ရွှေအိမ်စည်October 31, 20123min1774
..Network ပေါ်မှာ meeting လုပ်မယ်ဆိုလို ့တော်တော်စိတ်ဝင်စားသွားတယ်ထင်တယ်။ဟုတ်တယ်….တကယ်ကိုလုပ်လို ့ရပါတယ်ဗျာ။ Network ပေါ်မှာ meeting ထိုင်လို ့ရပြီးကိုယ့်တွေ meeting လုပ်နေတဲ့အကြောင်းအရာနဲ ့အချက်အလက် ( Data ) တွေကို ပါပို ့လို ့ရပါတယ်။ စိတ်ဝင်  စားသွားပြီဟုတ်….မညာပါဘူးဗျာ။ အဲ…တစ်ခုတော့ရှိတယ်…ခုသုံးနေတဲ့ windows 7 တွေမှာတော့ build-in မပါဘူးနော်။ windows XP မှာတော့ default ပါပါတယ်။ Windows 7 မှာသုံးချင်ရင်တော့ add-on အနေနဲ ့ထပ်ထည့်ပေးရပါတယ်။ ဒါကတော့ ဒါလေးသုံးဖို ့requirement ပိုင်းဖြစ်ပါတယ်။ တစ်ခုရှိတယ်ဗျ။ကျွန်တော်တို ့ဟာ အဆောက်အအုံတစ်ခု (သို ့) LAN တစ်ခုအတွင်းမှာတော့ရှိရပါလိမ့်  မည်။ ဆိုလိုတာကအပေါ်ထပ်တို ့..အောက်ထပ်တို ့ဘယ်လိုပဲခြားနေပါစေ…LAN တစ်ခုအတွင်းမှာရှိတယ်၊နောက်ပြီး PC တွေက windows XP တွေဖြစ်မယ်ဆိုရင်ဒါလေးကို ဘာမှထပ်ထည့်စရာမလိုပဲသုံးလို ့ရပါ လိမ့်မယ်။ရပြီနော်…ဟုတ်ပြီ…software နာမည်က Network ပေါ်မှာ meeting လုပ်တာမို ့လို ့Netmeeting လို ့ခေါ်ပါတယ်။ Microsoft Platform မှာအသုံးပြုနိုင်ပါတယ်။ အခြား Platform တွေနဲ ့နောက် […]


nicolus agralOctober 31, 20121min1050
မေမေလေး နာရေးရက်တွေမှာ မောင်လေး ဂျိမ်းစ် က လက်ဖျားခါလောက်စရာ သတင်းထူးတစ်ခုပေးပါတယ်။ “ယင်းမာ နင့်ကို မေမေလေးက အမွေပြတ် စွန့်လွှတ်ထားတယ်။” တဲ့။ သူ့ထက်အရင် နှစ်နှစ်လောက်စောပြီး ဆုံးသွားတဲ့ ယင်းမာဖေဖေ့အသုဘတုန်းကလည်း မေမေလေးက ဖေဖေ့သေတမ်းစာကို ဘယ်သူ့မှလည်းမပြ၊ ဘယ်သူ့ကိုမှလည်း အမွေခွဲမပေးခဲ့ပါဘူး။ မေမေလေးကတော့ မိထွေးမို့ထားပါတော့လေ။ ဖေဖေကရော သမီးအရင်းဖြစ်တဲ့ ယင်းမာကို တစ်ပြားတစ်ချပ်တောင် စေတနာ မရှိဘူးလား။ မခံနိုင်လွန်းလို့ လင်တော်မောင် ဘော့ပ်နဲ့ နှစ်ယောက်သား မေမေလေးအိမ်ခန်းကလေးကို မြေလှန်ရှာကြတာပေါ့။ ဖေဖေ့သေတမ်းစာများ တွေ့ဦးမလားလို့ပါ။ မရှာရပဲတွေ့တာကတော့ မေမေလေးကို ကဏ္ဍကောစလုပ်ပြီး သူ့သားသမီးတွေနဲ့အတူ အမေရိကကိုထွက်သွားတဲ့ မမကြီးဆီကနေ မေမေလေးဆီ ရေးပို့ထားတဲ့ စာတွေ တထပ်ကြီးပါပဲ။ အို ဘုရားသခင်။ မေမေလေးက ယင်းမာကို မမုန်းပဲ ဘယ်နေပါ့မလဲ။ မမကြီးရေးတဲ့စာတွေထဲမှာ […]


