Hlaing Zar ChiNovember 13, 20131min1010
မင်းဘူးမြို့နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကရဟန္တာဟုသမုဒ်သည့် ဆရာတော်၏ရုပ်ကလပ်လောင်းပျောက်ဆုံးမှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ မင်းဘူး-မင်းလှကားလမ်းဘေးရှိ သာသနနုဂ္ဂဟကျောင်း ဝန်းအတွင်း ဂန္ဓာကုဋီတိုက်အတွင်းရှိ လွန်ခဲ့သောနှစ်ပေါင်း(၃၀)ခန့် (၁၂.၃.၁၉၈၃)ရက်ကပြန်လွန်တော်မူသွားခဲ့သည့် ဆရာတော် ဦးနိန္ဒိယ သက်တော်(၈၆)နှစ်၊ဝါတော်(၆၆)ဝါ၏ရုပ်ကလပ်အား မှန်ခေါင်းသွင်းလျှက်ထားရှိရာ အများပြည်သူများ ဖူးမျှော်ကြည်ညိုကတော့နိုင်ရန်ထားရှိခဲ့ရာ အောက်တိုဘာ(၂၉) ရက်နေ့နံနက်(၆)နာရီချိန်က လက်ရှိကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှ ဂန္ဓာကုဋီတိုက်တံခါးအားဖွင့်ကြည့်ခဲ့ရာသော့ဖျက်ထား ခြင်းမရှိဘဲ သင်္ကန်းဖုံးအုပ်ထားသည့် အရိုးစုများအားလုံး အဆိုပါ ဂန္ဓာကုဋီတိုက်အတွင်းရှိ မှန်ခေါင်းအတွင်းမှပျောက်ဆုံးသွား ကြောင်း သက်ဆိုင်ရာနန်းတော်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းသူမှပြောကြား၍သိရှိရသည်။အဆိုပါ ဆရာတော်ကြီးအား ရဟန္တာဟုသမုဒ်ကြကြောင်းလည်း ဒေသခံများကပြောကြားသည်။ အောင်လံမြို့နယ်တွင် ချောင်းရေတိုက်စားမှုကြောင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းပြတ်၍မီးလောင်ကျွမ်းမှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ် ကျောက်ဆည်ကျေးရွာ၏အရှေ့ဘက်ကိုက်(၄၀၀)ခန့်အကွာရှိ ဘွတ်ကြီးချောင်း အတွင်းဖြတ်သန်းသွားသည့် ပြည်-ဆားခါးသဘာဝဓါတ်ငွေ့(၁၄)လက်မပိုက်လိုင်းသည် အောက်တိုဘာ(၂၉)ရက်နေ နံနက်(၃) နာရီခွဲချိန်ခန့် က ချောင်းရေတိုက်စားမှုကြောင့်အနောက်ဘက်ကမ်းပါးထိပ်နှင့်ချောင်းအလယ်တို့တွင်ပိုက်ပြတ်ခဲ့သဖြင့် အနောက် ဘက် ကမ်းပါး ထိပ်နေရာမှစတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ၊အဆိုပါမီးတောက်သည်အမြင့်ပေ(၁၀၀)ခန့်မြင့် တက်လောင် ကျွမ်း […]


Hlaing Zar ChiNovember 12, 20131min810
မင်းဘူးမြို့နယ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင်အတွင်းမှမြေစာပုံများအတွက်နစ်နာ ကြေးပေး လျှော်ရမည့်ကိစ္စ နှင့်ပက်သက်ဆွေးနွေးပွဲပြုလုပ်ရာတွင်  မည်သည့်ရက်တွင်ပေးအပ်မည်ဟုရက်မသတ်မှတ်ရသေးဟုဆို    မင်းဘူးခရိုင်၊ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် နိုဝင်ဘာ(၈)ရက်နေ့ နေလည်(၂)နာရီချိန်တွင် China Pteroleum Pipelline Con-Struction Co.Ltd မှ တာဝန်ယူဆောင်ရွက်နေသော ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင် KP 13.7 မှ KP 160 အတွင်းမြေစာပုံများအတွက် နစ်နာကြေးပေး လျှော်ရမည့် တောင်သူများကိုယ်စား ပိုက်လိုင်း ဖြတ်သည့် ကျေးရွာအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်ရပ်မိရပ်ဖများအားရှင်းလင်းဆွေနွေးပွဲပြုလုပ်ခဲ့ကြောင်း ရှင်းလင်းဆွေးနွေးပွဲတွင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေလုပ်ငန်း မြေယာသီးနှံလျှော်ကြေးပေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ကြီး(ငြိမ်း) အောင်ကိုကိုစိုး မှ  နစ်နာကြေးပေးလျှော် ရမည့်တောင်သူများ ထံမြန်မြန်ဆန်ဆန်ပေးနိုင်ရေး တင်ပြဆောင်ရွက်ထား ရှိသော်လည်း ခွင့်ပြုချက်မရရှိသေး၍ လျှော်ကြေးငွေအား မည်သည့်နေ့ရက်တွင်ပေးအပ်မည်ဟု မပြော နိုင်သေး ကြောင်းကို ယခုတက်ရောက် […]


Hlaing Zar ChiNovember 12, 20131min710
မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမြေတွင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး    မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ှိ ဒဟတ်ပင်ရေနံမြေ (MOGE)ရုံး၏မြောက်ဘက်(၆)ဖာလုံခန့်အကွာရှိ တွင်းပိုင်ရှင် နေဇော် ဂွေးချိုကျေးရွာ ချောက်မြို့နယ်နေ သူ၏ရေနံတွင်း တွင် နိုဝင်ဘာ (၁၀)ရက်နေ့နေ့လည်(၁၂)နာရီချိန်က မီးလောင်းမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အငယ်လေး(ခေါ်)ဘိုဟန်ချို ရေနံတွင်းလုပ်သား ကြီးနီကျေးရွာ ချောက်မြို့နေသူ ခပ်ထည့်သည့်ရေနံသိုလှောင်ကန်အ တွင်းရှိရေနံ စိမ်းများအား နိုင်လင်းချို ကြံခင်းမြို့နယ်နေသူမှ မော်တာပန့်မောင်း၍ ဖောကားပေါ်သို့တင်စဉ် ရေနံစိမ်းများ မော်တာပန့် ပေါ်သို့ကျကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း၊မီးလောင်မှုကြောင့် အနီးရှိရေနံ တွင်း(၃)တွင်း ၊ကလပ်ခုံ(၃)ခုံ ၊တန်ဘိုး(၁၅)သိန်းခန့် ရေနံစိမ်းပေပါ(၂၀)လုံး၊တန်ဘိုး(၁၀)သိန်းခန့်စုပေါင်း(၂၅)သိန်းခန့် မီးလောင်ဆုံး ရုံးခဲ့ကြောင်းနှင့်  နိုင်လင်းချို နှင့် ၎င်းအနီးရှိ ကျော်ကြီး၊ မင်းလှမြို့နယ်နေ သူတို့တွင် မီးလောင်ကျွမ်မှုကြောင့် နိုင်လင်းချို သည် အဆိုပါနေ့ ညနေ(၅)နာရီချိန်ကသေဆုံးသွားခဲ့ပြီး ကျော်ကြီးအား မင်းလှပြည်သူ့ဆေးရုံသို့ပိုသဆေးကုသနေကြောင်း၊ အဆိုပါမီးလောင်ကျွမ်းမှုနှင့် […]


Rose MinnNovember 12, 20132min25014
