ဗုံဗုံDecember 12, 20121min83452
ခရစ်သက်နှစ်၊ နှစ်ထောင့်ဆယ့်နှစ် အေးမြချမ်းစ၊ ဒီဇင်ဘာလသည် ဂေဇက်ရွာသား၊ သဘောင်္သား ၏ မွေးလသည်လည်းဖြစ်ပေ၏ ထို့ကြောင့်သည်ပင် ဂေဇက်ရွာတွင်း ၊မောင်နှမရင်းသို့ စိတ်ဝယ်မှတ်သား၊ ခံယူထားပါသောကြောင့် မွေးနေ့မင်္ဂလာ၊ ရက်မြတ်မဟာတွင် ဂေဇက်မိသားစု၊ ထပ်တူပြု၍ ဆုမွန်ကောင်းကို တောင်းပေးလိုသည် မွေးနေ့ရက်မြတ်၊ တစ်ဆယ့်နှစ်ရက်မှသည် နှောင်နှစ်ရှစ်ဆယ်၊ ပေါများကြွယ်၍ ကြံစည်တိုင်းအောင်၊ တောင့်တတိုင်းရ ပျော်ရွင်သောဘဝ ကို ပိုင်ဆိုင်ပြီးလျှင် ကြင်နာ နားလည်၊ ချစ်မျက်ချယ်နှင့် ကပ္ပတိန်ရာထူး၊ ဂုဏ်အထူးကို သားမောင် စည်သူ၊ ရအောင်ယူနိုင်ပါစေသော်      


nicolus agralDecember 12, 20121min1841
တကယ်တမ်းကျတော့ အသက် ၁၄ နှစ်အထိသာ တရုတ်နိုင်ငံမှာနေခဲ့ပြီး လူလားမြောက်ကတည်းက အင်္ဂလန် အမေရိက မှာ ကြီးပြင်းခဲ့ရတာမို့ သူများကကိုယ့်ကို “တရုတ်ဖြစ်ရတာ ဘယ်လိုနေသလဲ။ ကိုယ့်ကိုယ်ကိုယ် တရုတ် လို့ရော စိတ်ထဲမှာ ထားသေးရဲ့လား။” လို့ မေးလာရင် ဘယ်လိုဖြေရမှန်းတောင် မသိပါဘူး။ အမှန်အတိုင်းပြောရရင်တော့ အမေရိကန်တွေကြားထဲရောက်နေရင် အမေရိကန်တစ်ယောက်လို့ ခံစားရပြီး တရုတ်တွေကြားထဲပြန်ရောက်သွားရင်တော့ တရုတ်ပြန်ဖြစ်သွားတာပေါ့။ ကျီးယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ဒေါင်းယောင်လည်း ဆောင်နေတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နှစ်ခုစလုံးမှာ အသားကျအောင် နေတတ်နေပြီ။ အယူအဆ အတွေးအမြင် သဘောထားဆိုတာ တခြားလူတွေ နားလည်စေချင်ရင် စကားလုံးတွေနဲ့သာ ထုတ်ဖော်ပြသရစမြဲမို့ တခါတခါမှာ အင်္ဂလိပ်ဝေါဟာရတွေ တရုတ်ဘာသာမှာ အလားတူ မရှိဘူးဆိုရင် တရုတ်တွေဟာ အဲသလို အတွေးအမြင်မျိုး မရှိဘူး လို့ ယူဆလို့ရတယ်။ […]