nicolus agralOctober 31, 20121min1480
စကားပုံတွေနဲ့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်သာအောင် ပြောတတ်တဲ့အထဲမှာ တရုတ်သမ္မတ ကျန်ဇီမင်းကြီးလည်း ပါပါတယ်။ ဟိုတလောတုန်းက တရုတ် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့ သတင်းဌာနတစ်ခုက မေးတဲ့အခါ သူက ရယ်ကာမောကာနဲ့ “လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့ မမြည်ပါဘူး။” လို့ ပြောသွားပါတယ်။ “Gu zhang nan ming.” (Claping with one hand produces no sound.) တဲ့။ တရုတ်ပညာရှိ ဟန်ဖေးဆီ က ပြောခဲ့တဲ့စကားလို့ သိရတယ်။ အပြည့်အစုံကတော့ “ဘယ်လောက်ပဲ မြန်အောင် တီးတီး၊ တစ်ဘက်တည်းတီးနေသရွေ့တော့ ဘာအသံမှ ထွက်မှာ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။ အဲဒီအဓိပ္ပါယ်အတိုင်း မြန်မာစကားပုံ ရှိသလို အင်္ဂလိပ်လိုလည်း စကားပုံရှိပါတယ်။ “It takes […]


padonmarOctober 30, 20121min36617
အတုယူစရာကောင်းတဲ့မိသားစု တခါတုန်းက ရွာတစ်ရွာမှာ ဦးချမ်းနဲ့ဒေါ်သာရှင်တို့ မိသားစုလေးတစ်စု နေထိုင်ကြတယ်။ ဦးချမ်းနဲ့ ဒေါ်သာရှင်တို့ နာမည်လေးကိုဦးနဲ့ ဒေါ်ကို ဖြုတ်ပြီးပေါင်းလိုက်ရင် “ချမ်းသာရှင်”လို့အဓိပ္ပါယ်ရတယ်။ တကယ်လည်း ချမ်းသာကြပါတယ်။ ငွေကြေးဓန ချမ်းသာကြတာတော့ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ချမ်းသာကြတာပါ။မပူမပင်နေကြရတဲ့ မိသားစုလေးပါ။ ငွေကြေးဓန ချမ်းသာကြွယ်ဝတာထက် စိတ်ချမ်းသာတာကို လိုလားတောင့်တနေတဲ့ မိသားစုလေးပေါ့။ အထူးသဖြင့် သေခါနီးမှာ ခံနိုင်ရည်ရှိအောင် ပြင်ဆင်နေကြတဲ့ မိသားစုလေး။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးချမ်းရဲ့ သွန်သင်ဆုံးမမှုအောက်ကနေ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြတဲ့မိသားစုလေး။ “ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွား ၊နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်” ဆိုတဲ့ လူကြီးသူမတို့ ဆိုစကားအတိုင်း ခေါင်းဆောင်လုပ်သူကောင်းတော့ နောက်ကလိုက်ရတဲ့သူတွေလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာကြတယ်။ ဒါကြောင့် သူတို့မိသားစုလေးကို “ချမ်းသာရှင်” လို့ ဆိုစမှတ်ပြုကြတယ်။ ဦးချမ်းတို့ရဲ့ အိမ်ထောင်စု စာရင်းဝင်သူတွေကတော့ …. […]


nicolus agralOctober 30, 20121min2102
ဆယ်နှစ်သမီးအရွယ်ထိအောင် သူ့အန်တီလေးနဲ့ တစ်ခန်းတည်းအတူနေခဲ့တဲ့ ယင်းမာဟာ နှုတ်ကဖွင့်ဟ မပြောဖြစ်သော်ငြား တစ်အိမ်သားလုံး သဘောပေါက်ထားပြီးသား အမှန်တရားတစ်ခုကို တူဝရီးနှစ်ယောက်လုံး လက်ခံထားကြပါတယ်။ အိမ်မှာ သူတို့လောက် မျက်နှာငယ်ရတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာပါ။ အန်တီလေးကလည်း ဖေဖေ့ဆီမှာ မှီခိုနေရတဲ့ ညီမအပျိုကြီးတစ်ယောက်ဖြစ်သလို ယင်းမာကလည်း မောင်နှမငါးယောက်ထဲမှာ အငယ်ဆုံးလည်းဖြစ် မိန်းကလေးလည်း ဖြစ်နေပြန်တာကိုး။ အဆင်မပြေမှုတိုင်းဟာ မိသားစုထဲမှာ ကံဆိုးမကလေးဖြစ်တဲ့ ယင်းမာကြောင့် လို့ အားလုံးယူဆခဲ့ကြတာ ယင်းမာကိုမွေးပြီး မေမေဆုံးသွားကတည်းကပါပဲတဲ့။ တနေ့တနေ့ မေမေလေးရဲ့ အရိပ်အခြေကြည့်ပြီး အဆူအပြောလွတ်အောင် နေကြရသူချင်းပေမယ့် တကယ်တော့ အန်တီလေးဟာ ယင်းမာအတွက် မေမေအစားရသလိုပါပဲ။ ဖွားဖွားမရှိတော့တဲ့နောက်ပိုင်းမှာ သူတို့ချင်း ပိုအစေးကပ်လာကြတယ်။ အထူးသဖြင့် အန်တီလေးက ယင်းမာရဲ့ ပညာရေးကို သိပ်ဂရုစိုက်ပါတယ်။ ကျောင်းကပြန်လာတိုင်း စာအုပ်တွေလှန်ကြည့်တယ်။ အိမ်စာတွေ မှန်မှန်လုပ်ခိုင်းတယ်။ ဆူတတ်ဆုံးမတတ်တာကလည်း […]


