရဲ့ကျောင်းကိုတစ်နေ့ပြန်ရောက်အုံးမယ်ဆိုတာသိနေပါတယ်လို့ပြောဆိုပြီး၊မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည့်ဝတဲ့အဆင့်ကို မရောက်သေးပါဘူး၊ဒီမိုကရေစီအခွင့်အရေးတွေဆိုတာ အလွန်တရာတန်ဖိုးရှိမှန်း အဲဒီအခွန့်အရေးတွေမရရှိသေးတဲ့သူတွေသာ သိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာအိနိ္ဒယနိုင်ငံတောင်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သါားရောက်ကြည့်ရငငလေ့လာမှာဖြစ်ပြီး တနင်္ဂနေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။ ပိုစ့်..သတင်းကို RFA မှပြန်လည်မျှဝေပါသည်။  


ko zinNovember 16, 20121min1568
MegaTypers ဆိုတာကတော့ Typing လုပ်ပေးပြီး ဝင်ငွေရှာရတဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ အလုပ်လုပ်ဖို့အတွက် အင်တာနက်လိုင်းရှိနေ ဖို့တော့ လိုပါတယ်။ တချို့အလုပ်လုပ်တဲ့ဆိုက်တွေက ပထမတော့ အခမဲ့ဝင်ငွေရှာနိုင်သလိုလို ဘာလိုလိုနဲ့ လက်တွေ့ Register လုပ်ပြီး တဲ့အခါမှာ တစ်လဝင်ငွေရှာဖို့အတွက် ဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းလေ့ရှိပါတယ်။ ဘယ့်နှယ် ပိုက်ဆံမရှိလို့ ဝင်ငွေရှာပါတယ် ဆိုမှ ပိုက်ဆံတောင်းတဲ့ဆိုက်နဲ့တွေ့ရတယ်လို့။ MegaTypers ကတော့ လုံးဝလုံးဝ အခမဲ့ပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ဝင်ငွေရတဲ့ဆိုက်လည်းဖြစ်ပါတယ်။ ဒါပေ မယ့် Register လုပ်ဖို့အတွက်တော့ Member ဖြစ်နေပြီးသားလူက Invitation Code ပေးမှ ဝင်လို့ရပါမယ်။   ဘာတွေလုပ်ရသလဲ သိပ်ကိုလွယ်ပါတယ်။ စာရိုက်ပေးရုံပါပဲ။ အင်္ဂလိပ်လက်ကွက်တော့ ကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်ဖို့လိုပါတယ်။ စကားလုံး တစ်ထောင်အတွက် ၁ ဒေါ်လာကျော်ကျော် ပေးနေပါတယ်။ အင်္ဂလိပ်စကားကျွမ်းကျင်စရာမလိုပါဘူး။ […]


မှတ်ချက်။ ။ အောက်ပါအကြောင်းအရာတို့သည် ဉဏ်ပညာထက်မြက်သူများသာ သိရှိနားလည်နိုင်မည့် ဒဿနတရားများ ဖြစ်ပါ၍ ဖတ်ရှု့ပြီးနားမလည်ခြင်းများဖြစ်ခဲ့ပါမူ မိမိတို့၏ ဉဏ်စဉ်မမှီမှု့ဟူ၍သာ မိမိကိုယ်မိမိနားလည်ဂျဘာ။                                                                                                           မိုက်ကယ်ဂျော်နီအောင်ပု …………………………………………………………………………………………………………………………… …………………………………………………………………………………………………………………………… ဒုန်းဒုန်းဒုန်း ( ဒုံးဒုံဒုံး ) ကြေးစည်ဟုခေါ်သော ဒူဝေဝေဟုခေါ်သော အချို့ဘုန်းတော်ကြီးကျောင်းများတွင် အမျှအတန်းဝေပြီးပါက တီးလေ့ရှိသော အချို့ လူသေ မသာပို့ အသုဘ ပို့များတွင် တီးလေ့ရှိသော ထုလေ့ရှိသော အနှီး ကြေးစည် ( ဒူဝေဝေ ) ကိုခေါက်သည့် ( ဝါ ) ရိုက်သည့် တင်းပုတ်ကဲ့သို့ရှိသည့် အရာကြီးဖြင့် ခုံးကို ခေါက်လိုက်သောအသံဖြစ်လေသည်။ (အကယ်စင်စစ် အဆိုပါ ခုံကို ခေါက်လိုက်သော တင်းပုတ်ကဲ့သို့အရာမှာ ဆိုခဲ့ပြီးသလို ကြေးစည်ကို ထုသော ရိုက်သော အရာကြီးလောက်ထုထည်ပမာဏ […]