MgMobileDecember 12, 20123min3158
  တစ်ရွာမပြောင်း သေချင်တဲ့ကျား ဒုတိယပိုင်း(ဇာပ်သိမ်း) ၅ လခန့်ကြာသော် . . . . . . . . . . ကိုခင်မောင်ထွန်း ၊ ကိုဇော်နိုင် ကိုကျော်မျိုး စတဲ့ အသိမိတ်ဆွေ သုံးယောက်နှင့် ကော့ကရိတ် မှာဆုံမိခဲ့ပါတယ်။ ကျနော် အကြောင်း ကိစ္စအနည်းငယ်ဖြင့် မန္တလေး သို့သွားရန် မြဝတီမှ ကော့ကရိတ်သို့ ဆိုင်ကယ်ဖြင့် ဆင်းခဲ့ပါသည်။ ကားနှင့် ဆင်းမည်ဆိုပါက ဒေါနတောင် ပေါ်တစ်လျှောက် လမ်းကကျဉ်းသည်။ ကားတစ်စီး သာသွားလာနိုင်သည်မို့ အဆင်းတစ်ရက် အတက်တစ်ရက်သတ်မှတ်ထားသည်။ ရှေ့မှ ကားတစ်စီး ပိတ်မိနေပြီဆိုပါက လမ်းကျဉ်းသော နေရာများတွင် နောက်မှကားများ ကျော်တက်ရန်ခက်လှသည်။ ထို့ကြောင့် အမြန်ရောက်လိုသူများ အနေဖြင့် ဆိုင်ကယ် ဖြင့်ဆင်းကြသည်။ […]


နတ္ဆိုးေလးDecember 11, 20121min3157
နတ်ဆိုးလေး လူပျိုဘဝကို စွန့်လွှတ်မလို့ ကောင်းလားမကောင်းလား စဉ်းစားပေးကြပါအုံးနော် နောင်တော်ကြီးတို့ နောင်တော်မ တို့ ကူညီပြီး စဉ်းစားပေးကြပါအုံးနော် …………….


ဓမၼ သုေတသီDecember 11, 20121min67813
မျဉ်းကြောင်းတစ်ချို့သည် ဖြောင့်သလိုလိုဖြင့် ကွေးကောက်၏၊ ကွေးကောက်သလိုလိုဖြင့် ဖြောင့်တန်း၏။ ထိုအတူ – ဘဝသည် ရိုးရှင်းဖြောင့်တန်းသလိုလိုဖြင့် ကွေးကောက် ရှုပ်ထွေး၏၊ ကွေးကောက်ရှုပ်ထွေးသလိုလိုဖြင့် ရိုးရှင်းဖြောင့်တန်း၏။ ထိုအတူ – လောကသည် ရှင်းလင်းဖြောင့်မတ်သလိုလိုဖြင့် ရှုပ်ထွေးကွေ့ ကောက်၏၊ ရှုပ်ထွေးကွေ့ ကောက်သလိုလိုဖြင့် ရှင်းလင်းဖြောင့်တန်း၏။ ထို့အတူ – လူသည် ရိုးသားဖြောင့်မတ်သလိုလိုဖြင့် လှည့်စားကောက်ကျစ်၏၊ လှည့်စားကောက်ကျစ်သလိုလိုဖြင့် ရိုးသားဖြောင့်မတ်၏။ ထို့အတူ – အယူဝါဒအမြင်ဓမ္မသည် မှန်ကန်ဖြောင့်မတ်သလိုလိုဖြင့် မှားယွင်းကွေ့ ကောက်၏၊ မှားယွင်းကွေ့ ကောက်သလိုလိုဖြင့် မှန်ကန်ဖြောင့်မတ်၏။ အကြောင်းမှာ……. ကမ္ဘာသည် လုံးဝန်း၍ ကွေးကောက်နေသော မျဉ်းဖြောင့်များဖြင့် ရိုးရှင်းရှုပ်ထွေးစွာ ယှက်နွယ်ရစ်ပတ် ပေါင်းစပ်တည်ဆောက်ထားသောကြောင့် ဖြစ်၏။ ဓမ္မသုတေသီ အရှင်ပညိန္ဒ (15-8-2011) အတွေးနက်နက် အဖြေခက်တဲ့အမေးများ..စာအုပ်မှ  


