ဖေဖေလည်းပါတယ် … မမို့မို့သော် ဘာသာပြန်သည်။ ဂျွန်နီလေးရဲ့ ဆရာမဟာ စေ့စပ်သေချာသူဖြစ်ပြီး သူ့တပည့်တွေကိုလည်း အတော်ဆုံး ဖြစ်စေချင် သူ ဖြစ်ပါတယ်။ ဒီတော့ ဂျွန်နီရဲ့အိမ်စာထဲမှာ အမှားတွေ ပရပွဖြစ်နေတဲ့အခါ ဆရာမဟာ ဒေါသ ချောင်းမြောင်း ထွက်ပါတော့တယ်။ “ဖတ်ခဲ့သမျှ စာစီစာကုံးတွေထဲမှာ မင်းရေးထားတာ အဆိုးဝါးဆုံးပဲ”လို့ ဆရာမ ဟာ ဂျွန်နီကို ကြိမ်းမောင်းဟိန်းဟောက်လိုက်ပါတယ်။ “အမှားတွေမှ အများကြီးပဲ။ လူတစ်ယောက်ဟာ ဒီလောက်အများကြီး လုပ်နိုင်တာ ငါ .. အံ့ဩလို့ကို မဆုံးဘူး” လို့လည်း ထပ်ပြောလိုက်ပါတယ်။ “လူတစ်ယောက်တည်းလုပ်တာ မဟုတ်ပါဘူး” ဂျွန်နီလေးဟာ ခုခံတဲ့အနေနဲ့ သူ့ဆရာမကို ပြန်လည်ပြောဆို လိုက်ပါတယ်။ ပြီးတော့မှ “ဖေဖေက သားကို ကူညီပေးတာပါ” လို့ ပြောလိုက်ပြန်ပါတယ်။ ဪ […]