Mon LayJanuary 11, 20171min3901
နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးအခွင့်အလမ်းများ ပွင့်လင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း တစတစ တိုးလာခဲ့သည်။ အစိုးရသစ်အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် ပြည်ပခရီးသွားများ၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုမှာ သိသိသာသာမြင့်တက်လာခဲ့သည်။ ထို့အတူ ဒေသတွင်း နိုင်ငံများအကြား ဗီဇာကင်းလွတ်ခွင့်များ လည်းရှိလာပြီဖြစ်သည့်အတွက် ခရီးသွားလာရေးကဏ္ဍအတွက်လည်း ယခင်ကထက် ပိုမိုလွယ်ကူလာနိုင်ခဲ့ပြီဖြစ်သည်။ ပြည်ပခရီးသွားများအတွက် မြန်မာနိုင်ငံလက်ရှိအချိန်မှာ အပြောင်းအလဲများစွာနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံးကာလတစ်ခုဖြစ်နေပြီး အဓိကလည်ပတ်သည့်အချိန်မှာ ဂန္ထဝင်ဆန်သည့် နေဝင်ချိန်နှင့် နေထွက်ချိန်အလှများကိုခံစားနိုင်မည့် အောက်တိုဘာမှ မတ် လအတွင်း လည်ပတ်သင့်သည်ဟု ဆိုကြသည်။ ပြီးခဲ့သည့်မကြာသေးမီက အမေရိကန် မီဒီယာလုပ်ငန်းတစ်ခုဖြစ်သည့် Bloomberg မှထုတ်ပြန်သည့် ၂၀၁ရ ခုနှစ်အတွင်း လည်ပတ်ရန်အသင့်ဆုံး နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်ခဲ့သည်။ ပြည်ပခရီးသွားများအနေဖြင့် ပြည်တွင်းသို့ အဓိက စိတ်ဝင်တစားသွားရောက်ကြသည့် ဒေသများမှာ မြန်မာနိုင်ငံ၏အထင်ကရ နာမည်ကြီးဒေသများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ […]


Mon LayJanuary 10, 20171min3851
ပြည်တွင်း/ပြည်ပ လေယာဉ်စီးခရီးသည်များအနေဖြင့် ခရီးသွားသည့်အခါ လေယာဉ်ပေါ်သို့ မိမိနှင့်တစ်ပါတည်း သယ်ဆောင်သွားလိုသည့် Liquid- Gel-Spray ကဲ့သို့သော အသုံးအဆောင်ပစ္စည်းများ နှင့်ပတ်သက်ပြီး သီးခြားညွှန်ကြားချက်တစ်ရပ်ကို နိုင်ငံတစ်ကာ လေကြောင်းဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် ICAO မှ တရားဝင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ တို့ကြောင့် အဆိုပါ ပစ္စည်းများအား လေကြောင်းဖြင့်ခရီးသွားသည့်အခါ မည်ကဲ့သို့ သည်ဆောင်သွားရမည် ဆိုသည်ကို ခရီးသည်များအား ဗဟုသုတနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် တင်ပြလိုပါတယ်။ # ခရီးသည်များ၏ တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်ကြသည့် အလှပြင်ပစ္စည်း ဆေးဝါး အသုံးအဆောင် စသည့် Liquid-Gel-Spray ကဲ့သို့သော ပစ္စည်းများကို သယ်ဆောင်သည့်အခါ 100 ml ပမာဏထက်မပိုသော ပုလင်း/ဗူး တို့ကိုသာ သယ်ဆောင်ခွင့်ရှိပါသည်။ # (100 ml) ထက်ပိုသော ပစ္စည်းများအား ကောင်တာသို့ အပ်နှံသည့် […]