nicolus agralDecember 11, 20121min2394
ယင်းမာဖေဖေဆုံးခါနီးတော့ ဟောင်ကောင်က နာတာရှည်ဆေးရုံပေါ်မှာ အယ်လ်ဇိုင်းမားရောဂါနဲ့ နှစ်နှစ်လောက် တက်နေလိုက်ရသေးတယ်။ ဟောင်ကောင်နဲ့ ကယ်လီဖိုးနီးယား ကူးသန်းနေခိုက်မှာပဲ မေမေလေးက ရှန်ဟိုင်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အန်တီလေးလည်း အူမကြီးကင်ဆာနဲ့ အသည်းအသန်ဖြစ်နေတယ် လို့ ဖုန်းဆက်လာတော့ ဘာလုပ်ရမှန်းတောင် မသိဘူး။ တတ်နိုင်ပါဘူး။ အလုပ်တွေ အကုန်ပစ်ထားပြီး အန်တီလေးဆီလိုက်သွား ခွဲဖို့စိတ်ဖို့ကိစ္စတွေ အကုန်စီစဉ်ရတာပေါ့။ တော်ပါသေးရဲ့။ ရှန်ဟိုင်းမှာ မမကြီးလီဒီယာလည်း ရှိနေသေးလို့။ တို့အမများ အရင်ကနဲ့ကို မတူဘူး။ သူ့ညီမလေးကို ဂရုစိုက်လိုက်ရတာမှ အရိပ်တကြည့်ကြည့်။ မကြည့်ပဲနေမလား သူ့ကလေးနှစ်ယောက်ကို အမေရိကားပို့ချင်နေတာကိုး။ ငါးရက်လောက်နေပြီး ဆေးရုံကဆင်းတဲ့အခါ အိမ်ကိုပြန်ခေါ်လာခဲ့တယ်။ တမနက်တော့ ပန်းကန်တွေဆေးနေတုန်း အန်တီလေးက ဘာစိတ်ကူးပေါက်တယ် မသိ။ “ယင်းမာရေ လာစမ်းပါဦး။ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့။ လာလာ အန်တီလေး ခေါင်းဖြီးပေးမယ်။ ဒီရှေ့ကဆံယဉ်ကလေးတွေ တိလိုက်ရင် […]


MgMobileDecember 10, 20121min56239
အာလုံးပဲ မင်္ဂလာပါခင်ဗျာ။ ရွာရဲ့အမှတ်ပေး စနစ်နဲ့ ပတ်သတ်လို့ နည်းနည်း တင်ပြစရာရှိပါတယ်။ ပို့စ်အတွက် အမှတ်ပေးတယ် ဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါ။ အခုကျနော် တင်ပြလိုတာကတော့ အချို့ အချို့သော ကွန်မန်းများသည် ပို့စ်များထက် ပိုမိုဗဟုသုတ ရစေသလို ပိုထက်သာလွန်ကောင်းမွန်တာလေးတွေရှိပါတယ်။ တစ်ချို့သောကွန်မန်းများမှာတော့ ပုံတော်သလိုပါပဲ။ အဲ့ဒီလို ရှိတဲ့အတွက် + နဲ့ – ဆိုပြီး ကွန်မန်းမှာရှိတာလေးနဲ့ တောင်းဆိုလိုပါတယ်။ + ဘယ်လောက်ရပါက အဲ့ဒီကွန်မန်းကို အမှတ်သတ်မှတ် ပေးစေလိုသလို – ဘယ်လောက်ရပါက အဲ့ဒီကွန်မန်း ပိုင်ရှင်ကို အမှတ်နှုတ်စေလိုပါတယ်။ အဲ့ဒီလိုသာလုပ်မည်ဆိုပါက ကွန်မန်းများ ရေးသားသောအခါ ပေါ့ပျက်ပျက် ပြီးစလွယ်ရေးမှာမဟုတ်တော့ပါ။ လေးလေးနက်နက် စဉ်းစားပြီး ရေးသားလာကြမည်ဖြစ်တဲ့အတွက် ရပ်အကျိုးရွာ ဆထက်တပိုး တိုးစေဖို့ အကျိုးမျော်၍  နှိုးဆော်ဆန္ဒ ပြလိုက်ရပါကြောင်း . . […]