ရွာသူရွာသားများမင်္ဂလာပါ။  (၁၆) ကြိမ်မြောက် ဒါဇင်ပလပ်စ် အလှူ အဖြစ် ဒီ်လမှာတော့ ဒေါ်ဖွား သီလရှင်ပညာရေးကျောင်း၊ ရှမ်းတဲကြီးရပ်ကွက်၊ ရွာသာကြီးမှ ကျောင်းကလေးကို ဒါဇင်ပလပ်စ် အဖွဲ့သားများ သွားရောက်လှူတန်း ဖြစ်ခဲ့ကြ ပါတယ်။ လှူဖွယ် စာရေးကိရိယာများ နှင့် ငွေသား နှစ်သိန်းတစ်သောင်းနှစ်ထောင် (၂၁၂၀၀၀) ကျပ် ဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ သွားရောက်သမျှမှာတော့ အချို့တဲ့ဆုံး ကျောင်းကလေးဖြစ်ပြီး အလှူငွေလည်း အများဆုံး ရတဲ့ကျောင်းကလေး လဲဖြစ်ပါတယ်။ ကျောင်းရဲ့အကျယ် အဝန်း ၂ ဧက ကို အလှူရှင်က လှူတန်းထားတာဖြစ်ပြီး။ ကျောင်းဆောင်လေး တစ်ဆောင်သာရှိပါတယ်။ ဦးစီး ပြီးစာသင်ကြားနေတဲ့ ဆရာလေး အမည်မှာတော့ ဒေါ်ကုသလ ဝတီ ဖြစ်ပြီး စာသင် ကြားတဲ့ ဆရာမမှာ ဆရာလေးနှစ်ပါး နှင့် ဆရာမ […]


kokothandarNovember 11, 20131min1170
ခါးစည်ခံပါပြည်သူများ အရင်စစ်အစိုးရလက်ထက်က ခုထိ လွှတ်တော်နဲ့ အခြေမပျက် ပါလာ တဲ့လူဆိုးစာရင်း ရေးပြချင်လို့ ကြံဖွတ်ဧခါင်းဆောင် ကိုရွေမန်းဟာ ဧရာဝတီတိုင်းမှုးဘဝမှာ ရေနက်ကွင်းတွေမှာ လယ်မြေကနေ ငါးပုဇွန်ကန်တွေဖေါ်ရာမှာ ကိုယ်ကျိုးရှာမှုတွေ လုပ်ခဲတယ် သူ့သားမှာ ရယူထားတဲ့ ငါးပုဇွန်ကန်တွေအတွက် မြေဧက သာင်းချီရှိခဲ့တယ် တစ်လောက ဧရာဝတီတိုင်းထဲက လယ်မြေ ဧက လေးသောင်ကျော်  အပ်တယ်ဆိုတာ တကယ်တော့ သူမတရား ရယူထားတာတွေပါ  လယ်သမားတွေ ဆန္ဒ ပြခံရာ မှာစိုးလို ကိုတေဇကို နာမည်ခံခိုင်းပြီးပြန်အပ်ခိုင်းတာပါ သူ့သား အောင်သက်မန်းနဲ့ တေဇက စီးပွားဘက်လေ။ လွှတ်တော်ဥက္ကဌ ဖြစ်လာချင်းမှာ သစ်တောက ကျွှန်းသစ်ပါမစ် တန်တစ်ရာယူပြီး ရောင်းခဲ့သေးတယ် ။သားတစ်ယောက်က red link နဲ့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေး မှာ သူ့အရှိန်အဝါသုံးပြိီး အကြီးအကျယ်ကိုယ်ကျိုးရှာတယ်။ […]


maung htilarNovember 11, 20131min1080
uwinhtein       ဒီနေ့ နိုဝင်ဘာ၁ဝ မှာ မိတ္ထီလာမြို ့ကို ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် ဝန်ကြီးချုပ်တို ့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိခဲ့ပါတယ်။ နေ့လည်ပိုင်းမှာ နာရီစင်နားက ခန်းမမှာ မိတ္ထီလာခရိုင် အတွင်းရှိ မြို ့နယ်များမှ ပြည်သူလူထုများနှင့် ပြည်ထောင်စုလွှတ်တော်နာယကကြီး တွေ့ဆုံခဲ့ပါတယ် ။ တွေ့ဆုုံပွဲမှာ ကျွန်တော်တို ့ မြို ့သူမြို ့သားများရွေးချယ်ပေးထားတဲ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန် ကတော့ လူအများအကြားမှာ အလွဲလွဲအချော်ချော်နဲ ့ ပြောချလိုက်ပြန်ပါပြီ။ တစ်ချက်ကတော့ မြို ့နယ်အထောက်အကူပြုအဖွဲ့ ဘာတွေလုပ်နေတယ်ဆိုတာ သူမသိကြောင်း။ နောက်တစ်ချက်တော့ မြို ့ရေပေးဝေရေးအတွက် လိုအပ်တဲ့ငွေ သိန်း ၉၀၀ဝ ကျပ်ကို JICA မှ သူတောင်း ပေးလို့ရတဲ့အကြောင်း လွှတ်တောနာယကကြီးထံကို အများပြည်သူကြားရှေ့မှာ ကြွားလုံးထုတ်အမွှန်းတင် ပြီးပြောကြားခဲ့တယ်။ ဒါပေမယ့် […]