nicolus agralNovember 14, 20121min720
ပြန်တွေးကြည့်လိုက်တော့ ဘဝမှာ နောက်ပြန်လှည့်စရာ အမှီအခိုမပါပဲ သေမြေကြီး ရှင်ရွှေထီး စွန့်စားခဲ့ရတဲ့အခါမျိုး သုံးခါကြုံခဲ့ရဖူးပါတယ်။ ဖိုးဖိုးဈာပနအတွက် ကွန်ဗင့်ကျောင်းက အိမ်ပြန်လာပြီးတဲ့နောက် မေမေလေးက “ကျောင်းပြန်သွားစရာမလိုတော့ဘူး။ အလုပ်ရှာထားပြီးပြီ” ဆိုတော့ တော်တော်ကို ဆောက်တည်ရာမရ ဖြစ်သွားတုန်းက တစ်ခါ။ မမလီဒီယာကိုလည်း ၁ရ နှစ် နဲ့ လင်ပေးစားလိုက်တာမို့ ကျောင်းထုတ်ပြီးရင် သူတို့ဘာဆက်လုပ်မယ်ဆိုတာ ဖွင့်မပြောပေမယ့် အလိုလိုကို သိနေပါပြီ။ အကိုသုံးယောက်ကို ကောလိပ်ကျောင်းပို့ပေးသော်ငြား ကိုယ်ကမိန်းကလေးဆိုတော့ ပညာရေးဟာ ကိုယ့်အတွက် အနာဂတ်အဖြစ် ရင်းနှီးမြှုတ်နှံပေးလိုက်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အိပ်မပျော်နိုင်တဲ့ညပေါင်းများစွာကို ဟောင်ကောင်ဆိပ်ကမ်းမှာကပ်ထားတဲ့ သင်္ဘောကြီးတွေကို ကြည့်ပြီး ငါ့ဘဝဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်ပါ့မလဲ တွေးရင်း အခါခါ သက်ပြင်းချမိပါတယ်။ တခုခုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်မှ ဖြစ်တော့မယ်။ အိုးစားလည်းပစ် လှေလည်းနှစ်ခဲ့ပြီ။ နောက်ပြန်မလှည့်နိုင်တော့ဘူး။ “po […]


  လမ်းတစ်ခုလျှောက်တဲ့အခါ အဖော်မပါပဲ လျှောက်ရတာကို သဘောကျတဲ့ သား .. ဘာဖြစ်လို့များ လက်တွဲဖော်ဆိုတာကို စွဲစွဲမြဲမြဲ ဖြစ်နေရတာလဲ ..။ မရတာကို အတင်းမလိုချင်ခဲ့တဲ့သား ဘာဖြစ်လို့များ ကလေးတစ်ယောက်လို စွဲစွဲမြဲမြဲ ဖြစ်နေတတ်တာလဲ ..။ ဖြစ်စေချင်သမျှ အရာတွေအားလုံး တလွဲတွေ ဖြစ်လာသမျှ ဘာဖြစ်လို့ ခေါင်းငုံ့ခံနေတတ်တဲ့ ခပ်ညံ့ညံ့ ယောက်ျားတစ်ယောက် ဖြစ်နေရတာလဲ အေမေ..။ ကမာ္ဘပေါ်က တစ်နေရာလောက်မှာ သားအတွက် စိတ်ကြည်နူးဖွယ်ရာ ပျော်ရွှင်မှု တစ်ခု ရှိနိုင်မလား ..။ အချိန်တစ်ခု အထိ စောင့်ကြည့်ပါဆိုတဲ့ ရှေးပညာရှိတွေရဲ့ စကားတွေအတွက် သားတစ်သက်ပါပဲ အမေ .. စောင့်ကြည့်လာခဲ့သမျှလဲ အခုချိန်ထိ ဘာမှ မပြောင်းလဲသေးသလိုပဲ ..။ အိမ်ပြန်ချိန်ဆိုတာလဲ အရင်လို သားတစ်ယောက်တည်းပါ အမေ ..။ […]


