မင်းဟာကမ္ဘာပတ်နေတဲ့ အမေရိကန်စာဖိုမှူး Anthony Bourdain ဒါမှမဟုတ် ခရီးသွားခြင်းနဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်ကိုင် သူမဟုတ်ဖူးဆိုရင် တိုက်ကြီး(၆)တိုက်ပေါ် တစ်ဒါဇင်ထက်ပိုတဲ့နိုင်ငံတွေကို သွားရောက်ဖို့ဆိုတာ မင်းရဲ့တစ်သက်လောက် အချိန်ကြာသွားနိုင်ပါတယ်။ ဦးတည်ထားတဲ့နေရာတွေကတော့ကမ္ဘာ့တိုက်ကြီး(၆)တိုက်ပေါ်ကနိုင်ငံပေါင်း(၃၂) နိုင်ငံပဲဖြစ်ပါတယ်။ဒါတောင် မင်းကကံတော်တော်ကောင်းနေမှ ဖြစ်မှာပါ။ ဒါပေမယ့်မင်းမှာ ခရီးတစ်ခုတည်းနဲ့ တစ်ကမ္ဘာလုံး ကိုရောက်ဖူးချင်တဲ့ဆန္ဒက ပြင်းပြနေပြီဆိုရင်တော့ ဒီ(၁၁၉)ရက်ကြာ သင်္ဘောခရီးစဉ်သစ်ကမင်းကို စိတ်ဝင်စားစေမှာပါ။ MSCCruisesကပြေးဆွဲမယ့်လေးလနီးပါးကြာမြင့်ချိန်ရှိတဲ့သင်္ဘောခရီးစဉ်ကို“WorldCruise”လို့လိုက်ဖက်စွာနာမည်ပေးထားပါတယ်။ခရီးစမြို့ကနေ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ(၅)ရက်နေ့မှာစတင်ထွက်ခွါမှာဖြစ်ပြီး၁၁၉ရက်(၁၁၈ည)ကြာကမ္ဘာလှည့်ခရီးစဉ်ပြီးဆုံးတဲ့အခါ ပြန်လည်ဆိုက်ရောက်မှာ ဖြစ်ပါတယ်။MSCကသူတို့ရဲ့သင်္ဘောMSCMagnificaကအကြီးဆုံးနဲ့ ခေတ်အမီဆုံးသင်္ဘောကြီးဖြစ်တာကြောင့်ဒီလိုမျိုးရှည်လျားတဲ့ခရီးစဉ်ကို ပြေးဆွဲဖို့ရွေးချယ်ခဲ့တာပါ။ခရီးသွားတွေကိုဆွဲဆောင်နိုင်မယ့်အရာတွေအနေနဲ့သင်္ဘောပေါ်မှာbar(၁၁)ခု၊စားသောက်ဆိုင်(၄)ခု၊casino(၁)ခု၊ပင်လယ်ပြင်ကျယ်ကြီးရဲ့အလှကိုရှုစားရင်းကခုန်နိုင်မယ်လေဟာပြင်ကပွဲကျင်းပဖို့ နေရာကျယ်(၁)ခု၊ ဆေးလိပ်သောက်ဖို့သီးသန့်နေရာတစ်ခုနဲ့4Dcinema(၁)ခုပါဝင်မယ်ဆိုတဲ့အကြောင်းသတင်းစားရှင်းလင်းပွဲမှတစ်ဆင့် သိရှိရပါတယ်။ သင်္ဘောကြီးရဲ့ခရီးစဉ်အရ ခရီးစဉ်ကစတင်ပြီးတဲ့အခါ ဥရောပမြို့တွေဖြစ်တဲ့ ပြင်သစ်နိုင်ငံက Marseille, စပိန်နိုင်ငံက Barcelona နဲ့ Malaga ၊ ပေါ်တူဂီနိုင်ငံက Funchalစတဲ့မြို့တွေမှာ ရပ်နားမှာဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Atlantic သမုဒ္ဒရာကိုဖြတ်ပြီး Caribbean ပင်လယ်ထဲက ကျွန်းနိုင်ငံတွေဖြစ်တဲ့ St.Maarten, US […]