aye kyiNovember 10, 20131min991
ကျွန်မ လွန်ခဲ့တဲ့တစ်လလောက် ကျွန်မဇာတိမြိုလေးကို ပြန်ခဲ့ပါတယ်။ ကျွန်မ မရောက်တာကြာပြီဖြစ်တဲ့အတွက် ကျွန်မအမျုးိတွေ မိတ်ဆွေတွေနဲ့ စကားလက်မည်ပြောလို့ မဆုံးနိုင်ပါတူး။ ကျွန်မ  ကမအူပင်မြိုသူပါ. ကျွန်မ မပြန်ခင် ကျွန်မသူငယ်ချင်းရှိတဲ့ ရွာကို အလည်သွားခဲ့တယ်။ ကျွန်မသူငယ်ချင်း က လယ်ယာကိုင်းကျွန်းလုပ်ပါတယ်။သူ က ကျွန်မ ကိုတွေတွေ့ချင်းမှာဘဲ သူရဲံ အလုပ်တွေကိုတန်းစီပြီး ငြိးပါတော့တယ်။ ပြသနာ ကတော့ သူ ဒီဇယ်ဆီ (ချက်ဆီ) တွေ ကို သုံးမိတဲ့အတွက် သူရဲ့ လယ်ထွန်စက်တွေ မီးစက်တွေ ခဏ ခဏပျက်လို့ စိတ်ညစ်ရတယ် ဆိုတဲ့ အကြောင်းစတင်ညီးတွားပါတော့တယ်။ ကျွန်မကလဲ မစပ်စုလေ ဘယ်လိုဖြစ်တာတုံးသူငယ်ချင်းရယ် ဆိုတော့ သူကအ ရင်တုန်းကတော့ဆိသန့်တွေဝယ်ပြီးသုံးတယ်တဲ့အခုအဲဓီဆိကိုဈေးသတက်လို့ ဝယ်သုံးမိတာ သူအတွက် တော်တော်ဒူ္ခက ရောက်တော့တာပါဘဲတဲ့။ သူတဟ်ယောက်တင်မဟုတ်ပါဘူး တရွာလုံးညီးတာ ပါ. စီးပွားရေး ဝိသမ လောဘသားကောင်တွေ ကတော့ […]


Hlaing Zar ChiNovember 9, 20131min720
မင်းလှမြို့နယ်ဒဟတ်ပင်ရေနံမှော်မီးလောင်မှုဖြစ်ပွားပြန် သရက်ခရိုင်၊မင်းလှမြို့နယ်၊ဒဟတ်ပင်ရေနံမှော်ရေနံမြေလုပ်ကွက်အမှတ်(၅)MOGE အနောက်ဘက်တစ်မိုင်ခန့်အကွာရှိ  ဦးသန်းဝင်း ၏ယာခင်းအတွင်းတွင် နိုဝင်ဘာ(၈) ရက်နေ့နံနက်(၁၀)နာ ရီ(၁၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဦးသန်းဝင်း၏ယာခင်းအတွင်း  ရေနံကျင်းပိုင်ရှင် ဦးလှမိုး အုတ်ပုံရွာ မင်းလှမြို့နယ်နေသူ ၏ကလပ်တွင်း၌  ရေနံလုပ်သား သန်းနိုင်ဦး ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူသည် ရေနံခပ်စဉ် ရေနံခွက်နှင့်သံပိုက်ပွတ်တိုက်မိရာမှမီးပွင့်၍မီး လောင်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ဒေသခံများ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊MOGE ဝန်ထမ်းများပူးပေါင်း၍မီးငြိမ်းသတ် ခဲ့ရကြောင်း မီးလောင်မှုကြောင့် ရေနံစိမ်း(၁)ပေပါမီးလောင်ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဘိုးကျပ်(၅)သောင်းခန့်ဖြစ်ကြောင်း ရေနံအားပေါ့ဆစွာခပ်သူ သန်းနိုင်ဦးအား မင်းလှမြို့မရဲစခန်းမှ (ပ)၁၂၅/၂၀၁၃ ၊ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။ ရေစကြိုမြို့နယ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား မကွေးတိုင်းဒေသကြီး၊ရေစကြိုမြိုနယ်၊ ပညှင်းကျေးရွာတွင် နိုဝင်ဘာ(၆)ရက်နေ့နံနက်(၄)နာရီချိန်ကကြိုးဆွဲချ သေဆုံမှုဖြစ် ပွားခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါကျေးရွာနေ ဒေါ်ဂျစ်ခင် အသက်(၄၀)နှစ်သည်၎င်း၏နေအိမ်အတွင်း ထုတ်တန်းနှင့် မြေပြင်အ ကွာ(၆)ပေ (၈)လက်မခန့်တွင် နိုင်လွန်ကြိုးလုံးပတ်(၃)မူးခန့်နှင့်ကြိုးဆွဲချသေဆုံးနေသဖြင့် အခင်းဖြစ်နေရာသို့ ရေစကြိုမြို့မရဲစခန်းမှ […]


Hlaing Zar ChiNovember 9, 20131min750
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သည့် ကွန်ပြူတာသင်တန်း(၃/၂၀၁၃) သင်းတန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ် မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှကြီးမှူးကျင်းပသည့် ကွန်ပျူတာသင်တန်း(၃/၂၀၁၃)သင်တန်း ဆင်းပွဲအခမ်းအနားအား နိုဝင်ဘာ(၈)ရက်နေ့နံနက်(၉)နာရီချိန်က မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း အခမ်းအနားတွင် ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအမှုဆောင် ဦးဟန်မောင်မှသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မကွေးမြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သိန်းကျော်မှ သင်တန်းသား (၁၂၅)ဦးအားသင်တန်းဆင်းအောင် လက်မှတ်များပေး အပ်ခဲ့ကြောင်း ထိုအခမ်းသို့ တိုင်း၊ခရိုင်၊မြို့နယ်များမှပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ရပ်ကွက်/ကျေးရွာများမှပါတီစည်းရုံးရေးမှူးများနှင့်အဖွဲ့ဝင်များ၊သင်တန်းသား၊သင်တန်း သူများ စုပေါင်းအင် အား(၁၇၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။ ကလေးငယ်များ ငါးရှာကျင်စက်ဖြင့်တို့သည်ကိုမပြုလုပ်ရန်တားမြစ်ရာမှလက်လွန်ခဲ့ဟုဆို အောင်လံမြို့နယ်၊လက်ပံကျေးရွာတွင် နိုဝင်ဘာ(၆)ရက်နေ့နေ့လည်(၃)နာရီချိန်က သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား ဓါးဖြင့်ခုတ်၍သေဆုံးမှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ လက်ပံကျေးရွာနေ အသက်(၅၅)နှစ်ရှိ ဦးလှငွေ သည်၎င်း၏သမီးဖြစ်သူ အသက်(၂၀)ရွယ် မခိုင်ယုမော် နှင့် မြေးဖြစ်သူ အသက်(၂)နှစ်(၈)လကလေးငယ် မပပဝင်း တို့နှစ်ဦးအား ငါးရှာစက်(ကျင်စက်) ဖြင့်လိုက်တို့နေသည်ကို သားမက်ဖြစ်သူ ရန်အောင် မှ ငါးရှာကျင်စက်ဖြင့်ကလေးငယ်များအားမတို့ရန်ပြောသော်လည်းမရရှိ သဖြင့်ဒေါသဖြစ်ကာ အသင့်ကိုင်ဆောင် […]


Thiha Phone MoNovember 6, 20131min730