ထိုနေရာမှာ မီးတွေလင်းနေပါတယ်.. လောင်နေတဲ့မီးတွေကို ဘယ်လိုငြိမ်းမလဲ စဉ်းစားနေသလား… ရေပန်းတွေ ဖွင့်ထားပါတယ်.. ရေရှားရာနေရာမှာ ရေလှူဖို့ ပြည်သူတွေကို နှိုးဆော်နေသလား.. အားကိုးစရာ စကားလုံးတွေ ပြောနေပါတယ်.. လိုနေတာ ဖြည့်ဆည်းခြင်းပါ ..။ ငိုသံတွေ အော်သံတွေ ဟစ်ကြွေးသံတွေအတွက် ကျလာမယ့် ဗုံးဆန်တွေသာ အေးမြတဲ့ မိုးစက်လေးတွေဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ …။ ငါကြားနေရတဲ့ အသံတွေဟာ သီတင်းကျွတ် ဗြောက်အိုးဖောက်သံဆိုရင် ကလေးတွေ ဘယ်လောက်ပျော်နေလဲ .. ငါ ထွက်ကြည့်ချင်စမ်းပါရဲ့   …။ ငါတို့ကျောင်းက ခေါင်းလောင်းသံလဲ တိတ်ဆိတ်နေသလို .. စာသင်ခုံမှာ ထိုင်ရင်း မင်္ဂလာပါ လို့ ငြိမ်းငြိမ်းချမ်းချမ်း နှုတ်ဆက်ချင်တဲ့ ဆရာတပည့်တွေ … ကြုံရာမှာ ခိုလှုံနေရင်းနဲ့ ငြိမ်းချမ်းရာ … ငြိမ်းချမ်းရာ ကို ရှာနေသလားလေ […]


nicolus agralNovember 12, 20121min1467
ဟောင်ကောင်မှာတုန်းက မေမေလေး အစီအမံနဲ့ ကက်သလစ်သီလရှင်ကျောင်းမှာ ၁၁ နှစ် က ၁၄ နှစ် ရောက်တဲ့အထိ ကျောင်းအိပ်ကျောင်းစား နေခဲ့ဖူးပါတယ်။ ညနေဧည့်ချိန်ရောက်လို့လည်း ဘယ်သူမှ လာတွေ့မယ့်လူ မရှိဘူး။ ကျောင်းပိတ်ရက်ရှည်မှာလည်း အိမ်ပြန်ရအောင်လို့ ဘယ်သူမှ လာမခေါ်ကြဘူး။ အဆောင်တစ်ခုလုံး ပြောင်တလင်းခါနေတာတောင် တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့သူဆိုတော့ လူသူမရှိတဲ့ စာသင်ခန်းတွေ၊ စာကြည့်တိုက်တွေထဲမှာ ငြိမ်ငြိမ်တိတ်တိတ်ကလေး လျှောက်သွားနေတတ်တဲ့ ယင်းမာကို ကျောင်းကသီလရှင်ဆရာလေးတွေကတောင် ဘာလုပ်ရမှန်းမသိ ဖြစ်ကြတယ်။ ကစားစရာ အဖော်မရှိတဲ့အတူတူတော့ စာကြည့်တိုက်ထဲတင် အချိန်ဖြုန်းနေရင်းက တနေ့တော့ အင်္ဂလိပ်မဂ္ဂဇင်းတစ်အုပ်ထဲမှာ ပြဇာတ်ရေးပြိုင်ပွဲတစ်ခု ကြော်ငြာထားတာဖတ်လိုက်ရပါတယ်။ အသက် ၁ဝ နှစ်က ၁၉ နှစ်အတွင်း မည်သူမဆို အင်္ဂလိပ်ဘာသာနဲ့ ဝင်ရောက်ရေးသား ယှဉ်ပြိုင်နိုင်သတဲ့။ ကိုယ်ကလည်း အဲသလောက်တောင် အားအားယားယား ရှိနေတဲ့ အချိန်မို့လို့ […]


