ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး…၈၈ တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြို့လေးတမြို့မှာပေါ့…အဖေရယ်..အမေရယ်…၁၂ နှစ်အရွယ် အကိုရယ်…၁ဝနှစ်အရွယ်ကျွန်တော်ရယ်….မိသားစု လေးယောက်နေထိုင်ခဲ့ကြပါတယ်… ၈၈ အရေးအခင်းကြီးဖြစ်ပါရော…မိသားစု အားလုံးပျော်ပျော်ပါးပါး ဆန္ဒပြခဲ့ကြပါတယ်…မနက်ဆို အမေကထမင်းဟင်းချက်…ပြီးတော့ အကုန်လုံးထွက်ပြီး ဆန္ဒပြ…နေ့လည် တရားဟောကြတာတွေ နားထောင်..တကယ် ပျော်စရာကြီးပေါ့…အဲဒီနေ ာက် စစ်တပ်က အာဏာသိမ်းပြီးရော…အခြေအနေတွေက ပြောင်းပြန် ဖြစ်ကုန်တော့တာပဲ…အဖေကော အမေကော အဖမ်းခံရ…ညီအကို နှစ်ယောက် ဆွေမရှိ မျိုးမရှိ တဲ့ အရပ်မှာ တယောက်လည်ပင်းတယောက် ဖက်ပြီး အားပေး..ကိုယ့်ထမင်းအိုးလေး ကိုယ်တည်…တိုဟူးသုတ်လေး တကျပ်ဖိုး…အစုံသုတ်လေး တကျပ်ဖိုးနဲ့ ထမင်းဟင်းဆိုတာတွေကို ကျော်ဖြတ်ခဲ့ရတယ်…ဘယ်တော့ လွတ်မယ်ဆိုတာ မသိတဲ့ အဖေနဲ့ အမေကို ညီအကို နှစ်ယောက် သွား သွားတွေ့ခဲ့ရတယ်…ညတိုင်း ညတိုင်း ၂နာရီ..၃နာရီဆို စစ်ကားတွေ ရဲကားတွေ အများကြီး အိမ်ကို ဝိုင်းပြီး တစမကျန် မြေလှန်ရှာခံခဲ့ရတယ်…ညရောက်ပြီဆို […]