MgMobileDecember 9, 20121min1831
ဒီညမှာ ကစားကြမယ့်ပွဲစဉ်များထဲမှ ပရီးမီးယာလိဂ်ပွဲးစဉ်များဖြစ်တဲ့ =၇၀  မန်စီးတီး  ၃+၆ဝ မန်ယူ =၉၀   အဲဗာတန် ၃+၇ဝ စပါး ဝက်စ်ဟမ်း ၂-၃ဝ လီဗာပူး =၃ဝ စတဲ့သုံးသင်းကို ခန့်မှန်းပေးမှာဖြစ်ပါတယ်။ မန်ယူ (လောင်းကြေးရှုံးတာများနေပြီ ဒီပွဲမှာ အနိုင်ကန်မယ်လိုမြင်မိတယ် အနိမ့်ဆုံး သရေကျမည်) ဂိုးပေါင်းအနည်း( လူတိုင်းက ဂိုးများမယ်လို့ ထင်တဲ့ပွဲမှာ ဂိုးပေါင်းအောက်မရိုက်ရဲရင် လက်ရှောင်ပါ) အဲဗာတန် (စပါးကတော်တော် ကောင်းတယ်ကွ သရေကျတာနဲ့ နိုင်နေပြီပဲ ဒါမျိုးလေးတွေရှိတယ်) ဂိုးအများ( အဲဗာတန် ဂိုးပြန်သွင်းခံရတာနဲ့ ပြား ၇ဝ သေချာနေတဲ့အတွက်) လီဗာပူး (ဝက်စ်ဟမ်းက ချဲလ်ဆီးကိုတောင်နိုင်ရင် လီဗာပူး ကိုဘာလို့မနိုင်ရမှာလဲ) ဂိုးအနည်း (လီဗာပူးအသင်း ဂိုးများများ မသွင်းနိုင်သလို ဂိုးများများလဲမပေးရတာကို သင်သတိထားမိရဲ့လား) ဒီညရဲ့ အကောင်းဆုံး အကွတ်လေးတွေကတော့ […]


johnnydeerDecember 9, 20121min2373
ဘော့လုံးပွဲကြေ (ညာ) ပါတော့မယ်…ခင်ဗျား…..ကန်မယ့် အသင်းတွေကတော့ လက်ပတောင်းတောင် ဒေသခံ ရွာသားများ အသင်းနဲ့ ဦးပိုင်ဝမ်ပေါင် အသင်းတို့ ဖြစ်ကြပါတယ်…ကန်မယ့်နေရာကတော့ နေပူတော်က လွှတ်တော် အားကစားကွင်းကြီးမှာပါခင်ဗျ….ရွာသားများအသင်းဘက်ကတော့ ရဟန်းပျိုများ…ကျောင်းသားခေါင်းဆောင်များ…ရွာသူရွာသားများနဲ့ ဖွဲ့စည်းထားပြီး…ဦးပိုင်ဝမ်ပေါင်အသင်းကတော့ အငြိမ်းစားရာကနေ အငြိမ်စားဖို့ပြင်ဆင်နေတဲ့ လူတစုနဲ့ တရ ုတ်ပြည်က ကြေးစားခေါ်ယူထားတဲ့ ရတာအကုန်ယူ အဖွဲ့ တို့ပါဝင်ပါတယ်…မစခင်ကတည်းက ဦးပိုင်ဝမ်ပေါင်အဖွဲ့ဟာ လိမ်နည်းခေါက်နည်းတွေကို နည်းပြကြီးဦးသန်းရွှေက စာအုပ်ကြီးဖတ်ကာဖတ်ကာနဲ့ ညွှန်ကြားနေပါတယ်…စလိမ်ပါပြီ…ခင်ဗျား…ရွာသူရွာသားတွေကို မြေဖိုးပေးရင် ၂သိန်းလောက်ပဲရကြမှာမို့လို့ ပိုရစေချင်တဲ့ စေတနာနဲ့ သီးနှံ၃နှစ်စာဖိုး တွက်လိုက်တော့ ၅သိန်းခွဲလောက် ရကြမှာမို့လို့ ပိုရအောင်လျော်ပေးထားကြောင်း….ထပ်လိမ်ပြန်ပါပြီ…ရွာဟောင်းတွေက ရေရှားလို့ ရွာသစ်တွေဆီ ပြောင်းပေးထားရကြောင်း….အိမ်တွေကိုလဲ သိန်း၁၅ဝ တန် အိမ်တွေ ဆောက်လုပ်ပေးထားကြောင်း…နည်းဗျုဟာမြောက် ပုံတွေနဲ့ ထပ်လိမ်ပြပါတယ်ခင်ဗျား…တကယ့်လက်ရွေးစင် ကြေးစားတွေပီပီ ကျွမ်းကျင်ကြပါတယ်…တကွင်းလုံးပတ်လိမ်နေပါတယ်…သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလဲ ဂရုစိုက်ကြောင်း၊ စွန့်ပစ်ရေထဲကို ငါးတွေထည့်လိုက်တာတောင် ပျော်ပျော်ရွှင်ရွှင် […]