padonmarNovember 11, 20121min25013
အင်အားပြင်းငလျင်တိုင်းမှာ နောက်ဆက်တွဲငလျင်တွေလှုပ်တတ်ပါတယ်။ ကြောက်နေဖို့ထက် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထာားရင် ကိုယ့်နဲ့ ကိုယ့်ပတ်ဝန်းကျင်တွက် တတ်နိုင်သ၍ လုံခြုံစိတ်ချရပါမယ်။ သတိဆိုတာ ပိုတယ်လို့မရှိပါ။ ခေါင်းထဲရှိသ၍ ရေးလိုက်ပါတယ်။ မှားရင်ပြင် ၊လိုအပ်တာတွေ ဖြည့်စွက်ရေးပေးကြပါ။ (၁)အထပ်မြင့် အဆောက်အဦတွေမှာတော့ ဒီနေ့ မနေသင့်ပါကြောင်း တတ်နိုင်ရင် သစ်သားအဆောက်အဦး တစ်ထပ်သာရှိတဲ့နေရာမှာ နေပါ။ (၂)ရေ+မုန့်+သောက်နေကျဆေး+လက်နှိပ်ဓာတ်မီးဆောင်ပြီး နေသင့်ပါတယ်။ လူတစ်ယောက်စီမှာ ရေ+မုန့်+ဆေးဝါး(ပလာစတာ/ပတ်တီးကအစ)+လက်နှိပ်ဓာတ်မီး ဆောင်ကြပါ။ o သကြားလုံး ကဆောင်လို့၊စားလို့လွယ်ပါတယ်။ (၃)မူးရင် မြေပေါ်/ကြမ်းပေါ်မှာ ထိုင်ချပါ။ (၄)မီးလာတာလည်း ဝိုင်ယာရှော့သတိထားရပါတယ်။ (၅)ဖုန်းတွေ အားသွင်းထားကြပါ. rechargable Light တွေလည်း အားသွင်းထားပါ။ (၆)ရေဒီယို နားထောင်ပါ။ (၇)ကိုယ့်ဘေးပတ်ဝန်းကျင်ကို သတိပေးပါ။အရေးကြီးစာရွက်စာတမ်း ကိုယ်နှင့်မကွာထားပါ။ သတိ၊သတိ၊သတိ၊မဟာဇနက္က လှေမမြုပ်ခင် အစာအဝစား၊ပုဆိုးကျစ်ကျစ်ဝတ်ပြီး ဝေးဝေးကို ခုန်တယ်ဆိုတာလို၊ဖြစ်နိုင်ခြေတွေတွေးပြီး ပြင်ဆင်ထားကြပါ။ ကိုပေါက်၊တီချာ၊မယ်ပု၊ဖရဲ၊ရွှေမင်းသား၊အန်ကယ်ကြီး၊ကိုစိန်သော့၊ကိုဖိုးထောင်၊ကိုထွန်းဝင်းလတ်နဲ့တကွ […]


အသက်ပေါင်းများစွာရင်းပြီးရလိုက်တဲ့ လောဘပေးတဲ့ သင်္ခန်းစာ   ကျွန်းလှမြို့ကျွန်း၊ရွှေဝါကျောင်းတိုက်မှကူညီရေးကား ပြာကျ အရိုုးပေါ်ရုပ်မပီပြင်တော့သည့်အလောင်းနှင့်မီးလောင်ပြင်မြင်ကွင်း 9.11.2012 ယနေ့စာရေးသူထံဖုန်းဝင်လာသည်။မကြားချင်တဲ့သတင်းတစ်ခု ။ စာရေးသူရဲ့ဇာတိနယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့၏မြောက်ဘက် ချပ်ကြီးဘူတာအဝင်မိုင်တိုင်အမှတ်(၅၁၁/၈)နှင့်(၅၁၁/၁၃)ကြားအနီး နံနက်၉း၅ဝအချိန်တွင်မန္တလေးမြို့ဟောင်းဘူတာမှထထွက်ခွာလာသော ဓါတ်ဆီ(၇)တွဲဒီဇယ်(၂) နှစ်တွဲပါ အမှတ်(၈၀၇)အဆန် ဆီတွဲရထားတစ်စီးဓါတ်ဆီတွဲနှစ်တွဲဘီးချော်တိမ်းမှောက်ကြောင်း ရထားမှောက်သောကြောင့် ဓါတ်ဆီများမှာ လယ်ကွင်းပြင်သို့ စီးဆင်းယိုဖိတ်လာရာ ရွာသူရွာသားများက ဆီများကို ဗူးများ သံချောင်များ ခွက်များဖြင့် အလုအယက် ခပ်ယူကြရာ လူများအုုပ်အုပ်ကျက်ကျက်ဖြစ်လာကြောင်း ထိုသို့အလုအယက် ခပ်ယူနေကြရင်း တစ်နာရီခန့်ကြာသောအခါမီးလောင်စရာတစ်စုံတစ်ခုကြောင့် ဆီများမှာ မီးဟုန်းဟုန်းထတောက်တော့ရာ  ဆီကိုခပ်ယူနေကြသောလူများပါလောင်ကျွမ်းသောကြောင့် လူယောက်သုံးဆယ်ဝန်းကျင် ခန့်သေဆုံးပြီး  အယောက်တစ်ရာဝန်းကျင်မီးလောင်ဒဏ်ရာရကာ အရေးပေါ်ဆေးကုသယူနေရကြောင်းနှင့် သေဆုံးသူများမှာ အချို့ ပြာဖြစ်သွားပြီးအရိုးသာကျန်တော့ကြောင်း ရုပ်အလောင်းကျန်နေသောသူများမှာလဲ ဘယ်သူဘယ်ဝါမခွဲခြားနိုင်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ကြောင်း မနက်၁ဝ နာရီခန့်မှစလောင်သောမီးဟာ ညနေပိုင်းလောက်မှ မီးငြိမ်းသွားကြောင်း ထိန့်လန့်တုန်လှုပ်ခြောက်ချားဖွယ်ရာ ကြားသိလိုက်ရသည်။           မယုံနိုင်ဖွယ်ရာ […]