nicolus agralOctober 30, 20121min2517
၁၉၄၉ တုန်းက ရှန်ဟိုင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများဟာ ကွန်မြူနစ်တွေ လက်ကလွတ်ဖို့ ဟောင်ကောင်ကျွန်းကို ထွက်ပြေးခဲ့ကြရပါတယ်။ ယင်းမာတို့ဖေဖေလည်း အိမ်ကနေ မကြာခဏ ပျောက်ပျောက်သွားတတ်တာဟာ ဘယ်နေရာမှာ အခြေချပြီး ဘဝသစ်စရကောင်းမလဲ လိုက်စနည်းနာဖို့အတွက်ပါတဲ့။ ကလေးတွေမို့ သူတို့မောင်နှမတွေက သဘောမပေါက်ခဲ့ပေမယ့် နောင်တော့ သူတို့လည်း ငါးသန်းခွဲသော ပြည်ကြီးပေါက်ဖော်များလိုပဲ ထွက်တော်မူနန်းကခွာကြရပါတယ်။ ၁၄ နှစ်အရွယ်မှာ နိုင်ငံတကာ စာရေးပြိုင်ပွဲမှာ ပထမစွဲတဲ့ ယင်းမာကို ဖေဖေက လန်ဒန်ပို့ပြီး အထက်တန်းပညာသင်စေရာက နောက် ၃ နှစ်အကြာမှာ ဆေးကျောင်းတက်ဖို့ စောင့်နေရတဲ့အထဲ ပါလာပါလေရော။ စာရင်းကိုင်လက်မှတ်ကလေးလည်း ရထားတော့ ကျောင်းပိတ်ရက် အချိန်အားရတိုင်း သတင်းစာထဲပါသမျှ အချိန်ပိုင်းအလုပ်တွေကို ဝင်ဝင်လုပ်ဖို့ ကြိုးစားတဲ့အခါမှာ လူတွေရဲ့စိတ်ကို တော်တော် သဘောပေါက်လာပါတယ်။ တယ်လီဖုန်းနဲ့ အင်တာဗျူးလုပ်တုန်းကတော့ ကောင်းပြီ ကောင်းရဲ့ […]


ရွှေအိမ်စည်October 30, 20121min3147
ပေါလ် သည် သူ ့အစ်ကိုထံမှ ခရစ္စမတ်လက်ဆောင်အဖြစ် ကားတစ်စီးလက်ဆောင်ရလိုက်သည်။ ခရစ္စမတ်အကြိုနေ ့မှာ သူ ့ရုံးခန်းမှထွက်လာတော ့ လမ်းဘေးမှာကောင် လေးတစ်ယောက်က တောက်ပသော သူ ့ကားသစ်ကြီးကို သဘောကျစွာ လှည် ့ ပတ်ကြည် ့နေတာ မြင်ရသည်။ ကြည် ့ရုံနဲ ့ အားမရသေးဟန်ဖြင် ့ ကောင်လေးက   မေးသည် ။   “ ဒါ အကို ့ကားလား “ တဲ ့၊ ပေါလ်က ခေါင်းညိတ်ပြီး …   “ အေးကွ.. ငါ ့အစ်ကိုက ခရစ္စမတ်လက်ဆောင် ပေးတာ ´´ ဆိုတော ့   ကောင်လေးက အံ […]