footyDecember 9, 20121min1932
[10] Levante vs Mallorca [17] ပွဲမှာ…..Levante 1 ဂိုးအသာနဲ ့နိုင်မယ်လို ့ထင်ပါတယ်..


CourageDecember 8, 20121min2332
  ဒီနေ့ (၈.၁၀.၂၀၁၂) ရက်နေ့ အိပ်ရာကနိုးတော့ အချိန်က တော်တော်နောက်ကျနေလေပြီ။ ပြောရရင်တော့ နေ့လယ်ထမင်းစားချိန်ပင် ကျော်လုလုဖြစ်တော့မည်။ ဘာရယ်မဟုတ် အိပ်ရာကနိုးတိုင်း နေ့စဉ်လုပ်နေကျ ဝတ္တရားများ ဖြစ်သည့် မျက်နှာသစ် သွားတိုက် ရေချိုး ကိစ္စတွေလုပ်ပြီးတော့ ရည်ရွယ်ချက်မရှိပဲ ကွန်ပျူတာရှေ့ကိုရောက်သွားမိသည်။ လားလား။ ဒီနေ့ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ “အမျိုးသားနေ့” ပါပေလား။ ဟုတ်သည် online ပေါ်တက်ကြည့်တော့ ယနေ့ (၉၂)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုထားသည့် ဆောင်းပါးတွေ၊ ကဗျာတွေ၊ အက်ဆေးတွေ တွေ့လိုက်မှ ဒီနေ့ အမျိုးသားနေ့မှန်း သတိရမိသော ကျွန်တော် ကိုယ့်ကိုကိုယ် ညံ့ပါရောလို့ အပြစ်တင်မိလိုက်၏။ ဒါတွင်ပဲလား။ မကသေး။           ဒီနေ့ဟာ အမျိုးသားနေ့မှန်းတော့ ကျွန်တော် သိလိုက်ပါပြီ။ သို့ပေမယ့် အမျိုးသားနေ့ဆိုတာ ဘာမှန်း ကျွန်တော် […]