Mon LayJanuary 9, 20171min2535
ဟိုးအရင်တုန်းက စူပါမော်ဒယ်တွေဟာ ဗိုက် သားပြားချပ်စေတဲ့ လက်ဖက်ရည်တွေ သောက်ကြတယ်ဆိုပြီး အသံတွေ ကြားခဲ့ရပေမယ့် ခုတစ်ခါ ပြောပြမယ့် အရာကတော့ ဗိုက်သားကို ပြားချပ်စေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အရာပါ။ အမျိုးသမီးအများစုဟာ ဖေ့စ်ဘွတ်ခ်နဲ့ instagram လို လူမှုကွန်ယက်တွေမှာ အခြားအမျိုးသမီးတွေရဲ့ ပြားချပ်နေတဲ့ ဗိုက်သားတွေကို လှစ်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေ မြင်ရရင် ငါလည်းအဲ့လိုဗိုက်မျိုးလေး ရချင်တယ်ဆိုပြီး အခါခါ တောင့်တမိကြပါတယ်။   ဗိုက်သားပြားချပ်နေစေဖို့အတွက် သင့်အနေနဲ့ မနက်တိုင်း fatty အက်ဆစ်နှစ်ဆပါဝင်တဲ့ အစားအစာမျိုးတွေ စားပေးရမှာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ သင့်ဗိုက်ပြားချပ်စေဖို့အတွက်တင်မကပဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း သင့်အတွက်ကောင်းမွန်လှတဲ့ အစားအစာတွေရှိပါတယ်။ သူက နှလုံးအတွက်ပါ အထူးကောင်းမွန်တာမို့ မနက်တိုင်း မဖြစ်မနေ စားပေးသင့်ပါတယ်တဲ့။ အဲ့ဒါဘာတွေလဲဆိုတော့ ထောပတ်သီး၊ အခွံမာသီး၊ သံလွင်ဆီ နဲ့ […]


Mon LayJanuary 6, 201712min1550
⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ ဥရောပတစ်ခွင်စုံစုံလင်လင်……………….. ၏ 2017 EU(8)နိုင်ငံ ခရီးစဉ် ⛲?⛲?⛲?⛲?⛲?⛲?⛲?⛲ 2016 ဧပရယ်အတွင်းမှာ ဥရောပ(၈)နိုင်ငံ ခရီးစဉ်လေးဟာ ဘာကြောင့် လူကြိုက်အများဆုံးဖြစ်ခဲ့ရတယ်ဆိုတာရယ် ၊ ဘာကြောင့် ………………… နဲ့ရွေးချယ်ခရီးသွားသင့်တယ်ဆိုတာရယ်ကို ရှင်းပြပေးပါရစေရှင်။ *****မင်္ဂလာပါရှင်။…………………… ကပါ။ ^___^ ***** —————————————————————- Q: 2017 ဧပရယ်သင်္ကြန်အတွင်း ညီမတို့ရဲ့နာမည်ကြီးတဲ့ ဥရောပ(၈နိုင်ငံ) ခရီးစဉ် အကြောင်းလေး သိချင်လို့ပါ။ ? ဪဟုတ်ကဲ့ပါရှင်။ ညီမတို့အနေနဲ့ ဧပရယ်သင်္ကြန်ပိတ်ရက်အတွင်းမှာ ဧပရယ် (၁ဝရက်နေ့ထွက်ပြီး – ၂၅ရက်နေ့) ပြန်ရောက်မဲ့ (၁၅ညအိပ် / ၁၆ရက်) ဥရောပခရီးစဉ်လေးကို တစ်ဦးလျှင် USD 5000 နှင့် ဖွင့်လှစ်ပေးထား ပါတယ်။ ဒီခရီးစဉ်လေးမှာဆိုရင်တော့ နိုင်ငံအားဖြင့် (၈)နိုင်ငံ + မြို့အားဖြင့် […]