အောင်လံမြို့နယ်ရှိဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ      မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်ရှိ ဘွတ်ကြီးဆည်ရေလွှတ်မြောင်းအတွင်း နိုဝင်ဘာ(၅)ရက်နေ့ညနေ(၄)နာရီခွဲ ချိန်က ဝတ်လစ်စလစ်နှင့်အမျိုးသမီးအလောင်းတစ်လောင်းတွေ့ ရှိကြောင်း သိရှိရသည်။အခင်းဖြစ်နေရာသို့ ရွှေပန်းတောနယ် မြေရဲစခန်းမှ ဒုရဲအုပ် ထွန်းကြွယ်နှင့်အဖွဲ့သက်သေများနှင့်သွားရောက်စစ်ဆေးခဲ့ရာ မမော်လွင်၊ အသက်(၃၈)နှစ်၊ ကျေက်ပန်းတောင်း ရွာ အောင်လံမြို့ နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမ တွေ့ရှိရကြောင်း  ထိုမိန်းကလေး သေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်အတွက် အောင်လံမြို့နယ် ၊ရွှေပန်းတော နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၃ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရှိရသည်။ ပေါက်မြို့နယ်တွင် ဝန်ထမ်းအယောင်ဆောင်လိမ်လည်သူအားဖမ်းဆီးမိ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာတွင် နိုဝင်ဘာ(၄)ရက်နေ့က ကျောင်းစစ်အရာင်ဆောင်၍ငွေလိမ်ယူမှုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာအဆိုပါနေ့နံနက်(၉)နာရီချိန်က ဝန်တင်ကျေးရွာမူလတန်း လွန်ကျောင်းကော်မတီ မှ ဦးမြင့်လွင် မှကျောင်းစစ်ရောက်နေ ကြောင်း ဝန်တင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မောင်ဖိုးတွဲ ထံလာရောက်သတင်းပို့သဖြင့် ကျောင်းသို့သွားရောက်သောအခါ  ကျောင်းရုံးခန်းအတွင်း တိုက်ပုံအကျင်္ ီအဖြူ ၊ကျောင်းစိမ်းလုံချည်၊လက်ရှည်အအဖြူဝတ်ဆင်ထားသည့် နေမင်း(ခ)သားဇော်၊ ကန်ကျေးရွာ ဂန့်ဂေါမြို့နေသူအားတွေ့ရှိရာ၎င်းမှာ […]


Thiha Phone MoNovember 6, 20131min640
မောင်ဖြစ်သူမှအစ်မဖြစ်သူအားအမွေကိစ္စဖြင့်စကားများရာမှပုလင်းဖြင့်ရိုက်မှုဖြစ်ပွား                စလင်းမြို့နယ်၊မြောင်းမကြီးကျေးရွာနေတရားလို မမာရီ အသက်(၃၉)နှစ်သည်နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ ဖိုးထောင်(ခ)အေးနိုင် နှင့် သူငယ်ချင်းဖြစ်သူမျိုးကိုတို့အိမ်လည်ရောက်ရှိ လာပြီး နေအိမ် တွင်ချက်ပြုတ်ထားသည့် ဝက်သားဟင်း နှင့်၎င်းတို့အသင့်ပါလာသည့် အရက်နှင့်သောက်စားနေစဉ် ထနောင်းရွာရှိ မိဘများကျန်ရစ်ခဲ့သောအိမ်ဝိုင်းနှင့်ပက်သက်၍အမွေ ကိစ္စစကားပြောရာမှ မောင်ဖြစ်သူ ဖိုးထောင် (ခေါ်)အေးနိုင်မှ အရက်ပုလင်းခွံနှင့်မမာရီ၏ဦးခေါင်းအား(၃)ချက်ရိုက်ခဲ့ရာ မမာရီတွင် ဝဲဘက်ဂျိုဇောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊နောက်စေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် မမာရီမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ စလင်းမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၂၅ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။ နိုင်ငံတော်ပိုင်သစ်များ ခုတ်ယူ ခွဲစိတ်သယ်ယူပို့ဆောင်နေသူများအားဖမ်းဆီးမိ    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ကျွန်းဒုတ်ကျေးရွာနှင့်ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ဘုံဇုံကျေးရွာနယ်စပ်တွင် တရားမဝင် သစ်များခုတ်ယူ၊ခွဲစိတ်၊သယ်ယူပိုဆောင်နေကြောင်းသတင်းအရ သက်ဆိုင်ရာ ဂန့်ဂေါခရိုင်သစ်တောဦးစီးဌာလက်ထောက် ညွှန်မှူး ဦးကျော်မင်းသိန်း ဦးဆောင်သည့်ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ(၅)ရက်နေ့နံနက်(၁၀)နာရီခွဲချိန်က စီးနင်းဝင်ရောက်ရှာဖွေ ခဲ့ရာ ကျွန်းသစ်ပါသစ်လုံး(၄၁)လုံး၊ (၈.၇၇၃)တန်၊သစ်ခွဲသား(၃၁၃)ချောင်း(၅.၃၆)တန်၊(၆)ဘီးအစိမ်းရောင်ကားတစ်စီး၊ (၁၀)ဘီးကရိန်းယာဉ်တစ်စီး၊ဂျင်ဒေါင်းအင်ဂျင်(၁)လုံး၊ ၃.၅ပေလွှဝိုင်း(၁)ဝိုင်း၊ချိန်းစောလွှ(၁)ခု၊ကမ်ဘို ၁၂၅ ဆိုင်ကယ်တစ်စီး၊  ကျွဲ(၂)ကောင်တို့နှင့်အတူ စိန်ဝင်းမောင်၊အသက်(၃၇)နှစ် […]


Hlaing Zar ChiNovember 6, 20131min750
ငဖဲမြို့နယ်တွင် အသက်(၉၀)အဖွား ဖယောင်းတိုင်မီးထွန်းအိပ်ရာမှ မီးလောင်သေဆုံးခဲ့       မင်းဘူးခရိုင်၊ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ၏မြောက်ဘက်(၁)ဖာလုံခန့်အကွာရှိ အောက်ချိုင့်စိုုက်ခင်းစောင့်တဲတွင် နိုဝင်ဘာ(၃)ရက်နေ့ည(၈)နာရီခွဲချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ အဆိုပါ တဲတွင်တစ်ဦးတည်းနေထိုင်သည့် ဒေါ်လူတောက်၊အသက်(၉၀)နှစ်၊ဂုတ်ကြီးကျေးရွာ ငဖဲမြို့နယ်နေသူသည် ၎င်း၏တဲတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော် နေရာမှ (၁၀)ပေ ပတ်လည်ရှိ(၂)ပင်တဲ၊ ဝါးကပ်ကာ ၊မြက်သက္ကယ်မိုး၊ဝါးကြမ်းခင်း အားမီးကူးစက်လောင်ကျွမ်းခဲ့ရာမှ ဒေါ်လူတောက်၏ ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ကျွမ်းသေဆုံးနေကြောင်း ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်းမှူး ဒုရဲအုပ် ကျော်မျိုး နှင့် အဖွဲ့သက်သေ များနှင့်သွားရောက်စစ်ဆေးချက်အရသိရှိရပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်(၅၀၀၀)ခန့်ဖြစ်ကြောင်း မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်လူတောက်အား ငဖဲမြို့နယ်၊ငဖဲမြို့မရဲစခန်းမှ (ပ)၆၇/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်းသိရှိရသည်။ မန်းချောင်းအတွင်း အမည်မသိအမျိုးသားအလောင်းတစ်လောင်းပုတ်ပွသေဆုံး          မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် မန်းချောင်းအတွင်း နိုဝင်ဘာ(၃)ရက်နေ့ည(၇)နာရီ(၄၅)မိနစ်ချန်က အလောင်းတစ် လောင်းမျောပါလာကြောင်းသတင်းရရှိသည်။သတင်းအရ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးဝေဦးနှင့်အဖွဲ့သွားရောက်စစ်ဆေးခဲ့ ရာ အမည်နေရပ်လိပ်စာမသိ၊အသက်အရွယ်အားဖြင့် (၂၀)နှစ်ခန့်အမျိုးသားအလောင်းတစ်လောင်းဖြစ်ပြီး […]


Hlaing Zar ChiNovember 6, 20131min1802
တောင်းတွင်းကြီမြို့ တပ်အတွင်းငါးမွေးမြူရေးကန်တွင် ကလေးငယ်နှစ်ဦးရေနစ်သေဆုံး             တောင်တွင်းကြီမြို့၊ တောင်ပြင်(၂)ရပ်ကွက်၏တောင်ဘက်(၆)ဖာလုံခန့်အကွာရှိ ခမရ(၁၀၃)တပ်အတွင်းရှိ ငါးမွေးကန် ၌နိုဝင်ဘာ(၂)ရက်နေ့ညနေ(၆)နာရီ(၁၅)မိနစ်ချိန်တွင်  ကလေးငယ်နှစ်ဦးရေနစ်သေဆုံး မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ                                 သည်ဖြစ်စဉ်မှာ (၁၀၃)တပ် တွင်းနေ တပ်သား သန်းေအောင်၏သား သိန်းသန်းအောင်၊ဝင်းထက်အောင်(၁၂)နှစ်အရွယ် ၊(၇)တန်းကျောင်းသား၊သမီးဖြစ်သူ မအေးအေးမော်နှင့် တပ်သား မန်းတင်၏ သားဖြစ်သူ ကျော်စိုးဦးတို့လေးဦးသည် ခမရ(၁၀၃)တပ်အတွင်းရေအနက်(၆)ပေခန့် ရှိ ငါးမွေးမြူရေးကန်အစပ်တွင် ခြေထောက်ဆင်းဆေးရာမှ (၄)ဦးစလုံးကန် အတွင်းပြုတ်ကျ ခဲ့ပြီး သိန်းသန်းအောင်နှင့်ကျော်စိုးဦးတို့ နှစ်ဦးသည်ရေကန်အတွင်းမှပြန်တက်နိုင်ခဲ့ပြီး ဝင်းထက်အောင်နှင့် မအေးအေးမော်၊အသက်(၁၀)နှစ် (၅)တန်းကျောင်းသူတို့ သည် ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။အဆိုပါဖြစ်စဉ်အား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် တောင်တွင်းကြီးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၆/ ၂၀၁၃ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည်။ သူငယ်ချင်း(၃)ဦးအရက်အတူသောက်စားရာမှစကားများရန်ဖြစ်ပြီး သစ်သားခုံဖြင့်ရိုက်ရာမှတစ်ဦးသေဆုံးခဲ့ဟုဆို       မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊အလယ်ချောင်းနယ်မြေရဲစခန်း၏တောင်ဘက်(၁၈)မိုင်ခန့်အကွာရှိ ချင်းနက်ကျေး ရွာတွင် နိုဝင်ဘာ(၁)ရက်နေ့ည(၈)နာရီချိန်ကရိုက်မှုဖြစ်၍အမျိုးသားတစ်ဦးသေဆုံးကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ ချင်းနက်ကျေးရွာနေ မြင့်ဦး၏နေအိမ်တွင် တစ်ရွာတည်းနေ […]