JuvenilemayNovember 10, 20129min1808
SWEET FRUITS ON THE WORLD Most of the people are jumping from one company to other company. Why do they want to jump? Because of money? Because of opportunities? Because of their dreams? Because of what? What is the loyalty? When I was five years or six years old, my grandpa always told me the […]


nicolus agralNovember 10, 20121min821
အားလုံးအပြီးမှာတော့ ဒုတိယမြောက်ဧကရာဇ်မင်းမြတ်ဟာ သူ့မာမီကုန်းကုန်းကြီးကို ခေါ်တိုင်ပင်ပါတယ်။ “လူ့သက်တမ်းဆိုတာ အင်မတန် တိုတောင်းလှပါပေရဲ့။ အခုလို နန်းစည်းစိမ်ကလေး ခံစားခွင့်ရသခိုက် အာရုံငါးပါးစလုံး တစ်ခုမှ မကျန်အောင် အရသာခံစားလိုလှတယ်။ ဘယ်လိုသဘောရသလဲ ကုန်းကုန်း။” ဆိုတော့ “ပျော်လိုက်စမ်း။ ကဲလိုက်စမ်း။ အမေကြေနပ်တယ် ဟေ့။ အမေ ကြေနပ်တယ် သား။ ဒါမျိုးဆိုတာ ခပ်ချာချာ ပရမ်းပတာကောင်တွေ ဘယ်တွေးတတ်မှာတုန်း။ ရှိတ် ရှိတ် ရှိတ် ရှိတ်ကြစို့ဟေ့။” တွေ ဖြစ်ကုန်ရော။ (ဆဋ္ဌမမြောက်အာရုံပါ ခံစားတတ်အောင် သင်ပေးမပေးတော့ စာအုပ်ထဲမပါလို့ ပြောတတ်ပါဘူး။ ဒီမာမီကြီး ကြည့်ရတာ လွယ်ဘူး လွယ်ဘူး)။ “ဒါပေမယ့် ကုန်းကုန်းရယ် တချို့မူးမတ်တွေကို ကြည့်ရတာ ဂျစ်ကန်ကန်နဲ့ နားခံမနာဘူးဗျ။ သူတို့ ရာထူးကြီးတွေကြောင့်သာ အောင့်ထားရတယ်။ အဲဒါ ဘယ့်နှယ်လုပ်ကြမတုန်း။” (ဒီလိုအကွက်မျိုးရဖို့ […]


ဘုရားစူး မိုးကြိုးပွတ် နန်းခင်ဇေယျာ နဲ့ ညားရပါစေသား ..(ခရက်ဒစ်တူ ဘဘဘလက်) :harr: ယောင်ပြီးကျိန်တာမဟုတ်ပါဘူး ..နောက်ပြီး အတည် ကျိန်တာပါ .. အဟုတ်ပြောချင်လို့ ပါ။ ဒီအဖိုးကြီးတွေ နန်းခင်ဇေယျာ (ကိုဂီ့ အဆို နန်းချင်ဇယာ) ကိုဘဲ ခလုတ် သွားသွားတိုက်နေကြတယ်လို့ ။ ဒီလို စိတ်မျိုး မဟုတ်ပါ ဆိုတဲ့ အကြောင်းလေး ကျိန် ပြောတာပါ။ ဒီလိုပါ ။ စာနယ်ဇင်း တွေ မီဒီယာတွေရဲ့ကျေးဇူးနဲ့ နန်းခင်ဇေယျာလေး ဆိုတာနဲ့ သူကြီးတို့ ပြောတဲ့ ဒေါင်းဥတို့ မိကျောင်းဥ တို့ ဆိုတဲ့ ပုံလေးဘဲ မျက်စိထဲ ရောက်ရောက်လာပါတယ် ။ အဲ့ဒီ့ ပုံတွေဘဲ တွေ့ တွေ့ နေရတာကိုး ။ :kwi: […]