Mon LayJanuary 6, 20171min1710
အားလပ်ရက်တွေမှာ နေ့ချင်းပြန်ခရီးသွားလို့ကောင်းမယ့်နေရာတစ်ခုကတော့ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မယ့် ပဲခူးမြို့ပဲဖြစ်ပါတယ်။ ပဲခူးကိုသွားမယ်ဆိုရင် အချိန် ၁နာရီကျော်လောက်ပေးရုံနဲ့ ရောက်ရှိနိုင်မှာဖြစ်ပြီး ခရီးခရိတ်ကလည်း သက်သာလှတဲ့ နေ့ချင်းပြန်ခရီးတစ်ခုလို့ဆိုနိုင်ပါတယ်။ ပဲခူးကို အဓိက သွားရောက်ကြတာကတော့ ပုံမှန်အားဖြင့်ဆိုရင် နာမည်ကြီး ရွှေမော်တောဘုရားကို သွားရောက်ကြသလို အခုလိုဆောင်းရာသီချိန်ခါမှာတော့ ငှက်ကြည့်ဖို့အတွက် မိုးယွန်းကြီးအင်းကိုပါအပန်းဖြေသွားရောက်တတ်ကြပါတယ်။ သူငယ်ချင်းတွေဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ နေ့ချင်းပြန် ခရီးသွားကြမယ်ဆိုရင် ခရီးသိပ်မပန်းမယ့်  ပဲခူးကိုသာရွေးချယ်ကြစမြဲပါ။ ရန်ကုန်မြို့နေထွက်လိုက်တာနဲ့ စိမ်းစိုတဲ့သစ်ပင်တွေနဲ့ လှပတဲ့ရှုခင်းတွေက မြို့ပြမှာမွန်းကြပ်ခဲ့သမျှကိုဖြေဖျောက်စေမှာပါ။ပဲခူးမြို့ဟာ မွန်ဘုရင်ရဲ့ ရှေးဟောင်းမြို့ဖြစ်ပြီး ဘုရင့်နောင်မင်းတည်ထောင်ခဲ့တဲ့ ဒုတိယမြန်မာအင်ပါယာရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ပဲခူးမြို့မှာ စိတ်ဝင်စားဖွယ်လည်ပတ်လို့ကောင်းတဲ့နေရာတွေကတော့ နာမည်ကြီး ရွှေမော်ဓောဘုရား၊ဟင်္သာကုန်း၊ဘုရင့်နောင်ဆောက်လုပ်ထားခဲ့တဲ့ ကမော္ဘဇသာဒီ နန်းတော်၊ရွှေသာလျောင်းဘုရား၊ရွှေဂူလေးကိုးသိန်း ကိုးသန်း နဲ့ရွှေပြည် resort တို့ပဲဖြစ်ပါတယ်။ Ref photo: U Maung Pyo ရွှေမော်ဓောဘုရားဟာ မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေအနက် […]


Mon LayJanuary 3, 20171min1982
ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ အလွန်ပင်များပြားလှပါတယ်။ သင့်ကိုအမြင်ကျယ်လာစေမယ်၊ မတူညီကွဲပြားတဲ့ဓလေ့စရိုက်၊ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရမယ် စသည့်ဖြင့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ ခရီးသွားခြင်းကသင့်ကို ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာအောင်လည်းပြုလုပ်ပေးနိုင်ပြီး ခရီးသွားခြင်းကသင်ပေးတဲ့အရာများကိုဖော်ပြလိုက်ရပါတယ်။ . (၁) အပေါင်းအသင်းတွေ၊မိတ်ဆွေတွေရဲ့တန်ဖိုးကို သိလာစေပါတယ်။ ————————————————————————– ခရီးသွားပြီးအိမ်နဲ့အဝေးရောက်နေတဲ့အချိန်မှာ အပေါင်းအသင်းတွေနဲ့လူ့အဖွဲ့အစည်းအကြောင်းပိုမိုနားလည်လာပါလိမ့်မယ်။ မိမိအတွက်မိတ်ဆွေကောင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး၊ပတ်ဝန်းကျင်တည်ဆောက်ခြင်းဟာပျော်စရာကောင်းကြောင်းပိုမိုသိသာထင်ရှားလာပါတယ်။ . (၂) သည်းခံတတ်အောင်သင်ကြားပေးပါတယ်။ —————————————————- ခရီးသွားပြီဆိုလျှင် ဖြတ်သန်းနေကျ ပုံမှန်ဘဝ၊နေ့စဉ်ဘဝထဲကထွက်ပြီး အသစ်အဆန်းတွေ အတွေ့ကြုံသစ်တွေကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ အဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာမရှိပဲ လုပ်ရတာတွေရှိလာပါမယ်။ မိမိထင်ထားသလို၊ စီစဉ်ထားသလိုမဟုတ်ပဲဖြစ်လာမှာတွေရှိလာပါမယ်။ အဲ့အတွက် သည်းခံရပါမယ်။ လေယာဉ်စောင့်ရခြင်း၊ ကားစောင့်ရခြင်း၊ ရထားစောင့်ရခြင်းစသည့်တို့အပြင် ဒေသမတူပါက ဘာသာစကားနားလည်မှုအခက်အခဲ စသည့်အခက်အခဲတွေ သည်းခံရမှာဖြစ်ပါတယ်။ . (၃) မေးမြန်းအကူအညီတောင်းတတ်အောင် သင်ပေးပါတယ်။ —————————————————————– သင်ဟာ ကိုယ့်ဒေသမဟုတ်တဲ့နေရာကိုရောက်နေပြီဆိုရင် တစ်ခုခုသိချင်၊သွားချင်ရင် အကူအညီတောင်းရပါတော့မယ်။ လူတွေကိုစကားပြောဆို၊ အကူအညီတောင်းတတ်လာမယ်။ ခရီးသွားခြင်းဟာ သင်ဟာဘယ်တော့မှတစ်ယောက်တည်းအထီးကျန်မဟုတ်ဘူးဆိုတာ သင်ပေးပါလိမ့်မယ်။”ပါးစပ်ပါ ရွာရောက်” […]


Mon LayDecember 31, 20164min3275
မြသပိတ်ရေပြာအိုင်ကို သွားရာလမ်းတလျှောက်မှာ မျက်စိတဆုံး ပန်းခင်းများကို မြင်တွေ့နိုင်တဲ့အပြင် ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း အစရှိတဲ့ လယ်ကွက်မျိုးစုံကိုလည်း တဝကြီး ရှုမြင်ခံစားနိုင်လို့ပါ။ ??? ဒါ့အပြင်…….ရေပြာအိုင်အနီးမှာရှိတဲ့ သုံးဆင့်ရေတံခွန်ကြီးကလည်း ရေကူးကစားဖို့ အသင့်တော်ဆုံး အချိန်ပါ။ ??? တည်နေရာ……ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ရွာငံမြို့နယ် တောကြယ်ကျေးရွာမှာ တည်ရှိပါတယ်။ ??? ထူးခြားချက်များ….. ရေအိုင်တစ်ခုလုံး တကယ့်ကို ပြာလဲ့နေပြီး ဟိုးအောက်ခြေအထိ ကြည်လင်စွာ မြင်ရပါတယ်။ ရေထဲမှာ လဲလျောင်းနေတဲ့ အပင်ကြီးတွေကလည်း ရင်သပ်ရှုမောဖွယ်ပါ။ အတော်ကြီးမားတဲ့ ငါးကြီးများလည်း ကူးခတ်နေကြတာကို တွေ့မြင်ရမှာပါ။ အခြားရေအရောင်နှစ်မျိုး စီးဝင်နေပေမယ့် ရေပြာအိုင်က အရောင်ပြောင်းလဲခြင်း၊ ရေခမ်းခြောက်ခြင်း မရှိပါဘူး။ ??? ရေပြာအိုင်နှင့် ပတ်သက်၍… ဒေသခံတွေက ဒီရေပြာအိုင်ဟာ မြတ်စွာဘုရားရဲ့ မြသပိတ်ကြောင့်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မလေးမစားပြုမူခြင်း၊ ရေထဲဆင်းခြင်း၊ […]


Mon LayDecember 31, 20161min1630
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကိုအစွဲပြု၍ စေတီတော် တီရှိရာတောင်ကိုကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀ဝ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅ဝ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ […]


Mon LayDecember 28, 20161min2272
ကျိုက်ထီးရိုး ဘုရား *********************** ကျိုက်ထီးရို ရင်ပြင်တော်ကနေပြီး အနောက်ဘက်သို့ မျှော်ကြည့်ရင် စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ – ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိပါတယ်။ (၁) စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်ပြီး (၂) မှာ ကျိုက်ထိုမြို့က မော်တော်ကားနဲ့ ၉မိုင်ခန့် ဝေးတဲ့ ကင်မွန်းစခန်းမှ တက်ရတဲ့ လမ်းပါ။ (ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်ပါတယ်။) – ဘုရားကို တက်ရာလမ်းတစ်လျောက်မှာ ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိတဲ့ စခန်းတွေရှိပါတယ်။ – ဘုရားဖူးတွေဟာ ကျိုက်ထီးရိုးဘုရားကနေ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်ပြီး […]


