ဒါလေးတော့ ဖတ်စေချင်လို့ ကူးပေးလိုက်ပါတယ်။ 7 DAYS NEWS JOURNAL မှာပါတဲ့ သရော်စာပါရှင့်။ ကြည်လွင် ရန်ကုန်မြို့။ ချိုးဖြူလေးကို အားနာပါ ———— ရေးသားသူ- ဘစီ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ကျုပ်တို့တိုင်းပြည်မှာ ပြောလာလိုက်ကြရတာ လွတ်လပ်ရေးရပြီး ကတည်းကပဲနော်။ ဒါပေမဲ့ ကနေ့အထိ မငြိမ်းချမ်းနိုင်သေးဘူးဖြစ်နေတာလည်း အားလုံးအသိပဲ။ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုရဲ့ တပ်ဦးမှာရှိခဲ့တဲ့ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သူမသေခင်မှာ တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်လို့ တဖွဖွပြောခဲ့ရတယ်။ ဒါ ပေမဲ့ သေသာသွားရော မြင်မသွားရပါဘူးဗျာ။ ငြိမ်းချမ်းရေးစကား ပြောသာပြောရ မငြိမ်းချမ်းနိုင်သေးတာမို့ သူ့လေးချိုးကြီးတစ်ပုဒ်ထဲ မှာ “ပြေ(ပြည်)ရွာမှာ သေတာ လောက် မကောင်းချိန်မို့” ဆိုပြီး တောင်မှ ဆရာကြီးက ထည့်ရေးသွားတာတွေ့ရဖူးသဗျ။ အခုအချိန်ထိလည်း ကျုပ်တို့ဟာ ဆရာကြီး […]