မင်္ဂလာပါ မန်းဂေဇက် ရွာသားများ။ ကျန်းမာတော်မူကြရဲ့နော်။ ဟိုးတလောက အဟောင်းတန်းမှာ စာအုပ်လေးတချ ို့ ဝယ်ခဲ့တဲ့ အထဲက ဖတ်စေချင်တာလေး ရှိလာပြန်တော့ မန်းဂေဇက်ရွာဆီ အလည်ပတ်ရောက်ခဲ့ပြန်တယ်။ အစားကောင်းမက်တဲ့ သူများ အစားကောင်းကောင်းစားရရင် ချစ်သူ ခင်သူတွေကို သတိရတတ်တယ်လို့ ဆိုသလို ကိုယ်နှစ်သက်တဲ့ စာတွေ ဖတ်မိတဲ့အခါ မန်းဂေဇက်ကို သတိတရနဲ့ ဝေငှချင်တဲ့ ဆန္ဒ ဖြစ်လာပါတယ်။ ကဗျာကို နှစ်သက်သူများ အတွက် အထူးရည်ရွယ်ပါတယ်။ ဆရာဒဂုန်တာရာရေးတဲ့ တဟီတီသွားရအောင် ဆိုတဲ့ ခေတ်ပေါ် ကဗျာကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မဂ္ဂဇင်းတခုထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ စကားလုံးအတိအကျ မမှတ်မိတော့ပေမယ့် ကာရံ က မမိ တမိ မြန်မာရှေ့ ကဗျာ တွေလို ဆိုလို့ မချော နားဝင်မချ ိုလို့ […]