Mon LayDecember 28, 20161min1943
ကျိုက်ထီးရိုးတွင် ကေဘယ်ကားများကိုလာမည့်နှစ် ဧပြီ ၁ ရက်၌ စတင်ပြေးဆွဲမည်။ မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင်ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်း ကို ၂၀၁ရ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းစီမံကိန်းပြုလုပ်သည့် Sky Asia Co.,Ltd. မှ သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကား ပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌ Sky Asia Co.,Ltd. ကစ တင်အကောင်အ ထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုးဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် နှစ် ၇ဝ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ ‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂ဝ ရာခိုင်နှုန်းပြီးစီးနေပြီ။ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင်လူတစ်ဦး ကိုငွေဘယ်လောက်ယူမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ကေဘယ်ကားတစ်စီး ကို […]


Mon LayDecember 27, 20161min1220
?သဘာဝမှဖြစ်တည်လျက်ရှိသော သမိုင်းဝင်ကမာ္ဘ့အံ့ဖွယ် 7မျိုးထဲမှ 1ခုအပါအဝင်ဖြစ်တဲ့ ဧရာမချောက်ကမ်းပါးကြီး( Grand Canyon ) ဟာ အနက်ရှိုင်းဆုံးချောက်ကြီးအဖြစ်သမိုင်းဝင်ထင်ရှားလှပါတယ်။ ?အရီဇိုးနားပြည်နယ်တွင်တည်ရှိပြီး ကမာ္ဘလှည့်ခရီးသည်များကို ဆွဲဆောင်အားကောင်းလွန်းလှလို့ နှစ်စဉ်ခရီးသွား 5သန်းကျော် လာရောက်လေ့လာကြပါတယ်။ ?ချောက်ကြီးအနက်က တစ်မိုင် ( ၅၂၈ဝ ပေ ) ကျော်နက်ရှိုင်းပြီးမြောက်ဘက်ကမ်းပါးစွန်းမှ တောင်ဘက်ကမ်းပါးစွန်းကို ၂၁မိုင် ကွာဝေးပါတယ်။ ? ချောက်ကြီးအတွင်း အတက်အဆင်းပြုလုပ်မည်ဆိုပါက အဆင်း ရနာရီကျော်ဖြစ်ပြီး အတက် ( ၁ဝ ) နာရီ အချိန်ကြာမြင့်ပါတယ်။ #credit


Mon LayDecember 26, 20164min2273
ဒီတစ်ခါရုံးသမားတွေခရီးလေးတွေသွားလို့ရအောင် Wings ကစီစဉ်ပေးလိုက် တဲ့ခရီးစဉ်လေးကတော့ ကဗျာဆန်ဆန်နဲ ့ယဉ်အောင်လှတဲ့ရေးမှာရှိတဲ့ ?ကဗျာဝကမ်းခြေစီးရီးခရီးစဉ်?ပဲဖြစ်ပါတယ်။ ကဗျာဝ ကမ်းခြေ နေ့ချင်းပြန်ခရီးစဉ် (40,000 ကျပ်) =================================== 28 ဒီဇင်ဘာညမှာစထွက်ပါမည်။ ကရင်နှစ်သစ်ကူးနေ ့ မှာလျှောက်လည်ပြီး ညဘက်ရန်ကုန်ပြန်ရောက်ပါမည်။ ဘယ်တွေရောက်မလဲဆိုရင်……… ? ရေးရှေးဟောင်းကျုံ းရေလည်ဘုရား ? ကိုရင်လေးတည်ထားတဲ့လေးမျက်နှာဘုရား ? ကဗာျဝကမ်းခြေ ? ပင်လယ်ဝကမ်းခြေ ? ကော့ဒွတ်ကမ်းခြေ ? သထုံမြို့ရဲ့ ကျက်သရေဆောင် ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူရဲ့ ဓါတ်တော်မွေတော်လေးဆူ ကို ဌါပနာထားတဲ့လေးဆူဓါတ်ရံ သထုံရွှေ စာရံ ဘုရားကြီး ? စိတ်တိုုင်းကျဈေးဝယ်နို်င်မယ် ့ဈေးတန်းများ ပါဝင်သောဝန်ဆောင်မှုများ။ ————————— ✌33Seater AirCon Express Higer Car (မှတ်ချက်။ ။၃၃ယောက်စီးသာဖြင့်သာခရီးလမ်းကို သွား၍ […]