ရွှေအိမ်စည်October 30, 20124min2205
တိုးတက်လာတဲ့ နည်းပညာတွေရဲ့ အစွမ်းကြောင့် … ကမ္ဘာတဘက်ခြမ်းစီမှာနေကြတဲ့ မိသားစုတွေ စုံစုံညီညီ စကားစမြည် ပြောနိုင်ခဲ့တယ်။ မိဘနှစ်ပါးရဲ့ ဆိုဆုံးမစကားတွေ ကြားနိုင်ခဲ့တယ်။ အခုမိဘနဲ ့အနေဝေးပေမယ့် မိဘသဖွယ်စိတ်ထဲ ရှိတဲ ့မန်းဂဇတ် ကရွာသူရွာသားတွေ ရဲ့သီတင်းကျွတ်မှာ…ဒုတိယအကြိမ်ကျမ လာရောက်ဂါရဝပြုကန်တော့ပါတယ်..။   ကန်တော့ရတဲ ့အကြောင်းရင်းတော်တော်များများ ကျမသိထားပေမဲ ့…ဒီနှစ်တွင်းမှ ကျမသိရတဲ ့အသိလေးတစ်ခုဝေမျှပါတယ်. {{{ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘဝက ဘုရားကို ပြစ်မှားပြောဆိုမိ၍ ရေမျှောခံရသည်-ဟု ဆိုပါသည်၊ ထိုပြစ်မှားမှုကို ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်ဟုလည်း ဆိုပါသည်၊ သို့ပါလျက် ခုနစ်ဘဝတိုင် ရေမျှောခံရသည်မှာ ကန်တော့လျက် မကြေ၊ မပြေ ဖြစ်ခြင်းပါလားဘုရား၊ ကန်တော့ရာ၌ စိုသောအဝတ်ဆံပင်တို့ဖြင့် ကန်တော့သည်ဟု ဆိုခြင်းမှာ အဘယ့်ကြောင့်ပါနည်းဘုရား၊ ထို့ပြင် ယခုခေတ်၌ မိဘဆရာသမားတို့အား ပြစ်မှားမိက ဓာတ်ပုံများကို ကန်တော့ခြင်းဖြင့် […]


မမေလးOctober 30, 20122min1742
တဖတ်သတ်ချစ်သူ တဖတ်သတ်ဆိုလို့အထင်သေးမသွားပါနဲ့ချစ်သူ…. မင်းချစ်သူမင်းကိုဘယ်လောက်ချစ်လဲ…. မင်းချစ်သူထက်အစပေါင်းများစွါ…ငါပိုချစ်တယ် မင်းရဲ့ခေါ်သဇင်လို တော်မဝင်ပေမယ့်… ငါဆိုတဲ့စပယ်ဟာ မင်းအတွက်ထာဝရဖြူစင်နေမယ်ဆိုတာမင်းယုံပါ……. ______________________________________________________________ ၁မိနစ်ကို ၆၁ခါ ငါလွမ်းတယ် မြင့်မိုရ်တောင်ထက် ၁လက်မပိုတဲ့ အကြင်နာတွေနဲ့ ကောင်ကလေးရယ် ………… မင်းကို ထာဝရထက် ၁ရက်ပိုချစ်တယ် ______________________________________________________________ အချိန်ရတိုင်း အမြဲလာချင်နေခဲ့တယ် ပုံရိပ်လေးတွေထင်ဟပ်နေဆဲမို့……… လွန်ခဲ့သောအချိန်နာရီတွေဆီကို တစ်ကြော့ပြန် လွမ်းစွတ်တမ်းတမိတယ်……. သတိရတိုင်း online ကို အပြေးကလေးလာမိတယ်….. အားတင်းခဲ့တဲစိတ်တွေ offlineမြင်ကွင်းကြောင့်ဝမ်းနည်းသလိုလိုနဲ့…… ကောင်လေးရယ် ..ဘယ်မှာလဲလို့တိုးတိုးလေးငြီးတွားမိတယ်….. ______________________________________________________________ မတွေ့ရတာကြာပေမယ့် မေ့ခဲ့ပါဘုူးနော် သူရော ဒီအချိန်ဆို ဘယ်သူနဲ့ပျော်နေပြီလဲ ငါ နင့်ကို လွမ်းနေပေမယ့် ကြောက်နေတယ် L ဆိုင်းဇီ သီချင်းလိုပဲ တိတ်တိတ်လေးပဲ . . . . ______________________________________________________________ သူငယ်ချင်းလေးရေ……. […]