MgMobileDecember 8, 20121min2859
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိုးကခေါင် သီနှံဈေးက မကောင်း။ တောသူတောင်သား လယ်သမားများအဖို့ အင်မတန် အကျပ်အတည်းဆိုက်လှတဲ့ အချိန်အခါသမယ။ ရတနာပုံ ဆိုတဲ့ရွာမှ သူငယ်ချင်းသုံးယောက်ကတော့ တစ်ရွာတည်းသား ငယ်ပေါင်းများဖြစ်တာနှင့်အညီ။ ဆိုးအတူ ကောင်းဖက် ရွာမှာလုပ်ကိုင်စား နေရာမှ ရေကြည်ရာမြက်နုရာ နေရာဒေသသို့ ပြောင်းရွေ့လုပ်ကိုင်ကြရန် သုံးဦးသားတိုင်ပင်နေကြပြီ။ သူငယ်ချင်းသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကိုခင်မောင်ထွန်း သားတစ်ယောက် နှင့် သမီးတစ်ယောက် ရဲ့ပညာရေးကို ရွာမှာရှိတဲ့ မြေလေး ရှစ်ဧက ဆယ်ဧကလောက်နှင့်လည်း ကောင်းစွာမထောက်ပံ့နိုင်။ အတူပေါင်းသင်းသည့် သူငယ်ချင်းများမှာလဲ ထိုနည်းအတူ ကိုယ့်အကျပ်အတည်းနှင့်ကိုယ် တစ်ဦးအပေါ်တစ်ဦး ကူညီဖို့မဆိုထားနှင့် မိမိ၏ မိသားစုအရေးကိုပင်လျှင် ကျားကန်ရုံမက ဖြစ်နိုင်လျှင် ခြင်္သေကန် ကန်ထားရမည့်အနေအထား။ အပေါင်းအသင်း သူငယ်ချင်းဖြစ်သလို ကိုခင်မောင်ထွန်း၏ ယောက်ဖတော်သူ မောင်ဇော်နိုင် မှာတော့ မိဘနှစ်ပါးစလုံးက အသက်အရွယ်ကရင့်လှပြီ။ […]


lin naingDecember 7, 20121min1582
အိမ်မက်မြို ့ရဲ  ့          တစ်နေရာ……… ၁၃၅၁   ခုနှစ်   ဝါခေါင်လဆန်း       ၁၁    ရက်…………………     `အူဝဲ……….အူဝဲ…………အူဝဲ……………..´ `မွေးပြီဟေ့……မွေးပြီ               ယောက်ျားလေးဟေ့…………….ယောက်ျားလေး               ´ `ဟဲ ့  ……….မွေးပြီတဲ ့     နင်ကြားရဲ ့လား………အိမ်ခန်းထဲက    ပြောနေတာကိုလေ……….´ `ကြားတာပေါ့ဗျာ………..မကြာပဲနေပါ့မလား         ကျွန်တော်အရမ်းပျှော်နေလို ့ပါ……………ကျွန်တော် ့ရဲ ့    သားဦးလေးပဲဗျာ……………မရီးကလဲ………..´ `မသိပါဘူးဟယ်          နင်က   ငြိမ်နေတာကို          ………..အသံလေးဘာလေးလဲ      ထွက်အုံးမှပေါ့……………………´ `ဟုတ်ပါပြီ          မရီးရယ်………မေးပေးပါအုံး          ကလေးအမေကော        နေကောင်းရဲ ့လားလို ့ပေါ့…………….´ `အေး………..အေး……………….´ `အဒေါ်ကလေးမရေ………………….ကလေးအမေကော     နေကောင်းရဲ ့လားတဲ ့………ကလေးအဖေက   မေးနေတယ်လေ………….´ `ကောင်းတယ်ဟေ့…….ကောင်းတယ်         …………………..ကလေးအဖေရေ       နာရီကို   ကြည် ့လိုက်ပါအုံး……ဘယ်နှစ်နာရီရှိပြီလဲ    ဆိုတာကိုလေ…………………….´ `အဒေါ်ရေ……….၁၁နာရီတိတိပဲ…………….´ `အေး…….အေး…….အဲ  ့ဒါဆိုရင်တော့         တနင်္ဂနွေသားပဲဟေ့…………..နေ […]