မမေလးOctober 30, 20121min2093
1*( အမျိုးသား မွေးနံ + အမျိုးသမီးမွေးနံ ) ရတဲ့ အဖြေကို ၃ နဲ့မြှောက် ပြီးရင် ရ နဲ့စား ရတဲ့အကြွင်းပေါ်မူတည်ပါတယ် … အကြွင်းက ၁ – ထင်ပေါ်ကျော်ကြားမယ် ၊ သစ္စာရှိမယ် ၊ ခိုင်မြဲမယ် ။ ၂ – စည်းစိမ်ဥစ္စာပေါများမယ် ။ ၃ – ဆင်းရဲမယ် ၊ စိတ်တိုင်းမကျ ဖြစ်ပြီး ကွဲတတ်ပါတယ် ။ ၄ – ဆင်းရဲ အတူ ချမ်းသာ အမျှ ပါတဲ့ ။ ၅ – ရွှေ ငွေ ရတနာ ပြည့်စုံ ချမ်းသာ မည် ။ ၆ – […]


padonmarOctober 29, 20121min51925
ကံတရား နဲ့ သတ္တဝါ ကံတရားဆိုတာ “စီမံခန့်ခွဲသူ”လို့ ဆိုလဲမမှားပါဘူး။ “ကံ”တရားကို “ဖန်ဆင်းရှင်”လို့ဆိုမယ်ဆိုလဲရတာပါပဲ။ ကံတရားက ရှင်ဆို ရှင်ကြရတယ်။သေဆို သေကြရတယ်။ ဆင်းရဲဆိုရင်လဲ ဆင်းရဲကြရတယ်။ ချမ်းသာဆိုရင်လဲ ချမ်းသာကြရတယ်။ အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ “ကံတရားက”သတ္တဝါတွေကို လွှမ်းမိုး အုပ်ချုပ်နေတာ။ “ကံကောင်းတယ်၊ကံဆိုးတယ်”လို့ ပြောနေကြပေမယ်လို့ ဒီကံတရားက မိုးပေါ်ကကျလာတာမဟုတ်ဘူး။ ငါးပိအိုးထဲက လောက်လိုပါပဲ။ ငါးပိအိုးထဲကလောက်ဆိုတာ အပြင်က ဝင်ရောက်လာတာမဟုတ်ဘူး။ ငါးပိကနေပဲ လောက်ဖြစ်လာတာ။ ဒီသဘောပါပဲ။ ကံဆိုတာလဲ ဒီခန္ဓာကိုယ်ကြီးထဲကပဲဖြစ်ပေါ်လာတာ။ခန္ဓာကိုယ်အင်အားသုံးပြီး လှုပ်ရှားတက်ကြွလာတဲ့ကြွက်သားတွေ၊ စိတ်အားတွေက ကံရဲ့စွမ်းအင်အရင်းအမြစ်တွေပါပဲ။ ဒီစွမ်းအင် အရင်းအမြစ်တွေကို ကောင်းတဲ့ဘက် အသုံးချလိုက်ရင်ကောင်းတဲ့စွမ်းအတွေ ရရှိမှာ။ ဆိုးတဲ့ဘက်ကိုအသုံးချလိုက်မယ်ဆိုရင် ဆိုးတဲ့စွမ်းအင်တွေ ရရှိလာမှာပါပဲ။ ဥပမာ လျှပ်စစ်ဆိုပါတော့။ လူူသားတွေအသုံးပြုနေတဲ့ ပစ္စည်းပစ္စ္စယတွေ ထုတ်လုပ်နိုင်အောင် စက်ရုံကြီးတွေတည်ဆောကြ်ကပြီးလျှပ်စစ်ဓာတ်အားတွေနဲ့ စက်ပစ္စည်း ကိရိယာတွေကို […]


Foreign ResidentOctober 29, 201218min27316
အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၆ ) ( D – 6 – Paris )   စက်တင်ဘာ ၁၆ ရက်နေ့ ။ အစကတော့ ၁၅ ရက်နေ့ နှင့် ၊ ၁၆ ရက်နေ့ကို နှစ်ခုပေါင်းပြီး ၊ ရေးမလို့ပါ ။   ဒါပေမယ့် ၁၆ ရက်နေ့ မှာ ၊ သွားခဲ့တဲ့ ဆိမ်းမြစ်ခရီးစဉ် ၊ အီဖယ်တာဝါ နှင့် ည ကပွဲ တွေက ၊ ဘယ်လိုမှ ချုံ့မရ / မချုံ့သင့် တာနှင့် ၊ နှစ်ရက် သတ်သတ်စီ ရေးလိုက်တာပါ […]